အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

Peyronie's ရောဂါ

ပုံမှန်မဟုတ်သော လိင်တံကောက်ကွေး ခြင်း

အမျိုးသားတွေမှာ ပုံမှန်အားဖြင့်လည်း လိင်တံက တဖြောင့်တည်း မရှိတတ်ပါဘူး။ ထောင်မတ်နေချိန်မှာ အနည်းငယ်တော့ ဟိုကောက် ဒီစောင်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေး ခြင်းလည်း ရှိပါတယ်။ ဒါကိုတော့ Peyronie's Disease လို့ ခေါ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေး ခြင်းဆိုတာ ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်း ဖြစ်ရတာ လိင်တံမှာ အမာရွတ်တွယ်နေလို့ပါ။ ဒီအမာရွတ်ပေါ် မူတည်ပြီး လိင်တံက ကောက်တာ၊ ကွေးတာ၊ တိုသွားတာ၊ လုံးပတ်မညီတာတာ စတာတွေ ဖြစ်တတ်ပါတယ်။ အမာရွတ်တစ်ရှူးကို လက်နဲ့ ဒီတိုင်းစမ်းလို့ရပါတယ်။ တချို့တွေမှာ လိင်တံထောင်မတ်ချိန်ဆို ကောက်ကွေးတာက ပိုပြီး သိသာပါတယ်။ နာလည်း နာပါတယ်။ ထူးထူးခြားခြား လိင်တံရဲ့ အရင်းမှာ မဟုတ်ဘဲ အလယ်မှာ အမာရွတ် လာတွယ်နေတဲ့သူလည်း ရှိပါတယ်။ ဒါဆိုရင်တော့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေရော ချင်ခြင်းတပ် ကြသလား

ချင်ခြင်းတပ် တယ်ဆိုတာက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်ခုပါ ။ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုဟာ ပုံမှန်အစားအစာတွေကို စားသောက်ကြပေမယ့် အချို့ကတွေတော့ ပုံမှန်မဟုတ်တဲ့ အရာတွေကို စားချင်စိတ်ဖြစ်တတ်ကြပါတယ် ။ ဒါကို ချင်ခြင်းတပ်တယ် လို့ ခေါ်ကြတာပါ ။ အစားအသောက် တစ်ခုခု ကို တောင့်တနေတယ် ၊ အရမ်းစားချင်နေတယ် ဆိုတာကို craving ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါကို သွေးတောင်းတယ် ၊ ဓာတ်ကျနေတယ် စသည်ဖြင့်လည်း မြန်မာစကားအခေါ် မျိုးစုံ ပြောတတ်ကြပါသေးတယ် ။ ဒါက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုခု လိုအပ်နေတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ သူ့အလိုလို တောင့်တမိလာတာလို့ တချို့က ယူဆကြတယ် ။ ဒီပြဿနာက အမျိုးသားတွေမှာလည်း ရှိပါတယ်။ အမျိုးသားတွေရော […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။ တခြားလူမပြောနဲ့။ အတူတူအိပ်တဲ့ အိပ်ရာပေါ်က ကြင်သူကိုတောင် မပြောဘဲ ဖုံးကွယ်ထားတတ်ကြတာမျိုး။ ထင်သလောက်မစွမ်း တော့ဘူးလို့ ထင်ပြီး လောင်နေတာမျိုးပေါ့။ ဒါပေမယ့် အမျိုးသား အများစုဟာ လိင်မှုစွမ်းဆောင်ရည်ကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်ကြရလေ့ရှိပြီးတော့ ထုတ်ဖော်ပြောဆိုဖို့ ရှက်နေတာကြောင့် ကြိတ်ကုတာ၊ မသိချင်ယောင်ဆောင် ဖုံးကွယ်ထားတာတွေလုပ်ရင်း အခြေအနေတွေ ပိုဆိုးသွားတတ်ကြပါတယ်။ တကယ်တော့ လိင်အင်္ဂါမထောင်မတ်တော့တာ၊ အချိန်ကြာကြာ မစွမ်းဆောင်နိုင်တာ၊ သုက်ထွက်နည်းတာ၊ စိတ်ပါသင့်တဲ့အချိန်မှာ မပါတာတွေဟာ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်လာနိုင်ပြီး ကိုယ်တစ်ဦးတစ်ယောက်တည်းမှာပဲ ကွက်ပြီးဖြစ်နေတဲ့ ပြဿနာတွေလည်း မဟုတ်ပါဘူး။ အမျိုးသား ၁၅% ကနေ ၂၃% လောက်ဟာ အသက်အရွယ် အိုမင်းရင့်ရော်မှုကြောင့်မဟုတ်ဘဲ ငယ်ရွယ်နုပျိုနေစဉ်မှာတင် လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံဆုံရတတ်ပါတယ်။ ဒီလို လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံလာရပြီဆိုရင်လည်း […]


အမျိုးသားကျန်းမာရေး

အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း

အမျိုးသားတွေက ဆရာဝန်တွေကို ရှောင်ရှားသူတွေ၊ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားနေရတာမျိုးတွေကို အလေးမထား လျစ်လျူရှုတတ်သူတွေရယ်လို့ နာမည်ကြီးသူတွေပါ။ အမျိုးသားတွေက အသက်ရှည်ရှည်နေချင်တယ်ဆိုတဲ့ ဆန္ဒထက် ရနေတဲ့ ဘဝခဏတာမှာ စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင်နေဖို့ကိုပဲ ပိုမို အားသန်ကြသူတွေပေါ့။ နှစ်စဉ် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေကိုလည်း သူတို့ မလုပ်သလို ဆရာဝန်တွေနဲ့ရက်ချိန်း ပုံမှန်ပြသတာကလည်း သူတို့ရဲ့ အလေ့အထ မဟုတ်ပါဘူး။ တကယ်ကတော့ ဆရာဝန်နဲ့ပုံမှန် ပြသမှပဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖြေရှင်းနိုင်မှာပါ။ ဆရာဝန်နဲ့ ပုံမှန် ပြသတာ၊ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်တာဟာ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊ သွေးတွင်းကိုလက်စထရော ပမာဏတွေကို စောင့်ကြည့်စစ်ဆေးရာမှာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း ရှိသင့်တဲ့ ကိုယ်အ​လေးချိန်ထက် ပိုများတာ၊ သွေးတွင်းကိုလက်စထရောပမာဏကို ပိုမိုမြင့်တက်နေတာ၊ သွေးပေါင်ချိန် မြင့်နေတာတွေက နှလုံးသွေးကြောဆိုင်ရာ […]


ပန်းသေပန်းညှိုးခြင်း

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာတော့ ကျားဟော်မုန်း ကျဆင်းလာတာ၊ ရောဂါတွေ ဖြစ်လာတာ၊ အမောမခံနိုင်တော့တာ စတဲ့ ပြဿနာတွေကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်း ပြဿနာအလွန်အဖြစ်များပါတယ်။ ဒီတစ်ခေါက်တော့ စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ လေ့လာချက်တွေအရ ဒီဘက်ခေတ်မှာ လူငယ်အမျိုးသားတွေမှာလည်း ဒီလိုအလားတူပြဿနာတွေ အဖြစ်များလာတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာပေါ် စစ်တမ်းကောက်ကြည့်တဲ့အခါ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တဲ့ ရာခိုင်နှုန်းဟာ တော်တော်လေးများပြီး အစာအာဟာရ မပြည့်ဝတာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ အထိုင်များလာတာ၊ ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးလာတာ၊ အိပ်ရေးပျက်တာတွေကြောင့်ဟာ ဒုတိယအဖြစ်များတဲ့ အကြောင်းရင်းလို့ သိရပါတယ်။ စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း က  […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေတယ်ဆိုတာ အမှန်ပဲလား

အမျိုးသားတွေရဲ့ သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေသလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုပါ။ အထူးသဖြင့် လူငယ်တွေအကြားမှာ တီးတိုးတီးတိုး သဖန်းပိုး ငြင်းခုံကြလေ့ရှိတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။ လိင်ကိစ္စအကြောင်း ပြောကြတဲ့အခါမှာ သုက်ရည်က မပါမဖြစ် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အခြေခံအားဖြင့် ပြောရရင် သုက်ရည်ကို လိင်တံကနေ ထုတ်လွှတ်ပေးတာဖြစ်ပြီး သုက်ပိုးတွေက ဝှေးစေ့အတွင်းမှာ တည်ရှိနေတာပါ။ လိင်ဆက်ဆံပြီးချိန်၊ အာသာဖြေပြီးချိန် သုက်ရည် ထွက်လာတတ်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးက မမျိုးဥနဲ့ ပေါင်းစပ်မိချိန်မှာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသား တစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါတိုင်းမှာ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်နေတတ်ပါတယ်။ ဒါပေမယ့် သုက်ရည်မှာ သုက်ပိုးတစ်ခုတည်း ပါဝင်နေတာ မဟုတ်ပါဘူး။ ဒီထက်ထူးခြားတာတွေလည်း ပါဝင်နေပါသေးတယ်။ ဒါတွေကတော့ အာဟာရဓာတ်တွေပါပဲ။ သုက်ရည်မှာ အာဟာရဓာတ်တွေရှိနေတာလား ဟုတ်ပါတယ်။ သုက်ရည်ထဲမှာ အာဟာရဓာတ်တွေ […]


လိင်တံပြဿနာများ

လိင်တံ ဘာလို့ယားယံ နေရတာလဲ

လူကြားသူကြားထဲမှာ လိင်တံ ယားကျိကျိဖြစ်နေရင် အတော်လေးနေရထိုင်ရခက်မှာ အသေချာပါပဲ။ လိင်တံ ဘာလို့ယားယံ နေရသလဲ၊ သက်သာအောင် ဘာတွေလုပ်နိုင်မလဲဆိုတာသိဖို့ ပြောပြပါ့မယ်။ လိင်တံယားယံတာက အတော်လေးအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ကံကောင်းတာက ယားယံမှုဖြစ်စေတဲ့ အကြောင်းရင်းအတော်များများက တအားကြီးစိုးရိမ်စရာ မလိုအပ်ပါဘူး။ များသောအားဖြင့် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့ ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါဆို လိင်တံယားယံမှုဖြစ်စေတဲ့ အကြောင်းရင်းတွေကို သေချာလေ့လာကြည့်ရအောင်ပါ။ လိင်တံ ဘာလို့ယားယံ နေရတာလဲ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါများ ရောဂါရှိသူနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိရာကနေ ကူးစက်တဲ့ရောဂါတွေကြောင့် လိင်တံယားယံနိုင်ပါတယ်။ လိင်အင်္ဂါရေယုန်၊ ကာလသားရောဂါ၊ ဆီးပူညောင်းကျ (ဒါမှမဟုတ်) ဂနိုရောဂါ၊ ခုခံအားကျဆင်းမှု ရောဂါနဲ့ လိင်အင်္ဂါကြွက်နို့တွေ ကူးစက်ခံရရင် လိင်တံယားယံနိုင်ပါတယ်။ ဒါ့အပြင် လိင်တံမှာ အနာတွေ၊ အဖုတွေပေါက်တာ၊ နီရဲရောင်ရမ်းတာတွေလည်း ခံစားရနိုင်ပါတယ်။ ဓာတ်မတည့်ခြင်း သုံးစွဲတဲ့ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာရည်၊ လိုးရှင်းစတာတွေထဲမှာ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဝှေးစေ့မှာ သွေးတိုးရင် ဘာဖြစ်တတ်သလဲ

အမျိုးသား တချို့မှာ ဆန္ဒမပြီးမြောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲကနေ အောင့်သလိုလို ကိုက်သလိုလို ခံစားရတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဝှေးစေ့မှာ  သွေးတိုးတာကို Blue balls ဒါမှမဟုတ် epididymal hypertension လို့လည်း ခေါ်ပါတယ်။ တစ်ခုကြိုပြီးပြောချင်တာက ဝှေးစေ့မှာ သွေးတိုးရတာရောဂါကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူကြောင့် ဖြစ်ရတာပါ။ အမျိုးသား တချို့က အချိန် ပိုကြာကြာ လိင်ဆက်ဆံနိုင်အောင် သုက်လွှတ်တာကို ထိန်းချုပ်ဖို့ ကြိုးစားတတ် ကြပါတယ်။ ဆန္ဒပြီးမြောက်ခါနီးအထိလုပ်ပြီးမှ သုက်မထွက်အောင် ထိန်းချုပ်တာမျိုးပေါ့။ အများစုကတော့ အဆင်ပြေ ကြပါတယ်။ တချို့ကျတော့ ဒီလို လိင်ဆန္ဒအထွတ်အထိပ် မရောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲက အောင့်သလိုလို နာသလိုလို ခံစားရတတ်ပါတယ်။ ဒါဘာကြောင့် ဖြစ်ရသလဲ ဆိုတော့ အာသာဖြေချိန်မှာ ဝှေးစေ့ အတွင်းက သွေးကြောတွေ သာမန်ထက် ပိုကျယ်ပြန့်လာပြီးသွေးတွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ ဆီးကျိတ်ခွဲစိတ်ကုသခြင်း အကြောင်း

အမျိုးသားများ ဆီးကျိတ်ခွဲစိတ်ကုသခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက် အူမကြီးရဲ့ရှေ့မှာ တည်ရှိပါတယ်။ သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်ကို ထုတ်လုပ်ပေးပြီး အမျိုးသားများရဲ့ မျိုးပွားအင်္ဂါစနစ်မှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ ဆီးကျိတ်ကို ခွဲစိတ်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ BPH ခေါ် ဆီးကျိတ်ကြီးခြင်းနဲ့ ဆီးကျိတ်ကင်ဆာတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ခွဲစိတ်ရာမှာ တပိုင်းတစခွဲစိတ်ခြင်းနဲ့ ဆီးကျိတ်တခုလုံး ခွဲစိတ်ဖယ်ရှားခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ခွဲစိတ်မှုမပြုမီ လူနာကိုကြိုတင်ရှင်းပြပါလိမ့်မယ်။ ခွဲစိတ်မှုအမျိုးအစား၊ ခွဲစိတ်မှုပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ ကောင်းကျိုးဆိုးကျိုးများ စတာတွေ ပါဝင်ပါတယ်။ ခွဲစိတ်ချိန်မှာ မနာကျင်ရအောင် မေ့ဆေးတမျိုးမျိုးပေးပါလိမ့်မယ်။ နောက်ပိုင်းမှာ ခါးဆစ်ရိုးထုံဆေးအသုံးပြုပြီးလည်း ခွဲစိတ်ပါတယ်။ ဆီးကျိတ်ခွဲစိတ်ကုသခြင်း အတွက် အဓိကထည့်သွင်းစဉ်းစားတဲ့ အချက်တွေကတော့ ရောဂါအခြေအနေကို ပျောက်ကင်းရန် ဆီးမထိန်းနိုင်ခြင်း သက်သာစေရန် လိင်တံကောင်းကောင်း ထောင်မတ်နိုင်စေရန် ဘေးထွက်ဆိုးကျိုးနည်းပါးစေရန် မခွဲစိတ်မီ ခွဲစိတ်နေစဉ်နဲ့ ခွဲစိတ်ပြီးချိန်တွင် နာကျင်မှုကို သက်သာစေရန် စတာတွေပဲ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင် …

သုက်ထွက်မြန်တဲ့ ပြဿနာက အမျိုးသားတွေရဲ့ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ တစ်ခါတရံ သုက်ထွက်မြန်သွားတာကတော့ အမျိုးသားအများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ပြဿနာဆိုပေမယ့် အမြဲလိုလို ဖြစ်နေတာဆိုရင်တော့ ကိုယ့်မှာ ချို့ယွင်းချက်တစ်ခုခု ရှိနေတာဖြစ်နိုင်ပါတယ်။ သုက်ထွက်မြန်တဲ့ အမျိုးသားများ အနေနဲ့ ကိုယ့်မှာ ဘယ်လိုပြဿနာရှိလဲဆိုတာ သေချာမသိဘူးဆိုရင်တော့ အမျိုးသားရောဂါကုဆရာဝန် သို့မဟုတ် ဆီးနဲ့ကျောက်ကပ် အထူးကုဆရာဝန်ဆီမှာ သွားရောက်ပြသ စစ်ဆေးကြည့်သင့်ပါတယ်။ သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင် သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင် ဒီကုထုံးတွေ ရှိတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဆရာဝန်အနေနဲ့ ဘာတွေစစ်ဆေးမှာလဲ။ အရင်ဆုံး လူနာရဲ့ ကျန်းမာရေး၊ မိသားစုရာဇဝင်၊ သောက်နေတဲ့ ဆေးများရှိမရှိ၊ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စွမ်းဆောင်နိုင်ခြင်း (ထောင်မတ်ခြင်း) ရှိ၊ မရှိ စတာတွေကို မေးမြန်းမှာဖြစ်ပါတယ်။ သုက်လွှတ်မြန်ခြင်းသာမက လိင်တံထောင်မတ်နိုင်စွမ်းပါ ကျဆင်းနေပြီဆိုရင်တော့ ဆရာဝန်အနေနဲ့ သွေးဖောက်စစ်ပြီး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)