အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

Epididymitis (သုက်ပို့ပြွန်ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Epididymitis (သုက်ပို့ပြွန်ရောင်ရမ်းခြင်း) ကဘာလဲ။ သုက်ပို့ပြွန်ဆိုသည်မှာ သင့်ရဲ့ ဝှေးစေ့ကနေ ဆီးစွန့်ပြွန်ဆီကို သုက်ကောင်တွေကို ပို့ပေးတဲ့ဝှေးစေ့ရဲ့ အနောက်မှာရှိတဲ့ပြွန် တစ်ခုပဲဖြစ်ပါတယ်။ သုက်ပို့ပြွန်ရောင်ရမ်းခြင်း ဆိုသည်မှာ ပိုးဝင်၍ဖြစ်စေ အခြားအခြေအနေ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ သုက်ပို့ပြွန်ရောင်ရမ်း ခြင်းဖြစ်ပါတယ်။ အများဆုံးဖြစ်စေတဲ့ အကြောင်း အရာကတော့ ဘက်တီးရီးပိုးဝင်ခြင်းနဲ့ လိင်ဆက်ဆံခြင်း မှတစ်ဆင့် ရောဂါ ကူးစက်ခြင်းပဲဖြစ်ပါတယ်။ ဝှေးစေ့ ဟာလည်းကူးစက်ခံရပြီးရောင်ရမ်းလာနိုင်ပါတယ်။ ဒါကိုတော့ သုက်ပို့ပြွန်နှင့်ဝှေးစေ့ရောင်ရမ်းခြင်း (epididymo-orchitis) လို့ခေါ်ကြပါတယ်။ Epididymitis (သုက်ပို့ပြွန်ရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ သုက်ပို့ပြွန်ရောင်ရမ်းခြင်းဟာယောက်ျားလေးတွေမှာအဖြစ်များပါတယ်။ အသက်၁၉ နှစ်ကနေ ၂၅နှစ်နဲ့ ၃၅နှစ်အထိမှာ အဖြစ်အများဆုံးဖြစ်ပြီး ဖြစ်ပွားနိုင်ချေကို မြင့်မားစေတဲ့ အရာတွေကိုလျှော့ချခြင်းဖြင့် ဒီလို ရောင်ရမ်းတာကနေ ကာကွယ်နိုင်ပါတယ်။ ဒီထက်အသေးစိတ် သိလိုလျှင်တော့ ဆရာဝန်နဲ့ ကိုယ်တိုင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEpididymitis (သုက်ပို့ပြွန်ရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာတွေကတော့ • သုက်ပို့ပြွန်ရောင်ပြီးနာနေခြင်း • အဖျားအနည်းငယ်ရှိခြင်း • ချမ်းတုန်ခြင်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Hydrocele (မုတ္တရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hydrocele (မုတ္တရောဂါ) ကဘာလဲ။ hydrocele (မုတ္တရောဂါ)ဆိုသည်မှာ ဝှေးစေ့တစ်လုံး သို့ နှစ်ဖက်လုံး ပတ်လည်တွင် နာကျင်ခြင်းမရှိ ရေများစုဝေးပြီး ကပ်ပယ်အိတ် သို့ ပေါင်ခြံနေရာတွင် ဖောင်းလာစေတဲ့ ရောဂါဖြစ်ပါတယ်။ ၎င်းရောဂါဟာ ကြည့်ရဆိုးပြီး နေရခက်သော်လည်း ပုံမှန်အားဖြင့် နာကျင်မှုမရှိသလို အန္တရာယ်လည်း မရှိနိုင်ပါဘူး။ Hydrocele (မုတ္တရောဂါ) က ဘယ်လောက်အဖြစ်များသလဲ မုတ္တရောဂါ အများစုဟာ မွေးတဲ့အချိန်မှာ ရှိတတ်ပါတယ်။ မွေးကင်းစ ၁ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်း လောက်မှာ မုတ္တရောဂါ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ မုတ္တရောဂါ ကို အသက် ၄၀ နောက်ပိုင်းတွေမှာ အဖြစ်များပါတယ်။ လက္ခဏာများHydrocele (မုတ္တရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ hydrocele က လက္ခဏာမပြတတ်ပေမဲ့ ကပ်ပယ်အိတ် ကြီးလာတာတော့ သတိပြုမိမှာပါ။ ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ နာခြင်း၊ ရောင်ခြင်း သို့ […]


လိင်တံပြဿနာများ

Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း) ကဘာလဲ။ Pariapism ဆိုတာ မလိုအပ်ပဲ အချိန်ကြာကြာ လိင်အင်္ဂါထောင်မတ်နေခြင်းဖြစ်ပါတယ်။ အဓိကနှစ်မျိုးရှိပါတယ်။ သွေးစီးအားများပြီး ထောင်နေခြင်း နှင့် သွေးစီးအားနည်းပြီးထောင်မတ်ခြင်းတို့ဖြစ်ကြပါတယ်။ ပထမတစ်မျိုးကတော့ လိင်တံအတွင်းမှ သွေးတွေလွတ်မြောက်ဖို့ ခက်ခဲခြင်းကြောင့်ဖြစ်ရပါတယ်။ ဒုတိယတစ်မျိုးမှာတော့ လိင်တံအတွင်းသို့ သွေးတွေ အများအပြား စီးဆင်းတာကြောင့်ဖြစ်ရပါတယ်။ Priapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း) က ဘယ်လောက်အဖြစ်များသလဲ Piriapism က ဖြစ်ခဲတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီရောဂါကတော့ sickle cell anemia (သွေးနီဥ ပုံသဏ္ဍာန်မမှန် သွေးအားနည်းရောဂါ)ဖြစ်နေတဲ့ အသက် ၅-၁၀ နှစ်ကောင်လေးတွေ နှင့် အသက် ၂၀-၅၀ ယောင်္ကျားတွေမှာ အဖြစ်များပါတယ်။ သိလိုသည်များအား ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများPriapism (လိင်အင်္ဂါအချိန်ကြာမြင့်စွာတောင့်တင်းနေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Priapism က ခဏခဏပြန်ဖြစ်နိုင်ပါတယ်။ ပြန်ဖြစ်တဲ့အခါမှာ လိင်တံထောင်မတ်မှုဟာ ထပ်ခါထပ်ခါဖြစ်နေပြီး ကြာချိန်အနည်းဆုံး ၃ နာရီရှိပြီး နာလည်း နာကျင်စေပါတယ်။ […]


ပန်းသေပန်းညှိုးခြင်း

Erectile Dysfunction (ပန်းသေပန်းညှိုးခြင်းပြဿနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Erectile Dysfunction (ပန်းသေပန်းညှိုးခြင်းပြဿနာ) ကဘာလဲ။ “ပန်းညှိုးခြင်း တစ်နည်းအားဖြင့် ပန်းသေခြင်း ဆိုသည်မှာ အရွယ်ရောက်ပြီးအမျိုးသားတစ်ဦးသည် လိင်ဆက်ဆံမှုပြုရန် လိင်အင်္ဂါအား ထောင်မတ်စေမှု မပြုနိုင်ခြင်း သို့ ထောင်မတ်မှုအား ထိန်းမထားနိုင်ခြင်း အခြေအနေကို ဖော်ပြသော ဆေးပညာအခေါ်အဝေါ်တစ်ရပ် ဖြစ်ပါသည်။” တစ်ခါတစ်ရံ ပန်းညှိုးခြင်း ဖြစ်တာဟာ ကျန်းမာရေးပြဿနာ တစ်ခုတော့ မဟုတ်ပါဘူး။ သို့သော် ပန်းညှိုးခြင်း ဆက်တိုက်ဖြစ်နေရင်တော့ သင့်ကို စိတ်ဖိစီးမှုတွေပေးလာနိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာစေပြီး အိမ်ထောင်ရေးပြဿနာပေးလာနိုင်ပါတယ်။ ဒါ့အပြင် ပန်းညှိုးခြင်း ပြဿနာဟာ အရေးပေါ်ဆေးကုသမှု ခံယူသင့်သည့် ကျန်းမာရေး လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ငုပ်နေတဲ့ ရောဂါအခြေအနေတစ်ခုကို ကုသလိုက်နိုင်ရုံနဲ့ ပန်းညှိုးခြင်း ကိုပျောက်ကင်းစေနိုင်သလို တစ်ခါတစ်ရံမှာ ပန်းညှိုးခြင်းကို တိုက်ရိုက်ကုသရခြင်း၊ ပန်းညှိုးခြင်းအတွက် ဆေးဝါးသောက်သုံးရခြင်း အခြေအနေများလည်းရှိနိုင်ပါသည်။ လက္ခဏာများဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင်ဟာ ဆရာဝန်နဲ့ ပြရမှာ ရှက်နေပြီး […]


လိင်တံပြဿနာများ

Paraphimosis (လိင်တံထိပ်ဖုံး အရေပြားပြဿနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Paraphimosis (လိင်တံထိပ်ဖုံး အရေပြားပြဿနာ) ကဘာလဲ။ Paraphimosis ဆိုတာ လိင်တံထိပ်အရေပြားဟာ နောက်ဆုတ်သွားပြီး နဂိုနေရာကိုပြန်ဆွဲမရတော့ဘဲ လိင်တံထိပ်အား ညှစ်ထားသကဲ့သို့ ဖြစ်သော အခြေအနေကို ခေါ်ပါတယ်။ ဒီအခြေအနေဟာ လိင်တံထိပ်အရေပြား မဖြတ်ထုတ်ရသေးတဲ့ ယောက်ျားငယ်လေးတွေမှာသာ တွေ့ရပြီး လူတွေဟာ ၎င်းအခြေအနေကို များသောအားဖြင့် လိင်တံထိပ် အရေပြားငုံခြင်း (Phimosis) နှင့်ရောထွေးနေတတ်ပါတယ်။ လိင်တံထိပ်အရေပြား ငုံခြင်း၊ မပွင့်ခြင်း နောက်ကို ဆွဲလို့မရခြင်း (Phimosis) ဟာ ငယ်ရွယ်တဲ့ ယောင်္ကျားလေးတွေအတွက် သဘာဝအခြေအနေတစ်ခုဖြစ်ပါတယ်။ သို့သော် Paraphimosis လို့ခေါ်တဲ့ လိင်တံကို ဆွဲညှစ်ထားသလိုဖြစ်နေတဲ့ အခြေအနေကတော့ အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာပြီး လိင်တံထိပ်သို့သွားသော သွေးလည်ပတ်မှုကိုပါ ရပ်သွားစေနိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ ဆရာဝန်နှင့် ချက်ချင်းတိုင်ပင် ကုသရန် လိုအပ်ပါတယ်။ အကြောင်းရင်းများParaphimosis (လိင်တံထိပ်ဖုံး အရေပြားပြဿနာ) ကိုဘာတွေကဖြစ်စေသလဲ အဖြစ်အများဆုံး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Klinefelter's Syndrome ()

အဓိပ္ပါယ်ဖွင့်ဆိုချက်Klinefelter’s Syndrome ကဘာလဲ။ Klinefelter’s syndrome ဆိုသည်မှာ အမျိုးသားများ ဖြစ် သော မျိုးရိုးလိုက်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ဖွံ့ဖြိုးမှု၏ အဆင့်တိုင်းတွင် ထိခိုက်စေပါသည်။ ခန္ဓါကိုယ်၊ ဘာသာစကား နှင့် လူမှုဆက်ဆံရေး စသည်တို့ ဖြစ်သည်။ ပုံ မှန် အမျိုးသား လိင်ပိုင်းဆိုင်ရာ ဝိသေသများ မဖွံဖြိုးပါ။ Klinefelter’s Syndrome က ဘယ်လောက်အဖြစ်များသလဲ Klinefelter’s syndrome သည် အမျိုးသား အယောက် ၄၀၀ တွင် ၁ယောက်မှ အယောက် ၁၀၀၀ တွင် ၁ယောက် အထိ ဖြစ်နိုင်ပါသည်။ လက္ခဏာများKlinefelter’s Syndrome ရဲ့လက္ခဏာတွေကဘာတွေလဲ ဆယ်ကျော်သက်လူငယ် များနှင့် အမျိုးသားများတွင် ခန္ဓါ ကိုယ်နှင့် နှိုင်းယှဉ်ပါက ခြေ၊ လက်များ ရှည်ခြင်း ဖြစ်နိုင်သည်။ ဆယ်ကျော်သက်များသည် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Hernia (အူကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hernia (အူကျခြင်း) ကဘာလဲ။ အူကျွံခြင်းသည် ကိုယ်တွင်းအင်္ဂါ သို့မဟုတ် တစ်ရှူးများ ( အူအခွေ စသော) သည် သူတို့နှင့် မသက်ဆိုင်သော နေရာများသို့ တိုးထွက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကြွက်သား နံရံရှိ အပေါက် သို့မဟုတ် ပျော့သောနေရာများကို တိုးပြီး အလုံးအဖြစ် ထွက်ပေါ်လာပါသည်။ အူကျွံခြင်းသည် ဖိအား စိုက်ထားသော အချိန်တွင်သာ ဖြစ် ပါက ပြန်သွင်း၍ ရသည်ဟုခေါ်ပြီး အန္တရာယ် မများလှပါ။ အပေါက်ထဲတွင် တစ်ရှူးများ ပိတ်မိပြီး ပြန်ဆွဲ၍ မရခြင်းကို ချုပ်နှောင်ထားသော အူကျွံခြင်းဟုခေါ်ပြီး ဆိုးရွားသော ပြဿ နာဖြစ်ပါသည်။ အန္တရာယ်အများဆုံး အူကျွံခြင်းမှာ လိမ်ညစ် ခြင်းဖြစ်သည်။ ပိတ်မိသော တစ်ရှူးများသည် သွေးထောက်ပံ့မှု မရဘဲ သေဆုံးပါသည်။ Hernia (အူကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်များတွင် အဖြစ်အများဆုံးမှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)