ချောင်းဆိုးနေတဲ့ကလေးကို ပြုစုဂရုစိုက်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကလေးငယ်လေးတွေရဲ့ ကိုယ်ခံအားစနစ်ကငယ်ရွယ်စဉ်မှာအပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် အချို့ရောဂါတွေကို ခုခံနိုင်စွမ်းသိပ်မရှိသေးပါဘူး။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အနေအထားကြောင့်ဖြစ်ဖြစ် ကလေးတွေမှာ နှာစေးချောင်းဆိုးတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ ကလေးကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာနဲ့ ဘယ်လိုအခြေအနေတွေက ကလေးကိုချောင်းဆိုးစေနိုင်လဲဆိုတာတွေကို နည်းနည်းလောက်ပြောပြချင်ပါတယ်။

ချောင်းဆိုးခြင်း

ချောင်းဆိုးတယ်ဆိုတာက ခန္ဓါကိုယ်က အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းစနစ်ရဲ့ အထက်ပိုင်းမှာရောက်ရှိနေတဲ့ ချွဲနဲ့ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ဖို့ တုံ့ပြန်မှုတစ်ရပ် (သို့မဟုတ်)လေပြွန်မှာ ဓါတ်မတည့်မှုတစ်ခုခုခံစားရတဲ့ခန္ဓါကိုယ်က တုံ့ပြန်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ချောင်းဆိုတာကရောဂါတစ်ခုခုကြောင့် ဆိုးတာမျိုးဖြစ်နိုင်သလို တစ်ခါတလေမှာ ခန္ဓါကိုယ်တွင်းကဖြစ်ပျက်နေတဲ့အနေအထားတစ်ရပ်ရပ်ကိုဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ချောင်းဆိုးတဲ့အခါ ဘာကြောင့်ဆိုးရတာလဲဆိုတာကို အကြောင်းအရင်းသိအောင်လုပ်ဖို့ကတော်တော်လေးအရေးကြီးပါတယ်။

ကလေးတွေချောင်းဆိုးရတဲ့အကြောင်းအရင်းတွေကဘာတွေလဲ

အပေါ်မှာပြောခဲ့သလိုပဲချောင်းဆိုးတာက ခန္ဓါကိုယ်ထဲမှာဖြစ်နေတဲ့ ဓါတ်မတည့်မှုတစ်ခုခု ဒါမှမဟုတ် ချွဲတွေနဲ့ပြင်ပအရာဝတ္ထုတွေကို ခန္ဓါကိုယ်ပြင်ပကို ထုတ်ပစ်ဖို့ တုံ့ပြန်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့်လည်းချောင်းဆိုးနိုင်ပါတယ်။

  • အအေးမိတာ၊တုပ်ကွေးဖြစ်တာနဲ့ croup (ကလေးလေပြွန်ပိုးဝင်၊ရောင်ရမ်း၊ချောင်းဆိုး၊ အသက်ရှုရခက်သော croupရောဂါ)တွေကြောင့်လည်းကလေးတွေမှာချောင်းဆိုးနိုင်ပါတယ်။ တုပ်ကွေးက တစ်ခါတလေပြင်းထန်တဲ့အခါမျိုးမှာချောင်းခြောက်ဆိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်။
  • စားချဉ့်ရည်ပြန်ဆန်တက်ခြင်းကြောင့်လည်း ကလေးငယ်တွေမှာချောင်းဆိုးနိုင်ပါတယ်။ မကြာခဏအော့အန်တာ၊ ရင်ပူတာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။
  • ပန်းနာရင်ကျပ်ဝေဒနာကြောင့်လည်း ကလေးငယ်တွေမှာချောင်းဆိုးတာမျိုးဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါလက္ခဏာတွေက ကလေးတစ်ယောက်နဲ့တစ်ယောက်မှာ မတူဘဲကွဲပြားတတ်ပါတယ်။
  • ပတ်ဝန်းကျင်က အရာတစ်ခုခုနဲ့ ဓါတ်မတည့်တဲ့အခါမျိုးမှာလည်း ကလေးငယ်တွေအနေနဲ့ လည်ချောင်းယားပြီးချောင်းဆိုးတာ၊ နှာစေးတာတွေဖြစ်နိုင်ပါတယ်။
  • ကြက်ညှာချောင်းဆိုး (whooping cough)ရောဂါကြောင့်လည်း ကလေးငယ်တွေမှာချောင်းဆိုးတတ်ပါသေးတယ်။ ကလေးကနှာစေးမယ်၊ နှာချေမယ်၊ ကိုယ်လေးနွေးပြီး အဖျားငွေ့ငွေ့လေးရှိနေရင် ကြက်ညှာချောင်းဆိုးဖြစ်နေတာမျိုးဖြစ်နိုင်ပါတယ်။
  • နှာခေါင်းထဲကို အရုပ်သေးသေးလေးတွေဝင်တာ၊လေပြွန်ထဲအစားအသောက်တွေလိုမျိုးပြင်ပအရာဝတ္ထုတွေ ဝင်ရောက်တဲ့အခါမျိုးမှာလည်း ကလေးငယ်တွေမှာချောင်းဆိုးတာမျိုးဖြစ်နိုင်ပါတယ်။
  • အဆုတ်ပျက်စီးခြင်းကြောင့်လည်းကလေးငယ်တွေမှာချောင်းဆိုးတာမျိုးဖြစ်နိုင်ပါတယ်။ တကယ်လို့ ကလေးက သီတင်းပတ် ၄ ပတ်လောက်ထိ ချောင်းဆိုးတာရှည်နေမယ်ဆိုရင် အဆုတ်ထိခိုက်ပျက်စီးတာကြောင့်ဖြစ်နိုင်သလို အဆုတ်မှာ အနာဖြစ်နေတာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။
  • ဆေးလိပ်ငွေ့နဲ့ ထိတွေ့မှုကြောင့်လည်းချောင်းဆိုးနိုင်ပါတယ်။ ကလေးငယ်တွေအနေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့ခံရတာကြောင့်ချောင်းဆိုးတာမျိုးခံစားရနိုင်ပါတယ်။ ဒါကြောင့်ကလေးငယ်ကို ထားရှိမယ့် ပတ်ဝန်းကျင်ကိုဆေးလိပ်ငွေ့ကင်းမဲ့ဇုန်အဖြစ်ဖန်တီးတာကအကောင်းဆုံးဖြစ်မှာပါ။

ကလေးချောင်းဆိုးတဲ့အခါ ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • ကလေးကိုအနားယူခိုင်းပြီး အရည်များများတိုက်ပေးပါ။
  • ကလေးလည်ချောင်းနာသက်သာစေဖို့ ပျားရည်တိုက်ပေးလို့ရပါတယ်။ တစ်နှစ်အောက်ဆိုရင်တော့ မတိုက်သင့်ပါဘူး။
  • ကလေးကိုရေနွေးငွေ့ခံပေးပါ။ ၃လအောက်ဆိုရင်တော့ မသင့်တော်ပါဘူး။
  • ပတ်ဝန်းကျင်ကို အစိုဓါတ်ပေးတဲ့ရေငွေ့စက်ပစ္စည်းလေးကိုအသုံးပြုပါ။
  • ရေချိုးခန်းထဲမှာရေပူကိုဖွင့်ထားပြီးအခန်းတစ်ခုလုံးကိုရေနွေးငွေ့တွေနဲ့ ပြည့်နေပါစေ။ ပြီးရင် သင့်ကလေးကိုရေချိုးခန်းထဲမှာထိုင်ခိုင်းပြီးစွတ်စိုတဲ့ လေနွေးနွေးလေးတွေကို ဆယ်မိနစ် ဆယ်ငါးမိနစ်လောက်ရှူပါစေ။ ကလေးတွေကိုရေနွေးတွေနဲ့ ဝေးရာမှာနေစေဖို့ကိုတော့ သတိထားပါ။
  • ချောင်းဆိုးပျောက်အောင်နဲ့ အဖျားကျအောင်ထုတ်ထားတဲ့ဆေးတွေက သာမန်အဖျားကြောင့်ဖြစ်တဲ့ ချောင်းဆိုးတာနဲ့ နှာစေးတာတွေကိုပဲသက်သာစေနိုင်တာပါ။ ကူးစက်ရောဂါတွေကို မသက်သာစေနိုင်ပါဘူး။
  • ဆရာဝန် မညွှန်ကြားဘဲ ချောင်းဆိုးပျောက်ဆေးတွေကို အလွယ်တကူဝယ်တိုက်တာမျိုး မလုပ်ပါနဲ့။
  • အေးမြတဲ့ လေလေးတွေကလည်း အသက်ရှုရ ပိုလို့လွယ်ကူအဆင်ပြေစေတာမို့ ကလေးကိုအိမ်ထဲမှာလှောင်မထားဘဲ အိမ်ပြင်ထွက်ပေးတာမျိုးလုပ်လို့ရပါတယ်။

ဘယ်လိုအခြေအနေမှာ ဆရာဝန်ပြသဖို့လိုမလဲ

  • ကလေးကအားအရမ်းနည်းနေတာမျိုး (သို့မဟုတ်)ကောင်းကောင်းမတုံ့ပြန်နိုင်တော့တဲ့အခါ
  • ကလေးကသိပ်မဆော့ဘဲငြိမ်နေရင်
  • ကလေးကိုကြည့်ရတာ ရင်ဘတ်အောင့်သလိုမျိုးဖြစ်နေရင် (သို့မဟုတ်) ရင်ဘတ်ထဲက ကျပ်နေသလိုမျိုးဖြစ်နေရင်
  • ကလေးကအသက်ရှုရအရမ်းခက်ခဲနေပုံပေါက်နေရင်
  • ကလေးကလုပ်နေကျတုံ့ပြန်မှုတွေကိုတောင် လိုက်မလုပ်တော့ရင်
  • ကိုယ်ပူနေရင်
  • ကလေးကိုကြည့်ရတာရေဓါတ်ဆုံးရှုံးနေပုံပေါက်နေရင်
  • ကလေးရဲ့ ချွဲမှာ (သို့မဟုတ်) တံတွေးမှာသွေးပါနေရင် ဆရာဝန်နဲ့ချက်ချင်းသွားပြဖို့လိုပါလိမ့်မယ်။

ဒီအချက်လေးတွေကမေမေဖေဖေတို့အတွက် ရင်သွေးလေးတွေကိုစောင့်ရှောက်ရာမှာ အသုံးဝင်နိုင်စေဖို့ ရည်ရွယ်ရင်း။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

Covid ကာလမှာ ကလေးနေမကောင်းရင် ဘယ်လိုပြုစုပေးရမလဲ ဆိုတာ မေမေတို့ သိထားနိုင်ဖို့ ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

COVID-19 ကြောင့် အသက်အန္တရာယ်အပြင်ဘာတွေဖြစ်နိုင်သေးလဲ

ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စမြဲပါ။ Covid -19 ရောဂါပိုး ကူးစက်ခံရရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေခံစားရနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ကျန်းမာမှ ဗိုက်ထဲက ဘေဘီလေးက ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်နေရတဲ့ လေဒီတွေ အနေနဲ့ ကိုယ်ခံအား ကောင်းအောင် စားသောက်ဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ

ချစ်ခင်ကြင်နာစွာ ပွေ့ဖက် ပေးခြင်းက ချစ်ရတဲ့ ကလေးတွေ အတွက် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်ဆိုတာ ဖေဖေမေမေ တို့ သိထားသင့်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 25, 2021 . 3 mins read
လေထုထဲမှ ကူးစက်နိုင်သော ရောဂါများ

လေထုထဲမှ ကူးစက်နိုင်သော ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)

ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read