ဒီအခြေအနေတွေဟာ စိုးရိမ်ရလား။
ကံကောင်းတဲ့အခြေအနေမှာ ပြောရမယ်ဆိုရင် လက္ခဏာပြကာစအချိန်မျိုးမှာ သိသိချင်း ဆရာဝန်နဲ့ သွားပြမယ်ဆိုရင် ကိုယ့်လိင်အင်္ဂါထဲ ထိုးထည့်ထားတဲ့ ပစ္စည်းကို ခြစ်ထုတ်လိုက်ရုံနဲ့ ပျောက်သွားနိုင်ပါတယ်။ ကံမကောင်းတဲ့အခြေအနေမျိုးမှာ လိင်တံတစ်ခုလုံး အရင်းကနေ ဖြတ်ထုတ်ပစ်လိုက်ရတဲ့အထိ ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ကြီးဆေးထိုးတာမျိုးတွေ မလုပ်ရင်တော့ အကောင်းဆုံးပါပဲ။
ဂေါ်လီထည့်တယ်ဆိုတာလည်း ထိုနည်းတူပါပဲ။ သဘာဝ မဟုတ်တဲ့ သတ္တုပစ္စည်းတွေသည် လိင်အင်္ဂါထဲမှာ အချိန်အကြာကြီး ရှိနေတဲ့အခါ ဒါတွေက အဆိပ်အတောက်ဖြစ်စေပြီး လိင်အင်္ဂါရဲ့ လုပ်ဆောင်ရည်ကို သွားပြီး ထိခိုက်စေပါတယ်။ ဥပမာ ကောင်းစွာ မထောင်မတ်နိုင်တော့တာ၊ တစ်နေရာထဲမှာ ရောင်ပြီး သွေးခဲသလို ဖြစ်နေတာ၊ သွေးကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိတော့တာတွေ ဖြစ်နိုင်ပါတယ်။
လိင်ဆက်ဆံဖော်အတွက် လိင်တံအရွယ်အစားက ဘယ်လောက်အရေးပါလဲ။
မိန်းကလေး အများစုအတွက်တော့ အရွယ်အစားသည် အဓိကမကျပါဘူး။ ဒါဟာ အမျိုးသားတွေမှာ ကိုယ့်ဘာသာ ဖြစ်နေတဲ့ စိတ်မလုံခြုံမှု တစ်မျိုးပါပဲ။ ယောက်ျား တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ထောင်မတ်နိုင်စွမ်းကို ထိန်းထားနိုင်တယ်။ သက်လုံကောင်းတယ်။ သုက်လွှတ်မမြန်အောင် အာရုံစုစည်းထားနိုင်တယ်။ကိုယ့်အဖော်ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ်။ နှစ်ဦးလုံးကာမဆန္ဒအထွတ်အထိပ်ရောက်စေဖို့ စွမ်းဆောင်နိုင်တယ်ဆိုရင် လိင်မှုကိစ္စမှာ စွမ်းဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။
အကယ်လို့သာ ထောင်မတ်နေချိန်မှာ ၃လက်မ အောက်ရောက်နေမယ်ဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ကြီးဆေး တွေ လျှောက်ထိုးတာထက် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။
ဒီတော့ အပေါင်းအသင်းစကား နားယောင်ပြီး ကြီးဆေးတွေ လျှောက်ထိုးတာမျိုး မလုပ်ဖို့ နောက်ဆုံးအနေနဲ့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။ တခြားလူတိုင်း လုပ်တိုင်း လိုက်လုပ်ရင် ဒုက္ခဖြစ်လာတဲ့အခါ အားလုံးအတူတူ ရင်ဆီးခံရတော့မှာပါပဲ။ ဖွားဖက်တော်ဆိုတာ မွေးရာပါ သဘာဝအတိုင်း ထားတာက အကောင်းဆုံးပါပဲ။ တစ်ခဏ သာယာဖို့အတွက် တစ်ဘဝလုံး အဆုံးရှုံးခံလိုက်တော့မယ့် အဖြစ်ကို ရွေးချယ်မလား၊ ရှောင်ကြဉ်မလားဆိုတာကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့သာ ဆိုင်သွားပါပြီ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။