ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ပေါင်ဒါလိမ်းပေးတာ စိတ်ချရရဲ့လား

ကလေးကို ပေါင်ဒါလိမ်းပေးတာ စိတ်ချရရဲ့လား ..... မေမေရော ဘယ်လိုထင်လဲ ...... ဘေဘီလေးကို ချီလိုက်သူတိုင်းက မွှေးနေတာပဲလို့ ချီးမွှမ်းခံရတာကို သဘောကျလို့ ကလေးကို ရေချိုးပြီးတိုင်း ပေါင်ဒါ လူးပေးတယ်။ ရှူးရှူးပေါက်လို့ သန့်ရှင်းရေး လုပ်ပြီးတိုင်း အင်းအင်းပါလို့ သန့်ရှင်းရေး လုပ်ပေးပြီးတိုင်း ပေါင်ဒါ ရိုက်ပေးနေမိပြီလား။ မွှေးနေတာ ကောင်းပေမယ့် ပေါင်ဒါ အရမ်း အများကြီး သုံးတာက ဘေဘီပိစိလေးအတွက် စိတ်ချရရဲ့လား။ ပေါင်ဒါဆိုတာ ပေါင်ဒါ ဆိုတာက သဘာဝက ရတဲ့ အမွှေးနံ့သာ ပစ္စည်းတွေကို အသုံးပြုပြီး လုပ်ထားတဲ့ အမှုန် သေးသေးလေးတွေပါ။ ကလေး ပေါင်ဒါမှုန့်လေးတွေက ဓာတုပစ္စည်း ပါဝင်မှု မရှိတာကြောင့် ကလေး အသားအရေကို ထိခိုက်တာမျိုး ဖြစ်မှာကိုတော့ စိုးရိမ်စရာ မရှိပေမယ့် သေးငယ်တဲ့ အမှုန်လေးတွေက ကလေး အသက်ရှူစနစ်အတွက်တော့ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေကလည်း တစ်ယောက်တည်းနေဖို့လိုအပ်ပါတယ်နော်

စိတ်တွေပင်ပန်းနေလို့ တစ်ယောက်တည်းနေဖို့လိုအပ်တယ်ဆိုတဲ့ စကားက လူကြီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်စရာရှိပါတယ်နော်။ တကယ်တော့ မဟုတ်ပါဘူး။ဘေဘီလေးတွေကလည်း တစ်ယောက်တည်းနေဖို့လိုအပ်ပါတယ်နော်။ သူတို့လေးတွေက ကလေးမို့ ဘာမှတွေးစရာမရှိဘူး။ ငယ်လွန်းသေးတော့ တစ်ယောက်တည်းထားလို့ မဖြစ်ဘူး၊ အချိန်ပြည့်စောင့်ကြည့်နေမှဖြစ်မယ်ဆိုတဲ့ အတွေးတွေကို နည်းနည်းလောက်လျှော့ကြည့်လိုက်ရအောင်လား။ ဘေဘီလေးကို တစ်ယောက်တည်းနေဖို့ အချိန်ပေးသင့်ရတဲ့ အကြောင်းအရင်း ကလေးကိုချစ်လို့ ကလေးအိပ်နေချိန်ကလွဲလို့ ကျန်တဲ့ အချိန်တိုင်းမှာ ကလေးဘေးထိုင်လို့ဖြစ်ဖြစ် ကလေးကို ချီပွေ့ပြီးတော့ပဲဖြစ်ဖစ် ကလေးနဲ့တစ်ချိန်လုံးဆော့ချင်နေမယ်ဆိုတာကို နားလည်ပါတယ်။ အမြဲကစားပေးဖော်ရတဲ့မေမေဖေဖေတို့ကိုလည်း ကလေးက အသည်းစွဲချစ်မယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ကလေးကို တစ်နေ့တာလုံးမှာ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်ထိ တစ်ယောက်တည်းနေဖို့အချိန်ပေးလိုက်ပါ။ ဘာကြောင့် ဒီလိုပြောရတာဲဆိုတော့ ကလေးကို တစ်ယောက်တည်းနေဖို့ အချိန်ပေးလိုက်တာက ကလေးကို စူးစမ်းခွင့်ရစေသလို ပတ်ဝန်းကျင်အနေအထားနဲ့ အခြားသောအရာတွေကိုလေ့လာသင်ယူခွင့်ရစေနိုင်ပါတယ်။နောက်တစ်ချက်ကတော့ ကလေးကို အမှီအခိုကင်းလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေမှာပါ။ စိတ်ကူးအတွေးဉာဏ်ရင့်သန်လို့ကောင်းမွန်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေ အချိုရည်တွေ သောက်လို့ဖြစ်ရဲ့လား

စားချင်တိုင်းမစားနဲ့နော်။ နို့တိုက်နေရတာနော်။ ကလေးတစ်ခုခု ဖြစ်နေမယ်၊လို့ ဘေဘီလေးရဲ့ ဖွားဖွားက ဆူတာကို ခံနေရတဲ့ မေမေတွေများ ရှိနေလား။ အခုလိုနွေပူရင် အချိုရည် အေးအေးလေး သောက်ချင်ပေမယ့် ဖွားဖွားက ဆူလို့မသောက်ရဘူး ဖြစ်နေတဲ့ မေမေတွေကို ဒီဆောင်းပါးလေးကနေတဆင့် ဘာကြောင့် အချိုရည် မသောက်ဖို့ ဖွားဖွားတို့ ပြောရတာလဲဆိုတာ ရှင်းပြပါရစေနော်။ မိခင်စားသမျှ နို့ရည်ကနေတဆင့်ဘေဘီလေးတို့ဆီရောက်သတဲ့ မေမေတစ်ယောက်က နို့တိုက်နေချိန်မှာ စားလိုက်သမျှ အစားအစာတွေက နို့ရည်ကနေတဆင့် သားသားမီးမီးလေးတို့ဆီ ရောက်သွားပါတယ်နော်။ နို့တိုက်နေချိန်မှာ မေမေက အရက်သောက်တာဖြစ်ဖြစ်၊ ကဖင်းတွေ သောက်သုံးတာဖြစ်ဖြစ်၊ ဆေးဝါးတွေ သောက်သုံးတာပဲဖြစ်ဖြစ် မေမေနို့ကနေတဆင့် ဘေဘီလေးဆီ ရောက်သွားတာပါပဲ။ အပြည့်အဝတော့ မဟုတ်ပေမယ့် ဘေဘီလေးကို ထိခိုက်နိုင်ခြေကတော့ ရှိနေဆဲပါ။မေမေ့အနေနဲ့ ကြည့်တော့ နည်းနည်းလေးပဲ ဆိုပေမယ့် ကလေးက အရမ်းငယ်သေးတာကြောင့် ထိခိုက်နိုင်ခြေက တော်တော်လေးများသေးတာပါနော်။ ဒါတွေတင်မဟုတ်ပါဘူးနော်။ မေမေစားလိုက်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်မှာ ကူးစက်တတ်တဲ့ ရောဂါပိုးတွေရှိနေရင် ကလေးနို့တိုက်လို့ရလား ။ ။

ရင်သွေးလေးတွေ မွေးဖွားပြီးရင် မိခင်နို့တိုက်ကျွေးရတာထုံးစံပါ။ သူတို့လေးတွေ အတွက် မိခင်နို့ကနေသာ အာဟာရတွေ အပြည့်ရနိုင်တာမဟုတ်လား။ ဒါပေမယ့် မိခင်မှာ ကူးစက်တတ်တဲ့ရောဂါတစ်ခုခု ရှိနေပြီဆိုရင် ရောဂါပိုးတွေက မိခင်နို့ထဲကနေ ကလေးဆီကို ရောက်သွားနိုင်တာကြောင့် ကလေးနို့တိုက်လို့ ရပါဦးမလား။ ဘယ်လို ရောဂါရှိနေတဲ့ မေမေတို့ ကလေးကို နို့တိုက်လို့မရဘူးလဲ။ ဘယ်သူတွေကရလဲ ။ ။ မေမေတို့ ဖျားတဲ့အချိန်၊ တုပ်ကွေးမိနေတဲ့ အချိန်ကလေးကို နို့တိုက်ရင် ကလေးဆီကို အဖျားမကူးစက်နိုင်ပါဘူး။ နို့ချောင်းပိတ်လို့ ပိုးဝင်ပြီး နို့အုံရောင်နေတဲ့အချိန် နို့တိုက်ရင်တောင် အဲဒီ ပိုးတွေ ကလေးဆီမရောက်နိုင်ပါဘူး။ ဒါပေမယ့် မိခင်မှာဖြစ်နေတဲ့ တစ်ချို့ ကူးစက်ရောဂါပိုးတွေက နို့ထဲကတစ်ဆင့် ကလေးဆီကို ရောက်သွားတတ်ပါတယ်။ ဘယ်လို ကူးစက်ရောဂါတွေများလဲ ။ ။ TB ( တီဘီရောဂါ) - တီဘီရောဂါဖြစ်နေတယ် ဆေးကုသမှုလည်း မခံယူထားရသေးဘူးဆိုရင် […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မေမေ နွားနို့သောက်လို့ရလား

နို့တိုက်မေမေ နွားနို့သောက်လို့ရလား ...... ကလေး နို့တိုက်နေရတဲ့ မေမေတစ်ယောက် အမြဲလိုလို စဉ်းစားမိနေမှာက ငါများ တစ်ခုခု စားလိုက်ရင် ငါ့ ကလေးလေးကို ထိခိုက်မလား ဆိုတာပါ။ ဒီလို စဉ်းစားမိပြီး မစားရဲတာကြောင့် အစား တော်တော်များများကို မစားမိဘဲ ရှိနေတာမျိုးများ ရှိလား။ ဒီတစ်ခေါက်တော့ ကလေး နို့တိုက်နေရလို့ နွားနို့သောက်လို့ မဖြစ်ဘူး ဆိုတဲ့ မေမေတို့အတွက် ပြောပြပေးချင်ပါတယ်နော်။ နို့တိုက်မေမေ နွားနို့သောက်လို့ရလား နို့တိုက်မေမေ နွားနို့သောက်လို့ရလား ဆိုတော့ နို့တိုက်နေရတဲ့မေမေက နွားနို့သောက်လို့ရပါတယ်နော်။ ဘေဘီလေးကို နို့တိုက်နေရတဲ့မေမေ တစ်ယောက် အနေနဲ့ တစ်နေ့တာကို ရေဓါတ် ၂.၂၅ လီတာကနေ ၃.၁ လီတာ အထိ လိုအပ်မှာ ဖြစ်ပါတယ်။ ခွက်ရေနဲ့ ပြောရရင် ၉ ခွက်စာ ကနေ ၁၃ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးမှုနဲ့ပတ်သက်ပြီး သိထားတဲ့ အယူအဆအမှားအချို့

ရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့ဆိုရိုးက မှန်သင့်တဲ့နေရာမှာမှန်ပေမယ့် အချို့သောအရာတွေကသေချာမဆန်းစစ်ဘဲ လက်ခံလာခဲ့ကြ လက်ဆင့်ကမ်းလာခဲ့ရင်းက မှားယွင်းတဲ့အယူအဆတွေကို လက်ခံထားမိရက်သားဖြစ်နေတတ်ကြပါတယ်နော်။ အယူအဆအမှားဆိုပေမယ့်စေတနာနဲ့စိတ်ပူပြီးပြောရာကနေဖြစ်ပေါ်လာတဲ့ အယူအဆအမှားတွေပါ။ ဒီတစ်ခေါက်တော့ရှေးထုံးမပယ်ဘဲ လုပ်မိနေတဲ့ မိခင်နို့တိုက်ကျွေးခြင်းနဲပပတ်သက်တဲ့ အယူအဆအမှားတွေအကြောင်းပြောပြချင်ပါတယ်နော်။ မိခင်နို့တိုက်ကျွေးတာနဲ့ ပတ်သက်လို့သိထားမိနိုင်တဲ့ အယူအဆအမှားအချို့ နို့တိုက်မိခင်က အစားမားများစားမှ နို့လုံလောက်အောင်တိုက်နိုင်မယ် ဒါကမမှန်ပါဘူး။ နို့တိုက်နေရတဲ့မေမေတစ်ယောက်အနေနဲ့ ပုံမှန်စားနေကျအတိုင်းစားရင်ကို အာဟာရလုံလောက်နေပါပြီနော်။ နို့တိုက်နေရလို့ဆိုပြီး အစားတွေအများကြီးပိုစားဖို့တော့မလိုပါဘူး။ အာဟာရမျှတစွာနဲ့ ပုံမှန်စားနေကျအတိုင်းအတာ အတိုင်းပဲစားပေးပါနော်။ အစားတွေအများကြီးစားရင်းက မလိုလားအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ နို့တိုက်နေရလို့ ရေများများသောက်ရမယ် နို့တိုက်မေမေဖြစ်လို့ဆိုပြီး တစ်ချိန်လုံးရေသောက်နေစရာတော့မလိုပါဘူးနော်။ရေဆာတဲ့အချိန်မှာတော့ရေသောက်ရမှာမှန်ပေမယ့်ရေမဆာဘဲ ကလေးနို့တိုက်နေရလို့ဆိုပြီး မဖြစ်မနေသောက်တာမျိုးတော့မလုပ်ပါနဲ့။ ကလေးနို့အများကြီးသောက်တာက နို့မဝဘူးဆိုတဲ့အဓိပ္ပါယ်ပါ မိခင်နို့က အစာကြေလွယ်ပါတယ်။မေမေ့နို့ပဲသောက်နေရတဲ့ဘေဘီလေးက ခဏခဏဆာနေတာကပုံမှန်ပါပဲ။ ဒါကြောင့် ကလေးကနို့ခဏခဏသောက်တာဟာ နို့မဝလို့မဟုတ်ပါဘူး။ ဘေဘီလေးရဲ့အစာအိမ်လေးကလည်းသေးမေမေ့နို့ကလည်း အစာကြေလွယ်တော့ဘေဘီလေးခဏခဏနို့သောက်ရပြီပေါ့။ ကလေးက ၂ နာရီခြားတစ်ခါ ၃ နာရီခြားတစ်ခါနို့သောက်တာက ပုံမှန်ပါနော်။ ကလေးကိုနို့မတိုက်ခင် နို့သီးခေါင်းတွေဆးဖို့လိုမယ် ဒါကလည်းဘေဘီလေးတွေကို စိုးရိမ်လွန်ရာကနေဖြစ်လာတဲ့ ယုံတမ်းစကားတစ်ခုပါ။ ကလေးတွေဟာမွေးဖွားလာစဉ်ကတည်းကမေမေ့ရဲ့ ကိုယ်နံ့ နဲ့အသံတို့ကို ရင်းနှီးပြီးသားပါ။ နို့သီးခေါင်းမှာ အနံ့တစ်ခုရှိနေသလိုဘေဘီလေးတို့ကို ကိုယ်ခံအားေကာင်းစေနိုင်တဲ့ […]


ကလေးငယ်ပထမနှစ်

ကလေးတွေကို လေယာဉ်စီးခိုင်းလို့ ရရဲ့လား

ပုံမှန်အားဖြင့် လေယာဉ်စီးဖို့အတွက် အသက် ကန့်သတ်ထားတာမျိုးတော့ မရှိပါဘူး။ လေယာဉ်လက်မှတ် ဝယ်တဲ့၊ စစ်တဲ့ နေရာမှာတော့ ကလေးရဲ့ အသက်ကို မေးတာမျိုးတွေ ရှိပေမဲ့ လေယာဉ်စီးလို့ ကလေးအတွက် အန္တရာယ်ဖြစ်စေတာမျိုးတွေ မရှိပါဘူး။ ဒါပေမဲ့ အသက် ၁၂ နှစ်အောက် ကလေးတွေကိုတော့ လူကြီးမိဘ၊ အုပ်ထိန်းသူ အနည်းဆုံးတစ်ယောက်လောက်ပါမှ လေယာဉ်ပေးစီးတာ ပိုကောင်းပါတယ်။ ငယ်လွန်းတဲ့ ကလေးတွေ လေယာဉ်မစီးခင် ဘာတွေ ပြင်ထားဖို့လိုမလဲ။ ၁။ လေယာဉ်အမြင့်ပေါ် ရောက်သွားတဲ့အခါ လေထုဖိအားကြောင့် ကလေးတွေ အထူးသဖြင့် အသက် ၅နှစ်အောက်နဲ့ မွေးကင်းစကလေးတွေအတွက် အသက်ရှူရခက်တာ၊ ခေါင်းမူးတာ၊ နာကျင်မှု ဝေဒနာခံစားရတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် လေယာဉ်မစီးခင်မှာ ကိုယ့်ကလေးရဲ့ ကျန်းမာရေးအခြေအနေကို သေချာ စစ်ဆေးပြီး ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ ၂။ ကလေးရဲ့ နေ့စဉ်သုံးပစ္စည်းတွေ၊ ကလေးအတွက် […]


ကလေးအစာခြေစနစ်ပြဿနာများ

မြန်မာနိုင်ငံက ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ

ဗိုက်ဗိုက်က နာတယ်၊ ဗိုက်အောင့်လိုက်တာလို့ သားသားမီးမီးလေးတွေကပြောတာကိုမေမေဖေဖေတိုင်းကြားဖူးကြမှာပါ။ ကလေးတွေက မအီမသာဖြစ်တဲ့အခါမှာ ခံစားရသမျှကို မဖော်ပြနိုင်ကြပါဘူး။ စကားမပြောတတ်သေးတဲ့အခါ ငိုတာမျိုး အမူအရာတစ်ခုခုလုပ်ပြတာမျိုးနဲ့ ခံစားရတဲ့ဝေဒနာကိုဖော်ပြတတ်ကြပါတယ်။ ကလေးက တစ်ခါတစ်လေမှာ ဗိုက်နာတာက ပြဿနာ ကြီးကြီးမားမား မဟုတ်ပေမယ့် ကလေးက အချိန်တိုင်းလိုလို ဗိုက်ဗိုက် နာတယ်ပြောနေပြီဆိုရင်တော့ ကလေးငယ်က အစာခြေစနစ်ပြဿနာ ရင်ဆိုင်နေရတာဖြစ်ဖို့ များသွားပါပြီ။ ဒီလိုအခြေအနေမျိုး မကြာခဏကြုံတွေ့နေရပြီဆိုရင်တော့ ကလေးငယ်ရဲ့ အစာခြေစနစ်ပြဿနာကို သေသေချာချာ သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ အကြောင်း ဖော်ပြပေးထားပါတယ်။ ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ ကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ်ပြဿနာများ ကတော့ - ကလေး လေနာ (Colic) ဝမ်းပျက် ဝမ်းလျှော (Diarrhea) အစားအစာဓာတ်မတည့်မှု (Food Allergies) အစာမကြေဖြစ်ခြင်း အော့အန်ခြင်း # […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်နေတဲ့ မိခင်တစ်ယောက်ဟာ ကော်ဖီသောက်လို့ရလား ။ ။

ကော်ဖီကိုကြိုက်နေတဲ့ လူတစ်ယောက်အဖို့ တစ်နေ့မှ ကော်ဖီတစ်ခွက်လောက်မသောက်ရရင် နေမထိ ထိုင်မသာဖြစ်စေမှာ အမှန်ပါ။ ဒါပေမယ့် ကိုယ့်အကြိုက်ကိုမေ့ပြီးကိုယ့်ရင်သွေးလေးကို ဦးစားပေးရတဲ့ အခိုက်အတန့်တွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်တို့ နို့တိုက်ချိန်တို့ဆို ကော်ဖီသောက်လိုက်ရင် ကလေးကိုများထိခိုက်မိမလားဆိုပြီး ကော်ဖီ မသောက်ဘဲ နေကြတယ်ဟုတ်။ သောက်တော့သောက်ချင်တယ်၊ သောက်ရမှာလည်း စိတ်တထင့်ထင့်ဖြစ်နေတဲ့ မေမေတို့ အနေနဲ့ နို့တိုက်နေတဲ့ မိခင်တစ်ယောက်ဟာ ကော်ဖီသောက်လို့ရလား ဆိုတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ နို့တိုက်နေတဲ့ မိခင်တစ်ယောက်ဟာ ကော်ဖီသောက်လို့ရလား ဝမ်းသာစရာပါပဲ။ ကလေးနို့တိုက်နေလို့ ကောက်ဖီ ကိုဖြတ်ထားစရာ မလိုပါဘူး။ တစ်နေ့ကို ၂ ခွက်ကနေ ၃ ခွက်လောက်အထိသောက်လို့ရပါတယ်။ အကောင်းဆုံးကတော့ တစ်နေ့တစ်ခွက်သောက်တာပဲပေါ့ ။ ။ တစ်နေ့ကို ကဖင်းဓာတ် ၂၀၀ ကနေ ၃၀၀ မီလီဂရမ်လောက်သောက်တာ အကောင်းဆုံးပါ။ တစ်ခုသိထားရမှာက ကဖင်းဓာတ်ပါဝင်မှုဟာ သုံးထားတဲ့ ကော်ဖီစေ့နဲ့ နှပ်ထားတဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအစာခြေစနစ်အတွက် ရှေ့တန်းတိုက်စစ်မှူးလေးတွေ ။ ။

ကိုယ်ခန္ဓါတစ်ခုရဲ့ အပြင်ရော အတွင်းမှာပါ မမြင်နိုင်တဲ့ သက်ရှိတွေနဲ့ ဘက်တီးရီးယားပိုးတွေ နေထိုင်နေကြတယ်ဆို အားလုံး အံ့သြသွားမလား။ ကိုယ်တွင်းမှာ အထူးသဖြင့် အစာခြေစနစ်နဲ့ မိန်းမကိုယ်လို နေရာမျိုးမှာ ဘက်တီးရီးယားတွေရှိပါတယ်။ သူတို့က ကိုယ်ခန္ဓါအတွက ်အကျိုးပြုပေးတဲ့ အပြင်က ဝင်လာတဲ့ ပိုးမွှားတွေကိ ုတိုက်ထုတ်ပေးနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေပါ. သူတို့ကို Probiotic လို့လည်း ခေါ်ကြပါတယ်။ ။ ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာဆို ဒီလိုဘက်တီးရီးယားလေးတွေ အမျိုးစိတ်ကွဲပေါင်း ၅၀၀ ကျော်နဲ့ သန်းနဲ့ချီပြီး နေထိုင်နေကြပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေရှိသလို အကျိုးမပြုတဲ့ဘက်တီးရီးယားတွေလည်းရှိပါတယ်။ ဒီဘက်တီးရီးယားအရေအတွက်မျှတနေမှ အစာခြေစနစ်ရောခုခံအားရော ကောင်းပြီး သင့်ကလေး ကျန်းမာမှာပါ။ အစာခြေစနစ်ထဲမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေ တာဝန်ကတော့ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် လုပ်ပေးတယ် အစာခြေစနစ်ကျန်းမာအောင် စောင့်ရှောက်ပေးတယ် ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင်ကာကွယ်ပေးတယ် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်တယ် နှလုံးကျန်းမာစေနိုင်တယ် ပဋိဇီဝဆေးဝါးတွေကြာင့် အူတွင်းအကျိုးပြုဘက်တီးရီးယားတွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း