၃။ လိင်အင်္ဂါ ပိုးဝင်ခြင်း
ပိုးဝင်တဲ့ လက္ခဏာတွေကတော့ ထိပ်အရေပြား ပတ်လည်မှာ အဖြူကွက်များ ဖြစ်နေခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ထိပ်ဖူး ရောင်နေခြင်း၊ လိင်အင်္ဂါ ပတ်လည်မှာ အလွန်အမင်း ယားယံခြင်း၊ အနံ့အရမ်းဆိုးပြီး အဖတ်၊ အခဲများ ပါတဲ့ ပြည်ရည်များ စိမ့်ထွက်ခြင်းတွေပဲ ဖြစ်ပါတယ်။
တခြား ပြဿနာတွေအနေနဲ့ လိင်အင်္ဂါ မှိုစွဲတာ၊ ပွေးပေါက်တာ၊ ဂနို၊ ရေုန်၊ ကာလသားရောဂါ၊ ခလက်မီးဒီးယား ရောဂါ၊ ကြွက်နို့ပေါက်တာ စတာတွေကြောင့်လည်း ပိုးဝင်နိုင်ပါတယ်။
ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝယ်လိမ်းတာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ သေချာပြပြီး ကိုယ့်မှာ ဘာရောဂါ ဖြစ်နေလဲဆိုတာ အရင်စစ်ဆေးဖို့ လိုပါတယ်။ ကိုယ့်မှာ ဖြစ်နေတာက မှိုရောဂါလား၊ အရေပြားပြဿနာလား၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါလားဆိုတာ သေချာသိပြီဆိုတော့မှ ဆရာဝန်အနေနဲ့ လိုအပ်တဲ့ သောက်ဆေး၊ လိမ်းဆေး၊ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပေးမှာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုကိုလည်း ပုံမှန်ထက် ဂရုစိုက်ဖို့ လိုပါတယ်။
၄။ ဒဏ်ရာ အနာတရဖြစ်ခြင်း
ထိပ်အရေပြားသည် အလွန်နူးညံ့တဲ့ အစိတ်အပိုင်းဖြစ်လို့ ပွန်းပဲ့ထိခိုက်ဖို့လည်း အရမ်းလွယ်ကူပါတယ်။ ဥပမာ – ဘောင်းဘီဝတ်နေရင်း အရေပြားနဲ့ ဇစ် ညှပ်မိတာ၊ အတွင်းခံ အကျပ်တွေ ဝတ်ပြီး အရေပြားနဲ့ အဝတ် ပွတ်တိုက်မှုဖြစ်ကာ ပွန်းပဲ့ခြင်း၊ ရေချိုးဆပ်ပြာ အပြင်းစားတွေနဲ့ လိင်အင်္ဂါကို ဆေးကြောခြင်း စတာတွေကြောင့်လည်း ထိခိုက်မိနိုင်ပါတယ်။
ဒါတွေ ကာကွယ်ဖို့ဆိုရင် အတွင်းခံကိုတော့ မဖြစ်မနေ ဝတ်ပေးဖို့ လိုပါတယ်။ အရမ်းကျပ်တာမျိုး မဟုတ်ဘဲ ချောင်ချိပြီး လေဝင်လေထွက် ကောင်းတဲ့ ချည်သားအတွင်းခံမျိုး ဝတ်ပေးရပါမယ်။
ထိခိုက်မိတဲ့အခါ ရေခဲအုံတာ၊ ပလာစတာ ကပ်ထားတာမျိုး လုပ်ပေးလို့ ရပါတယ်။ အနာမကျက်ခင်အထိ လိင်အင်္ဂါကို မသန့်ရှင်းတဲ့ လက်နဲ့ ကိုင်တာ၊ ကုတ်ဖဲ့တာမျိုး မလုပ်ရပါဘူး။
အထူးသဖြင့် ထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေရဲ့ လိင်အင်္ဂါထိပ် ပတ်လည်မှာ Smegma လို့ ခေါ်တဲ့ အဖြူရောင် အရိအချွဲတွေ ကပ်နေနိုင်တဲ့အတွက် နေ့စဉ် ရေချိုးတဲ့အချိန်တိုင်း သေချာ ဆေးကြော သန့်ရှင်းရေးလုပ်ဖို့လည်း အရေးကြီးပါတယ်။
ဒီပြဿနာတွေက ဖြစ်တတ်တဲ့ ပြဿနာတွေပဲဖြစ်ပြီးအရေပြားမဖြတ်ရင် ဖြစ်ကိုဖြစ်မယ်လို့ ပြောတာမဟုတ်ပါဘူး။ ထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းဟာ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ဆိုပေမယ့် မဖြတ်ဘူးဆိုရင်တော့ တခြား အမျိုးသားတွေထက် တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးဖို့တော့ လိုပါလိမ့်မယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။