အမျိုးသားကျန်းမာရေး

ကိုယ်လက်ကြံ့ခိုင်ရေး၊ လိင်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းပြဿနာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဒါတွေက အမျိုးသားတွေရဲ့ ကျန်းမာရေးကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေ အကုန်လုံးကို ဒီစာမျက်နှာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေး

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

အမျိုးသားကျန်းမာရေး ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

သွေးနွေးသတ္တဝါတွေထဲမှာ အမတွေသာမက တချို့အဖိုမျိုးစိတ်တွေပါ နို့တိုက်လို့ရတယ်ဆိုတာကို တော်တော်များများ သိကြမယ်လို့ ထင်ပါတယ်။ ဒါဆိုရင် လူဆိုတဲ့ သွေးနွေးသတ္တဝါတွေမှာ အမျိုးသားတွေဆိုရင်ရော ရင်သားကနေ နို့ထွက် နိုင်လား။ နို့ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ဒီဆောင်းပါးမှာ ကျွန်တော်က ရှင်းပြပေးချင်ပါတယ်။ နို့ဖြစ်ပေါ်လာရခြင်း မူလအစပထမ အယ်လ်ဗီယိုလိုင် (Alveoli) လို့ ခေါ်တဲ့ ရင်သားတစ်ရှူးရဲ့ သေးငယ်တဲ့ အခေါင်းပေါက်တွေထဲမှာ နို့ကို ထုတ်လုပ်ပေးပါတယ်။ ဒီလိုမျိုး နို့ကို ထုတ်လုပ်ပေးဖို့အတွက် အဓိက လှုံ့ဆော်ပေးတာကတော့ ပရိုလက်တင် (Prolactin) လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါပဲ။ ဒီဟော်မုန်းဟာ ပီကျူထရီဂလန်း (Pituitary Gland) ကနေ အများဆုံး ထုတ်ပေးသလို အမျိုးသမီးတွေရဲ့ သားအိမ်နံရံ (Myometrium) နဲ့ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကနေ ပမာဏအနည်းငယ် ထုတ်လုပ်ပေးနိုင်ပါတယ်။ အမျိုးသားတွေရော၊ အမျိုးသမီးတွေရဲ့ ရင်သားမှာ အယ်လ်ဗီယိုလိုင် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်တယ်ဆိုတာ ရောဂါကုသရေးမှာ အရေးအကြီးဆုံးနဲ့ အလွယ်ကူဆုံးအဆင့်တစ်ခု ဖြစ်ပါတယ်။ ရောဂါတိုင်းက စောစောရှာဖွေနိုင်လေ ပျောက်ကင်းအောင်ကုသဖို့လွယ်ကူလေဖြစ်တဲ့အတွက် ကျန်းမာရေးကြိုတင် စစ်ဆေးမှုတွေကို တစ်ခုခုနေထိုင်မကောင်းဖြစ်မှ မဟုတ်ဘဲ နှစ်စဉ် (ဒါမှမဟုတ်) နှစ်အပိုင်းအခြား တစ်ခုအလိုက်ပြုလုပ်ဖို့ လိုအပ်တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ အကြောင်း ပြောပြချင်ပါတယ်။ အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ ကတော့ သွေးပေါင်ချိန်တိုင်းခြင်း အသက် ၄၀ ကျော်အမျိုးသားတိုင်း အနည်းဆုံး တစ်နှစ်တစ်ကြိမ် သွေးပေါင်ချိန်တိုင်းသင့်ပြီး သွေးပေါင်ချိန်က အပေါ်သွေး ၁၂၀ နဲ့ အောက်သွေး ၈၀ မကျော်ရင်အကောင်း ဆုံးဖြစ်ပါတယ်။ အခုခေတ်မှာသွေးပေါင်ချိန် အလွယ်တကူတိုင်းလို့ရတဲ့စက်တွေလည်း ရှိနေပြီဖြစ်တဲ့အတွက် ကိုယ့်ဖာသာသွေးပေါင်ချိန်မှန်မှန်စစ်ဆေးသင့်ပါတယ်။ အဖြစ်များလာတဲ့သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို သွေးပေါင်ချိန်စစ်ဆေးပြီး ကြိုတင်ရှာဖွေနိုင်တဲ့အတွက် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်ကျဲလာခြင်း က အမျိုးသားတွေအတွက် စိုးရိမ်စရာရှိလား

သုက်ရည်ဆိုတာ အမျိုးသားများ လိင်စိတ်ဆန္ဒ ပြီးမြောက်ချိန်မှာ သုက်ပို့ပြွန်ကနေ အပြင်ဘက်က ထုတ်လွှတ်လိုက်တဲ့ အရည်ဖြစ်ပါတယ်။ သုက်ရည်တွင် သုက်ပိုးများနှင့် ဆီးကျိတ်ဂလန်းက အရည်များ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် သုက်ရည်သည် ပျစ်ပြီး အဖြူရောင် သို့မဟုတ် နို့နှစ်ရောင်ရှိပါတယ်။ ဒါဆို သုက်ရည်ကျဲလာခြင်း က ပြဿနာတစ်ခုလား။ သုက်ရည်ရဲ့ ပျစ်ကျဲမှု ဘာကြောင့်ပြောင်းလဲသွားတာလဲ။ ၁။ သုက်ပိုးကောင်ရေ နည်းသွားခြင်း ဝှေးစေ့တွင် သိမ်းဆည်းထားတဲ့ သုက်ပိုးများ နည်းလာတဲ့အခါ လိင်အင်္ဂါကနေ ထွက်လာတဲ့ သုက်ရည်ဟာလည်း ကျဲသွားတတ်ပါတယ်။ ဝှေးစေ့အကြော ရောင်ရမ်းခြင်း၊ လိင်မှတစ်ဆင့် ရောဂါများ ကူးစက်ခံရခြင်း၊ ဝှေးစေ့တွင် အကျိတ်ဖြစ်နေခြင်း၊ ကျားဟော်မုန်းနည်းလာခြင်း၊ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်း၊ သုက်ပို့ပြွန် ထိခိုက်မိခြင်းကြောင့် သုက်ပိုးကောင်ရေ နည်းသွားနိုင်ပါတယ်။ ၂။ မကြာခဏ သုက်လွှတ်ခြင်း မကြာခဏ သုက်လွှတ်တဲ့အခါ သုက်ပိုးများ နည်းသွားသလို သုက်ရည်ဟာလည်း စေးပျစ်ခြင်းမရှိတော့ဘဲ ကျဲသွားတတ်ပါတယ်။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ

အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ က ဘာတွေ ဖြစ်မလဲ။ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်တဲ့အခါ အမျိုးသားတွေဟာ ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာ ရှိနေတဲ့တိုင်အောင် ဆရာဝန်နဲ့ သွားရောက်ပြသခြင်းမရှိတာကို တွေ့ရပါတယ်။ နှစ်စဉ်ကျန်းမာရေး စစ်ဆေးမှုများ မပြုလုပ်ခြင်း၊ အချို့သော ကျန်းမာရေးလက္ခဏာများကို လျစ်လျူရှုခြင်း၊ လိုအပ်သည့်အခါမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လက်တွန့်ခြင်းကြောင့် မလိုအပ်ဘဲ ရောဂါဒဏ်ကို ပိုခံရတဲ့အပြင် အသက်ဆုံးရှုံးမှုလည်း ပိုဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသားများ လုံးဝမပေါ့ဆသင့်တဲ့ ကျန်းမာရေးလက္ခဏာများကို ပြောပြသွားမှာဖြစ်ပြီး ဒီလက္ခဏာတွေထဲက တစ်ခုခုကို ကိုယ်အမြဲ ကြုံတွေ့ခံစားနေရတယ်ဆိုရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။ အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ အမျိုးသားများ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးလက္ခဏာများ ကတော့ ၁။ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း ရင်ဘတ်အောင့်တယ်၊ အသက်ရှူမဝဘူးဆိုတာ ပုံမှန်ကျန်းမာနေတဲ့ သူတစ်ယောက်မှာ မတွေ့ရတဲ့ လက္ခဏာပါ။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ စိုးရိမ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာ (၅) မျိုး

လူမှန်ရင် ကျန်းမာရေးပြဿနာနဲ့ မကင်းဝေးနိုင်ကြသလို အမျိုးသားများသည်လည်း ထိုနည်းတူပါပဲ။ အမျိုးသမီးတွေနဲ့ ကွာသွားတဲ့အချက်က အမျိုးသားတွေဟာ သူတို့ ဖြစ်နေတဲ့ ပြဿနာတွေ၊ ခံစားနေရတဲ့ ဝေဒနာတွေကို သိပ်ပြီး ဖွင့်ထုတ်ပြသလေ့မရှိဘဲ ရေငုံနှုတ်ပိတ် နေတတ်ကြတဲ့ ကိစ္စပါ။ ဒီအချက်ကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးများထက် တကယ်တမ်း ကျန်းမာရေးပြဿနာ ကြုံလာရတဲ့အခါ ပိုကုသရခက်ပြီး အသက်ဆုံးရှုံးနိုင်ခြေ ပိုများတတ်ပါတယ်။ အမျိုးသားများ အကြောက်ဆုံး ကျန်းမာရေးပြဿနာတွေက ဘာတွေဖြစ်မလဲ။ ဒီကျန်းမာရေးပြဿနာတွေဟာ ကိုယ်တိုင် သို့မဟုတ် ကိုယ့်အနီးပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတာကို မြင်တွေ့၊ ကြားသိပြီး ကြောက်တဲ့စိတ်တွေ တိုးလာတတ်ကြတာပါ။ အမျိုးသားတိုင်း ဒီပြဿနာတွေ ဖြစ်လိမ့်မယ်လို့ ဆိုလိုတာမဟုတ်ပေမဲ့ အများစုကတော့ ဒီပြဿနာတွေကို မလွဲမသွေ တွေ့ကြုံရနိုင်ပါတယ်။ ၁။ ဆီးကျိတ်နဲ့ဆိုင်တဲ့ ပြဿနာများ အသက်အရွယ်ကြောင့် အမျိုးသားအများစု မလွှဲမသွေ ကြုံရတတ်တဲ့ ပြဿနာတွေထဲက တစ်ခုပါ။ ဆီးကျိတ်ကြီးခြင်း သို့မဟုတ် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ

အမျိုးသားတွေဟာ လိင်မှုရေးရာကိစ္စတွေနဲ့ ပတ်သက်လာရင် လွန်ကဲစွာ စွဲလမ်းနှစ်ခြိုက်တတ်ကြပြီး လိင်စိတ် လွန်ကဲတတ်ကြတယ်လို့ လူအတော်များများက ထင်ထားကြပါတယ်။ စာအုပ်တွေ၊ ရုပ်ရှင်တွေနဲ့ တီဗီအစီအစဉ်တွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေ၊ ဇာတ်ဝင်ခန်းတွေမှာ အမျိုးသားတွေရဲ့ လိင်စိတ် လွန်ကဲမှုကို ဖော်ပြထားတတ်ကြပါတယ်။ အမျိုးသမီးတွေကိုကျတော့ စိတ်ကူးယဉ်ဆန်ပြီး အချစ်တစ်ခုတည်းကိုသာ တပ်မက်ကြသလို ရိုက်ကူးထားတာကို တွေ့နိုင်ပါတယ်။ တကယ့်လက်တွေ့မှာ အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ ကရော ဘယ်လိုရှိမလဲ။ အမျိုးသားတို့ရဲ့ လိင်စိတ် ဆိုတာ အမျိုးသားတွေရဲ့ လိင်စိတ်က လွန်ကဲတယ်လို့ ဖော်ပြယူဆထားကြတာဟာ အမှန်တရားလား။ ကဲ အောက်မှာ ထင်မြင်ယူဆချက်အချို့ကို ဖြေရှင်းချက်တွေနဲ့တကွ ကြည့်လိုက်ကြရ အောင်။ (၁)  အမျိုးသားတွေဟာ အချိန်ပြည့်လိင်ကိစ္စကို တွေးတောနေတတ်တယ်။ အမေရိကန်နိုင်ငံ အိုဟိုင်းရိုးပြည်နယ်က လေ့လာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက်အရ ငယ်ရွယ်တဲ့အမျိုးသားတစ်ယောက်ဟာ တစ်နေ့မှာ လိင်မှုကိစ္စအကြောင်းကို ၁၉ ကြိမ်လောက် […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆိုတာ အခုမှ ပထမဆုံး ထိပ်အရေပြားဖြတ်မယ့် ညီလေးတွေ မကြာခဏ လာမေးတတ်ကြတဲ့ မေးခွန်းတစ်ခုပါ။ ယောက်ျားလေး အများစုကတော့ နာကျင်တာကို သိပ်ပြီး မကြောက်တတ်ကြဘူးဆိုပေမယ့် ကိုယ့်ရဲ့ ဖွားဖက်တော်နေရာမှာ လုပ်တဲ့ ခွဲစိတ်မှုဖြစ်တဲ့အတွက် စိုးရိမ်စိတ်တွေနဲ့ ရောပြီး ကြောက်တတ်ကြတာ သဘာဝပါ။ ဘာကြောင့် လိင်တံထိပ်အရေပြားဖယ်ရှားချင်တာလဲ။ ဒါက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းတစ်ခုပါ။ အရေပြားဖယ်လို့ ကျန်းမာရေးအတွက်ရော တစ်ကိုယ်ရေသန့်ရှင်းမှုအတွက်ပါ အကျိုးထူးရတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကာယကံရှင်ရဲ့ စိတ်ဆန္ဒက ဒီခွဲစိတ်မှုအတွက် စိတ်အားထက်သန်မှ ဖြစ်မှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးဖြစ်စေလဲ။ ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေ သန့်ရှင်းမှုကို ဂရုမစိုက်တဲ့အခါ ထိပ်အရေပြားပတ်လည်မှာ အဖြူရောင်အရိအချွဲနဲ့ အဖတ်တွေ ကပ်နေတတ်ပြီး အနံ့ထွက်တတ်ပါတယ်။ နံရုံတင်ပဲလားဆိုတော့ ဘက်တီးရီးယားပိုးတွေ ပါနေတဲ့အတွက် အခန့်မသင့်ရင် ဆီးလမ်းကြောင်း […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

Single Father တစ်ယောက်အနေနဲ့ ဘဝကို ဘယ်လို ဖြတ်သန်းမလဲ

စင်ဂယ်ဖေဖေ (Single Father) တစ်ယောက်ဖြစ်ရတာ မလွယ်ကူလှပါဘူး။ စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ငန်းဆောင်တာ အလုပ်တာဝန်ဝတ္တရားတွေကို ဆောင်ရွက်ရင်း ရင်သွေးလေးတွေကိုလည်း ကောင်းမွန်စွာ ကြီးပြင်းလာအောင် ထိန်းကျောင်းရတယ်ဆိုတာ ခက်ခဲတဲ့ ကိစ္စတွေပါ။ Single Father တစ်ယောက်အနေနဲ့ ဘဝကို ဘယ်လို ဖြတ်သန်းမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အထူးသဖြင့် အမျိုးသားတစ်ယောက် ကလေးထိန်းတယ်ဆိုတာ အမျိုးသမီးတွေထက်တော့ ပိုပြီး ကသီလင်တ နိုင်နိုင်တယ်မဟုတ်လား။ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းခွင်ထဲက အလုပ်တွေအကြောင်းကို ခရေစေ့တွင်းကျ နားလည်တတ်ကျွမ်းနေတတ်ပေမယ့် သားသမီးကို ဘယ်လို ပြုစုယုယရမယ်ဆိုတာမျိုးကိုတော့ ဖေဖေတို့ တတ်ကျွမ်းနားလည်ဖို့ ခက်ခဲနေတတ်ပါတယ်။ စင်ဂယ်ဖေဖေ တစ်ယောက်ဖြစ်လာပြီဆိုရင် မိသားစုတာဝန်တွေ၊ သားသမီးအရေးကိစ္စတွေ၊ လုပ်ငန်းခွင်ဖိအားတွေနဲ့ ပိုပြီး စိတ်ပင်ပန်းနေရတတ်ပါတယ်။ ဒီစာစုလေးမှာတော့ စင်ဂယ်ဖေဖေ တွေ စိတ်ဖိစီးမှုမများပဲ နေ့စဉ်ဘဝမှာ စနစ်တကျစီမံခန့်ခွဲရင်း သားသားမီးမီးတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်စေမယ့် နည်းနာတွေကို မျှဝေပေးချင်ပါတယ်။ Single […]


လိင်တံပြဿနာများ

သင့် ငယ်ပါ တိုဝင်သွားပြီလား။

ခုနကအကောင်း ခုကြည့်လိုက်တော့မှ ငယ်ပါ ကို မတွေ့တော့လို့ ခေါင်းထဲမှာ ဒိန်းခနဲတက်ဆောင့်ပြီး လန့်သွားတဲ့သူများ ရှိသလား။ တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အထိတ်တလန့် ဖြစ်ရပြီဆိုရင် သင့်မှာ koroလို့ ခေါ်တဲ့ ကြောက်လန့်ခြင်း တစ်မျိုး ဖြစ်နေပြီလို့ပဲ ပြောပါရစေ။ တကယ်တော့ koroဆိုတာ culture- bound syndrome လို့ ခေါ်တဲ့ ဓလေ့ထုံးစံတွေကြောင့် အစွဲအလမ်းကြီးတာမျိုးပါ။ သမိုင်းကို ပြန်ကောက်ရမယ်ဆိုရင် koro ဆိုတာ မလေးတရုတ်စကားဖြစ်ပြီး 'ကျုံ့သွားတယ်'လို့ အဓိပ္ပာယ်ရပါတယ်။ အာရှနိုင်ငံတွေမှာ အတွေ့ရအများဆုံးပါပဲ။ ဟိုးအနောက်နိုင်ငံတွေမှာဆိုရင်တော့ ဒါဟာ စုန်းမပြုစားတာမို့လို့ ပြန်ပြီးတောင်းပန်ကြပါတယ်။ ခုခေတ်စကားနဲ့ဆို နတ်ကိုင်လိုက်တာပေါ့။ နောက်တစ်ခုက ဒီလိုမကျုံ့ခင်မှာ ဆစ်ခနဲနာပြီးမှ ကျုံ့သွားတဲ့အတွက် 'တိုနာ'လို့လည်း မြန်မာမှုပြုပြီး ခေါ်ကြပါသေးတယ်။ ဒါဆို လိင်အင်္ဂါက တကယ်ကျုံ့ဝင်တတ်သလား။ စိတ်ပိုင်းဆိုင်ရာ သက်သက်လား။ အမျိုးသားတွေရဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

ပုံမှန် ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက် လက်နဲ့ အာသာဖြေပြီး၊ လိင်ဆက်ဆံပြီးနောက် ဆန္ဒအထွတ်အထိပ်ကို ရောက်သွားတဲ့အခါ (Orgasm) ခေါင်းမူးသလို၊ မိုက်ကနဲ လဲချင်သလို ဖြစ်တာမျိုး ကြုံရတတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်တတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်း မရှိသေးပေမယ့် ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေကိုတော့ ဒီဆောင်းပါးမှာ ဖော်ပြပေးချင်ပါတယ်။ တစ်ခုခုဆို သုက်လွှတ်ပြီးမှ ခေါင်းမူးလာလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ပုရိသတွေလည်း အဖြေရှာရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း က ဘာကြောင့်လဲဆိုတာ အဖြေထုတ်ကြည့်လိုက်နော်။ အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း ကို ဒါတွေက ဖြစ်စေတာပါ။ ၁။ ဆီးကျိတ်ကြီးဆေး သောက်နေရခြင်း BPH လို့ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ အမျိုးသားတွေမှာ ဆီးသွားရလွယ်ကူအောင် သောက်ရတဲ့ ဆေးတွေ ရှိပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)