ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် ရေချိုးပေးမယ်

လူ့လောကထဲရောက်လာတဲ့ အဖွဲ့ဝင်အသစ်လေးကို ကြိုဆိုတဲ့နေရာမှာ ဗဟုသုတတွေလေ့လာသင့်သလောက်လေ့လာထားမှတော်ကာကျပါတယ်။ ကိုယ်လုပ်နေကျအတိုင်း ကလေးကို ဖြစ်ကတတ်ဆန်းလုပ်ပေးရင် တကယ်တမ်း တစုံတခုဖြစ်လာတဲ့အခါ ကိုယ်ပဲရင်နာရမှာပါ။ နုနယ်လွန်းတဲ့ ကလေးလေးတွေရဲ့ဝေယျာဝစ္စတွေက လူကြီးတွေနဲ့မတူပါဘူး။ အသေးစိတ်ကအစ အရာရာဂရုစိုက်ရပါတယ်။ ကလေးကိုပြုစုစောင့်ရှောက်တဲ့နေရာမှာ မိဘတွေကသန့်ရှင်းရေးကို အရမ်းဂရုစိုက်ကြပါတယ်။ရောဂါဝင်မှာကြောက်ပြီး ပစ္စည်းတွေသန့်မှ၊ ပတ်ဝန်းကျင်သန့်မှဖြစ်မယ်လို့ လက်ခံထားကြတာပါ။ ကလေးကိုလည်း သန့်ရှင်းနေမှဖြစ်မယ်ဆိုပြီးရေချိုးပေးဖို့ ကြိုးစားကြပါတယ်။ တကယ်တော့မွေးကင်းစအရွယ်တွေကိုရေချိုးပေးဖို့မလိုသေးပါဘူး။ သူတို့ရဲ့အရေပြားက အရမ်းကိုခြောက်သွေ့လွယ်တဲ့အပြင် ချက်ကြိုးတွေမကြွေသေးတဲ့ကလေးကိုရေပတ်တိုက်သန့်စင်တာပဲ လုပ်ပေးသင့်ပါတယ်။ တစ်လမပြည့်သေးတဲ့ ကလေးငယ်ကိုနေ့တိုင်းရေချိုးပေးဖို့မလိုအပ်ပါဘူး။ အမြဲသန့်စင်ပေးဖို့လိုအပ်တဲ့ မျက်နှာ၊ လည်ပင်းနဲ့ပေါင်ကြားဧရိယာတွေကိုပဲရေမြှုပ် သို့မဟုတ်ရေဝတ်လေးနဲ့သန့်စင်ပေးလို့ရပါတယ်။ ကလေးကို တစ်ပတ်ကို နှစ်ကြိမ်လောက်ထက် ပိုပြီးရေမချိုးပေးပါနဲ့။ ရေပတ်တိုက်ပေးပါ မွေးကာစကလေးငယ်ကိုရေမြှုပ် သို့မဟုတ် တဘက်နုနုလေးကို ကြက်သီးနွေးရေလေးဆွတ်ပြီးရေပတ်တိုက်သန့်စင်ပေးတာအကောင်းဆုံးပါ။ မျက်နှာလေးနဲ့လက်လေးတွေကို မကြာခဏ သန့်စင်ပေးပါ။သေးခံ diaper လဲပြီးတိုင်းပေါင်ကြားတဝိုက်ကို ညင်သာစွာသန့်စင်ပေးပါ။ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေအသင့်ပြင်ထားပါ ကလေးကိုရေချိုးပေးမယ်ဆိုရင် လိုအပ်မယ့်ပစ္စည်းတွေအသင့်ပြင်ထားဖို့လိုပါတယ်။ရေချိုးဆပ်ပြာ၊ တဘက်၊ ကလေးခေါင်းလျှော်ရည်၊ရေချိုးဇလုံ၊ရေနွေး စတာတွေအပြင်ရေချိုးပြီးရင် ကလေးကိုခြုံပေးမယ့် အနှီး၊ ဝတ်ပေးမယ့် အဝတ်အစားတွေကို အသင့်ပြင်ဆင်ထားပါ။ရေပတ်ပဲတိုက်မယ်ဆိုရင်ရေဝတ်တဘက်နုနု၊ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

HPVဗိုင်းရပ်စ်က သင့်ရဲ့ကလေးတွေကိုဘယ်လို ထိခိုက်စေနိုင်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ

Human Papillomavirus (HPV)ဆိုတာ Human Papillomavirus (HPV)ဆိုတာက လိင်ဆက်ဆံမှုကနေတဆင့် အများဆုံးကူးစက်တဲ့ ရောဂါတစ်မျိုးပါ။ HPVဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လိင်အင်္ဂါတဝိုက်မှ ကြွက်နို့တွေ ဖြစ်လာနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ၊ လိင်တံကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ လျှာကင်ဆာလိုမျိုး ရောဂါတွေဖြစ်နိုင်ပါတယ်။ HPVဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ ကင်ဆာမဖြစ်ရင်တောင်မှ လူမှု့ဘဝနေထိုင်မှုကို ထိခိုက်စေနိုင်တဲ့ လိင်အင်္ဂါတဝိုက် ကြွက်နို့တွေဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။ HPVဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပြီး တော်တော်များများက ဒီဝေဒနာကို အရွယ်ရောက်ပြီးသူတွေလောက်ပဲ စိုးရိမ်ဖို့လိုအပ်တယ်လို့ ယူဆနေကြပါတယ်။ ဒီအယူအဆက အပြည့်အဝမမှန်ပါဘူး။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ သင်အနေနဲ့ ကလေးကို ငယ်ငယ်ကတည်းကHPV အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဘာကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တာလဲဆိုတဲ့ အကြောင်းအရင်းတွေကို အောက်မှာ သေသေချာချာရှင်းပြပေးထားပါတယ်။ HPVဗိုင်းရပ်စ် နဲ့ကင်ဆာရောဂါများ- Human Papillomavirus (HPV)ဆိုတာ ကမ္ဘာတလွှားမှာ အရမ်းအဖြစ်များနေတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ HPVဗိုင်းရပ်စ်က အမျိုးအစား၁၀၀ကျော်ရှိနေပြီး […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်အရွယ် သားသမီးရှိသူမိဘတိုင်း ဖတ်ထားသင့်တဲ့ အကြောင်းအရာ

မိဘတစ်ယောက်ဖြစ်လာပြီဆိုရင် ဆယ်ကျော်သက်အရွယ် သားသမီးကိုနားလည်နိုင်ဖို့အတွက် ပိုအဆင်ပြေတဲ့အချက်တစ်ချက်က ကိုယ်လည်းဒီအရွယ်ကိုကျော်ဖြတ်ခဲ့ဖူးတယ်ဆိုတာပါပဲ။ အသက် ၉ နှစ်လောက်ရောက်ပြီဆိုရင် ကလေးမှာ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတချို့ဖြစ်လာပြီးလောက်ပါပြီ။ နောက်သုံးနှစ်လောက်ကြာတဲ့အခါ သား သို့မဟုတ် သမီးလေးက မြီးကောင်ပေါက်လို့ခေါ်ကြတဲ့ အရွယ်ကို လုံးလုံး ရောက်ရှိသွားတော့မှာပါ။ အဲဒီအချိန်ကျရင်တော့ ခန္ဓာကိုယ်မှာပဲ အပြောင်းအလဲတွေဖြစ်မှာမဟုတ်တော့ပါဘူး။ စိတ်ပိုင်းဆိုင်ရာရော၊ အပြုအမူပိုင်းမှာပါ ပြောင်းလဲလာပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ် သားသမီးရှိသူမိဘတိုင်း ဖတ်ထားသင့်တဲ့ အကြောင်းအရာ ဆယ်ကျော်သက်အရွယ် သားသမီးရှိသူမိဘတိုင်း ဖတ်ထားသင့်တဲ့ အကြောင်းအရာတွေကတော့ အပြုအမူအပြောင်းအလဲ အများအားဖြင့် ဒီအဆင့်ကိုဖြတ်ကျော်ရတော့မယ့် ဆယ်ကျော်သက်တိုင်းဟာ အပြုအမူပိုင်းမှာ တစ်နည်းမဟုတ် တစ်နည်း ပြောင်းလဲလာတတ်ပါတယ်။ ဆယ်ကျော်သက်ကလေးတွေကို ထိန်းသိမ်းဖို့အတွက် အခက်အခဲဖြစ်ရတဲ့အချက်က ဒီအဆင့်မှာ ကလေးတွေက အကြောက်တရားနည်းပြီး လွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့အတွေးမှားတွေရှိတတ်တာပါ။ ဒီလိုဖြစ်ရတာက မိန်းကလေးရော၊ ယောကျာ်းလေးမှာပါ ခန္ဓာကိုယ်တွင်းဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါ။ ဒါပေမယ့် ဒီအနေအထားမှာ မိဘတစ်ယောက်အနေနဲ့ ဘယ်လောက်ကောင်းကောင်းအားပေးစောင့်ရှောက်သလဲဆိုတာပေါ် အများကြီးမူတည်နေပါတယ်။ သားဖြစ်သူ၊ သမီးဖြစ်သူရဲ့ဖွံ့ဖြိုးမှုအတွက်က မိဘဆိုတာ အဓိကကျောထောက်နောက်ခံတစ်ခုပါပဲ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တခုခု ရှိနေပြီလား

မိဘတိုင်းဟာ ကိုယ့်သားသမီးကို ဒီကမ္ဘာပေါ်မှာ အချောဆုံး၊အလှဆုံး၊အတော်ဆုံး၊အထက်မြက်ဆုံး ဖြစ်စေချင်ကြတာ သဘာဝပါ။ ကိုယ့်ဗိုက်ထဲက ရင်သွေးလေး ထွက်လာပြီဆိုတာနဲ့ ကိုယ်လက်အင်္ဂါစုံရဲ့လား၊တခြားပြဿနာ ဘာများရှိနေသလဲ စတဲ့ ပူပန်စိုးရိမ်မှုလေးတွေ ရှိကြစမြဲပါပဲ။ တကယ်လို့ ရင်သွေးလေးမှာ တခုခု ချွတ်ချော်ယွင်းမှားနေပြီဆိုရင် ခေါင်းမိုးကြိုးပစ်ခံလိုက်ရသလို မိုက်ခနဲ၊ဒိန်းခနဲ ဖြစ်သွားတတ်ပါတယ်။ ဒါဟာ သဘာဝပါ။ ဒါပေမယ့် ဒီလိုပြဿနာနဲ့ ရင်ဆိုင်နေရတာ သင်တယောက်တည်း မဟုတ်ပါဘူး။ ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေး ဗဟိုဋ္ဌာန (စီဒီစီ)ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာတောင် နှစ်စဉ်ကလေးပေါင်း ၁၂၀၀၀၀ ဟာ မွေးရာပါချို့ယွင်းချက်တမျိုးမျိုးနဲ့ မွေးဖွားလာတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်နဲ့ သင့်ရင်သွေးလေးကို ကူညီပေးနိုင်မယ့် နည်းလမ်းတွေ၊ကျွမ်းကျင်သူလူပုဂ္ဂိုလ်တွေဟာ သင့်လက်တကမ်းမှာပဲ ရှိနေတယ်ဆိုတာကို သိထားဖို့ အထူးအရေးကြီးပါတယ်။   မွေးရာပါ ချို့ယွင်းချက်ဆိုတာ ဘာလဲ   မိခင်ဝမ်းထဲက ကျွတ်ပြီဟေ့ဆိုတဲ့အချိန်မှာပဲ ကလေးနဲ့ အတူတကွ ပါရှိလာတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ

မိဘနှစ်ပါးရဲ့ မူလဘာသာစကား မတူညီတဲ့ အနေအထားမျိုးအပါအဝင် အမျိုးမျိုးသော အခြေအနေတွေမှာ ကလေးဟာ ဘာသာစကားနှစ်မျိုး စလုံးကို သင်ယူရင်း ကြီးပြင်းလာရတတ်ပါတယ်။ ဒီလို ကြီးပြင်းလာရတာဟာ ကောင်းသလား၊ ဆိုးသလား ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း အများအပြား ရှိနေပါသေးတယ်။ ဒီလို အငြင်းပွားမှုတွေထဲမှာ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်အလက်လေးတွေလည်း ရှိနေပါတယ်။ အခု ဆောင်းပါးလေးမှာတော့ အဆိုပါ အယူအဆမှားတွေကို တင်ပြသွားမှာပဲ ဖြစ်ပါတယ်။ ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ၁။ တစ်မျိုးထက်ပိုတဲ့ ဘာသာစကားတွေနဲ့ ကြီးပြင်းလာခြင်းဟာ ကလေးကို ရှုပ်ထွေးသွားစေတယ် ဒါဟာ အယူအဆအမှားတွေ အားလုံးထဲမှာ သဘာဝအကျဆုံး […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သင့်ကလေးကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား

သင့်ကလေးကျောင်းမှာ အနိုင်ကျင့်ခံနေရပြီလား ဒီရက်ပိုင်းထဲမှာပဲ သုံးတန်းကျောင်းသားလေးကို လေးတန်းကျောင်းသားက ကျောင်းကားပေါ်မှာ အနိုင်ကျင့် ခြေထောက်နဲ့ကန်ကျောက်လို့ အနိုင်ကျင့်ခံရတဲ့ ကလေးခမျာ အင်္ကျီတွေအကုန်လုံး သွေးတွေပေပွနေတာကို လူမှုကွန်ယက်မှာ တွေ့လိုက်ရပါတယ်။ အသက်မတိမ်းမယိမ်း လူအများအပြား တစုတစည်းတည်း နေထိုင်ရတဲ့ ကျောင်း/တက္ကသိုလ်တွေဟာ အနိုင်ကျင့်ခြင်းနတ်ဆိုးရဲ့ စားကျက်ကောင်းဖြစ်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး။Netflix ရဲ့ နာမည်ကျော်စီးရီး (ဝတ္ထုကို ဇာတ်လမ်းတွဲပြန်ရိုက်ထားတာ) 13 Reasons Why ဆိုရင်လည်း ကျောင်းတွင်း အနိုင်ကျင့်တဲ့အကြောင်းကို တစေ့တစောင်း တင်ပြထားတာပါ။ ဆိုလိုချင်တာက ကျောင်း/တက္ကသိုလ်တွေမှာ တဦးကိုတဦး အနိုင်ကျင့်ခြင်းဟာ နေရာဒေသမရွေး ရှိနေတယ်ဆိုတဲ့အချက်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကျောင်းတွင်းအနိုင်ကျင့်ခြင်းနဲ့ ပတ်သက်လို့ သိမှတ်ဖွယ်ရာ၊ဆောင်ရန်/ရှောင်ရန်လေးတွေကို မျှဝေပေးသွားပါမယ်။   အနိုင်ကျင့်ခြင်း ဆိုတာဘာလဲ သူငယ်ချင်း အချင်းချင်း ချစ်လို့ခင်လို့ စနောက်တာနဲ့ အနိုင်ကျင့်ခြင်းကို ကွဲကွဲပြားပြား သိရပါမယ်။ တကယ်တမ်းပြောရမယ်ဆိုရင် သူငယ်ချင်းတွေအကြား တဦးနဲ့တဦးနောက်ပြောင်ကျီစယ်တယ်ဆိုတာ အင်မတန်မှ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ

ဆယ်ကျော်သက်တွေ သုံးတတ်တဲ့ မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးများ ဆယ်ကျော်သက်ဆိုတာ အင်မတန် လက်တည့်စမ်းတတ်ကြသူတွေပါ။ ဆေးလိပ်၊အရက်က စလို့ မူးယစ်ဆေးဝါးအထိလည်း အဖော်ကောင်းရင်ကောင်းသလို စမ်းတတ်ကြပါတယ်။ ဒီအရွယ်လေးတွေဖို့ မူးယစ်ဆေးဝါးအများစုဟာ ဈေးကြီးသလို လက်လှမ်းလည်း သိပ်မမှီတတ်ကြပါဘူး။ ဒါပေမယ့် မဟုတ်တဲ့နေရာမှာဆို ဉာဏ်ကောင်းလေ့ရှိကြတဲ့ 'တလွဲဆံပင်ကောင်းတတ်သူ'တို့ ထုံးစံအတိုင်း မူးယစ်ဆေးမဟုတ်သော မူးယစ်ဆေးတွေကို အတတ်စမ်းကြပါတော့တယ်။ ဘယ်လိုမျိုးပါလိမ့်လို့ တွေးမနေပါနဲ့။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ (၁) ချောင်းဆိုးပျောက်ဆေးရည် နှစ်နှစ်သားကလေးတောင် ပိုက်ဆံပါရင် ဆေးဆိုင်မှာ သွားဝယ်လို့ရတဲ့ ချောင်းဆိုးပျောက်ဆေးပုလင်း အိမ်မှာရှိနေတာကို ဘယ်မိဘမှ အထူးတလည် ဂရုစိုက်မိမယ် မထင်ပါဘူး။ ဒါပေမယ့် ဒီချောင်းဆိုးပျောက်ဆေးရည်တွေကို ပမာဏများများသောက်သုံးရင် သင့်စိတ်နဲ့အာရုံကို ပြောင်းလဲစေတတ်တဲ့အပြင် ခန္ဓာကိုယ်အပြင်ကို သင့်စိတ်ဝိညာဉ်လွင့်မျောသွားသလို ခံစားရပါလိမ့်မယ်။ ချောင်းဆိုးပျောက်ဆေးရည်ဟာ စွဲတတ်ပါတယ်။ အလွန်အကျွံသောက်သုံးရင် (အထူးသဖြင့် အရက်နဲ့ တွဲစပ်သောက်သုံးရင်) သင့်နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကို နှေးသွားစေတဲ့အတွက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အန္တရာယ်ကင်းကင်းနဲ့ ဘေဘီလေးကိုရေချိုးပေးနိုင်မယ့် နည်းလမ်းများ

ကလေးလေးကိုရေချိုးပေးဖို့ ဘယ်လိုချိုးပေးရမှန်းမသိဘူးဖြစ်နေလား။ရေချိုးတာကတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်တာကြောင့် အရွယ်မရွေးရေချိုးဖို့လိုပါမယ်။ အရွယ်ရောက်နေသူအတွက်ကတော့ရေချိုးတာက ခက်ခဲရှုပ်ထွေးမှုတစ်ခုမဟုတ်သလို အန္တရာယ်များတဲ့ ကိစ္စတစ်ခုလည်းမဟုတ်ဘူးလေ။ ကလေးငယ်ငယ်လေးတွေကို အန္တရာယ်ကင်းကင်းနဲ့ရေချိုးပေးဖို့ကတော့ မိဘတိုင်းအတွက် အရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ရေချိုးပေးတဲ့အခါ ရင်သွေးလေးကို ထိခိုက်တာတွေ အန္တရာယ်ဖြစ်တဲ့အနေအထားတွေမဖြစ်စေဖို့အတွက် မဖြစ်မနေသတိထားရမယ့်အချက်လေးတွေရှိနေပါတယ်။ ဘာတွေများဖြစ်မလဲ........ ဘေဘီကို အန္တရာယ်ကင်းကင်းနဲ့အခုလိုရေချိုးပေးပါ ရေချိုးတဲ့အချိန်ဟာ မိဘနဲ့သားသမီးကြားကသံယောဇဉ်ကြိုးကို အခိုင်မာဆုံးရစ်နှောင်ပေးနိုင်တဲ့ အချိန်ဖြစ်တာကြောင့် ကလေးကိုရေချိုးချိန်ဟာ အန္တရာယ်ကင်းပြီးပျော်စရာကောင်းတဲ့အချိန်ဖြစ်အောင်ဖန်တီးပေးလိုက်ပါ။ ကလေးငယ်လေးကိုဘေးကင်းကင်းနဲ့ရေချိုးပေးဖို့ဆိုရင် ဒီပစ္စည်းလေးတွေလိုအပ်နိုင်ပါတယ် ကလေးကိုရေချိုးပေးတဲ့ရေချိုးကန် ကလေးကိုရေချိုးပေးချိန်မှာ တင်ထားလို့ရမယ့် အခင်းပြား ရေပိုက်ခေါင်းမှာစွပ်တဲ့ ချစ်စရာအရုပ်လေးတွေ လေထိုးရေချိုးကန်အသေးစား ရေချိုးတဲ့အခါဆော့လို့ရတဲ့ရော်ဘာဘဲရုပ်လိုမျိုးအရုပ်လေးတွေ ဒီပစ္စည်းလေးတွေက ကလေးငယ်ကို ထိခိုက်မှုမဖြစ်အောင် အထောက်အပံ့ပေးပါတယ်။ ဘေဘီကိုရေချိုးပေးရင် လိုက်နာရမယ့်အချက်တွေက ကလေးကိုရေချိုးပေးတဲ့အခါ တစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့ - ကလေးကိုရေချိုးပေးတဲ့အခါရေချိုးပေးနေရင်းဖုန်းလာလို့ဖြစ်ဖြစ် တစ်ခုခုလိုလို့ဖြစ်ဖြစ် ကလေးကိုတစ်ယောက်တည်းထားခဲ့တာမျိုးမလုပ်ပါနဲ့။ မတော်တဆဖြစ်တာမျိုးတွေဖြစ်လာနိုင်တာကြောင့်ပါ။ ကလေးကိုရေမချိုးခင်ကတည်းက လိုအပ်မှာတွေကို တစ်ခါတည်း ယူထားပါ။ ဧည့်သည်လာနေရင်တောင် တံခါးဖွင့်ပေးဖို့ဆိုရင် ကလေးကိုပါကောက်ပွေ့ခေါ်သွားလိုက်ပါ။ ရေရဲ့အပူချိန်ကို စစ်ဆေးပါ -ကလေးတွေက အချမ်းမခံနိုင်ကြပါဘူး။ ဒါကြောင့်ရေချိုးခန်းထဲဝင်တဲ့အခါရေကအရမ်းအေးနေလားဆိုတာကို အရင်ဆန်းစစ်ပါ။ရေအရမ်းအေးနေရင် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါကို အများစုကတော့ အပူပိုင်းဒေသနေရာများမှာ တွေ့ရလေ့ရှိပါတယ်။ ဒီလိုနေရာတွေကို ခရီးသွားလာနေတဲ့ ဧည့်သည်တွေကတော့ အဲ့လိုဒေသက ဒေသခံလူတွေလိုပဲ သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ဖို့ အန္တရာယ်ညီတူညီမျှရှိပါတယ်။ အဲ့လိုနေရာတွေကတော့ အရှေ့တောင်အာရှ၊ အိန္ဒိယ,အမေရိက အလယ်ပိုင်းနဲ့ တောင်ပိုင်း၊ ကာရေဘီယန်၊ အာဖရိက၊ ပစိဖိတ်ကျွန်းစွယ်များ တို့ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးလေးမျိုးရှိပါတယ်။ ဒီဗိုင်းရပ်စ်တွေကို ပုံစံတူခြင်းအမျိုးအစားနှစ်မျိုး က သယ်ဆောင်ပြီး ရောဂါဖြစ်စေပါတယ်။ အဲ့ခြင်အမျိုးအစားနာမည်များကတော့ Aedes aegypti and Aedes albopictus တို့ဖြစ်ပါတယ်။ တစ်ခြားခြင်အမျိုးအစားတွေကို ညပိုင်းမှာ ကိုက်လေ့မရှိပဲ ဒီ ခြင်အမျိုးအစားနှစ်မျိုးက မနက်စောစောပိုင်းနဲ့ နေမဝင်ခင် ညနေစောင်းတို့မှာကိုက်လေ့ရှိပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများ အခြေအနေတော်တော်များများမှာတော့ သွေးလွန်တုပ်ကွေးရောဂါရှိတဲ့ကလေးတွေက အောက်ပါ လက္ခဏာတွေ တစ်ခုသို့မဟုတ် အဲ့ထက်ပိုပြီး ဖော်ပြနိုင်ပါတယ်။ အဖျားကြီးခြင်း ပျို့ခြင်း၊ အန်ခြင်း အစားအသောက်ပျက်ခြင်း အနီစက်များပေါ်ခြင်း ခေါင်းနဲ့ ကိုယ်တွေမှာကိုက်ခဲခြင်း(အထူးသဖြင့် […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေတွေကြုံရတတ်တဲ့ နို့ကြောင်းပိတ်ခြင်း

မေမေတစ်ယောက်ဖြစ်ရတာ ခက်ခဲတယ်ဆိုတာကို လူတိုင်းသိပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့မေမေတို့ကြုံရနိုင်တဲ့ အခက်အခဲတွေထဲက တစ်ခုဖြစ်တဲ့ နို့ကြောင်းပိတ်တဲ့ပြဿနာအကြောင်းလေးပြောပြပေးပါရစေ။ နို့ကြောင်းပိတ်တဲ့အခါ ရင်သားက နာကျင်ရသလို ရင်သွေးလေးကို နို့ချိုတိုက်ရာမှာလည်း အခက်အခဲဖြစ်ရပါတယ်။ မေမေတို့ကြုံရတဲ့ နို့ကြောင်းပိတ်တဲ့ပြဿနာ ရင်သွေးလေးကို ၆ လအထိမိခင်နို့တစ်မျိုးတည်းကို တိုက်တာအကောင်းဆုံးဖြစ်မယ်ဆိုတာပြောနေစရာတောင် မလိုအောင်ပါ။မေမေတိုင်းမှာလည်း ရင်သွေးလေးကို နို့ချိုတိုက်ကျွေးလို့ ကျန်းကျန်းမာမာကြီးပြင်းလာစေချင်တဲ့ဆန္ဒက ရင်နဲ့အပြည့်ပါ။ ဒီတော့မေမေတစ်ယောက်က ရင်သွေးလေးကို နို့ချိုတိုက်ကျွေးချင်ပေမယ့် နို့တွေခဲနေလို့ နို့ကြောင်းပိတ်ပြီးနာကျင်နေလို့ မတိုက်ရတာမျိုးတွေတွေ့ရနိုင်ပါတယ်။ ဒီအကြောင်းလေးကိုဆွေးနွေးပါရစေ။ နို့ကြောင်းပိတ်ရတာက နို့တိုက်မေမေတွေမှာအဖြစ်များတဲ့ ရင်သားပြဿနာတစ်ခုပါ။ ရင်သွေးလေးကို နို့တိုက်တဲ့အခါ ကလေးရဲ့ ပါးစပ်ထဲက ဘက်တီးရီးယားတွေ ကူးစက်တာကြောင့်ဖြစ်ရတာပါ။ ဒီအခြေအနေက ကလေးမွေးပြီး ၁ လကနေ ၃ လအတွင်းမှာ အဖြစ်များပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဒီပြဿနာက ကလေးမွေးမထားတဲ့ အမျိုးသမီးတွေမှာဖြစ်နိုင်သလိုသွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်တာက ကျန်းမာနေတဲ့အမျိုးသမီးတွေမှာဖြစ်ခဲပြီး ဆီးချိုရောဂါရှိသူတွေ နဲ့ အခြားနာတာရှည်ရောဂါရှိသူတွေမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း