backup og meta

အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ

    အမျိုးသား အများစုက သူတို့ရဲ့ လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး တော်တော်လေး စိုးရိမ်စိတ်များတတ်ကြသလို အချို့သော အခြေအနေမှာ ဒီအခြေအနေအပေါ် အရမ်း အာရုံထားမိပြီး စိုးရိမ်စိတ်များတာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ခံစားကြရပါတယ်။ တကယ်ကတော့ လိင်တံအရွယ်အစား ကြီးခြင်း သေးခြင်းက လိင်မှုဘဝအပေါ်မှာ ကြီးကြီးမားမား သက်ရောက်သွားတာမျိုးတော့ မရှိပါဘူး။  ဒါပေမယ့်လည်း ဘယ်လိုလို ပြောပြော လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့ အမျိုးသားထုကြီးအတွက် သိထားလို့ ရအောင် အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ 

    အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ

    အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ ကို ဗဟုသုတ အနေနဲ့ သိရှိရအောင် လေ့လာကြည့်လိုက်ဦးနော် ပုရိသတို့ရေ …….

    • အသီးအရွက် များများစားပေးပါ 

    အသီးအရွက် များများစားပေးတာက ကျန်းမာရေးအတွက် ကောင်းသလို ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတဲ့ အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် သွေးကြောတွေ ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ သွေးကြောလေးတွေ ပျက်စီးတာက လိင်တံ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အရွယ်အစားနဲ့ ထောင်မတ်နိုင်စွမ်း အပေါ်မှာပါ သက်ရောက်မှု ရှိစေနိုင်ပါတယ်။

    ဒါကြောင့် စိတ်ရောကိုယ်ရော ဖွားဖက်တော်ပါ ကျန်းမာစေဖို့ အသီးအရွက်များများ စားပေးဖို့ မမေ့ပါနဲ့။ 

    • ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ

    နေ့စဉ်မှန်မှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက လိင်တံအရွယ်အစားပေါ်မှာရော အမျိုးသား ကျန်းမာရေး အပေါ်မှာပါ သက်ရောက်မှုတွေ ရှိပါတယ်။ လေ့ကျင့်ခန်း တစ်နေ့ကို နာရီဝက်လောက် ပုံမှန်လေး လုပ်ပေးတာက အမျိုးသားတို့ရဲ့ ဖွားဖက်တော်ကျန်းမာရေးအတွက် သက်ရောက်မှု ရှိပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်း လုပ်တာက လိင်တံဆီကိုသွေးစီးဆင်းမှု ကောင်းစေနိုင်တာကြောင့်ပါ။

    နောက်တစ်ချက်က တချို့တွေက လိင်တံသေးတာ၊ တိုတာကြောင့်မဟုတ်ဘဲ ဗိုက်ကအဆီတွေကြောင့် လိင်တံသေးတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုလူတွေမှာ လေ့ကျင့်ခန်းလုပ်ပြီး အဆီချလိုက်ရင် လိင်တံရဲ့ နဂိုအရွယ်အစားအတိုင်း ပြန်ဖြစ်သွားပါတယ်။

    • စိတ်ဖိစီးမှုတွေကို ဝေးဝေးပို့လိုက်ပါ

    စိတ်ဖိစီးမှု များတာ၊ စိုးရိမ်စိတ် လွန်ကဲတာတွေက အမျိုးသားတို့အတွက် လိင်တံအရွယ်အစားနဲ့ ကျန်းမာရေး အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးစရာ အတွေးတွေက လိင်တံဆီ သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး လိင်စိတ် နည်းတာ၊ လိင်တံ အရွယ်အစားကို ထိခိုက်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် ဖွားဖက်တော်ကို ကျန်းမာစေချင်တယ်ဆိုရင်တော့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးစေမယ့် အတွေးတွေ၊ အခြေအနေတွေကို တတ်နိုင်သမျှ ရှောင်ပါ။ စိတ်ဖိစီးမှု ပြေလျော့စေမယ့် အလေ့အထလေးတွေကို မွေးမြူပါ။ စိတ်ဖိစီးမှု များတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ 

    • ဆေးလိပ်ဖြတ်ပါ/ မဖြတ်နိုင်သေးရင် လျှော့သောက်ပါ

    “ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေပါသည်”  ဒါက တကယ်ကို မှန်ပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးက သွေးကြောတွေ ကျန်းမာရေးကို ထိခိုက်စေပြီး သွေးကြောကျဉ်းတာ သွေးကြော ပိတ်ဆို့တာတွေကို ဖြစ်စေနိုင်သလို နှလုံးရောဂါ၊ ကင်ဆာနဲ့ အမျိုးမျိုးသော နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဆေးလိပ်သောက်သူတွေမှာ သွေးစီးဆင်းမှု မကောင်းတာကြောင့် လိင်တံဆီ သွေးစီးဆင်း ရောက်ရှိမှု နည်းစေပြီး လိင်တံကျန်းမာရေးနဲ့ ထောင်မတ်နိုင်စွမ်းပေါ်မှာပါ သက်ရောက်မှု ရှိနေသလို နှစ်ဦးကြား ဆက်ဆံရေးမှာလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    ဆေးလိပ်သောက်တာက အဆုတ်ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ဖွားဖက်တော်ကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာကို သတိရပေးပါ။

    • အရက်လျှော့ပါ

    အရက်သောက်တာက အသည်းကြီးတာ၊ အသည်းခြောက်တာတွေကိုတင် ဖြစ်စေတာ မဟုတ်ဘဲ ခန္ဓာကိုယ်တွင်းက သွေးစီးဆင်းမှုနဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။  အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို အလွန်အကျွံ သောက်သုံးတာက ကင်ဆာနဲ့ အမျိုးမျိုးသော နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    အရက်သောက်သူတွေမှာ သွေးစီးဆင်းမှု မကောင်းတာကြောင့် လိင်တံဆီ သွေးစီးဆင်း ရောက်ရှိမှု နည်းစေသလို တက်စတိုစတီရုန်း ထုတ်လုပ်မှုကိုလည်း ကျဆင်းစေပါတယ်။ လိင်တံထောင်မတ်နိုင်စွမ်းပေါ်မှာပါ သက်ရောက်မှု ရှိနေသလို နှစ်ဦးကြား ဆက်ဆံရေးမှာလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    အရက်သောက်တာက အသည်းကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ဖွားဖက်တော်ကိုပါ ထိခိုက်စေနိုင်ပါသေးတယ်။

    ဒါကြောင့် ဒီအချက်လေးတွေကို ပြုပြင်ပြီး ကိုယ့်ရဲ့ လိင်တံကိုကျန်းမာအောင် ဂရုစိုက်လိုက်ပါ။

    # ကိုယ်တိုင် စစ်ဆေးကြည့်လိုက်ပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement