သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

နို့တိုက်မေမေ အချိုရည်တွေ သောက်လို့ဖြစ်ရဲ့လား

နို့တိုက်မေမေ အချိုရည်တွေ သောက်လို့ဖြစ်ရဲ့လား

စားချင်တိုင်းမစားနဲ့နော်။ နို့တိုက်နေရတာနော်။ ကလေးတစ်ခုခု ဖြစ်နေမယ်၊လို့ ဘေဘီလေးရဲ့ ဖွားဖွားက ဆူတာကို ခံနေရတဲ့ မေမေတွေများ ရှိနေလား။ အခုလိုနွေပူရင် အချိုရည် အေးအေးလေး သောက်ချင်ပေမယ့် ဖွားဖွားက ဆူလို့မသောက်ရဘူး ဖြစ်နေတဲ့ မေမေတွေကို ဒီဆောင်းပါးလေးကနေတဆင့် ဘာကြောင့် အချိုရည် မသောက်ဖို့ ဖွားဖွားတို့ ပြောရတာလဲဆိုတာ ရှင်းပြပါရစေနော်။

မိခင်စားသမျှ နို့ရည်ကနေတဆင့်ဘေဘီလေးတို့ဆီရောက်သတဲ့

မေမေတစ်ယောက်က နို့တိုက်နေချိန်မှာ စားလိုက်သမျှ အစားအစာတွေက နို့ရည်ကနေတဆင့် သားသားမီးမီးလေးတို့ဆီ ရောက်သွားပါတယ်နော်။ နို့တိုက်နေချိန်မှာ မေမေက အရက်သောက်တာဖြစ်ဖြစ်၊ ကဖင်းတွေ သောက်သုံးတာဖြစ်ဖြစ်၊ ဆေးဝါးတွေ သောက်သုံးတာပဲဖြစ်ဖြစ် မေမေနို့ကနေတဆင့် ဘေဘီလေးဆီ ရောက်သွားတာပါပဲ။ အပြည့်အဝတော့ မဟုတ်ပေမယ့် ဘေဘီလေးကို ထိခိုက်နိုင်ခြေကတော့ ရှိနေဆဲပါ။မေမေ့အနေနဲ့ ကြည့်တော့ နည်းနည်းလေးပဲ ဆိုပေမယ့် ကလေးက အရမ်းငယ်သေးတာကြောင့် ထိခိုက်နိုင်ခြေက တော်တော်လေးများသေးတာပါနော်။

ဒါတွေတင်မဟုတ်ပါဘူးနော်။ မေမေစားလိုက်တဲ့ အချို့သော အစားအစာတွေက ကလေးကိုလေနာဖြစ်စေနိုင်ပါတယ်။ ဘာမှ မစားတတ်သေးဘဲ မေမေ့နို့ကိုပဲ အာဟာရဖြည့်နေရတဲ့ ဘေဘီလေးအဖို့က မေမေစားတာ တစ်ချက်မှားတာနဲ့ ထိခိုက်နိုင်ခြေက ရာနှုန်းပြည့်ပါနော်။ ဒါကြောင့် မေမေတို့ကို နို့တိုက်နေချိန်မှာ အစားအသောက် ဆင်ခြင်ဖို့ ပြောရတာပါ။

အချိုရည် မသောက်ပါနဲ့လို့ ဒါကြောင့်ပြောရတာပါ

ရာသီဥတုပူတယ်၊ အစာမကြေဘူး ထင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ်ကြိုက်တဲ့ အချိုရည် တစ်ခုခုကို သောက်လိုက်တယ်။ ဘာမှမဖြစ်လောက်ပါဘူး။ ကလေးကို တိုက်တာမှ မဟုတ်ဘဲလို့များ တွေးနေလား။ ဒီအချိုရည်တွေက သောက်လိုက်တုန်းမှာ အရသာရှိသလို အမောပြေတယ်၊ အစာကြေတယ် ဆိုပေမယ့် နို့ရည်ကနေတဆင့် ဘေဘီလေးဆီ ပါသွားရင်တော့ စိတ်ညစ်စရာ ဇာတ်လမ်းက စလာပါပြီ။

နောက်တစ်ခု ဆိုးတာရှိသေးတယ် ဒါကတော့ အားပြည့်လန်းဆန်းစေတယ်ဆိုတဲ့ အားဖြည့်အချိုရည်တွေပါ။ ဒါတွေကတော့ လုံးဝကိုရှောင်ရမှာပါနော်။ မေမေ့အတွက်ရော ဘေဘီအတွက်ရော ကောင်းကျိုးမပြုတဲ့ အရာတွေပေါ့။ ပင်ပန်းနေတဲ့ အချိန်မှာ သောက်လိုက်မယ်ဆိုရင် အားပြည့်သွားသလို ခံစားရနိုင်ပေမယ့် အားဖြည့် အချိုရည်တွေ မှာပါတဲ့ ဓါတုပစ္စည်းတွေက ထိခိုက်မှု များစေတာတော့အမှန်ပါပဲ။

အချိုရည်မှာ ပုံမှန်ထက် အချိုပါဝင်မှု များပါတယ်။ ဒါ့အပြင် ကဖင်းဓါတ် ပါဝင်မှု ရှိတာကြောင့် မေမေ့အတွက်ရော ဘေဘီလေးအတွက်ပါ အဆင်မပြေပါဘူး။ ကဖင်းပါတဲ့အရာတွေက သောက်ပြီး မိနစ် ၆၀ အတွင်းမှာ ပါဝင်မှု အားအများဆုံးဖြစ်တာကြောင့် ဒီအချိန်မျာ ကလေးကို နို့တိုက်လိုက်မယ်ဆိုရင် ကလေးကိုအစာခြေစနစ် မအီမသာဖြစ်တာအပြင် ဝမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် ဖွားဖွားတို့က မေမေ့ အစားတစ်လုတ်ကြောင့် ဘေဘီလေးမှာ မထိခိုက်စေဖို့ မေမေတို့ကို အချိုရည် မသောက်ဖို့ ပြောရတာပါနော်။

အချိုရည်တင်လား

နို့တိုက်မေမေတို့ မသောက်သင့်တာက အချိုရည်တင်လားဆိုတော့ မဟုတ်ပါဘူး။ ဒါလေးတွေကိုလည်း သတိထားရမှာပါ။

နို့တိုက်မေမေအနေနဲ့ ဆေးတစ်ခုခု သောက်တော့မယ် ဆိုရင်လည်း ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပြီးမှ သောက်သင့်တာပါ။ ဒါမှ မေမေလည်း ပျော်ရွှင်ပြီး ဘေဘီလေးလည်း ကျန်းမာမှာပါနော်။

နွေပူလို့ အေးတာလေး တစ်ခုခု သောက်ချင်တယ်ဆိုရင် သံပုရာသီးစစ်စစ်ကို ဖျော်ထားတဲ့ သံပုရာရည်လေး သောက်ပေးလို့ရပါတယ်။ သဘာဝ အသီးဖျော်ရည်လေးတွေကို အထိုက်အသင့် သောက်သုံးပေးလို့ ရပါတယ်နော်။

ဒါကြောင့် ဘေဘီလေးကို နို့တိုက်နေရတယ်ဆိုရင် အချိုရည်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေကို တတ်နိုင်သမျှရှောင်လို့ သဘာဝ အရသာလေးတွေကိုပဲ စားသုံးပေးပါလို့ အကြံပြုပါရစေနော်။

နောက်ဆုံးတစ်ချက်အနေနဲ့ မှာချင်တာက ဂျင်ဆင်းလိုမျိုး အားဖြစ်ပါတယ်ဆိုတဲ့ အရာတွေနဲ့ဆေးဖက်ဝင်တယ်ဆိုတဲ့ရေနွေးကြမ်းတွေကို မသောက်ဖို့ပါ။ ဒါတွေက ဘေဘီလေးတို့အတွက် လုံးဝအဆင်မပြေပါဘူး။

health-tool-icon

ကလေးကာကွယ်ဆေးထိုး အချိန်ဇယား

ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။

ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Will My Breastfed Baby Be Affected By What I Eat And Drink?https://welladjusted.co/babies/will-my-breastfed-baby-be-affected-by-what-i-eat-and-drink/ Accessed Date 18 April 2019

Is It Safe To Have Energy Drinks While Breastfeeding?https://www.momjunction.com/articles/side-effects-of-energy-drinks-on-breastfeeding-mom_00359671/ Accessed Date 18 April 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 04/07/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။