အခုလိုမျိုး နွေရာသီရောက်လာပြီဆိုရင် ချိုချိုအေးအေးလေးတွေက အရသာရှိတာမှန်ပေမယ့် ကလေးကို အချိုရည်တွေတော့ မတိုက်စေချင်ပါဘူးနော်။ ကလေးကို နွေအပူဒဏ်ကြောင့် ချိုချိုအေးအေးလေးစားစေချင်တယ်ဆိုရင် သစ်သီးလေးတွေကို သေးသေးလေးလှီးပြီး ကျွေးတာမျိုး၊ သဘာဝသစ်သီးဖျော်ရည်လေးတွေကို တိုက်တာမျိုးပဲလုပ်သင့်ပါတယ်။
နောက်တစ်ခုက လူကြီးတွေသောက်တဲ့ အချိုကဲတဲ့သောက်စရာတွေ၊ ကော်ဖီတွေ၊ လက်ဖက်ရည်တွေကိုလည်း မတိုက်တာအကောင်းဆုံးပါ။ လူကြီးတွေသောက်တဲ့ ကွေကာအုတ်တွေနဲ့ အခြားသော မနက်ခင်းသောက်စရာတွေကိုရောပေါ့။ ကလေးကို မနက်စာစားချိန်မှာ လူကြီးတွေလိုပဲ တစ်ခုခုတိုက်ချင်တယ်ဆိုရင် ကလေးတွေအတွက် လိုအပ်တဲ့အာဟာရတွေဖြစ်တဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရတစ်မျိုးဖြစ်တဲ့ (lcFOS )၊ ကလေးကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အိုင်အိုဒင်း၊ သံဓာတ်၊ ဗီတာမင် ဒီ(Vitamin D)၊ ဗီတာမင် B12 (Vitamin B12)၊ ဗီတာမင်အေ (Vitamin A)၊ ဗီတာမင် စီ (Vitamin C)၊ ဗီတာမင် အီး (Vitamin E) နဲ့ အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေတဲ့ ကယ်လ်ဆီယမ်တို့ပါဝင်တာမျိုးကိုတိုက်ပေးပါ။ သတိထားဖို့လိုဦးမှာက ကလေးဦးနှောက်နဲ့အမြင်အာရုံကို ဖွံ့ဖြိုးစေတဲ့ Omega 3 Fatty Acid တစ်မျိုးဖြစ်တဲ့ DHA ပါဝင်ဖို့ပါ။ ကလေးတွေအတွက် သီးသန့် ထုတ်ထားတဲ့သောက်စရာကိုသာ ကလေးတွေအတွက် ပြင်ဆင်ပေးဖို့လည်းမေမေတို့အနေနဲ့ မေ့ထားလို့မဖြစ်ပြန်ပါဘူးနော်။
ကလေးကို ငယ်စဉ်ကတည်းက အချိုအများကြီးမကျွေးဘဲ သူတို့နဲ့သင့်တော်မယ့် အစားအသောက်လေးတွေ၊ အာဟာရပြည့်ဝတဲ့ အစားအသောက်လေးတွေကိုပြင်ဆင်ပေးတာက ကလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေဖို့ရော အရွယ်ရောက်ချိန်မှာပါ ရောဂါတွေကင်းစေဖို့ အထောက်အပံ့ဖြစ်စေမှာဆိုတော့မေမေတို့အနေနဲ့ စဉ်းစားသင့်တဲ့အချက်လေးတစ်ခုပေါ့။ ကလေးဆိုတာက အချိုကြိုက်မှာပဲဆိုပေမယ့် တတ်နိုင်သမျှထိန်းပေးဖို့ အကြံပြုပါရစေနော်။
အချိုကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာကင်းတဲ့ ကလေးအဖြစ် မိမိရင်သွေးကိုပျိုးထောင်နိုင်ကြပါစေကြောင်း……………..
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။