# အစားအစာဓာတ်မတည့်မှု
အစားအစာဓာတ်မတည့်တာက စားလိုက်တဲ့ အစားအစာတစ်ခုခုကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကပြင်းပြင်းထန်ထန်တုံ့ပြန်တဲ့ အခါမျိုးမှာဖြစ်ပေါ်တဲ့ အစာခြေစနစ်ပြဿနာတစ်မျိုးပါ။ တစ်ခါတစ်လေမှာ ကလေးစားသုံးလိုက်မိတဲ့ အစားအစာက ကျန်းမာရေးကိုထိခိုက်တာမျိုးဖြစ်စေနိုင်တဲ့အခါမှာလည်း ကလေးရဲ့ ကိုယ်ခံအားတုံ့ပြန်တိုက်ခိုက်တဲ့အခါ အစားအစာဓာတ်မတည့်မှုဖြစ်လာနိုင်ပါတယ်။
ကလေးက –
- အရေပြားမှာ အင်ပြင်ထွက်မယ်၊
- အသက်ရှုကြပ်လာမယ်၊
- အရေပြားတွေ ယားယံလာမယ်၊
- အသက်ရှုရခက်လာမယ်၊
- ဗိုက်အောင့်မယ်၊
- အော့အန်မယ်၊
- ဝမ်းသွားမယ်ဆိုရင်တော့ ကလေးက အစားအစာဓာတ်မတည့်မှုဖြစ်နေပါပြီ။
# အစာမကြေဖြစ်ခြင်း
ကလေးတွေက သူတို့မှာ မအီမသာဖြစ်နေတာမျိုးကိုကောင်းကောင်းမဖော်ပြတတ်ပါဘူး။ စားလိုက်တဲ့အစားအစာက အစာကြေခဲတာ၊ အအေးမိထားတာကြောင့် အစာခြေစနစ်က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါမျိုးမှာ အစာမကြေတာကို ခံစားရနိုင်ပါတယ်။ တစ်ခါတလေ လူကြီးတွေမှာတောင် အစာမကြေတာက ရင်ထဲတင် ပြည့်နေတာမျိုး မဟုတ်ဘဲ ခေါင်းထဲကပါ မူးနေသလို ကိုက်နေသလိုလိုနဲ့ မအီမသာ ဖြစ်နေတတ်ပါတယ်။
ထိုးအန်လိုက်မှ သက်သာသွားတာမျိုးပါ။ လူကြီးတွေတောင်ဖော်ပြဖို့ခက်တဲ့ ဒီအခြေအနေတွေကို ကလေးက ဘယ်လိုများ လိပ်ပတ်လည်အောင်ပြောတတ်ပါ့မလဲနော်။ ဒါကြောင့် ကလေးကမအီမသာနဲ့ ငိုနေမယ်၊ ဂျီကျနေမယ်ဆိုရင် သူတို့လေးတွေမှာ အစာမကြေတဲ့ဝေဒနာကို ခံစားနေရတာဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်နိုင်မယ့်နည်းလမ်းက ကလေးကို အစာကြေခဲတာမျိုးတွေမကျွေးပါနဲ့။ အစားအများကြီးတစ်ခါတည်းမကျွေးပါနဲ့။
# အော့အန်ခြင်း
ကလေးမှာအော့အန်တာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော်တော်လေးတော့များပါတယ်။ အဖျားရှိနေတာ၊ စိတ်ဖိစီးမှုများနေတာ၊ ကားမူးတာ၊အစာမကြေတာနဲ့ အမျိုးမျိုးသောအကြောင်းတွေကြောင့် အော့အန်နိုင်ပါတယ်။ ဒီလိုအော့အန်တဲ့နေရာမှာ အစာခြေစနစ်ကို ပိုးဝင်ကူးစက်မှုကြောင့် အော့အန်တာကတော့ စိုးရိမ်ရတဲ့ အကြောင်းအရင်းပါ။ တစ်ခါတစ်လေမှာ ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်တာကြောင့် အော့အန်နေတာမျိုးလည်းရှိနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးက ကလေးရဲ့ ခန္ဓာကိုယ်တွင်းက ရေဓာတ်တွေကို တော်တော်လေးဆုံးရှုံးစေတဲ့ အနေအထားဖြစ်စေတဲ့အတွက် ကလေးကို မိခင်နို့၊ရေ၊ကြက်စွပ်ပြုတ်၊ ဓာတ်ဆားလိုမျိုး ခန္ဓာကိုယ်ရဲ့ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်မယ့် အရည်ဓာတ်တွေကို ရရှိအောင်လုပ်ဆောင်ပေးပါ။
ဘယ်လို ဂရုစိုက်ပေးမလဲ
ကလေးကို အစာခြေစနစ် ပြဿနာ ကင်းကင်းနဲ့ အကောင်းဆုံး ကြီးပြင်းလာစေဖို့ဆိုရင်
- အာဟာရ ပြည့်ဝအောင် ကျွေးပါ
- အစာအစာတွေ သန့်ရှင်းရေးကို ဂရုစိုက်ပါ
- သေချာ ချက်ပြုတ်ပြင်ဆင်ထားတာတွေကို ပြင်ဆင်ပေးပါ
- အခိုးအစား မှန်ကန်စွာ ကျွေးပါ
- ဆီကြော်စာတံ အစာ ပေါင်းထားတာ၊ ပြုတ်ထားတာမျိုးကို ပြင်ဆင်ပေးပါ
- အသား၊ ငါးတွေကို သေချာ ကျက်အောင် ချက်ပါ
- အစားမစားခင် လက်ဆေးခိုင်းပါ
- ကလေးအတွက် ပြင်ဆင်ပေးတဲ့ ပန်းကန်ခွက်ယောက်တွေကို သေချာ ဆေးကြောပေးပါ
- တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ
- သန့်ရှင်းတဲ့ သောက်ရေ ပြင်ဆင်ပေးပါ။
အခုပြောခဲ့တဲ့ နည်းလမ်းလေးတွကို လုပ်ဆောင်ပေးမယ်ဆိုရင် ကလေးက အစာခြေစနစ်ပြဿနာ ကင်းဝေးတဲ့အခါပျော်ရွှင်ကျန်းမာတဲ့ ကလေးငယ်အဖြစ်ကြီးထွားဖွံ့ဖြိုးလာမှာပါ။ ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ မိမိရင်သွေးလေးတွေကို အစာခြေစနစ်ပြဿနာ ကင်းစင်တဲ့ ကလေးငယ်လေးတွေဖြစ်အောင် ဂရုစိုက်ပေးနိုင်ကြပါစေကြောင်း အကြံကောင်းတွေ ပါးလိုက်ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။