backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သွားပိုးပေါက်များ


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွားပိုးပေါက်များ

အဓိပ္ပါယ်ဖွင့်ဆိုချက်

သွားပိုးပေါက်ဆိုတာ ကဘာလဲ။

သွားပိုးပေါက် သို့မဟုတ် သွားပျက်စီးခြင်း ဆိုတာ သွားရဲ့မာကြောတဲ့အပေါ်ယံလွှာ ကြွေလွှာ ပျက်စီးခြင်းကိုဆိုလိုပါတယ်။ သွားပိုးပေါက်ဆိုတာကတော့ သွားထဲမှာ အပေါက်သေးသေးလေးဖြစ်နေတာပါ။

သွားပိုးပေါက် က ဘယ်လောက်အဖြစ်များသလဲ

ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသားလူတွေထိ ဒီပြဿနာကို ကြုံနိုင်ပါတယ်။

လက္ခဏာများ

သွားပိုးပေါက်ရဲ့လက္ခဏာတွေကဘာတွေလဲ

သွားပိုးပေါက်တွေရဲ့ လက္ခဏာနဲ့ သင်္ကေတတွေဟာ သူတို့ရဲ့တည်နေရာနဲ့ ဧရိယာပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားပါတယ်။ သွားပိုးပေါက်တွေစဖြစ်လာပြီဆိုရင်လည်း ဘာလက္ခဏာမှပြဦးမှာမဟုတ်သေးပါဘူး။ ပျက်စီးမှုတွေပိုကြီးလာပြီဆိုရင်တော့ အောက်ပါအချက်တွေဖြစ်နိုင်ပါတယ်။

• သွားနာခြင်း

• သွားကို အထိမခံနိုင်ခြင်း

• အချို ၊ အပူ သို့မဟုတ် အအေး တစ်ခုခု စားတဲ့အချိန်မှာ အနည်းငယ်နာကျင်တာကနေ စူးစူးရှရှနာကျင်တာမျိုးထိဖြစ်နိုင်ခြင်း

• သွားမှာမြင်နိုင်တဲ့အပေါက်တွေရှိနေခြင်း

• အညိုရောင်၊အမဲရောင် သို့မဟုတ် အဖြူရောင်အစွန်းများ သွားပေါ်တွင်ကျန်ရှိနေခြင်း

• ကိုက်လိုက်တာနဲ့ နာကျင်မှုကိုခံစားရခြင်း

အထက်မှာဖော်ပြထားတဲ့အချက်တွေမဟုတ်ဘဲ အခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့သင့်မှာလက္ခဏာတစ်ခုခုရှိနေတယ်လို့ထင်နေရင် ဆရာဝန် သို့မဟုတ် ဆေးပညာဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်က သွားပိုးပေါက်တွေဖြစ်နေပြီဆိုတာ သိဦးမှာတော့မဟုတ်ပါဘူး။ ဒါကြောင့် ခံတွင်းက လုံးဝကောင်းတယ်လို့ထင်ရင်တောင်မှ သွားကိုပုံမှန်စစ်ဆေးဖို့နဲ့ သန့်စင်ပေးနေဖို့က အရေးကြီးတာပါ။ ဒါပေမယ့် သွားကိုက်တာ သို့မဟုတ် ပါးစပ်နာတာမျိုးဖြစ်ခဲ့ရင် အမြန်ဆုံး သွားဆရာဝန်နဲ့တွေ့ပါ။

အကြောင်းရင်းများ

သွားပိုးပေါက် ကိုဘာတွေကဖြစ်စေသလဲ

သွားမှာကပ်နေတဲ့ ဘက်တီးရီးယားတွေပါဝင်တဲ့စေးကပ်တဲ့အလွှာဟာ သွားပေါ်မှာ ပုံမှန်ဖြစ်ပေါ်နေပါတယ်။ သကြားပါဝင်တဲ့ အစားအသောက်တွေကို စားလိုက်သောက်လိုက်ရင် ဖော်ပြပါအလွှာက ဘက်တီးရီးယားတွေဟာ အက်ဆစ်ကိုထုတ်ပေးပြီး သွားရဲ့ ကြွေလွှာကိုပျက်စီးစေပါတော့တယ်။ ဒီအလွှာရဲ့ စေးကပ်မှုက အက်ဆစ်နဲ့ သွားထိတွေ့မှုကို ထိန်းထားနိုင်ပြီး အချိန်ကြာလာတဲ့အခါမှာတော့ ကြွေလွှာပျက်စီးသွားပါတော့တယ်။ ဒီအချိန်မှာ သွားပိုးပေါက်တွေဖြစ်လာတော့တာပါပဲ။

ကာကွယ်ခြင်းနှင့် ကုသမှု

သွားပိုးပေါက် ကို ဘယ်လိုကာကွယ်ပါသလဲ

အောက်ပါအချက်များကိုလိုက်နာခြင်းဖြင့် သွားပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

• ဖလိုရွိုက်ပါဝင်တဲ့သွားတိုက်ဆေးနဲ့ တစ်ရက် ၂ကြိမ်သွားတိုက်ပါ။

• သွားကြားတွေကို သွားပွတ်ကြိုး သို့မဟုတ် သွားအတွင်းသန့်စင်ပစ္စည်းကိုအသုံးပြုပြီး သန့်စင်ပေးပါ။

• ညီညွတ်မျှတပြီး အာဟာရပြည့်သော အစာများကိုစားပြီး သွားရည်စာများကို ကန့်သတ်ထားပါ။

• သွားတွေကိုသန်မာစေတဲ့ ဖြည့်စွက် fluorideအသုံးပြုခြင်းနဲ့ (သွားတွေစပြီးပျက်စီးတတ်တဲ့နေရာဖြစ်တဲ့) အံသွားတွေရဲ့ ကြိတ်ဝါးတဲ့မျက်နှာပြင်ပေါ်မှာ dental sealants (ပလတ်စတစ်အကာ) တွေတပ်ထားခြင်းကို သွားဆရာဝန်နဲ့စစ်ဆေးပါ။

• စနစ်တကျ သန့်စင်ခြင်းနဲ့ ခံတွင်းစစ်ဆေးခြင်းပြုလုပ်နိုင်ဖို့ သွားဆရာဝန်ဆီ ပုံမှန်သွားပါ။

သွားပိုးပေါက် ကို ဘယ်လိုကုသပါသလဲ

• Fluoride နဲ့ကုသခြင်းခံယူပါ။ သွားဆရာဝန်ကတော့ ပုံမှန်ဖလိုရွိုက်ကုသမှုကို အကြံပြုပါလိမ့်မယ်။ အထူးသဖြင့် ဖလိုရွိုက်ပါဝင်တဲ့သောက်ရေကိုသောက်တာနဲ့ အခြားအရာတွေကိုလုပ်ပြီးတာတောင် သင့်မှာ ဖလိုရွိုက် ဓါတ် လုံလောက်မှုမရှိရင်ပေါ့။

• ပိုးသတ်ဆေးနဲ့ကုသမှုကိုတောင်းဆိုပါ။ အထူးသဖြင့် သင်ကသွားပျက်စီးနိုင်ချေ မြင့်မားတဲ့သူဆိုရင် (ဥပမာ-ကျန်းမာရေးအခြေအနေအရ ) သင့်ရဲ့သွားဆရာဝန်က ပိုးသတ်ဆေးများပါဝင်သော အထူး အာလုပ်ကျင်းဆေးရည် သို့မဟုတ် ခံတွင်းထဲက အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖျက်ဆီးဖို့ အခြားကုသမှုတွေကို အကြံပြုပေးပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement