backup og meta

အမြင်အာရုံကောင်းပြီး ဉာဏ်ကောင်းတဲ့ကလေးဖြစ်ဖို့ ဘာတွေလိုအပ်လဲ

အမြင်အာရုံကောင်းပြီး ဉာဏ်ကောင်းတဲ့ကလေးဖြစ်ဖို့ ဘာတွေလိုအပ်လဲ

မေမေတိုင်းမှာ အမျှော်လင့်မိဆုံးဆန္ဒတစ်ခုရှိတတ်ကြစမြဲပါ။ တစ်ကိုယ်ရေဘဝက ဘာကိုမှ သိပ်မမျှော်လင့်တတ်ကြပေမယ့်မေမေနေရာကိုရောက်လာပြီဆိုရင်မျှော်လင့်တာကမွေးဖွာလာမယ့်ရင်သွေး ဉာဏ်ကောင်းကျန်းမာစေဖို့ပါ။ ဒီဆုတောင်းပြည့်အောင်တကယ်လုပ်ယူလို့ရနေပါပြီနော်။

မေမေတို့ရဲ့ဆုတောင်းပြည့်စေဖို့

ကလေးတစ်ယောက်ကိုမွေးဖွားပြီးမေမေဘဝကိုခံယူတာက အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာမှတ်တိုင်တစ်ခုစိုက်ထူလိုက်တာပါပဲ။ ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ရပ်ဖြစ်သလိုစိန်ခေါ်မှုတစ်ရပ်ဆိုလည်းဟုတ်ပါတယ်။မေမေဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ်ထက်မွေးဖွားလာတဲ့ ကလေးအတွက်ပိုစိတ်ပူကြပါတယ်နော်။ ဒီလိုစိတ်ပူတဲ့အထဲမှာ ကလေးက အခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ဉာဏ်မကောင်းမှာကလည်းတစ်ခုအပါအဝင်ပဲနော်။ ဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုရှိနေပါပြီနော်။

ကလေးတစ်ယောက်ရဲ့ ဦးနှောက်က ဘယ်အချိန်မှာ အမြန်ဆုံးဖွံ့ဖြိုးလဲ

ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်က အသက် ၃ နှစ်မပြည့်ခင်မှာ အလျင်မြန်ဆုံးဖွံ့ဖြိုးတာပါ။ ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင် ကလေးကို ဒီအချိန်မှာ အာဟာရအကောင်းဆုံးဖြည့်တင်းပေးဖို့လိုပါမယ်နော်။ ဒီအချိန်မှာ မေမေဖေဖေတို့အနေနဲ့ ကိုယ့်ရင်သွေးကို မျက်ခြည်မပြတ်စောင့်ကြည့်လို့ ဦးနှောက်နဲ့အာရုံကြောတွေကိုအကောင်းဆုံးဖွံ့ဖြိုးအောင် ကူညီပေးလိုက်ပါနော်။

ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးဖို့ အသုံးတည့်မယ့်နည်းလမ်း

ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာကြီးပြင်းအရွယ်ရောက်စေဖို့ မဖြစ်မနေလုပ်ပေးသင့်တဲ့အချက်တစ်ခုရှိပါတယ်နော်။ ဒါကတော့ ကလေးကို ငယ်စဉ်ကတည်းက အာဟာရပြည့်ဝအောင်ကျွေးတာပါ။ မမွေးခင်နဲ့ နို့တိုက်တဲ့ကာလမှာ လိုအပ်တဲ့အာဟာရကို မေမေကပြည့်ဝအောင်စားရင်ရပြီဆိုပေမယ့် ကလေးက အစားစစားတတ်ချိန်မှာပြည့်ဝစွာပါဝင်ဖို့ကမေမေတို့အတော်အာရုံစိုက်ရပါပြီနော်။

ဒီတော့ ဉာဏ်လည်းကောင်း အမြင်အာရုံလည်းကောင်းစွာဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ဘာတွေကျွေးရမလဲလို့တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဓာတ်တွေလုံလောက်ပြည့်ဝစွာပါဝင်အောင်ကျွေးပါ၊လို့ပြောပါရစေနော်။

အကျိုးပြုအဆီတွေပါအောင်ကျွေးပါ

ကလေးတစ်ယောက်မှာ အမြင်အာရုံနဲ့ဦးနှောက်ကောင်းစွာဖွံ့ဖြိုးဖို့ဆိုရင်fatty acidsတွေဖြစ်ကြတဲ့ DHA နဲ့ ARA ကိုလုံလောက်စွာရရှိဖို့လိုပါမယ်။ ဒါမှကလေးက အမြင်အာရုံနဲ့ ဦးနှောက်ကောင်းစွာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်တဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။ ဦးနှောက်တွင်းမှာရှိတဲ့ အဆီပမာဏရဲ့ ၂၅ ရာခိုင်နှုန်းက Omega 3 fatty acid တစ်မျိုးဖြစ်တဲ့ Docosahexaenoic acid (DHA) နဲ့ဖွဲ့စည်းထားတာပါ။

DHA က ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးပါသလို အရွယ်ရောက်ပြီးသူတွေရဲ့ ဦးနှောက်တွေပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက်လည်း DHA ကိုလိုအပ်ပါတယ်။ ကလေးတွေစားသုံးမယ့်အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပြီး အပြန်အလှန်အားဖြင့် DHA ချို့တဲ့နေမယ်ဆိုရင် ကလေးတွေ သင်ယူနိုင်စွမ်းအားနည်းနိုင်ပါတယ်။ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးအဖြစ်ကြီးထွားဖို့ဆိုရင် ကလေးတွေရဲ့ စားသောက်မယ့်အစားအစာတွေထဲမှာ DHA မဖြစ်မနေပါဝင်အောင်သတိထားဖို့လိုပါမယ်။

အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်နော်။ ဒါကြောင့် ကလေးကို DHA ရစေဖို့ ဥအမျိုးမျိုး၊ ကွေကာအုတ် နဲ့ကောက်နှံတစ်ခုလုံးပါတဲ့ အစားအစာတွေကိုကျွေးပေးလို့ရသလို DHAဖြည့်စွက်ထားတဲ့ အာဟာရဖြည့်စွက်စာတွေကိုလည်းကျွေးပေးလို့ရပါတယ်။

ကယ်လ်ဆီယမ်

အရိုးတွေနဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့ လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ကလေးစားသုံးမယ့် အစာအစာတွေထဲမှာအစေ့အဆန်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ ပဲအမျိုးမျိုး၊ ဆယ်လ်မွန်ငါးတို့ပါဝင်အောင်ပြင်ဆင်ပေးလို့ရပါတယ်နော်။

သံဓာတ်

ကလေးကိုသွေးအားကောင်းစေပြီး ခန္ဓာကိုယ်မှာ အားပြည့်နေစေဖို့ အရေးပါပါတယ်။သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောစနစ်ကိုလည်း ကျန်းမာစေပြီးသင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း နဲ့ မှတ်မိနိုင်စွမ်းတို့ကိုပါ အထောက်အကူပြုပေးတာပါနော်။

ပရိုတင်း

ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ဓာတ်တစ်မျိုးပေါ့။ ဦးနှောက်ထဲက ဆဲလ်တွေ တစ်ခုနဲ့တစ်ခုကောင်းစွာချိတ်ဆက်နိုင်စေဖို့အတွက် လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ ကလေးကိုကောင်းမွန်စွာအိပ်စက်စေဖို့နဲ့ လန်းဆန်းတက်ကြွနေစေဖို့ လိုအပ်တဲ့ဓာတ်လည်း ဖြစ်ပါတယ်။ ကလေးတစ်ယောက်က တစ်နေ့ကို ပရိုတင်း ၉ ဂရမ်ကနေ ၁၁ ဂရမ်ရရှိဖို့လိုအပ်ပါတယ်။ အသားနဲ့နို့၊ မှို၊ ကန်စွန်းဥ၊ ဟင်းနုနွယ်တို့ကိုကျွေးပေးလို့ရပါတယ်။

ဗီတာမင်တွေ

ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံကောင်းစွာဖွံ့ဖြိုးဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓာတ်တွေကလည်းလိုအပ်တဲ့အရာတွေပါ။ ကလေးစားသုံးမယ့် အစားအစာတွေထဲမှာ အပေါ်ကပြောခဲ့တဲ့ ဓာတ်တွေအပြင် ဗီတာမင်အေ (Vitamin A)၊ ဗီတာမင် စီ (Vitamin C)၊ ဗီတာမင် အီး (Vitamin E)၊ ဗီတာမင် ဘီတွဲ (Vitamin B12)တို့ပါဝင်ဖို့လိုပါမယ်။ ဒီဓါတ်တွေသင့်တင့်မျှတစွာပါဝင်ပါမှ ကလေးက လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပြည့်ဝစွာရရှိပြီး အမြင်အာရုံနဲ့ ဦးနှောက်ကောင်းစွာဖွံ့ဖြိုးမှာပါ။

ရင်သွေးကို ကျန်းမာပျော်ရွှင်ပြီးဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်အနေနဲ့ကြီးပြင်းစေချင်တဲ့မေမေတို့အနေနဲ့ ကလေးကို ဒီအချက်လေးတွေနဲ့ ကိုက်ညီပြည့်စုံတဲ့ အစားအစာလေးတွေပြင်ဆင်ပေးလိုက်ပါနော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Baby Brain Foodhttp://www.brillbaby.com/after-birth/baby-brain-nutrition.php Accessed Date 3 April 2019

Vitamins & Minerals to Boost Brainpowerhttps://www.onhealth.com/content/1/vitamins_and_minerals_to_boost_brainpower Accessed Date 3 April 2019

Nutrition & Brain Development in Infants, Toddlers & Preschoolershttps://healthyeating.sfgate.com/nutrition-brain-development-infants-toddlers-preschoolers-4625.html Accessed Date 3 April 2019

ယခုပုံစံ

06/10/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖြည့်စွက်စာကျွေးချိန်ရောက်ပြီဆို ကလေးကို စကျွေးသ့င်တဲ့ အစားအစား ၅မျိုးက ဘာတွေလဲ ။ ။

ကလေးတစ်ယောက် စားသင့်တဲ့အချိုပမာဏ



Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement