ကလေးဆံသားကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

ကလေးတွေကိုမွေးလာချိန်ကစလို့ အရွယ်ရောက်လာတဲ့အချိန်အထိ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုတဲ့ အစိတ်အပိုင်းတွေထဲမှာ ဆံသားကလည်းတစ်ခုအပါအဝင်ပါ။ ကလေးငယ်လေးတွေရဲ့ဆံသားလေးတွေက နူးညံ့လွန်းတာကြောင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုပါတယ်။ ကလေးတွေဟာမိခင်ဝမ်းထဲကနေမွေးလာကတည်းက နူးညံ့တဲ့ဆံသားလေးတွေနဲ့အတူမွေးဖွားလာတာဖြစ်ပြီး ဒီဆံသားလေးတွေကို စနစ်တကျထိန်းသိမ်းပေးမှ ကျန်းမာတဲ့ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်တဲ့ ဘေဘီလေးတွေဖြစ်လာမှာပါ။

မိဘတော်တော်များများက ကလေးလေးတွေရဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ဂဃနဏမသိကြပါဘူး။ ဒီတစ်ခါကတော့ဘေဘီလေးတွေရဲ့ ဆံသားကိုဘာကြောင့်စောင့်ရှောက်ပေးဖို့လိုတာလဲဆိုတာနဲ့ ဘယ်လိုစောင့်ရှောက်ပေးသင့်လဲဆိုတာလေးတွေကိုပြောပြပေးချင်ပါတယ်။

ကလေးဆံပင်အကြောင်း တစေ့တစောင်း

ကလေးငယ်လေးတွေရဲ့ ဆံသားက အသက်အရွယ်နဲ့ဆံပင်အမျိုးအစားကိုလိုက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ဆံသားသဘာဝချင်းမတူကြပါဘူး။ ဒါပေမယ့်သေချာတာတစ်ခုကတော့ ဘယ်အရွယ်ပဲဖြစ်ဖြစ် ဘယ်လိုဆံသားအမျိုးအစားမျိုးပဲဖြစ်ဖြစ် ပုံမှန်ခေါင်းလျှော်ပေးဖို့လိုသလို ဆံပင်ဆီလိမ်းတာ၊ခေါင်းဖြီးပေးတာနဲ့ ဆံပင်ရှည်လာတဲ့အခါ ညှပ်ပေးဖို့လိုတာချင်းကတော့ တူတူပါပဲ။ ကလေးရဲ့ ဆံသားရော ဦးရေပြားကပါ နူးညံ့ထိခိုက်ထိခိုက်လွယ်တာကြောင့်သေသေချာဂရုစိုက်ဖို့တော့လိုပါတယ်။

ကလေးငယ်လေးတွေကို ငယ်စဉ်ကျောင်းနေအရွယ်ကစပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကဘယ်လောက်အထိအရေးကြီးလဲဆိုတာကို သင်ကြားပေးဖို့လိုပါတယ်။ခေါင်းကို သန့်ရှင်းအောင်ထားတတ်တဲ့အလေ့အကျင့်ကိုလည်းမွေးမြူပေးဖို့လိုပါတယ်။ ကလေးတွေကကျောင်းစတက်တဲ့အရွယ်ရောက်လာပြီဆိုရင် ကလေးကို ပုံမှန်ခေါင်းလျှော်တာမျိုးလုပ်ပေးဖို့လိုပါမယ်။ အားကစားလုပ်ပြီးတဲ့အခါမျိုးရေကူးပြီးတဲ့အခါမျိုးမှာ ကလေးရဲ့ ဆံပင်ကို လျှော်ပေးနိုင်ရင်တော့အကောင်းဆုံးပါ။

ကလေးဆံသားကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ပေးမလဲ

  • ကလေးကို ခေါင်းလျှော်ပေးပါ။ ကလေးငယ်ရဲ့ဆံပင်ကိုနေ့တိုင်းလျှော်ပေးဖို့တော့မလိုပါဘူး။ အထူးသဖြင့်တော့မွေးကင်းစ ကလေးငယ်တွေကို ခေါင်းနေ့တိုင်းလျှော်စရာမလိုပါဘူး။ ခေါင်းလျှော်ပေးရင်လည်း ခပ်မြန်မြန်လျှော်ပေးဖို့လိုပါလိမ့်မယ်။ ကလေးကိုခေါင်းလျှော်ပေးတဲ့အခါ မျက်လုံးမစပ်စေမယ့်ခေါင်းလျှော်ရည်မျိုးကိုရွေးချယ်ဝယ်ယူဖို့လည်း သတိရပါ။ခေါင်းလျှော်ပေးတဲ့အခါ ကလေးဦးရေပြားကို ညင်ညင်သာသာနှိပ်ပေးတာကလည်း ကလေးဆံသားနဲ့ဦးရေပြားကျန်းမာရေးအတွက်ကောင်းပါတယ်။
  • ကလေးဆံပင်ကို နူးညံ့တဲ့ ဝက်မှင်ဘီး ဒါမှမဟုတ်ဘီးခက်ကျဲကျဲနဲ့ဖြည်းဖြည်းချင်းဖြီးပေးရပါမယ်။
  • ကလေးငယ်ရဲ့ ဆံပင်တွေကို စည်းတာမျိုး၊ခေါင်းမှာ သရေကြိုးနဲ့လုပ်ထားတဲ့ခေါင်းပတ်လိုမျိုးအရာတွေတပ်ပေးတာမျိုးမလုပ်ပါနဲ့။ ကလေးဆံပင်တွေတင်းတင်းကျပ်ကျပ်စည်းနှောင်ခံရပြီး ကျွတ်ထွက်နိုင်တာကြောင့်ပါ။
  • ကလေးဦးရေပြားကို အာဟာရဖြည့်ပေးနိုင်မယ့် အုန်းဆီ၊ထောလပတ်ဆီလိုမျိုး ဆံသားအားဖြည့်နိုင်တဲ့ ဆီတစ်မျိုးမျိုးလူးပေးပါ။
  • ဆံပင်ကိုနေ့တိုင်း ရှင်းလင်းပေးပါ။
  • ဆံပင်ရှည်လာတိုင်း ညှပ်ပေးပါ။

ကလေးဆံသားကို ထိန်းသိမ်းပေးသင့်တဲ့အကြောင်းအရင်းတွေကဘာတွေဖြစ်မလဲ

ဗောက်ကင်းစေနိုင်ပါတယ်

ကလေးရဲ့ ဆံပင်ကို တစ်ပတ်ကို (၂ )ကြိမ်လျှော်ပေးရင်လုံလောက်ပါပြီ။ ကလေးကိုခေါင်းလျှော်ပြီးတဲ့အခါတိုင်းမှာရေစင်အောင်သုတ်ပေးပြီး ဆံပင်ခြောက်သွားတဲ့အခါ ဦးရေပြားအထိရောက်အောင် သံလွင်ဆီ၊အုန်းဆီလိုမျိုး ဦးရေပြားနဲ့ ဆံသားကို အာဟာရဖြည့်ပေးတဲ့ ဆီတစ်မျိုးမျိုးလူးပေးရပါမယ်။ ဒီလိုလုပ်ပေးတာက ကလေးဆံပင်ကို သန်စေနိုင်သလိုဗောက်လည်းကင်းစေမှာဖြစ်ပါတယ်။

မွေးကင်းစဆံပင်ကျွတ်တာကို သက်သာစေနိုင်ခြင်း

ကလေးလေးတွေကဆံပင်မကျွတ်ဘူးလို့မထင်ပါနဲ့။ သူတို့လေးတွေလည်း ဆံပင်ကျွတ်တတ်ပါတယ်။ဟော်မုန်းပြောင်းလဲတာကြောင့်ဆံပင်ကျွတ်တာပါ။ ကလေးရဲ့ဆံပင်ကိုလိုအပ်တဲ့စောင့်ရှောက်မှုလုပ်ပေးခြင်းဖြင့် ကလေးဆံပင်ကို ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။

ဆံပင်ရှုပ်ထွေးမှုကင်းစေနိုင်ခြင်း

ကလေးရဲ့ဆံပင်ကိုနေ့စဉ်ဂရုစိုက်ရှင်းလင်းပေးဖို့လိုအပ်ပါတယ်။ ကလေးတွေက အိပ်နေရတဲ့အချိန်များတာကြောင့် ဆံပင်ရှုပ်ထွေးတာမျိုးဖြစ်တတ်ပါတယ်။ ဆံပင်ရှုပ်ထွေးတဲ့အခါ မလိုအပ်ဘဲ ဆံပင်ကျွတ်တာ၊ ဦးရေပြားနာကျင်တာမျိုးခံစားရနိုင်ပါတယ်။ ကလေးဆံသားကိုနေ့စဉ်ဖြီးပေးတာ၊လိုအပ်တဲ့စောင့်ရှောက်မှုတွေလုပ်ပေးတာက ကလေးရဲ့ဆံပင်တွေရှုပ်ထွေးတာကို သက်သာစေမှာပါ။

Cradle Cap (ကလေးဦးရေပြား အဆီထွက်များ၊အရေခွံကွာသောပြဿနာ)ကို ကာကွယ်ပေးခြင်း

ကလေးတွေမှာအဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပါ။ ဦးရေပြားမှာ အဖတ်လေးတွေလန်ပြီး အနီရောင်အကွက်လေးတွေဖြစ်နေတာပါ။ အရမ်းကြီးတော့မစိုးရိမ်ရပါဘူး။ ကလေးကိုရေမချိုးခင်မှာ သံလွင်ဆီ ဒါမှမဟုတ် baby oil ကိုခြောက်နေတဲ့အရေပြားပေါ်မှာ လူးပေးပြီးနှိပ်ပေးရင် သက်သာနိုင်ပါတယ်။ ကလေးဆံပင်ကို အပျော့စားခေါင်းလျှော်ရည်သုံးပြီးလျှော်ပေးလို့လည်းရပါတယ်။

သန်းကင်းစေနိုင်ခြင်း

ကလေးလေးတွေရဲ့ခေါင်းပေါ်မှာ သန်းတွေဖြစ်လေ့ရှိပါတယ်။ ကလေး ၅ယောက်မှာ ၁ယောက်လောက်ကတော့ခေါင်းမှာ သန်းတွယ်တတ်ကြပါတယ်။ ကလေးအချင်းချင်းနီးနီးကပ်ကပ်ထိုင်တာ၊ အတူတူကစားတာ၊ အတူတူအိပ်တာတွေကြောင့် သန်းကူးနိုင်ပါတယ်။ ဒါပေမယ့်ခေါင်းကိုပုံမှန်လျှော်ပေးမယ်၊ ဆီလိမ်းပေးမယ်၊ခေါင်းဖြီးပေးတာတွေပုံမှန်လုပ်ပေးမယ်ဆိုရင် ကလေးကိုသန်းကင်းစေနိုင်မှာပါ။

အခေုလောက်ဆို ဖေဖေမေမေတို့လည်း ဘာကြောင့် ကလေးတွေရဲ့ ဆံသားကိုထိန်းသိမ်းသင့်တာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ ဖေဖေမေမေတို့လည်း ကိုယ့်ရင်သွေးလေးတွေရဲ့ ဆံသားကို ဒီနေ့ကစပြီး မှန်ကန်တဲ့ထိန်းသိမ်းစောင့်ရှောက်နည်းတွေနဲ့စောင့်ရှောက်ပေးပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသောပိုင်ရှင်လေးတွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်ကြပါစေ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်တိုင် နို့ချိုတိုက်ကျွေးတဲ့ မေမေ တွေပဲ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

မေမေ မိခင်နို့ ဘေဘီလေး ကလေး ကလေးအာဟာရ နို့တိုက်ကျွေးခြင်း ကလေးကျန်းမာရေး အကျိုးကျေးဇူး ရောဂါကာကွယ်နိုင်ခြင်း ကိုယ်အလေးချိန် နို့တိုက်မိခင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော်

ဖေဖေ မေမေ ကလေးကျန်းမာရေး မိသားစု ချစ်ခင်ရင်းနှီးမှု ချစ်ခြင်းမေတ္တာ ကလေးအာဟာရ တာဝန်ဝတ္တရား မိဘ မိဘတာဝန် ကလေးပြုစုစောင့်ရှောက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကလေး က ညဘက် ချောင်းထဆိုးနေသလား

ကလေး ကလေးကျန်းမာရေး ချောင်းဆိုး မိဘ ညအိပ်ချိန် ချွဲသလိပ် ရင်ကျပ် ကိုယ်ပူခြင်း အဖျားတက်ခြင်း နောက်ဆက်တွဲပြဿနာ အသက်ရှူလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေး ကလေးလေး ကလေးငယ် ကလေးကျန်းမာရေး နာမကျန်း ဖျားနာ အအေးမိ လက္ခဏာ မိဘများအတွက်လမ်းညွှန် အဖျားကျ မြန်မြန်သက်သာရေး ရာသီတုပ်ကွေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read
Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

Covid ကာလမှာ ကလေးနေမကောင်း ရင် ဘယ်လိုပြုစုပေးရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 1 min read
ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ကိုယ်ဝန်ဆောင်မေမေ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 28, 2020 . 2 mins read
ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ

ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 2 mins read