သွား နှင့် ခံတွင်းကျန်းမာရေး

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ရှိပါတယ်။ ကံကောင်းတာက အများစုက အန္တရာယ်မရှိပါဘူး။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်ဘူးဆိုရင် ဘက်တီးရီးယားတွေ ပွားများလာပြီး သွားဖုံးရောဂါ၊ သွားပိုးစားတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီစာမျက်နှာမှာ သွားနဲ့ ခံတွင်းကို ဘယ်လိုဂရုစိုက်မလဲ၊ ရောဂါပိုးတွေ မဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွား နှင့် ခံတွင်းကျန်းမာရေး

သွားဖုံး နဲ့ ခံတွင်းရောဂါများ အကြောင်း

နေ့စဉ်တိုင်းမှာ အစားအစာတွေကို အရသာရှိရှိနဲ့ ကောင်းကောင်း ဝါးစားနိုင်ဖို့အတွက် သွားနဲ့ ခံတွင်း ကျန်းမာဖို့ လိုပါမယ်။ သွားနဲ့ခံတွင်းက ခန္ဓာကိုယ် အာဟာရဖြည့်တင်းဖို့အတွက် စွမ်းစွမ်းတမံ ရှေ့ဆုံးက ဦးဆောင်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပါ။ သွားနဲ့ ခံတွင်း ကျန်းမာရေး ဆိုတဲ့နေရာမှာ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ သွားဖုံး၊ သွား၊ လျှာ၊ ခံတွင်းစတဲ့ အစိတ်အပိုင်း အားလုံး ပါဝင်နေပါတယ်။ ခံတွင်းထဲမှာ ရှိတဲ့ အစိတ်အပိုင်း အားလုံး ကျန်းမာမှလည်း ကျန်းမာတဲ့ သွားနဲ့ ခံတွင်း ဖြစ်တော့မှာပေါ့။ ဒီတစ်ခေါက်တော့ သွားနဲ့ ခံတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွားဖုံး နဲ့ ခံတွင်းရောဂါတွေအကြောင်းကို သတိထားမိနိုင်စေဖို့ ပြောပြပေးချင်ပါတယ်။ သွားဖုံးနဲ့ ခံတွင်းရောဂါတွေ ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ။ သွားဖုံးရောဂါဆိုတာက သွားတွေကို မြဲမြံအောင် ထိန်းပေးထားတဲ့ […]

သွား နှင့် ခံတွင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွား နှင့် ခံတွင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - အာခံတွင်း အဖြူကွက်

အဓိပ္ပါယ်ဖွင့်ဆိုချက်Leukoplakia (အာခံတွင်း အဖြူကွက်) ဆိုတာဘာလဲ။ Leukoplakia ဆိုတာ ပါးစောင်၊ သွားဖုံးနဲ့ လျှာတွေမှာ ထူပြီးအဖြူရောင်ရှိတဲ့အကွက်တွေဖြစ်နေတာပါ။ ဒီအကွက်တွေဟာ ဆဲလ်ကြီးထွားမှုက လိုအပ်သည်ထက်ပိုနေတာကြောင့်ဖြစ်ရတာဖြစ်ပြီး ဆေးရွက်ကြီးအသုံးပြုသူတွေမှာ အဖြစ်များပါတယ်။ သူတို့ဟာ သွားတု၊အံကပ်တပ်ထားတာအံမဝင်တာတွေ သို့မဟုတ် ပါးစောင်ထဲထည့်ပြီးဝါးနေတတ်တဲ့အလေ့အထတွေ ကြောင့်လည်းဖြစ်တတ်ပါသေးတယ်။ တစ်ခါတလေမှာ leukoplakia က ခံတွင်းကင်ဆာနဲ့လည်းဆက်စပ်နေတတ်ပါသေးတယ်။ အဖြူကွက်တွေက အတော်ကိုဆိုးရွားနေတဲ့ပုံပေါ်ရင်တော့ သွားဆရာဝန်က အသားစကို ဓါတ်ခွဲစမ်းသပ်စစ်ဆေးခိုင်းပါလိမ့်မယ်။ သွားဆရာဝန်က အနာနဲ့ ရလာတဲ့အသားစ စစ်ချက်ကို စစ်ဆေးပြီးတဲ့အခါမှာ ရောဂါကိုဘယ်လိုထိန်းချုပ်ရမလဲ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ကုသမှုတွေဟာ အနာဖြစ်စေတဲ့အချက်အလက်တွေကို ဖယ်ရှားခြင်းနဲ့ စတင်ရမှာပါ။ ဥပမာ-ဆေးရွက်ကြီးဖြတ်ခိုင်းခြင်းနဲ့ တပ်ထားတာအဆင်မပြေတဲ့ သွားတုတွေ အံကပ်တွေကိုပြန်လည်ပြင်ဆင်ပေးခြင်း စတဲ့အချက်တွေနဲ့ အစပြုပါလိမ့်မယ်။ လက္ခဏာများLeukoplakia (အာခံတွင်း အဖြူကွက်) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Leukoplakia ဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ဖြစ်ပေါ်နိုင်ပါတယ်။ အပြောင်းအလဲတွေက များသောအားဖြင့် သွားဖုံး၊ ပါးစောင်၊ […]


အခြားခံတွင်းရောဂါ ပြဿနာများ

မက် အင်ဖက်တမင်း/ယာဘ စိတ်ကြွဆေးကြောင့်ဖြစ်သော ခံတွင်းပြဿနာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်Meth Mouth (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေးကြောင့် ဖြစ်သော ခံတွင်း ပြဿနာ) ဆိုတာဘာလဲ။ Meth Mouth ဆိုတာ တရားဝင်မဟုတ်ဘဲ ပြင်းထန်စွာစွဲလမ်းစေတတ်တဲ့ ဆေးတစ်မျိုးဖြစ်တဲ့ methamphetamine (မက်အင်ဖက်တမင်း ယာဘဆေး) ကြောင့်ဖြစ်တဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးပျက်စီးခြင်းလို့သတ်မှတ်လို့ရပြီး ဒါက ဆေးသုံးစွဲသူတွေကို ပေးနိုင်တဲ့ ဆိုးရွားတဲ့ဆိုးကျိုးသက်ရောက်မှုတွေထဲက တစ်ခုပါပဲ။ Methamphetamine ဆိုတာ ဗဟိုအာရုံကြောစနစ်ကို ပိုပြီးတက်ကြွအောင်လှုံ့ဆော်ပေးနိုင်တဲ့စွမ်းအင်ပြည့် စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီး အသက်ရှူမဝခြင်း၊ ကိုယ်အပူချိန်မြင့်မားခြင်း၊ အော်ကလီဆန်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း၊ သွေးဖိအားမြင့်မားခြင်း၊ ရာသက်ပန်ဦးနှောက်ပျက်စီးခြင်း နဲ့ သွားပျက်စီးနိုင်ခြင်း စတာတွေဖြစ်စေတတ်ပါတယ်။ လက္ခဏာများMeth Mouth ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Methamphetamine (မက်အင်ဖက်တမင်း ယာဘ စိတ်ကြွဆေး) သုံးစွဲခြင်းဟာ ခံတွင်းကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ မှတ်တမ်းတွေမှာတော့ ငယ်စဉ်ကလေးဘဝတုန်းက သွားပိုးစားတဲ့ပုံစံမျိုး ခုချိန်မှာလည်းသွားပိုးစားခြင်းကပြန့်နှံ့နေရင် […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းအနာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်။Mouth Sores (ခံတွင်းအနာ) ဆိုတာ ဘာလဲ။ • ခံတွင်းကျန်းမာရေးဆိုတာ သွားတွေအတွက်ပဲရည်ရွယ်တာမဟုတ်ပါဘူး။ ပါးစပ်တစ်ဝိုက် သို့မဟုတ် အတွင်းထဲမှာလည်း အနာတွေဖြစ်ပေါ်တတ်ပါတယ်။ ကံကောင်းတာကတော့ သူတို့ဟာ ရက်သတ္တ တစ်ပတ် သို့မဟုတ် ၂ပတ်အတွင်းမှာ အလိုလိုပျောက်ကင်းသွားနိုင်တာပါပဲ။ ခံတွင်းနာကျင်မှုတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပြီး အကြောင်းရင်းတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ • ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေမှ ကူးစက်ခြင်း • လျော့ရိလျော့ရဲဖြစ်နေသော သွားညှိ နန်းကြိုးတွေကြောင့် နာကျင်ခြင်း၊ သွားတု သို့မဟုတ် အံကပ်က အံဝင်ခွင်ကျမဖြစ်ခြင်း သို့မဟုတ် သွားအကျိုးသို့မဟုတ် ဖာထားတဲ့သွားရဲ့ ထက်ရှတဲ့အစွန်းတွေကြောင့် နာကျင်ခြင်း • ရောဂါတစ်ခုခုရဲ့ လက္ခဏာ စတဲ့အကြောင်းရင်းတွေပါဝင်ပါတယ်။     လက္ခဏာများခံတွင်းအနာများ ၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အောက်ပါအချက်တွေ သင့်မှာဖြစ်နေပြီဆိုရင် ခံတွင်းထဲမှာအနာရှိနေပါပြီ။ • နာကျင်နေတဲ့ အနာ သို့မဟုတ် ပါးစပ်ထဲမှာ၊ လျှာပေါ်မှာ၊ အာခေါင်ပျော့မှာ ၊ဒါမှမဟုတ် ပါးအတွင်းဘက်မှာ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ခံတွင်းကင်ဆာ ကို ဘယ်လိုကာကွယ်ကြမလဲ

မြန်မာနိုင်ငံလို ကွမ်းစားများ၊ ဆေးလိပ်သောက်များတဲ့ နိုင်ငံမှာ ခံတွင်းကင်ဆာ ဖြစ်တဲ့သူ မရှားပါဘူး။ ဒါကြောင့် သူ့အကြောင်းနဲ့ ဖြစ်တတ်တဲ့ လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။ ခံတွင်းကင်ဆာ ဆိုတာ ဘာလဲ။ ခံတွင်းကင်ဆာဆိုတာ လျှာ၊ ပါးစပ်၊ နှုတ်ခမ်း သို့မဟုတ် သွားဖုံးမျက်နှာပြင်တွေကနေ အကျိတ်တွေ ထွက်လာခြင်းကို ခေါ်ပါတယ်။ ဒီအကျိတ်တွေဟာ တံတွေးဂလင်းတွေ၊ အာသီးနဲ့ pharynx (ပါးစပ်ကနေ လေပြွန်ထိရှိတဲ့ လည်ချောင်းအစိတ်အပိုင်း)တွေကနေလည်း ထွက်ပေါ်လာတတ်ပေမယ့် ဒါတွေက အဖြစ်နည်းပါတယ်။ ခံတွင်းကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ခံတွင်းကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့ အချိန်ကြာကြာ လည်ချောင်းနာပြီး မပျောက်တာ နှုတ်ခမ်းအနားသတ်မှာရှိတဲ့အသားတွေ ထူလာခြင်း၊ ဖောင်းလာခြင်း ပါးစပ်တွင်းမှာ အဖြူရောင် သို့မဟုတ် အနီရောင်အကွက်တွေ ဖြစ်နေခြင်း သွားကျွတ်ခြင်း သွားတု၊ အံကပ်များ လျော့ရဲလာခြင်း လျှာနာခြင်း မေးရိုးနာကျင်ခြင်း သို့မဟုတ် တင်းကျပ်နေခြင်း ဝါးရာမှာခက်ခဲခြင်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

အမွေးထူပြီး မဲနေသော လျှာ

အဓိပ္ပါယ်ဖွင့်ဆိုချက်အမွေးထူပြီး မဲနေသော လျှာဆိုတာ ဘာလဲ။ Black hairy tongue (အမွေးထူပြီး မဲနေသော လျှာ) ဆိုတာ အန္တရာယ်မရှိတဲ့ ခံတွင်းပိုင်းဆိုင်ရာ ယာယီပြဿနာတစ်ခုပါ။ အဲဒီအခြေအနေမှာ သင့်လျှာဟာ မည်းမှောင်တဲ့အမွှေးမျှင်တွေနဲ့ ဖုံးအုပ်ထားသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းကတော့ သင့်လျှာပေါ်မှာ ရှိတဲ့အဖုလေးတွေအပေါ်မှာ (ရသာခံဖုလေးတွေ အပါအဝင်) အများအပြားပေါ်ထွက်လာတဲ့ ဆဲလ်အသေလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပုံမှန်ထက် အနည်းငယ်ပိုရှည်နေတဲ့ အဖုလေးတွေပေါ်မှာ ဆေးရွက်ကြီး၊ ဘက်တီးရီးယားနဲ့ အမြှုပ်တွေဟာ ပုံမှန်ထက် ကြာမြင့်စွာ တည်ရှိတတ်ပါတယ်။ Black hairy tongue ရဲ့ပုံစံဟာ အန္တရာယ်များသလို ထင်ရပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ များသောအားဖြင့် သင်ဟာ နာကျင်မှုတောင် မခံစားရပါဘူး။ ဒီပြဿနာဟာ အများအားဖြင့် ကုသမှုခံယူစရာ မလိုဘဲ အလိုအလျောက် ပျောက်ကင်းလေ့ရှိပါတယ်။ လက္ခဏာများBlack hairy tongue (အမွေးထူပြီး […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ် အပူလောင်သလို ခံစားရသော ပြဿနာစု

အဓိပ္ပါယ်ဖွင့်ဆိုချက်Burning Mouth Syndrome ကဘာလဲ။ Burning Mouth Syndrome ဆိုတာ လူနာအများစုက သူတို့ပါးစပ်တွေအပူလောင်နေသလိုခံစားနေရတယ်လို့ဖော်ပြလေ့ရှိပြီး ပါးစပ်တွင်း ပုံမှန်ခံစားမှုမရှိခြင်းလို့ သတ်မှတ်ကြတဲ့ အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ များသောအာဖြင့် ဒီလိုခံစားမှုဟာ ပါးစပ်ရဲ့အရှေ့ပိုင်းမှာဖြစ်လေ့ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ နှုတ်ခမ်းအတွင်းသားမျက်နှာပြင်တွေမှာ၊ အာခေါင်ပေါ်မှာ နဲ့ လျှာထိပ်နဲ့ဘေးတွေမှာ ခံစားရလေ့ရှိပါတယ်။ အချို့လူနာတွေက လျှာမှာပဲဖြစ်တတ်ပေမယ့် ဖော်ပြပါနေရာတွေအားလုံးမှာဖြစ်ကြတာမျိုးလည်း တွေ့ရတတ်ပါတယ်။ အချို့လူနာတွေကတော့ အရသာခံအာရုံဆုံးရှုံးသွားတတ်တာ သို့မဟုတ် အရသာပြောင်းပြီးရနေတာမျိုး (ခါးတာလို သို့မဟုတ် ဆားငန် တာလိုအရသာမျိုး) ဖြစ်တတ်ပါတယ်။ အခြားလူနာတွေကတော့ သူတို့ပါးစပ်ဟာ ခြောက်ကပ်နေတာ ဒါမှမဟုတ် ကပ်စေးစေးဖြစ်နေတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုမျိုးတွေခံစားနေရပေမယ့်လည်း ပါးစပ်နံရံတွေကတော့ ပုံမှန်အတိုင်းလိုဖြစ်နေမှာပါ။ လက္ခဏာများBurning Mouth Syndrome ရဲ့လက္ခဏာတွေကဘာတွေလဲ ဒီရောဂါအဖြစ်များတဲ့လူတွေကတော့ သွေးဆုံးပြီးအမျိုးသမီးတွေပါ။ သင့်မှာလည်း လျှာ၊အာခေါင်၊နှုတ်ခမ်း၊ သွားဖုံးတွေ သို့မဟုတ် ပါးစောင်တွေမှာ ပူလောင်နေတဲ့ခံစားချက်မျိုးရနေတာလည်း […]


အခြားခံတွင်းရောဂါ ပြဿနာများ

ကျိုင်းအနာ Canker sore

အဓိပ္ပါယ်ဖွင့်ဆိုချက်Canker sore (ကျိုင်းအနာ)ကဘာလဲ။ Aphthous ulcers လို့ခေါ်တဲ့ canker sores တွေဟာ သေးငယ်ပြီး တိမ်တဲ့အနာတွေဖြစ်ပြီး ခံတွင်းရဲ့ပျော့ပျောင်းတဲ့တစ်သျှူးတွေ (soft tissues)နဲ့ သွားဖုံးအောက်ခြေမှာဖြစ်တတ်ပါတယ်။ ဒီအနာတွေဖြစ်ရင် နာကျင်ပြီး စားသောက်ခြင်းနဲ့စကားပြောခြင်းတွေမှာ အခက်အခဲတွေ့ရတတ်ပါတယ်။ သူတို့ဟာ ထိတွေ့ရုံနဲ့ မကူးစက်နိုင်ဘဲ အနာတစ်ခုတည်းဖြစ်စေ အများကြီးဖြစ်စေ ပေါက်တတ်ပါတယ်။ Canker sore (ကျိုင်းအနာ)က ဘယ်လောက်အဖြစ်များသလဲ လူတိုင်းမှာ canker sores ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ တွေ့ရတာပိုများပြီး အမျိုးသမီးတွေမှာပိုပြီးအဖြစ်များပါတယ်။ ရှုပ်ထွေးတဲ့canker sores (complex canker sores)တွေဟာ ရှားပါးပေမယ့် ရိုးရိုးကျိုင်းအနာဖြစ်ဖူးသူတွေမှာတော့ ဖြစ်နိုင်ချေပိုများပါတယ်။ လက္ခဏာများCanker sore (ကျိုင်းအနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ Canker sores တွေဟာ လုံးဝန်းတာသို့မဟုတ် ဘဲဥပုံရှိပြီး အလယ်မှာ အဖြူရောင်သို့မဟုတ် အဝါရောင်ဖြစ်နေကာ အနားသတ်တွေကတော့ နီရဲနေတတ်ပါတယ်။ […]


သွားပြဿနာများ

သွားပိုးပေါက်များ

အဓိပ္ပါယ်ဖွင့်ဆိုချက်သွားပိုးပေါက်ဆိုတာ ကဘာလဲ။ သွားပိုးပေါက် သို့မဟုတ် သွားပျက်စီးခြင်း ဆိုတာ သွားရဲ့မာကြောတဲ့အပေါ်ယံလွှာ ကြွေလွှာ ပျက်စီးခြင်းကိုဆိုလိုပါတယ်။ သွားပိုးပေါက်ဆိုတာကတော့ သွားထဲမှာ အပေါက်သေးသေးလေးဖြစ်နေတာပါ။ သွားပိုးပေါက် က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသားလူတွေထိ ဒီပြဿနာကို ကြုံနိုင်ပါတယ်။ လက္ခဏာများသွားပိုးပေါက်ရဲ့လက္ခဏာတွေကဘာတွေလဲ သွားပိုးပေါက်တွေရဲ့ လက္ခဏာနဲ့ သင်္ကေတတွေဟာ သူတို့ရဲ့တည်နေရာနဲ့ ဧရိယာပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားပါတယ်။ သွားပိုးပေါက်တွေစဖြစ်လာပြီဆိုရင်လည်း ဘာလက္ခဏာမှပြဦးမှာမဟုတ်သေးပါဘူး။ ပျက်စီးမှုတွေပိုကြီးလာပြီဆိုရင်တော့ အောက်ပါအချက်တွေဖြစ်နိုင်ပါတယ်။ • သွားနာခြင်း • သွားကို အထိမခံနိုင်ခြင်း • အချို ၊ အပူ သို့မဟုတ် အအေး တစ်ခုခု စားတဲ့အချိန်မှာ အနည်းငယ်နာကျင်တာကနေ စူးစူးရှရှနာကျင်တာမျိုးထိဖြစ်နိုင်ခြင်း • သွားမှာမြင်နိုင်တဲ့အပေါက်တွေရှိနေခြင်း • အညိုရောင်၊အမဲရောင် သို့မဟုတ် အဖြူရောင်အစွန်းများ သွားပေါ်တွင်ကျန်ရှိနေခြင်း • ကိုက်လိုက်တာနဲ့ နာကျင်မှုကိုခံစားရခြင်း အထက်မှာဖော်ပြထားတဲ့အချက်တွေမဟုတ်ဘဲ အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့သင့်မှာလက္ခဏာတစ်ခုခုရှိနေတယ်လို့ထင်နေရင် ဆရာဝန် သို့မဟုတ် ဆေးပညာဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင်က သွားပိုးပေါက်တွေဖြစ်နေပြီဆိုတာ သိဦးမှာတော့မဟုတ်ပါဘူး။ ဒါကြောင့် ခံတွင်းက […]


အခြားခံတွင်းရောဂါ ပြဿနာများ

သွားကျန်းမာရေး - နှုတ်ခမ်းကွဲ၊အာခေါင်ကွဲခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း ကဘာလဲ။ နှုတ်ခမ်းကွဲခြင်းဆိုတာ မွေးကတည်းက အပေါ်နှုတ်ခမ်း ၂ခြမ်းဟာ စေ့မနေဘဲ ကွဲနေတာကိုခေါ်ပါတယ်။ မမွေးဖွားလာခင်ကတည်းက ကွဲနေတာပါ။ အလားတူကိစ္စမျိုး အာခေါင်မှာလည်းဖြစ်တတ်ပါတယ်။ နှုတ်ခမ်းကွဲခြင်းနှင့် အာခေါင်ကွဲခြင်းဟာ တစ်ခုစီလည်းဖြစ်တတ်သလို လူတစ်ယောက်တည်းမှာ ၂မျိုးလုံးဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးဟာ အစောပိုင်းသန္ဓေသားဖွံ့ဖြိုးစဉ်ကာလမှာတည်းက ဖြစ်တာပါ။ ခုလို အင်္ဂါမစုံမှုဟာ မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်တတ်သလို ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်နဲ့ပတ်ဝန်းကျင်ဆိုင်ရာထိတွေ့မှုတွေ ထိခိုက်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာများနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခြင်း ရဲ့လက္ခဏာတွေကဘာတွေလဲ အများအားဖြင့်တော့ နှုတ်ခမ်းကွဲ အာခေါင်ကွဲတာတွေဟာ မွေးမွေးချင်းကိုသိနိုင်ပါတယ်။ အောက်ဖော်ပြပါ ပုံစံတွေအတိုင်း ဖြစ်ပေါ်နိုင်ပါတယ်။ • နှုတ်ခမ်းနဲ့အာခေါင်မှာဖြစ်နေတဲ့ကွဲကြောင်းဟာ မျက်နှာတစ်ခြမ်းတည်းမှာရော နှစ်ခြမ်းလုံးမှာပါ ဖြစ်နိုင်ပါတယ်။ • နှုတ်ခမ်းအကွဲကတော့ နှုတ်ခမ်းမှာVပုံသဏ္ဍာန်ကွဲကြောင်းအသေးလေးဖြစ်နိုင်သလို နှုတ်ခမ်းကနေ အပေါ်သွားဖုံးနဲ့ နှာခေါင်းအောက်ထိလည်းရှည်လျားနိုင်ပါတယ်။ • အာခေါင်ကွဲတာကတော့ မျက်နှာအသွင်အပြင်ကို မထိခိုက်နိုင်ပါဘူး အချို့ဖြစ်ရပ်အနည်းစုမှာ ကွဲကြောင်းဟာ အာခေါင်ပျော့ရဲ့ကြွက်သားတွေမှာပဲပေါ်တတ်ပါတယ်။ (submucous cleft palate)။ အာခေါင်ပျော့ဆိုတာကတော့ ပါးစပ်အနောက်နားမှာရှိတာပါ။ ဒီလိုကွဲတဲ့ပုံစံကတော့ […]


အခြားခံတွင်းရောဂါ ပြဿနာများ

ပါးစပ်နာ

အဓိပ္ပါယ်ဖွင့်ဆိုချက် ပါးစပ်နာ (Cold sore) ဆိုတာဘာလဲ။ Cold sore (ပါးစပ်နာ) ဆိုတာက ပါးစပ်မှာအနာဖြစ်ခြင်း ဖြစ်ပါတယ်။ သူ့ကို fever blister အပူဖု လို့ လည်း ခေါ်ကြပါတယ်။ ဒီရောဂါက ရေယုန်ဗိုင်းရပ်စ် အမျိုးအစား ၁ ကူးစက်မှုကြောင့်ဖြစ်ပွားခြင်းဖြစ်ပါတယ်။ သင့်မှာဒီ ဗိုင်းရပ်စ်မျိုးရှိနေပြီဆိုရင် သူကသင်နဲ့အကြာကြီးနေတော့မှာပါ။ ပါးစပ်နာ တွေက ထိတွေ့ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ရောဂါပါ။ ရောဂါလက္ခဏာတွေကို ချက်ချင်းမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ရက်အနည်းငယ်ကြာမှပြတတ်ပါတယ်။ ရောဂါကုသပျောက်ကင်းသွားပြီးရင်တောင်မှ သင့်ဘဝတစ်လျှောက်လုံးမှာ ခဏခဏပြန်ပေါ်လာနိုင်ပါတယ်။ လက္ခဏာများပါးစပ်နာ (Cold sore) ရဲ့လက္ခဏာတွေကဘာတွေလဲ ပါးစပ်နာ တွေဟာများသောအားဖြင့် အဆင့်လိုက် ကြီးထွားလာတာပါ။ • နှုတ်ခမ်းတစ်ဝိုက်မှာ ယားယံခြင်းသို့မဟုတ် တဆစ်ဆစ်ဖြစ်နေခြင်းကိုခံစားနေရပါလိမ့်မယ်။ • ရက်အနည်းငယ်ကြာတဲ့အခါမှာ သေးငယ်မာကြောပြီး နာကျင်စေတဲ့ဖုလေးတွေထွက်ပေါ်လာပါလိမ့်မယ်။ များသောအားဖြင့်ဒါက ပါးစပ်တစ်ဝိုက်မှာသာဖြစ်တတ်ပြီး တစ်ခါတလေမှာတော့ နှာခေါင်းနဲ့ပါးတွေမှာပါဖြစ်တတ်ပါတယ်။ အချို့တွေက စုပေါက်နေပြီးအရည်ကြည်တွေဖြစ်နေတတ်ပါတယ်။ • အဖုလေးတွေဟာ ရက်အနည်းငယ်အကြာ သို့မဟုတ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း