ကလေးကို တစ်ယောက်တည်းထားမယ်ဆိုရင်
ကလေးကို တစ်ယောက်တည်းထားရမယ်ဆိုတိုင်း ဒီအတိုင်းထားလိုက်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ကလေးကို ကြမ်းပြင်ပေါ်မှာ အခင်းခင်းလို့ နူးညံ့တဲ့စောင် ဒါမှမဟုတ်ကော်ဇောခင်းပါပြီးရင် ကလေးကစားလို့အဆင်ပြေမယ့် အရုပ်လေးတွေထားပေးပါ။ ကလေးကမှောက်နိုင်နေပြီဆိုရင်တော့မှောက်ရက်ထားပေးလို့ရပါတယ်။ တကယ်လို့ ကလေးက မမှောက်နိုင်သေးဘူးဆိုရင် ပက်လက်အနေအထားထားပေးပါ။ ထိခိုက်မိနိုင်တာတွေကိုဘေးနားကနေ ဖယ်ထားဖို့တော့ မမေ့ပါနဲ့နော်။
ကလေးကို ခပ်လှမ်းလှမ်းကနေတော့စောင့်ကြည့်နေပေးပါနော်။ ကလေးက တစ်ယောက်တည်းနေရတာပျင်းလာရင်ဖြစ်ဖြစ်မှောက်တာကို ပင်ပန်းလာပြီဆိုရင်ဖြစ်ဖြစ် ကလေးကိုချက်ချင်းပွေ့ချီပေးပါ။ ကလေးကို အသက် တစ်နှစ်အောက်ကစလို့ အရွယ်ရောက်လာသည်အထိတစ်နေ့ကို အနည်းဆုံး ၁၀ မိနစ် ကနေ အများဆုံး မိနစ် ၂၀ အထိ ကိုယ်ပိုင်အချိန်လေးပေးပါ။ ထမင်းစားပြီးချိန်၊ အိပ်ရာမဝင်ခင်အချိန်တွေမှာ ကလေးကို သီးသန့်အချိန်လေးတွေပေးပြီး သူ့စိတ်ကူးလေးအတိုင်းအေးအေးဆေးဆေးနေခွင့်ပေးတာက ကလေးကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။