နေ့မစေ့ လမစေ့မွေးတဲ့ ကလေးတွေနဲ့ မွေးကင်းစကလေးတွေဆို ကဖင်းဓာတ်ကို ချေဖျက်ချိန်ကြာတာကြောင့် မိခင်က ကော်ဖီနည်းနည်းလေးသောက်လိုက်တာနဲ့တင် သူ့တိုအပေါ် ကဖင်းဓာတ်သက်ရောက်မှု ပြင်းထန်တတ်ပါတယ်။
ကော်ဖီက နို့တိုက်နေတဲ့ မေမေတို့ အပေါ်မှာရော ဘယ်လိုသက်ရောက်မှုရှိလဲ ။ ။
တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက်ပိုသောက်ခဲ့ရင် ကော်ဖီထဲပါတဲ့ ကဖင်းဓာတ်က ကလေးဆီကို အများကြီးရောက်နိုင်ရုံမက သောက်တဲ့ မိခင်ကိုပါ ထိခိုက်နိုင်ပါသေးတယ်။
- ဖြစ်နေကျ ကတုန်ကယင်ဖြစ်တာ၊ ရင်တုန်တာ၊ အိပ်မပျော်တာတွေအပြင်
- ဆီးခဏခဏ သွားချင်မယ်
- အစာအိမ်အောင့်တာတွေဖြစ်မယ်
- နှလုံးခုန်မြန်မယ်
- ကြွက်သားတွေ တဆတ်ဆတ်တုန်တာမျိုးတွေ ပါထပ်ဖြစ်နိုင်ပါသေးတယ်။
ကော်ဖီက မိခင်ရဲ့နို့ထွက်မှု အပေါ်မှာတော့ သက်ရောက်မှု မရှိပါဘူး။ အရေးကြီးဆုံးကတော့ နို့တိုက်နေတဲ့ မေမေတို့ ကော်ဖီကို လုံးဝ မဖြတ်နိုင်ဘူးဆိုရင် တစ်နေ့ကို ၁ခွက်လောက်ပဲ သောက်ပေးဖို့ပါ။ ဖြတ်ထားနိုင်တယ်ဆိုရင်တော့ ကလေး နည်းနည်းကြီးတဲ့ ဖြည့်စွက်စာစားချိန်လောက်ရောက်မှ ကော်ဖီပြန်သောက်ပါလို့ အကြံပေးချင်ပါတယ် ။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။