အသီးခြောက်တွေကလည်း ကလေးတွေကို မိုးရာသီမှာ ကျွေးမွေးသင့်တဲ့ အဆာပြေ စားစရာ တစ်မျိုးပါ။ အသီးခြောက်လေးတွေက အာဟာရ ပြည့်ဝသလို သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်ခံအားကို အားဖြည့်ပေးလို့ ဖျားနာမှု ကင်းစေမှာပါ။ သကြားဓာတ်နည်းတာမျိုးတော့ ဖြစ်ရပါမယ်နော်။
ငှက်ပျောသီးက ကလေးတိုင်းကြိုက်တဲ့ အသီးတစ်မျိုးပါ။ ငှက်ပျောသီးမှာ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် ဗီတာမင် C ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် မိုးကာလမှာ ကလေးကျန်းမာစေဖို့ဆိုရင် ငှက်ပျောသီး ကျွေးပေးပါ။
အလှအပအတွက် အကျိုးများတယ်လို့ လူသိများတဲ့ သလဲသီးက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပြီး ဆဲလ်တွေ ပျက်စီးမှု မရှိအောင် ကာကွယ်ပေးသလို အစာကြေစေပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ သလဲသီးတစ်လုံးထဲမှာတင် တစ်နေ့တာလိုအပ်မယ့် ဗီတာမင် C ပမာဏ ၄၀ ရာခိုင်နှုန်းအထိပါဝင်နေပါတယ်။
ဒါကြောင့် မိုးရာသီမှာ ကလေးကျန်းမာစေဖို့ဆိုရင် သလဲသီး ကျွေးပေးတာ သလဲသီးဖျော်ရည် တိုက်ပေးတာမျိုး လုပ်လို့ရပါတယ်။
သင်္ဘောသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ် ကျန်းမာစေပြီး အူနံရံတွေကို အာရ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်အောင် ထောက်ပံ့ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။
ဒါကြောင့် ကလေးကို သင်္ဘောသီး ကျွေးတာ၊ ဖျော်ရည် ဖျော်တိုက်တာမျိုး လုပ်ပေးလို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။