backup og meta

ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ!

    ချစ်တင်းနှောမှုက အရွယ်ရောက်ပြီးသား ချစ်မြတ်နိုးသူ ၂ ဦးကြားမှာ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်တဲ့ အပြုအမူတစ်ခုလို့ လက်ခံနိုင်ဖွယ်ရာ ဆိုပေမယ့် အမြဲတမ်းတော့ မဟုတ်နိုင်ပါဘူး။ ဒီလိုပြောရတာက တစ်ခါတလေမှာ ချစ်တင်းနှောမှုက ထင်မှတ်မထားတဲ့ စိတ်ညစ်ညူးစရာတွေကို ပေးစွမ်းနိုင်လို့ပါပဲ။ အတူနေနေချိန်တွေမှာ ခံစားရတာမျိုး ရှိသလို အတူနေပြီးချိန်မှာ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရတာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားကျန်းမာရေးရာ တစ်ခုအနေနဲ့ ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ

    ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါတဲ့နော်။

    • ကြွက်သားတွေ တောင့်တင်းနေတာ

    အတူနေချိန်မှာ အနေအထား တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဝန်ပိပြီး ချစ်တင်းနှောပြီးချိန်မှာ နာကျင်မှုကို ခံစားသိရှိတာမျိုးပါ။ ဒီလို နာကျင်မှုက အမျိုးသားတွေမှာ အဖြစ်များတဲ့ အနေအထား တစ်ရပ်ပါ။ ဒီလို နာကျင်မှုက ခါးအောက်ပိုင်း၊ ဇက်ကြော၊ ပခုံး၊ ပေါင်နောက်ကျောကြွက်သားတွေမှာ ခံစားရနိုင်သလို ဝမ်းဗိုက်အောင်ဘက်နားမှာလည်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။

    မိနစ် အနည်းငယ်အတွင်းမှာ သက်သာသွားနိုင်သလို နာရီအတော်ကြာမှ သက်သာသွားတာလည်း ရှိပါတယ်။ ဒီလို နာကျင်မှုကို သက်သာစေဖို့အတွက် ရေခဲဝတ်လေး ကပ်ပေးလို့ ရပါတယ်။

    • ဆီးကျိတ်ရောင်နေတာ

    ဆီးကျိတ်ရောင်နေတာက ဆီးသွားတဲ့အချိန်၊ လိင်တံထောင်မတ်တဲ့အချိန်နဲ့ ချစ်တင်းနှောချိန်တွေမှာ နာကျင်တာတွေကို ခံစားရစေနိုင်ပါတယ်။ ဆီးကျိတ်ဆိုတာက တင်ပဆုံရိုး အောက်ဖက်နား ဆီးအိမ်နဲ့ လိင်တံကြားမှာ ရှိတဲ့ ပဲစေ့ပုံ ဂလင်းလေးပါ။ သုက်လွှတ်ဖို့နဲ့ သုက်ပိုးလေးတွေကို ပို့ဆောင်ပေးဖို့ တာဝန်ယူထားတာပါ။

    အမျိုးသားတွေမှာ အသက်အရွယ်ရလာလေလေ ဆီးကျိတ်ကကြီးလာလေလေပါပဲ။

    • လိင်တံမှာ အမာရွတ်ဖြစ်တဲ့ တစ်ရှူးတွေ ရှိနေတာ 

    ဒီပြဿနာကို အရွယ်ရောက်ပြီးသူ အမျိုးသား အယောက် ၂၀၀ မှာ ၁ ယောက်နှုန်း ခံစားကြရပါတယ်။ လိင်တံအတွင်းမှာ အမာရွတ်ဖြစ်နေတဲ့ တစ်ရှူးတွေ များလာပြီး လိင်တံ ထောင်မတ်ချိန်မှာ ကွေးကောက်တာမျိုး ဖြစ်စေတာပါ။ ဒီအခြေအနေကလည်း အတူနေချိန်မှာ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ နာကျင်တာမျိုးကို ခံစားရနိုင်ပါတယ်။

    • ဆီးလမ်းကြောင်း ပိုးဝင်တာ

    အတူနေချိန်မှာ နာကျင်မှု ခံစားရတာ အတူနေပြီးချိန်တွေမှာ ဗိုက်အောင့်ရတာက ဆီးလမ်းကြောင်းထဲမှာ ဘက်တီးရီးယားတွေ ဝင်ရောက်နေတာကြောင့်ပါ။ ဒီဘက်တီးရီးယားတွေက ဆီးစွန့်ပြွန်ကနေစပြီး ဆီးပို့ပြွန်နဲ့ ကျောက်ကပ်တွေအထိ ရောက်ရှိသွားမယ်ဆိုရင် ဆီးကျင်တာ၊ ခါးနာတာအပြင်  ဗိုက်အောက်ဖက်နားမှာ အောင့်တာကို ပြင်းပြင်းထန်ထန် ခံစားရမှာပါ။

    • လိင်ကတဆင့် ကူးစက်တဲ့ ရောဂါ တစ်ခုခု ရှိနေတာ

    ရောဂါပိုး ရှိနေသူနဲ့ အကာအကွယ် မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကနေတဆင့် လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကူးစက်ခံရနိုင်ပါတယ်။ ဒီလို ကူးစက်ခံရမှုကနေ ကလက်မိုင်းဒီယား ၊ ဆီးပူညောင်းကျရောဂါ၊ ထရိုင်ခိုမိုနီရေးစစ် နဲ့ လိင်အင်္ဂါရေယုန် စတာတွေကို ခံစားရနိုင်ပါတယ်။

    ဒီလိုရောဂါတွေ ကူးစက်ခံထားရမယ်ဆိုရင် လိုအပ်တဲ့ ကုသမှုကို မြန်မြန် ခံယူနိုင်ဖို့ လိုပါမယ်။

    • ဝမ်းချုပ်တာ

    အစာခြေစနစ်မှာ ပြဿနာ တစ်ခုခု ရှိနေတာကလည်း အတူနေချိန် နဲ့ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက ယာယီသက်သာစေနိုင်ပေမယ့်လည်း IBS လိုမျိုး ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာနဲ့ မအီမသာဖြစ်တာမျိုးကို ခံစားရမယ်ဆိုရင်တော့ ကုသမှု သေချာလေး ခံယူဖို့ လိုပါမယ်။

    ကဲ …. အခုလောက်ဆိုရင်တော့ ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြရတဲ့ အကြောင်းအရင်းတွေကို သိလောက်ပြီ ထင်ပါတယ်နော်။ ကိုယ်တိုင်ရော ဘယ်အချက်နဲ့များ တိုက်ဆိုင်နေလဲဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement