ကလေးဦးနှောက်သည် လူကြီးဦးနှောက်ထက် ကဖင်းဓာတ် အာနိသင်ကို အနည်းငယ်ပိုပြီး တုန့်ပြန်မှုများသည်။
ကဖင်း သည် ပင်မအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသည်။ ထို့ကြောင့် ကလေးငယ်၏ စားချင်စိတ်ကို ပြောင်းလဲပေးနိုင်သည်။ ဆယ်ကျော်သက်များသည် လူကြီး ဘ၀ ကိုယ်အလေးချိန်တစ်ဝက်ကို ဆယ်ကျော်သက်ဘဝအရွယ်တွင် စပြီး ပိုင်ဆိုင်သည်။ အကယ်၍ ကဖင်းက သူတို့၏ စားချင်စိတ်ကို ဖြတ်တောက်လိုက်လျှင် ၎င်းသည် သူတို့လေးတွေ၏ ကြီးထွားမှုကို ထိခိုက်စေပါသည်။
ခေါင်းကိုက်ခြင်း နှင့် သွေးတိုးခြင်း
ကျွန်ုပ်တို့ အားလုံးသိထားကြသလိုပင် ကော်ဖီတွင် ကဖင်းဓာတ်ပါဝင်သည်။ ကဖင်းသည် ကလေးရော လူကြီးကိုပါ လှုံ့ဆော်မှုပေးနိုင်သော အရာတစ်ခုဖြစ်သည်။ ပမာဏအနည်းငယ်ဆိုလျှင် ကဖင်းသည် လန်းဆန်းတက်ကြွစေရန် ကူညီပေးသည်။ သို့သော် ပမာဏများပါက ဂျီကျခြင်း၊ စိတ်လှုပ်ရှား ဂဏှာမငြိမ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် သွေးတိုးခြင်းကို ဖြစ်စေနိုင်ပါသည်။
အရိုးဆုံးရှုံးခြင်း
ကဖင်းဓာတ်ပါသော ဖျော်ရည်များသည် ကယ်လိုရီတန်ဖိုး မပါရှိတာများသည်။ (ကယ်လိုရီဆိုသည်မှာ အာဟာရ ထောက်ပံ့ပေးသော အရာဖြစ်သည်။) ကော်ဖီသောက်သော ကလေးများသည် ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များမှ လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ မရရှိနိုင်တာကြောင့် အာဟာရချို့တဲ့မှု ဖြစ်လာနိုင်သည်။
ထို့ပြင် ကော်ဖီသည် ဆီးဆေးအာနိသင်ရှိသည်။ ၎င်းသည် ဆီးသွားမှုများစေသည်။ ဆီးသွားများခြင်းသည် ခန္ဓာကိုယ်မှ ကယ်လ်စီယမ်ဓာတ်ကို ဆုံးရှုံးစေပြီး အရိုးဆုံးရှုံးမှုကို ဖြစ်စေသည်။ ကော်ဖီတွင် ဆီးဆေးအာနိသင်ရှိသည့်အပြင် ခန္ဓာကိုယ်မှ ကယ်လ်စီယမ်ဆုံးရှုံးစေသော ကဖင်းဓာတ်အမြောက်အမြားပါရှိပါသည်။ ကဖင်း ၁၀၀ မီလီဂရမ်စားတိုင်း ၆ မီလီဂရမ်သော ကယ်လ်စီယမ်ဓာတ်ကို ခန္ဓာကိုယ်မှ ဆုံးရှုံးလျက်ရှိသည်။ ကလေးများအတွက် အရိုးကြီးထွားသန်မာဖို့ ကယ်လ်စီယမ် မဖြစ်မနေလိုအပ်သည်။
ကလေးငယ် ကော်ဖီဘယ်လောက် သောက်လို့ရသလဲ။
ကန့်သတ်ချက်မရှိသော်လည်း သင့်ကလေးကို အထက်ဖော်ပြပါ ကျန်းမာရေးဆိုးကျိုးများ မဖြစ်စေရန် ကော်ဖီတိုက်မည်ဆိုလျှင် သေချာ ဂရုပြု စဉ်းစားသင့်သည်။ ကဖင်းဓာတ်ခံနိုင်ရည်အားသည် လူတစ်ယောက်နှင့် တစ်ယောက်ကွဲပြားကြသည်။ များသောအားဖြင့် လူကြီးတစ်ယောက်အတွက် ဘေးထွက်ဆိုးကျိုးများကို ရှောင်ဖို့ ထောက်ခံထားသော ပမာဏမှာ တစ်ရက်ကို ကဖင်းဓာတ် ၂၀၀ မှ ၃၀၀ မီလီဂရမ်သာ ဖြစ်သည်။ ဖွံ့ဖြိုးနေသော ကလေးများအတွက်မူ ဘေးကင်းစိတ်ချစေဖို့ ထိုပမာဏ၏ တစ်ဝက်လောက်ကိုသာ ပေးဖို့ သင့်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။