backup og meta

ကလေးများတွင် အသက်ရှူမွန်းကြပ်ခြင်း။ အဖြစ်များသော အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများတွင် အသက်ရှူမွန်းကြပ်ခြင်း။ အဖြစ်များသော အကြောင်းရင်းများ

    ဆေးပညာအရ အောက်စီဂျင်မရခြင်းဟုခေါ်သော အသက်ရှူ မွန်းကြပ်ခြင်း ဆိုသည်မှာ ခန္ဓါကိုယ်တွင် အောက်စီ ဂျင်ပမာဏ အလွန်နည်းပါးသွားခြင်း ကြောင့်ဖြစ်သော သေစေ နိုင်သော အခြေအနေတစ်ခု ဖြစ်သည်။ ကမ္ဘာတစ်ဝန်း အသက် ၆နှစ်အောက်ကလေး များတွင် သေစေနိုင်သော အကြောင်းရင်းကြီးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ ကလေးများကို အသက်ရှူမွန်းကြပ်ခြင်းမှ ဘယ်လိုကာကွယ် သင့်သလဲ။ ထိုကဲ့သို့ သေဆုံးတော့မည့် အခြေအနေရောက် နေသော လူတစ်ယောက်ကို တွေ့ပါက ဘာလုပ်သင့်သလဲ။

    ဘယ်သူတွေမှာ ဖြစ်နိုင်ချေ အများဆုံးရှိသလဲ။

    အသက်ရှူ မွန်းကြပ်ခြင်းသည် ကမ္ဘာတစ်ဝန်း မွေးကင်းစ ကလေးငယ်များနှင့် လေးဖက်သွားကလေးများတွင် သေစေ နိုင်သော အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။ သုတေသန များအရ အသက်ရှုမွန်းကြပ်ပြီး သေဆုံးခြင်း အများစုသည် မွေးကင်းစ တစ်နှစ်သားများတွင် ဖြစ်ပွားပြီး အသက် ၉-၁၁ လတွင် ဖြစ်ပွားမှု အများဆုံးဖြစ်သည်။ သို့သော်လည်း ဖြစ်နိုင် ချေသည် အသက် ၆နှစ်အထိ များဆဲဖြစ်သည်။ (သူတို့၏ အသက်ရှုလမ်းကြောင်းနှင့် အသက်ရှုသည့်စနစ် မပြည့်စုံ မချင်း )

    အသက်ရှူ မွန်းကြပ်ခြင်း အန္တရာယ်များ

    အဖြစ်များသော အသက်ရှုမွန်းကြပ်ခြင်း ပုံစံများမှာ ဆို့နင်ခြင်း၊ လည်ပင်းညစ်ခြင်းနှင့် အသက်ရှုပိတ်အောင် လုပ်ခြင်းတို့ ဖြစ်သည်။ သင်၏ ကလေး အတွက် ဂရုစိုက် စောင့်ကြည့်သင့်သော အဖြစ်အများဆုံး အသက်ရှုမွန်းကြပ် ခြင်း အန္တရာယ်များကို အောက်ပါ ဖော်ပြထားသည်။

    အိပ်ယာခင်းများ

    ခေါင်းအုံးနှင့်စောင်များသည် သင်နှင့် သင့်ကြင်ဖော် အတွက် သက်တောင့်သက်သာရှိသော အိပ်စက်မှုကို ဖန်တီး ပေးနိုင်သည်။ သို့သော် ၎င်းတို့သည် သင့်ကလေးအတွက် အသံတိတ် လူသတ်သမားများဖြစ်သည်။ အသက် ၂နှစ် အောက်ကလေးသည် အသက်ရှုလမ်းကြောင်းပိတ်ပါက ကိုယ်အနေအထား ပြောင်းရန်၊ ဦးခေါင်းကို မြှောက်ရန် ကောင်းစွာ မဖွံ့ဖြိုးသေးပါ။ ၎င်းကိုသတိပြုရန် အရေးကြီး သည်။ ထို့ကြောင့် သူတို့မျက်နှာကို ဖုံးအုပ်နိုင်သော မည်သည့်အရာကိုမဆို ဖယ်ရှားပစ်ရမည်။

    အလုံပိတ်ထားသော နေရာများ ( ကားနောက်ခန်း၊ သေတ္တာ၊ ဗီဒို)

    တူတူပုန်းတမ်း ကစားခြင်းကို မနှစ်သက်သောသူ မရှိနိုင် ပါ။ အထူးသဖြင့် အသုံးမပြုတော့သော ရေခဲသေတ္တာ ၊ ကားနောက်ခန်း သို့မဟုတ် သေတ္တာ စသော ပုန်းခိုရန် နေရာကောင်းတစ်ခုကို သင်တွေ့သောအခါ ဖြစ်သည်။ သို့သော်လည်း သင့်ကလေးကို ထိုနေရာများသို့ မသွားရန် သင်ကြားပေးရန် အရေးကြီးသည်။ နောက်ပိုင်းတွင် ပြန်ထွက် ရန် မလွယ်ကူကြောင်း၊ တံခါးပိတ်လိုက်ပြီးပါက အသက်ရှူရန် အောက်စီဂျင် မလုံလောက်နိုင်ကြောင်း သင်ကြားပြောဆိုပါ။

    ကစားစရာများ

    ကစားစရာများသည် သင့်ကလေးကို အလွန်လှုပ်ရှား တက်ကြွနေခြင်း၊ အိမ်ပတ်ဝန်းကျင်တွင် ပြေးလွှားအော်ဟစ် နေခြင်းမှ ထိန်းသိမ်းရန် ကောင်းမွန်သော နည်းလမ်း တစ်ခု ဖြစ်သည်။ သို့သော်လည်း သေးငယ်သော ဖြုတ်တပ်၍ ရသော အရုပ်များသည် အသက်ရှူမွန်းကြပ်ခြင်းကို ဖြစ်စေ နိုင်သည်။ ကြိုးအရှည်ပါသော သို့မဟုတ် ကြယ်သီးများ ပါသော အရုပ်များသည် ကလေးငယ်များတွင် လည်မျိုညစ် မိခြင်း သို့မဟုတ် ဆို့နင်ခြင်းကို ဖြစ်စေနိုင်သည်။

    အစားအစာ

    သေးငယ် လုံးဝန်း၍ မာသော အစာများ ဥပမာ- စပျစ်သီး၊ အခွံမာသီး၊ အစေ့များနှင့် ချိုချဉ်အမာများသည် အစာရေမြို တွင် ပိတ်ဆို့နိုင်ချေ မြင့်ပါသည်။

    အဝတ်အစား

    ကြိုးများ၊ ဖဲကြိုးများပါသော အဝတ်အစားများသည် ကလေး လည်ပင်းကို ညစ်နိုင်သည်။

    အရာဝတ္ထုအသေးများ

    ရော်ဘာပူဖေါင်း၊ ကြယ်သီး၊ ပုလင်းအဖုံး၊ လီဂို အရုပ် ဆက် အတုံးများ၊ ဘတ်တရီနှင့် အခြား မစားကောင်းသော အရာအမျိုးမျိုးသည် အစာရေမြိုတွင် ဆို့နင်ပြီး သေစေ နိုင်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement