ကလေး က ညဘက် ချောင်းထဆိုးနေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 1, 2020 . 1 min read
Share now

ကလေး က ညဘက်ဆို ချောင်းလေး တဟွတ်ဟွတ်နဲ့ မအိပ်နိုင်ရှာဘူး၊ ထပြီး ပြုစုရ၊ စိတ်မချလို့ စောင့်ကြည့်ရ နဲ့ မိဘ တွေလည်း မအိပ်ရဘူး။ ကလေးတစ်ယောက် နေမကောင်းတဲ့အခါ ကလေးရော မိဘရော အတော် ပင်ပန်းရပါတယ်။

ကလေး က ဘာလို့ ညဘက် ချောင်းပိုဆိုးတာလဲ

ကလေးက အိပ်ရာ ထဲ လှဲအိပ်တဲ့အခါ နှာခေါင်းနဲ့ နှာခေါင်းလမ်းကြောင်း ထဲမှာ ပိတ်ဆို့နေတဲ့ ချွဲတွေက လည်ချောင်းထဲကို စီးကျလာပြီး ချောင်းထဆိုးစေတာကြောင့် ညအိပ်ချိန် မှာ ချောင်းပိုဆိုးရတာပါ။

ဒီလို အချိန်မှာ –

ကလေး ကို အနားယူခိုင်းပြီး အရည်များများ တိုက်ပေးပါ။

ကလေး လည်ချောင်းနာ သက်သာစေဖို့ ပျားရည် တိုက်ပေးလို့ရပါတယ်။ တစ်နှစ်အောက် ဆိုရင်တော့ မတိုက်သင့်ပါဘူး။

ကလေးကို ရေနွေးငွေ့ ခံပေးပါ။ ၃လ အောက် ဆိုရင်တော့ မသင့်တော်ပါဘူး။

ပတ်ဝန်းကျင် ကို အစိုဓာတ် ပေးတဲ့ ရေငွေ့စက်ပစ္စည်းလေးကို အသုံးပြုပါ။

ရေချိုးခန်း ထဲမှာ ရေပူကို ဖွင့်ထားပြီး အခန်းတစ်ခုလုံးကို ရေနွေးငွေ့တွေ နဲ့ ပြည့်နေပါစေ။ ပြီးရင် သင့် ကလေး ကို ရေချိုးခန်းထဲမှာ ထိုင်ခိုင်းပြီး စွတ်စိုတဲ့ လေနွေးနွေးလေးတွေကို ဆယ်မိနစ် ဆယ့်ငါးမိနစ် လောက် ရှူပါစေ။ ကလေးတွေကို ရေနွေးတွေနဲ့ ဝေးရာမှာ နေစေဖို့ကို တော့ သတိထားပါ။

ချောင်းဆိုးပျောက်အောင် နဲ့ အဖျားကျအောင် ထုတ်ထားတဲ့ ဆေးတွေက သာမန်အဖျားကြောင့် ဖြစ်တဲ့ ချောင်းဆိုးတာ နဲ့ နှာစေးတာတွေကိုပဲ သက်သာစေနိုင်တာပါ။ ကူးစက်ရောဂါ တွေကို မသက်သာစေနိုင်ပါဘူး။

ဆရာဝန် မညွှန်ကြားဘဲ ချောင်းဆိုးပျောက်ဆေး တွေကို အလွယ်တကူ ဝယ်တိုက်တာမျိုး မလုပ်ပါနဲ့။

အေးမြတဲ့ လေလေး တွေကလည်း အသက်ရှုရ ပိုလို့ လွယ်ကူ အဆင်ပြေစေတာမို့ ကလေးကို အိမ်ထဲမှာပဲ လေ အလုံပိတ်ထားတာထက် တစ်ခါတလေ အိမ်ပြင် ထွက်ပေးတာမျိုး လုပ်လို့ ရပါတယ်။

ဘယ်လို အခြေအနေမှာ ဆရာဝန်ပြသဖို့ လိုမလဲ

  • ကလေးက အားအရမ်းနည်းနေတာမျိုး (သို့မဟုတ်) ကောင်းကောင်း မတုံ့ပြန်နိုင်တော့တဲ့အခါ
  • ကလေးက သိပ်လှုပ်ရှားမှု မရှိဘဲ ငြိမ်နေ၊ မှိန်းနေရင်
  • ကလေးကို ကြည့်ရတာ ရင်ဘတ်အောင့်သလိုမျိုး ဖြစ်နေရင် (သို့မဟုတ်) ရင်ဘတ်ထဲက ကျပ်နေသလိုမျိုး ဖြစ်နေရင်
  • ကလေးက အသက်ရှုရ အရမ်းခက်ခဲနေပုံ ပေါက်နေရင်
  • ကလေးက လုပ်နေကျ တုံ့ပြန်မှုတွေ ကိုတောင် လိုက်မလုပ်တော့ရင်
  • ကိုယ်ပူနေရင်
  • ကလေးမှာ ရေဓာတ် ဆုံးရှုံးနေတဲ့ လက္ခဏာ တွေ့ရရင်
  • ကလေးရဲ့ ချွဲမှာ (သို့မဟုတ်) တံတွေး မှာ သွေးပါနေရင် ဆရာဝန် နဲ့ ချက်ချင်း သွားပြဖို့ လိုပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အအေးမိခြင်း

အအေးမိဖျားနာဆိုတာ သာမန်ရောဂါပါပဲ။ ကာကွယ်နည်းတွေကို စနစ်တကျ လိုက်နာရင် ဖြစ်နိုင်ခြေ နည်းသွားမှာပါ။ ခုခံအားကောင်းနေမယ်ဆိုရင် မြန်မြန်သက်သာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အဆုတ်တီဘီရောဂါ

အဆုတ်တီဘီရောဂါက အဖြစ်များတဲ့ရောဂါတစ်ခုပါ။ ဒါပေမယ့် ဆေးတွေကို သေချာသောက်ပြီး ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။

တုပ်ကွေးရောဂါ က နှစ်တိုင်း ဖြစ်နိုင်ပါတယ်။ ကာကွယ်ဖို့ဆို နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးတာ၊ မကြာခဏ လက်ဆေးတာ၊ လူစုလူဝေးကို ရှောင်တာ စတာတွေကို လိုက်နာရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လေပြွန်များ ပျက်စီးခြင်း (Bronchiectasis)

လေပြွန်များ ပျက်စီးခြင်းဆိုတာ နာတာရှည်ရောဂါတစ်ခုပါ။ လေပြွန်တွေ ခဏခဏ ပိုးဝင်ရောင်ရမ်းတာကြောင့် ကျဉ်းမြောင်းပြီး အချွဲတွေနဲ့ ပြည့်လာတဲ့ ရောဂါပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read