ခန္ဓါကိုယ်ကို စစ်ဆေးခြင်း။
– လိင်တံအရွယ်အစားကို တိုင်းတာတဲ့ အပြင်ကို ဆရာဝန်အနေနဲ့ တစ်ခြားဝေဒနာတွေ ဖြစ်တဲ့ အဆီပိုတွေနဲ့ တစ်ခြား ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။
သွေးတွင်းစစ်ဆေးမှုများ။
ဒီစစ်ဆေးမှုတွေက ကလေးရဲ့ သွေးအတွင်း ဟော်မုန်းပမာဏတွေကို သိရှိစေနိုင်ပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးမှုတွေကလည်း ကလေးရဲ့ ဇီဝလိင်အမျိုးအစားတွေကို သိရှိစေနိုင်ပါတယ်။ ရှားပါးဖြစ်စဉ်တွေမှာတော့ Micropenis ဝေဒနာ ရှိတယ်လို့ ထင်ရတဲ့သူတွေဟာ တကယ်တမ်း လိင်အမျိုးအစား ၂ ခုလုံးရှိနေသူ ဖြစ်နေနိုင်သလို
ခရိုမိုဆုန်း ပုံမမှန်လို့ လည်း ဖြစ်နိုင်ပါတယ်။
– ပုံရိပ်ဖော်စစ်ဆေးမှုများ။
ဆရာဝန်တွေအနေနဲ့ လိင်အင်္ဂါတွေနဲ့ အနီးပတ်လည်က အစိတ်အပိုင်းတွေ တည်ဆောက်ပုံကို ကြည့်ရှုဖို့အတွက် တင်ပါးဆုံ တစ်ဝိုက် Ultra sound နဲ့ MRI scan တွေကို အသုံးပြုနိုင်ပါတယ်။
Mircropenis နဲ့ ပတ်သက်ပြီး နောက်ထပ် မှားတတ်ကြတဲ့အရာတစ်ခုကတော့
တစ်ခြားအနေတွေကြောင့် လိင်တံကပုံမှန်ထက် သေးတဲ့ပုံပေါက်ပြီး ဒါကို Micropenis ဖြစ်နေတယ်လို့ ထင်တတ်ကြတာပါပဲ။ ဒီအခြေအနေတွေက လိင်တံထိပ်ငုံ အရေပြား ဖြတ်အပြီးမှာ ဖြစ်တတ်ပါတယ်။
Micropenis နဲ့ ဆင်တဲ့ တစ်ခြားဝေဒနာတွေကတော့
အဆီတွေနဲ့ မြုပ်နေတဲ့ လိင်တံ (Buried Penis) – ဗိုက်မှအဆီတွေက လိင်တံရဲ့တကယ်အစစ်အမှန် အရွယ်အစားကို ဖုံးနေတဲ့ ဝေဒနာမျိုး ဖြစ်ပါတယ်။
တွယ်ကပ်နေသော လိင်တံ – ကပ်ပယ်အိတ်နဲ့ လိင်တံအကြား အရေပြားအပိုတစ်ခု တွယ်ကပ်နေတဲ့ အခါမှာ ဖြစ်ပွားတတ်တဲ့ ဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။
ပိတ်မိနေသော လိင်တံ – လိင်တံပတ်လည်တစ်လျှောက်မှာ လုံလောက်တဲ့ အရေပြား မရှိနေတဲ့ ဝေဒနာတွေ ဖြစ်ပါတယ်။
ကုသမှုများ။
ကုသမှုတွေအနေနဲ့ လူနာတွေရဲ့ လိင်တံအရွယ်အစားပိုကြီးပြီး
လုပ်ဆောင်မှုတွေ ပုံမှန် လုပ်ဆောင်နိုင်တဲ့ လိင်တံ ဖြစ်လာဖို့ကို အဓိက ရည်ရွယ်ထားကြပါတယ်။ Micropenis ဖြစ်စဉ်အတွက် ဆရာဝန်တွေ ကုသပေးမယ့် ကုသမှုတွေက
ဟော်မုန်းကုသမှုများ။
မွေးကင်းစမှာ တက်စတိုစတီရုန်း ခရင်မ်တွေ လိမ်းပေးခြင်း၊ တက်စတိုစတီရုန်းဆေးများ ထိုးသွင်းခြင်းက လိင်တံအရွယ်အစားကို ကြီးလာစေနိုင်ပါတယ်။ ဒီလို တက်စတိုစတီရုန်း ကုသမှုတွေက လူပျိုပေါက် အရွယ်ရောက်ပြီးမှ ကုသတာထက်စာရင် မရောက်ခင်ကုသတာထက် ပိုပြီး ထိရောက်ပါတယ်။ ဆရာဝန်တွေအနေနဲ့ တက်စတိုစတီရုန်း ကုသမှုပေးလိုက်တဲ့အခါ လိင်တံက ၃.၅ စင်တီမီတာ ခန့်ပိုရှည်လာရင်
ဒါကုသမှုက ထိရောက်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒီလို ဟော်မုန်းကုသမှုတွေက ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကုသမှု ခံယူနိုင်ဖို့ အတွက် လူတစ်ယောက်အနေနဲ့လည်း တိကျတဲ့ စမ်းသပ်မှုအရင် ခံယူဖို့လည်း လိုပါတယ်။
ခွဲစိတ်မှုများ။
အကယ်၍ ဟော်မုန်း ကုသမှုတွေက အလုပ်မဖြစ်ဘူးဆိုရင်
လိင်တံကို ခွဲစိတ်နိုင်ပါတယ်။ ဆရာဝန် အနေနဲ့ ခွဲစိတ်မယ်ဆိုရင် လိင်တံထည့် ခန္ဓါကိုယ်တွင်းထည့်ပစ္စည်း Implant ကို ထည့်သွင်းခြင်းဖြင့် လိင်တံကို မူလထက်ကြီးတဲ့ ပုံပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုခွဲစိတ်မှုတွေဟာ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေများပါတယ်။
Micropenis က လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သလား။
Micropenis ရှိတဲ့ လူအများစုက ပုံမှန် လိင်ကိစ္စတွေကို လုပ်ဆောင်နိုင်ကြပါတယ်။ Mircopenis ရှိရုံနဲ့ ဆီးသွားနိုင်စွမ်း၊ တစ်ကိုယ်ရည်အာသာဖြေနိုင်စွမ်း၊ လိင်စိတ်အထွတ်ထိပ်ရောက်နိုင်စွမ်းကို မထိခိုက်ပါဘူး။ ဒါပေမဲ့ တစ်ချို့သူတွေအနေနဲ့ မတ်တပ်ရပ်သေးပေါက်ဖို့ ခက်ခဲနိုင်ပါတယ်။
ဒါ့အပြင် လိင်အင်္ဂါအရွယ်အစားကို လိင်ဆက်ဆံချိန်နေချိန်မှာ စိုးရိမ်နေခြင်းက လိင်မှုရဲ့ကျေနပ်မှု အပြည့်အဝခံနိုင်စွမ်းကိုလျှော့ကျစေနိုင်ပါတယ်။ Micropenis ကို ခွဲစိတ်မှု ခံယူပြီးထားတဲ့ သူတွေတောင် သူတို့ရဲ့ လိင်အင်္ဂါ အရွယ်အစားကို မကျေနပ်ကြပါဘူး။ ဒါပေမဲ့ လေ့လာချက်အတွေအရ Mircopenis ရှိသူတွေဟာ ပုံမှန် လိင်ပိုင်းဆိုင်ရာ ပုံစံနဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်ပါသေးတယ်။ ဒီလိုမျိုး ဖြစ်နေတဲ့သူတွေအနေနဲ့တော့ အကြံပေးတိုင်ပင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကုသမှု ခံယူနိုင်ပါတယ်။
Micropenis ဆိုတာ အမျိုးသားတစ်ယောက်ရဲ့ SPL က 9.32 စင်တီမီတာ (3.67 လက်မ) နဲ့ အောက် ရှိနေတဲ့ လိင်တံကိုခေါ်တာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တက်စတိုစတီရုန်းချို့ယွင်းမှုကြောင့် Micropenis ဖြစ်ရတာ ဖြစ်ပြီး မျိုးရိုးဗီဇမူမမှန်မှုတွေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့်လည်း ဒီဝေဒနာ ဖြစ်နိုင်ပါတယ်။ Micropenis ကို ကလေးငယ်ဘဝမှာ တွေ့ရှိကာ ကုသရလေ့ရှိပြီး ကလေးဘဝမှာ တက်စတိုစတီရုန်း ကုသမှု ခံယူမယ်ဆိုရင် ရလာဒ်ကောင်းလေ့ရှိပါတယ်။ Micropenis ရှိတဲ့ လူတစ်ယောက်ဟာ သာမန်လိင်တံအရွယ်အစားတော့ရှိမှာ မဟုတ်ပေမဲ့ ဒါက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကို မထိခိုက်ပါဘူး။
လိင်တံအရွယ်အစားဟာ ခြားနားနိုင်ပါတယ်။ ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို နားလည်ထားမယ်ဆိုရင် ပုံမှန် ပျှမ်းမျှ လိင်တံအရွယ်အစားထက်သေးနေတဲ့ လိင်တံပိုင်ရှင်တွေတောင် ပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ အကြံယူဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကုသမှုတွေက လိင်တံအရွယ်အစားကြောင့် စိုးရိမ်မှုတွေနဲ့ လိင်ဆက်ဆံရမှာ ရှက်နေတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။