လေ့ကျင့်ခန်း လုပ်တာက သွေးလည်ပတ်မှုကို ကောင်းစေပြီး စိတ်ဖိစီးမှုကို လျှော့ကျစေတဲ့အတွက် ခုခံအားကို တက်စေပါတယ်။ ဒီကာလမှာ ကလေးတွေက အိမ်တွင်းပုန်းရတဲ့အတွက် လှုပ်လှုပ်ရှားရှား နေဖို့တောင် ခက်ခဲမှာပါ။ ဒါကြောင့် သမားရိုးကျ လေ့ကျင့်ခန်းတွေ အပြင် သီချင်းဖွင့်ပြီး ကတာတို့၊ လှုပ်လှုပ်ရှားရှား ကစားရတဲ့ နည်းတို့ကို သုံးလို့ရပါတယ်။
ပတ်ဝန်းကျင် သန့်ရှင်းပါစေ ဆိုတာက ကလေးနားမှာ ခုခံအားကျစေတဲ့ ကိစ္စတွေကို ရှောင်ခိုင်းတာပါ။ ဥပမာ ပြောရမယ်ဆိုရင် ကလေးနားမှာ ဆေးလိပ်သောက်တာမျိုးပေါ့။ ကလေးတွေ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ရဲ့ ခုခံအား စနစ်ကို ထိခိုက်ပြီး ရောဂါပိုး ဝင်လွယ်မှာပါ။
နောက်ပြီး ခုလိုအချိန်မှာ တတ်နိုင်ရင် ဧည့်သည် လက်မခံပါနဲ့။ ဧည့်သည်လာရင်လည်း ကလေးနဲ့ ဝေးဝေးထားပါ။ လက်မဆေးဘဲ၊ နှာခေါင်းစည်း မတပ်ဘဲ ကလေးနား မကပ်ပါစေနဲ့။ ကလေးကို ချီခြင်း၊ ပွေ့ဖက်နမ်းရှုံ့ခြင်းကိုလည်း ရှောင်ကြဉ်ခိုင်းပါ။ အိမ်မှာ နေမကောင်းတဲ့သူ ရှိရင်လည်း ကလေးက အနားမကပ်အောင် သေချာ မှာထားပါ။
အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတွေထဲမှာ ခုခံအား တက်စေတဲ့ နည်းလမ်းတွေလည်း ပါသလို၊ ခုခံအား မကျအောင် ကာကွယ်တဲ့ နည်းလမ်းတွေလည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးကို မဖျား မနာအောင် ကြိုတင်ကာကွယ်ထားတာက ပိုကောင်းတယ်လို့ ပြောချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။