အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အမျိုးသားတွေက များသောအားဖြင့် တစ်ကိုယ်ရေသန့်ရှင်းကို ဂရုစိုက်မှု နည်းကြသူတွေပါ။ ဂရုစိုက်တဲ့သူ ရှိပေမယ့် အများစုကတော့ အမျိုးသမီးတွေလောက် ဂရုမစိုက်တာတော့ အမှန်ပါ။ တကယ်ကတော့ နေ့စဉ်ဘဝမှာ ကျန်းမာပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝစေဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာက ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်က အခြားသူတွေကိုပါ အကျိုးသက်ရောက်စေပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။ အမျိုးသားတွေ လိုက်နာသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ အမျိုးသားတွေ အနေနဲ့ စိတ်ရောကိုယ်ပါ ကျန်းမာတက်ကြွနေစေဖို့ နဲ့ စွဲဆောင်မှု ရှိစေဖို့အတွက် လိုက်နာရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထလေးတွေ ရှိပါတယ်။ အချို့ကတော့ ပျင်းလို့ ကျော်သွားတာမျိုး ရှိသလို အချို့ကတော့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြတာပါ။ ဒီတော့ အမျိုးသားတွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ လျစ်လျူမရှုသင့်တဲ့ ကင်ဆာအစောပိုင်း လက္ခဏာများ

ကင်ဆာက ကမ္ဘာတလွှားမှာ အမျိုးသားတော်တော်များများကို အသက်ဆုံးရှုံးစေတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လို့ လာနေပါတယ်။ နေထိုင်စားသောက်မှုပုံစံတွေကြောင့်လည်း ကင်ဆာ ဖြစ်ပွားမှုတွေ မြင့်တက်လာရတာဖြစ်ပါတယ်။  အချို့သော ကင်ဆာတွေက မျိုးရိုးလိုက်တာဆိုပေမယ့် အချို့သော ကင်ဆာတွေကတော့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ဖြစ်ရတာပါ။ ကင်ဆာတွေကို ကာကွယ်ဖို့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလို့ ရသလို ရောဂါရဲ့ အစပျိုးလက္ခဏာတွေကို သိရှိပြီး ထိရောက်တဲ့ ကုသမှု ခံယူမယ်ဆိုရင်လည်း ကင်ဆာကြောင့် အသက်ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေ လျစ်လျူမရှုသင့်တဲ့ ကင်ဆာအစောပိုင်း လက္ခဏာများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကင်ဆာတွေက အစောပိုင်း လက္ခဏာ ပြတတ်လား ကင်ဆာတွေက အစောပိုင်းမှာ လက္ခဏာမပြတတ်ပါဘူး။ ဒါပေမယ့် ကင်ဆာက လက္ခဏာပြလောက်အောင် ကြီးလာပြီဆိုရင်တော့ လက္ခဏာစပြတာကို သတိထားမိဖို့ လိုပါတယ်။ ကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။ ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ Andropause ဆိုတာ အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့

ခေါင်းစဉ်ကို ဖတ်ပြီး နည်းနည်းများ ထူးဆန်းသွားသလား။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာပါ။ အမျိုးသားတွေမှာ ဖြစ်လို့လားပေါ့။ ဟုတ်ပါတယ်။ သွေးဆုံးတာက အမျိုးသမီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ သွေးဆုံးတာကို menopause လို့ ခေါ်ပြီး အမျိုးသားတွေမှာ သွေးဆုံးတာကိုတော့ andropause လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အမျိုးသားတွေ သွေးဆုံးချိန်ကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ လုပ်ဆောင်ပေးလို့ ရမယ့် နည်းလမ်းလေးတွေပါ။ အမျိုးသားများ သွေးဆုံးခြင်း [သို့မဟုတ်] Andropause အမျိုးသားတွေမှာ သွေးဆုံးတယ်ဆိုတာက အသက်အရွယ်ကြောင့် တက်စတိုစတုန်းဟော်မုန်း ထုတ်လုပ်မှု နည်းသွားတာကို ဆိုလိုတာပါ။ အသက်အရွယ်အလိုက် ဟော်မုန်း ပြောင်းလဲတာက အမျိုးသားတွေ နဲ့ အမျိုးသမီးတွေမှာ ကွာခြားနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေတာ အဆုံးသတ်သွားတာဖြစ်ပြီး ဒီလို ကာလတိုအတွင်းမှာ […]


လိင်တံပြဿနာများ

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့သော်

အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒီမျိုးပွားအင်္ဂါက သုက်ရည်ထုတ်လုပ်တာ၊ သုက်ပိုးနဲ့ သုက်ရည်တွေကို သယ်ယူပို့ဆောင်တာ၊ သုက်ပိုးတွေ ထုတ်လုပ်ပေးတာ၊ ဟော်မုန်းတွေ ထုတ်လွှတ်တာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်လိုမဟုတ်ဘဲ ခန္ဓာကိုယ် အပြင်ဘက်မှာ အများဆုံး ဖြစ်တည်နေတဲ့ အမျိုးသားတွေရဲ့ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/mens-health/penis-health/causes-of-numbness-in-penis/ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်မှာ ဘာတွေပါလဲ ........ အမျိုးသား မျိုးပွားအင်္ဂါစနစ်မှာ လိင်တံ ကပ္ပာယ်အိတ် နဲ့ ဝှေးစေ့ ဆီးကျိတ်တို့ ပါဝင်နေပါတယ်။ ဖွားဖက်တော်မှာ ထိခိုက်ဒဏ်ရာ ရနိုင်လား ....... အမျိုးသားတွေရဲ့ဖွားဖက်တော်မှာ ပါဝင်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ ကပ္ပာယ်အိတ် နဲ့ လိင်တံတွေကို အရိုးတွေနဲ့ ကာကွယ်ထားတာမျိုး မရှိတာကြောင့် အလွယ်တကူ ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ မကြာခဏဆိုသလိုလည်း အသေးစား […]


လိင်တံပြဿနာများ

ကပ္ပာယ်အိတ် က နီညိုရောင်အဖုလေးတွေက ဘာလေးတွေလဲ။

တချို့ အမျိုးသားတွေရဲ့ ကပ္ပာယ်အိတ် မှာ နီညိုရောင် အဖုလေးတွေ ရှိနေတတ်ပါတယ်။ တချို့တွေမှာဆို ကပ္ပာယ်အိတ်အနှံ့ ရှိနေတာပါ။ ဘာလက္ခဏာမှ မပြပေမယ့် ဒါတွေက လိင်ကတဆင့် ကူးစက်တာလား ဒါမှမဟုတ် ကင်ဆာဖြစ်ချင်နေတာလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။  ဒီအဖုလေးတွေကို Angiokeratoma : Of  Fordyce လို့ ခေါ်ပါတယ်။ Angiokeratoma : Of  Fordyce ဆိုတာ Angiokeratoma ဆိုတာ ဆံချည်မျှင်သွေးကြောတွေ ပုံမှန်မဟုတ်ဘဲ ထုံးဖွဲ့နေတာပါ။ ဒီသွေးကြောထုံးတွေက အဖုအနေနဲ့ အရေပြားပေါ်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။ Angiokeratoma က အမျိုးအစားတွေ အများကြီး ရှိပြီး ကပ္ပာယ်အိတ်မှာ ရှိနေတာကိုတော့ Angiokeratoma : Of  Fordyce လို့ ခေါ်ပါတယ်။ ၁၈၉၆ ခုနှစ်တုန်းက John Addison Fordyce […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား .....

ကော်လာဂျင်ဆိုရင် တွဲမြင်မိတာက လေဒီလေးတွေနဲ့ဟုတ်။ ဒါဆို မေးစရာရှိတာက ကော်လာဂျင်က လေဒီလေးတွေပဲ သောက်လို့ရတာလားပေါ့။ အမျိုးသားတွေရော ကော်လာဂျင် သောက်လို့ရလား ..... တကယ်ကတော့ ကော်လာဂျင်ကို အလှအပအတွက်လို့ မှတ်ယူထားကြရင်းက ကော်လာဂျင်က လေဒီလေးတွေနဲ့ သက်ဆိုင်တဲ့အရာလို့ တွဲမှတ်ထားကြတာပါ။ တကယ်ကတော့ ကော်လာဂျင်ကို လူတိုင်း လိုအပ်ပါတယ်။ လူတိုင်း လိုအပ်တယ်ဆိုမှတော့ အမျိုးသားတွေလည်း ကော်လာဂျင် သောက်လို့ရတာပေါ့။ အမျိုးသားတွေ ကော်လာဂျင် သောက်လို့ရလား ....... ရပါတယ်။ အမျိုးသားတွေကလည်း အရေပြား၊ အရိုးအဆစ်၊ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တာကြောင့် ကော်လာဂျင် သောက်လို့ရသလို ကော်လာဂျင် သောက်ဖို့လည်း လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကော်လာဂျင်က ပြည့်ဝတာကြောင့် ခန္ဓာကိုယ်မှာ အင်အားတွေ ပြည့်နေသလို အရိုးအဆစ်တွေကလည်း သန်မာပါတယ်။ အသက်အရွယ်အလိုက်လည်း ကြွက်သားတွေက ဖွံ့ဖြိုးလာပါတယ်။ ကော်လာဂျင်က အသားအရေ လှပဖို့ပဲ ထောက်ကူပေးတာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝှေးစေ့ပူရင် မြုံတတ်သလား

မြုံတယ်လို့ ပြောလိုက်ရင် အခါခပ်သိမ်း အမျိုးသမီးတွေ အပြစ်ပဲ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ ကလေးမရတဲ့ အတွဲတွေမှာ ၃ပုံ ၁ပုံလောက်က အမျိုးသား ပြစ်ချက်ကြောင့်ပါတဲ့။ အမျိုးသားတွေ မြုံရတဲ့ အကြောင်းရင်းတွေထဲမှာ ဝှေးစေ့ ပူနေတာကြောင့်လည်း ပါပါတယ်။ ဝှေးစေ့ပူရင် မြုံနိုင်လားဆိုတာ ဆက်ကြည့်ရအောင်။ ဝှေးစေ့ပူရင်  မြုံတတ်သလား။ အမေ့ဗိုက်ထဲ သန္ဓေသားဘဝမှာ ဝှေးစေ့က ဝမ်းဗိုက်ထဲမှာ ရှိပါတယ်။ နောက်ပိုင်းကျမှ အောက်ကို ဆင်းလာပြီး ကပ္ပာယ်အိတ်ထဲကို ရောက်လာတာပါ။ ဘာကြောင့် ဆင်းလာရတာလဲဆိုတော့ ဝမ်းတွင်းအပူချိန်က ပူလွန်းတာကြောင့်ပါ။ ဒီလို ပူနေရင် ဝှေးစေ့က သူ့အလုပ်ဖြစ်တဲ့ သုက်ကောင်လေးတွေ ထုတ်တာကို ကောင်းကောင်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ ထိမနေဘဲ တွဲလောင်းနေနေတာပါ။ ဝှေးစေ့ရဲ့ အပူချိန်က ခန္ဓာကိုယ်အပူချိန်ထက် နည်းပါတယ်။ ၃၂-၃၅ ဒီဂရီစင်တီဂရိတ်လောက်ပဲ ရှိပါတယ်။ ခန္ဓာကိုယ် […]


အမျိုးသားဟော်မုန်းဆိုင်ရာများ

အမျိုးသားတွေမှာ ရှိတဲ့ ဟော်မုန်းတွေ အကြောင်း

နေ့စဉ်ဘဝမှာ စိတ်ခံစားမှုတွေ ကောင်းမွန်စေဖို့၊ အသက်အရွယ် အလိုက် ဖြစ်ပေါ်လာရမယ့် ပြောင်းလဲ ဖွံ့ထွားမှုတွေအတွက် အရေးပါတဲ့ အရာလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဟော်မုန်းတွေ ပါ။ ဟော်မုန်း ဆိုတဲ့နေရာမှာ အမျိုးအစားတွေက အများကြီးပါ။ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ထိန်းချုပ် လုပ်ဆောင်ပေးနေတဲ့ ဟော်မုန်းတွေက အစုံစုံပါပဲ။ ဒီတစ်ခေါက်တော့ အမျိုးသားတွေမှာ ရှိတဲ့ ဟော်မုန်းတွေ နဲ့ တစ်ခုစီက ဘယ်လိုတွေ တာဝန်ယူ ဆောင်ရွက်နေလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။ ဟော်မုန်း ဆိုတာ ဘာလဲ....... ဟော်မုန်း ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ဂလင်းတွေက ထုတ်လုပ်လိုက်တဲ့ chemical messenger တွေပါ။ ဟော်မုန်းတွေကို သွေးတွေက ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ သယ်ဆောင်သွားပြီး သူတို့ရဲ့ တာဝန်တွေကို ဆောင်ရွက်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဖွံ့ဖြိုးကြီးထွားဖို့၊ မျိုးဆက်ပွားနိုင်ဖို့နဲ့ ကျန်းမာပျော်ရွှင်နေစေဖို့ ဟော်မုန်းတွေက […]


လိင်တံပြဿနာများ

သင့် လိင်တံက ပုံမှန်ဟုတ်ရဲ့လား

အမျိုးသားတွေက မိမိရဲ့ လိင်တံ နဲ့ ပတ်သက်ပြီး လိင်တံက ပုံမှန်ဟုတ်ရဲ့လား ဆိုတာကို စိုးရိမ်တတ်ကြပါတယ်။ လိင်တံမှာ ရောဂါတစ်ခုခုခံစားရတယ်လို့ ထင်ရင်လည်း တော်ရုံတန်ရုံ ဆရာဝန်နဲ့ ဆွေးနွေးလေ့မရှိပါဘူး။ ဒါကြောင့် ရောဂါဖြစ်လာရင် အသိနောက်ကျသလို ရောဂါမဟုတ်တာကိုလည်း ရောဂါလို့ ထင်နေတတ်ပါတယ်။ အထူးသဖြင့် ခုပြောမယ့် အကြောင်းအရာတွေက ပုံမှန်ဖြစ်နေပေမယ့် အမျိုးသားတွေ အနေနဲ့ ပုံမှန်မဟုတ်ဘူးလို့ ထင်ပြီး လက်တည့်ရာနဲ့ စမ်းသပ်တတ်ပါတယ်။ သင့် လိင်တံက ပုံမှန်ဟုတ်ရဲ့လား လိင်တံ တွေက 'Snowflakes'တွေလိုပဲတဲ့။ ဆိုလိုတာက ထပ်တူကျတဲ့ လိင်တံဆိုတာ ကမ္ဘာမှာ မရှိပါဘူးတဲ့။ အမျိုးသားတွေရဲ့ လိင်တံက တစ်ယောက်နဲ့ တစ်ယောက် တစ်ပုံစံတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ ပုံစံတွေ၊ အရွယ်အစားတွေ၊ အရှည်တွေ၊ ကောက်တာတွေ စသဖြင့် အနည်းငယ်ဆီတော့ ကွဲလွဲတတ်ကြပါတယ်။ ဒီလို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)