- စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှု ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒါပေမယ့် စိတ်ဖိစီးမှုကို ခန္ဓာကိုယ်က အကောင်းဆုံး တုံ့ပြန်ဖို့ လိုပါမယ်။ တကယ်လို့ စိတ်ဖိစီးမှုကို မဖြေလျှော့နိုင်ဘူးဆိုရင်တော့ သုက်ပိုးတွေ ထွက်ရှိမှုကို ထိခိုက်စေမှာပါ။ ဒါကြောင့် အိပ်ရေးဝဝ အိပ်ပါ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ၊ တရားထိုင်ပါ၊ စိတ်ဖိစီးနိုင်မယ့် အခြေအနေတွေကို အကောင်းဆုံး ဖြတ်ကျော်ပါ။
နေ့စဉ် စားသောက်မှုမှာ အနီရောင်အသား၊ ပြုပြင်ထားတဲ့ အသားတွေ၊ ထောပတ်၊ အုန်းဆီ၊ အဆီပြည့် နို့ထွက်ပစ္စည်း၊ ပီဇာ၊ သကြားပါဝင်မှု များတဲ့ အားဖြည့်အချိုရည်တွေ၊ သကြားလုံးတွေ၊ အရက် နဲ့ သန့်စင်ထားတဲ့ နှံစားသီးနှံတွေက သုက်ပိုး အရေအတွက် နည်းစေပြီး မျိုးအောင်နိုင်စွမ်း ကျဆင်းစေပါတယ်။
ကြက်သား၊ ဘဲသား၊ ပြဒါးနည်းတဲ့ ငါး၊ အသီးအရွက် စတာတွက ကျန်းမာတဲ့ သုက်ပိုး တိုးစေဖို့ အားဖြည့်ပေးနိုင်မှာပါ။
- ဗီတာမင် နဲ့ ဖြည့်စွက်အာဟာရတွေ မှီဝဲပါ
အမျိုးသားတွေ အနေနဲ့ ဖေဖေ ဖြစ်ချင်တယ် ဆိုရင်တော့ အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို တိုးစေနိုင်တဲ့ အာဟာရတွေ ဖြစ်တဲ့ ဇင့်၊ ဖောလစ်အက်ဆစ်၊ ဆီလီနီယမ် နဲ့ L-carnitine တွေက သုက်ပိုး ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။
ငါးကြီးဆီမှာပါတဲ့ DHA က သုက်ပိုးတွေ ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ဖေဖေ ဖြစ်ချင်တယ် ဆိုရင် ဗီတာမင် နဲ့ ဖြည့်စွက်အာဟာရတွေကို မှီဝဲပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။