ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး

ကလေးတွေမှာ Pneumococcusကြောင့်ဖြစ်တဲ့ ပြင်းထန်အဆုတ်ရောင် ရောဂါက အဖြစ်များသလို အသက်အန္တရာယ်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဒီရောဂါမဖြစ်စေဖို့ဆိုရင် Pneumococcal vaccines လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ကို ထိုးထားတာက အကောင်းဆုံးပါ။ ဒီကာကွယ်ဆေးက ပြင်းထန်အဆုတ်ရောင်အပါအဝင် သွေးထဲ ရောဂါပိုးပြန့်နှံ့တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ Pneumococcusက အခန့်မသင့်ရင် ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲအထိ ပြန့်သွားတတ်ပြီး အသက်အန္တရာယ်ဖြစ်တတ်ပါတယ်။ ဒီလို ပြန့်သွားတာကို invasive disease လို့ ခေါ်ပါတယ်။ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး က ဘာကို ကာကွယ်ပေးတာလဲ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး PCVက Streptococcus pneumoniae သို့ pneumococcus ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ဒီဘက်တီးရီးယားက အသက်ရှူလမ်းကြောင်းက ထွက်တဲ့ အမှုန်အမွှားတွေကြောင့် ကူးစက်တတ်ပြီး အဆုတ်ရောင်ရောဂါအပါအဝင် ဦးနှောက်အမြှေးရောင် […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ကြမယ်

ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ကြမယ် ...... ပြိုင်ဆိုင်မှုတွေများလာတဲ့ ခေတ်ကာလ အခြေအနေအရ မိဘတိုင်းဟာ သူတို့ရဲ့ ကလေး ဉာဏ်ရည် ထက်မြက်မှု မရှိမှာ၊ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုး မလာမှာ၊ မကျန်းမာမှာကို စိုးရိမ်တတ်ကြပါတယ်။ ကလေးတွေကောင်းမွန်စွာကြီးပြင်းလာဖို့အတွက် မိဘတွေရဲ့ ဂရုစိုက်မှုတွေ အများကြီးလိုအပ်ပါတယ်။  အခုတစ်ခေါက်တော့ မေမေတိုင်းအတွက် လက်တွေ့အသုံးတည့်စေမယ့် ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်နည်းတွေကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/first-step-for-child/ မိဘကစတင်ပါ ကိုယ့်ရဲ့ ကလေးကို ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ပျိုးထောင်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ရပါမယ်။ ဒါကတော့ ကလေးကို ဆူပူနေတာမျိုး မလုပ်ပါနဲ့။ ကလေးကို ရွယ်တူအခြားကလေးတွေနဲ့ နှိုင်းယှဉ်တတ်တဲ့ အကျင့်ကို လုံးဝဖျောက်ပါ။ (ကလေးကို အခြားကလေးနဲ့ နှိုင်းပြီး ဆူတာမျိုးပါ) စိတ်ရှည်ရှည်ထားဖို့ မမေ့ပါနဲ့။ (စိတ်ရှည်တဲ့ မိဘအသိုင်းအဝိုင်းကြားမှာ ကြီးပြင်းတဲ့ ကလေးတွေက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ရောဂါပိုးတွေ ပြန့်ပွားနေချိန် သင့်ကလေး ခုခံအားကို မြှင့်တင်ပါ။

လူကြီးတွေက တစ်နှစ်လုံးနေမှ တစ်ခါ ဖျားခဲပေမယ့် ကလေးတွေကတော့ ခဏခဏ ဖျားတတ်ပါတယ်။ ကျန်းမာပါတယ်ဆိုတဲ့ ကလေးတွေတောင် တစ်နှစ်ကို ၃-၄ ခေါက် ဖျားတတ်တာ သဘာဝပါ။ ဒါပေမယ့် ခုလို ကိုဗစ်ကာလမှာတော့ မေမေတွေအနေနဲ့ ကိုယ်ကလေးကို နည်းနည်းလေးတောင်မှ ဖျားစေချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီဥတုက မိုးဦးကျ ဖြစ်လာပြီ။ ကိုဗစ်အပြင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးတွေပါ ပါလာနိုင်တယ်အတွက် မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ကာကွယ်ထားသင့်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကာကွယ်ခြင်းက ကုသခြင်းထက် ကောင်းတာကြောင့် ဒီအချိန်မှာ ကလေးတွေကို ခုခံအားကောင်းအောင် ထားပေးဖို့ အကြံပေးလိုပါတယ်။ ရောဂါပိုး တွေကို ခံနိုင်အောင် ခုခံအား မြှင့်တင်မယ်ဆိုရင် အာဟာရပြည့်အောင် ကျွေးပါ။ ကလေး အသက်အရွယ်ပေါ်လိုက်ပြီး သင့်တော်တဲ့ အာဟာရရအောင် ကျွေးပေးပါ။ မိခင်နို့ကတော့ ကလေး အသက် […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးတွေ ဘာကြောင့်လိမ်ကြတာလဲ။

ကလေး က အရွယ်လေး နည်းနည်းရောက်လာလို့ သင့်ကို လိမ်ပြောနေပြီဆိုရင် စိတ်မညစ်ပါနဲ့။ ဒါဟာ သဘာဝပါပဲ။ ထမင်းမကုန်သေးဘဲ ရုပ်ရှင်ကြည့်ချင်လို့ ထမင်းတွေ သွန်လိုက်ပြီး ကုန်ပြီလို့ လိမ်တာမျိုး၊ အိမ်စာမပြီးသေးရင် ဂိမ်းမဆော့ရဘူးဆိုလို့ အိမ်စာမပါဘူးလို့ လိမ်တာမျိုးဟာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စတွေပါပဲ။ ကလေးသဘာဝပါပဲ။ ကြီးကြီးကျယ်ကျယ်ပြောရရင် ကလေးတွေရဲ့ ဖွံ့ဖြိုးမှု အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါကို ငါအသုံးမကျလို့ ကလေးက လိမ်တတ်တာလို့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ကလေးကိုလည်း ရိုက်နှက်မနေပါနဲ့။ ဒါဟာ ဖြေရှင်းနည်း မဟုတ်ပါဘူး။ အဓိကက ကလေးဘာကြောင့် လိမ်တာလဲဆိုတာ အဖြေရှာရမှာပါ။ ကလေးတွေ လိမ်ရတဲ့ အကြောင်းရင်း ဇာတ်လမ်းထွင်ပြောတာ ကလေးငယ်လေးတွေ၊ ကျောင်းတက်စ အရွယ်တွေမှာ ပိုတွေ့ရပါတယ်။ ကလေးတွေက စိတ်ကူးစိတ်သန်းကောင်းတဲ့အတွက် သူတို့စိတ်ထဲမှာ ရှိတာတွေကို ဇာတ်လမ်းထွင်ပြောတတ်ပါတယ်။ အပြင်က […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

အီလက်ထရောနစ်ပစ္စည်းတွေဟာ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ

တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ဆယ်ကျော်သက်တွေသာမက ကလေးတွေရဲ့ လက်ထဲမှာပါ ဖုန်း၊ တက်ဘလက်၊ အိုင်ပတ် စတဲ့ လျှပ်စစ်ပစ္စည်းတွေကို တွေ့လာရပါတယ်။ ဖုန်းတွေ၊ ဂိမ်းတွေ မရှိဘဲ တစ်နာရီလေးတောင် မကုန်ဆုံးနိုင်ကြပါဘူး။ အရင်ခေတ်က ကလေးတွေနဲ့ အကွာကြီးကွာနေ ပါတယ်။ ဒီလိုစက်ပစ္စည်းတွေကြောင့် အထိခိုက်ရဆုံးသူတွေဟာလည်း ကလေးတွေကိုယ်တိုင်ပါပဲ။ လျှပ်စစ်ပစ္စည်းတွေနဲ့ တစ်ချိန်လုံး မျက်နှာအပ်ထားသူ ကလေးတွေမှာ ဖွံ့ဖြိုးမှုပြဿနာကြီးမားစွာ ရှိနေပါတယ်။ အောက်မှာကြည့်လိုက်ကြရအောင်။ (၁)    အသိဉာဏ်ဖွံ့ဖြိုးမှုနောက်ကျခြင်း သင့်ကလေးရဲ့ ဦးနှောက်ဟာမွေးခါစမှ စကာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတာပါ။ လျှပ်စစ်ပစ္စည်းတွေကို လွန်ကဲစွာ အသုံးပြုခြင်းဟာ ဦးနှောက်ဉာဏ်ရည်ဖွံဖြိုးတိုးတက်မှုကို နှောင့်နှေးစေတဲ့အပြင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ အကြားအာရုံကိုလည်း ထိခိုက်စေပါတယ်။ တီတီတာတာ စကားစပြောတတ်တဲ့အချိန်မှာ သူတို့လေးတွေကို သီချင်းဆိုပြတာမျိုး၊ ပုံပြင်ပြောပြတာမျိုးဟာ တီဗွီ၊ ဖုန်းစခရင်ပေါ်ကလူတွေမဟုတ်ဘဲ သင် ကိုယ်တိုင်ပဲဖြစ်သင့်တယ် ဆိုတာကို သတိထားပါ။ (၂)    စိတ်တို၊ စိတ်ဆတ်လွယ်လာခြင်း မိဘတွေဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် ရှိတဲ့အိမ်မှာ မိဘတွေ မျက်ခြေမပြတ်သင့်တဲ့ ပစ္စည်းတချို့

အိမ်မှာ ကလေးငယ်ငယ် လေးတွေ ရှိလား။ တွေ့ကရာ ပါးစပ်ထဲ ကောက်ထည့်တတ်တဲ့ အရွယ်တွေ၊ တစ်အိမ်လုံး မျောက်ရှုံးအောင် ဆော့ကစားတတ်တဲ့ အရွယ်တွေ၊ စူးစမ်းတတ်တဲ့ အရွယ်တွေကို တအားလွှတ်မထားပါနဲ့နော်။ ကလေး သဘာဝ လွတ်လွတ်လပ်လပ် ဆော့ခွင့်ပေးထားတာ ကောင်းပေမယ့် မိဘက ဘေးကနေ စောင့်ကြည့်နေသင့်ပါတယ်။ ကလေးတွေနဲ့ဆို သတိထား စောင့်ကြည့်သင့်တဲ့ အိမ်က ပစ္စည်းတွေ အကြောင်း သတိပေးလိုက်ချင်ပါတယ်။ ကလေးငယ်ငယ် ရှိတဲ့အိမ်မှာ သတိထားသင့်တဲ့ ပစ္စည်းများ (၁) ဓာတ်ခဲ အသေးစား အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓာတ်ခဲသေးသေးလေးတွေ (ဥပမာ -နာရီဓာတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေ မျိုချမိနိုင်ပါတယ်။ Nine-volt ဓာတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီး ပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက် စတီးမျှင်ထွေး တွေလို သံသတ္တ္တုတွေနဲ့ ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။ (၂) Flat တီဗီ ဘယ်သူမဆို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မိုး အေးချိန်မှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအစာများ

မိုး လို့ ဆိုလိုက်ရင် ကလေးတွေကတော့ ပျော်တာပဲ။ ကျောင်းသွား ကျောင်းပြန် မိုးရေထဲ သွားရတာ ပျော်တယ်၊ ဆော့ရတာပျော်တယ်။ မိုးရေချိုး ချင်ကြတယ်။ တချို့ကလေးတွေကျ အိပ်ရာထဲ ကွေးနေချင်တာ သဘာဝပါပဲ။ ဒီလိုရာသီ ကလေးတို့ ရဲ့ ကျန်းမာရေးအတွက် မိဘတွေမှာ တာဝန်ကြီးတာပေါ့။ မိုး နဲ့အတူ ပါလာနိုင်တဲ့ ရောဂါတွေက နည်းမှ မနည်းဘဲလေ။ ဥပမာ မိုးရာသီ မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ရောဂါပိုး အပါအဝင် ဒီအချိန် ဖြစ်တတ်တဲ့ ရောဂါ တွေအတွက် ကြိုတင်ကာကွယ်ပေးရပါလိမ့်မယ်။ မိုး ရာသီမှာ ကလေးတွေ ရှောင်သင့်တဲ့ အစားအသောက် (၇) မျိုး မိုးရာသီမှာ ကလေးအာဟာရနဲ့ ပတ်သက်ပြီး အရေးကြီးဆုံး သတိထားရမှာက သန့်ရှင်းမှုနဲ့ လတ်ဆတ်မှု ပါ။ သန့်ရှင်းမှု အားနည်းတဲ့အခါ ဝမ်းပျက်ဝမ်းလျှော […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကိုယ့်ကလေးက တခြားကလေးတွေထက် ညှက်မနေဖို့အတွက် ဘယ်လိုကူညီပေးကြမလဲ

ကိုယ့်ရဲ့ ကလေး မှန်မှန်ကန်ကန် ကြီးထွားဖွံ့ဖြိုးဖို့ဆိုတဲ့ အချက်ဟာ ဖေဖေမေမေတို့တွေ အမြဲတွေးပူနေတတ်ကြတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကနေစလို့ အရွယ်တစ်ခုရောက်လာချိန်အထိ မိမိတို့ရဲ့ ကလေးတွေ ဖွံ့ဖြိုးကြီးထွားလာတာကို မိဘတိုင်း အလိုရှိကြပါတယ်။ ကလေးက ထွားသင့်သလောက် ထွားရဲ့လား၊ ပြည့်စုံရဲ့လား ၊ သန်မာရဲ့လား စသည်ဖြင့် အရိပ်တကြည့်ကြည့်နဲ့ မဟုတ်လား။ တကယ်လို့ ကိုယ့်ရဲ့ ကလေးက တခြားကလေးတွေထက် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနှေးကွေးနေမယ်၊ ညှက်နေသေးနေမယ်ဆိုရင် ပူကြပန်ကြရပါပြီ။ အာဟာရများ မပြည့်ဝတာလား၊ တစ်ခုခုများ ချို့ယွင်းနေတာများလားပေါ့။ တကယ်တမ်းအားဖြင့် ကလေးတစ်ယောက် ပုံမှန်ဖွံ့ဖြိုးကြီးထွားဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်ကတည်းကစပြီး စနစ်တကျ စီမံဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးမီးဖွားပြီးချိန်နဲ့ကလေးအရွယ်ရလာချိန်တွေ တစ်လျှောက်လုံးမှာ သင့်လျော်တဲ့ အာဟာရဓာတ်တွေနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးစေမယ့် နည်းလမ်းတွေကို မှန်ကန်စွာ ဖြည့်ဆည်းပေးသွားနိုင်ဖို့လိုအပ်ပါတယ်။ အဲဒါကို ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးအပါဆုံး ရက်တစ်ထောင်လို့လည်း ခေါ်ဆိုကြပါတယ်။ ကလေး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့အတွက် မိုးရာသီ အစားအစာလမ်းညွှန်

မိုးလေးကျလာရင် မေမေတိုင်း စိုးရိမ်တာက သားသားမီးမီးတို့ ဖျားနာမှာကိုပါ။ ဒီတော့ မုတ်သုံကာလမှာ သားသားမီးမီးတွေကို မုတ်သုံ​ကြောင့်ဖြစ်မယ့် ရောဂါတွေကို ကာကွယ်ဖို့အတွက် ကိုယ်ခံအားကောင်း အောင် မေမေတို့အနေနဲ့ ဘာတွေများ ပြင်ဆင်ပေးမယ် စိတ်ကူးလဲ........... ကလေးတွေကို မိုးရာသီမှာ ရောဂါကင်းပြီး ကျန်းမာနေစေဖို့ ချစ်ရတဲ့ သားသားမီးမီးတို့ကို မိုးရာသီမှာ ရောဂါကင်းပြီး ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ဒါလေးတွေ ပါဝင်အောင် ပြင်ဆင်ပေးပါ။ နနွင်း ဟင်းချက်တဲ့အခါ နနွင်းကို ထည့်တတ်ကြပါတယ်။ ဒီနနွင်းက ဟင်းကို အရောင်လှစေရုံတင် မဟုတ်ဘဲ ရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ နနွင်းမှာပါတဲ့ curcumin က ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ပေးပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ငရုတ်ကောင်း ငရုတ်ကောင်းမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့  piperine ပါဝင်နေတာ​ကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် […]


ကလေးအစာခြေစနစ်ပြဿနာများ

အတွေ့ရများတဲ့ ကလေးဝမ်းချုပ်မှုပြဿနာ ဘယ်လိုဖြေရှင်းရမလဲ

ဝမ်းချုပ်တဲ့ ပြဿနာက ကလေးတွေမှာ အတွေ့ရများတဲ့ ပြဿနာ တစ်ခုပါ။ ကံကောင်းတာက ခဏပဲ ဖြစ်ပြီး ကြီးလာရင် အလိုလို ပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် ဒီမတိုင်ခင်မှာတော့ ဝမ်းမချုပ်အောင် အစားအသောက်တွေ သတိထားပြီး ကျွေးတာ၊ ရေများများ သောက်ခိုင်းတာ၊ ဆရာဝန်နဲ့ ညွှန်ကြားချက်နဲ့ ဝမ်းပျော့ဆေး ပေးတာတွေ လုပ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေ ဝမ်းချုပ်ရင် နာကျင်ပြီး ငိုကြွေးကြတဲ့အခါ မိဘတွေလည်း စိတ်ညစ်တာပဲ မို့လို့ ကလေးတွေ ဘာကြောင့် ဝမ်းချုပ်ကြတာလဲ။ ဝမ်းမချုပ်အောင် ဘာတွေ လုပ်ပေးလို့ရလဲ စတဲ့ နည်းလမ်းတွေကို ပြောပြပေးမှာပါ။ ကလေးတွေ ဘာကြောင့် ဝမ်းချုပ်တာလဲ။ • ဝမ်းအောင့်ထားတာ ကလေးတွေရဲ့ သဘာဝက တစ်ခုခုကို စိတ်ဝင်စားနေရင် ကျန်တာတွေ မေ့သွားတတ်ပါတယ်။ ဥပမာ သူတို့ဆော့နေရင် အဆော့ပျက်မှာစိုးလို့ ဝမ်းကို အောင့်ထားတတ်ပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မိဘများ သိထားသင့်တဲ့ ကလေးနို့မှုန့် အာဟာရအကြောင်း

သားသမီးတွေအတွက်ဆိုရင် အမြဲတမ်း အကောင်းဆုံးဆိုတဲ့ အရာတွေကိုမှ ပေးစွမ်းချင်တယ်ဆိုတာ မိဘတွေရဲ့ စေတနာပါ။ ကိုယ်ဝန်ဆောင်ချိန်ကာစလို့ ကလေးမွေးပြီး ကျန်းမာစွာ ကြီးပြင်းလာတဲ့အထိ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ပေးဖို့တတ်သူတွေပါ။ ကိုယ့်ကလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့မှာ အာဟာရဟာ အလွန်ကြီးမားတဲ့နေရာက ပါဝင်နေတယ်ဆိုတာကို မိဘတွေသိနားလည်ဖို့လိုအပ်ပါတယ်။ ကလေးတွေအတွက် အဓိကလိုအပ်တဲ့ အစာအာဟာရ ကလေးမွေးပြီး ၆လအထိ အချိန်ကိုတော့ မိခင်နို့ တစ်မျိုးတည်းကိုသာ မဖြစ်မနေ တိုက်ဖို့ လိုအပ်ပါတယ်။ မိခင်နို့မှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်တဲ့အပြင် ကလေးတွေကို ဉာဏ်ကောင်းထက်မြက်စေအောင်လည်း ကူညီပေးနိုင်ပါတယ်။ ကလေး အသက် ၆လနောက်ပိုင်းမှာတော့ မိခင်နို့အပြင် ဖြည့်စွက် အာဟာရအနေနဲ့ နို့မှုန့်ကိုပါ ကျွေးလို့ ရပါတယ်။ ကလေးနို့မှုန့် မှာလည်း ကလေးတွေအတွက် အရိုးသန်စွမ်းစေမယ့် သံဓာတ်တွေ၊ ဦးနှောက် ဉာဏ်ရည်အတွက် Omega-3, […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း