ဂေါ်လီထည့်တာက အသည်းရောင် အသားဝါ ဘီ၊ စီနဲ့ HIVလို ကူးစက်ရောဂါတွေ ဖြစ်နိုင်ခြေ များပါတယ်။ အဓိကကတော့ ကိရိယာတွေ၊ ဓားတွေ သန့်ရှင်းမှု မရှိတာ၊ ကိုယ့်ကို ထည့်ပေးတဲ့သူမှာ ပိုးရှိနေပြီး သူ့သွေးကနေ ကိုယ့်ဆီမတော်တဆ ကူးစက်တာမျိုးပါ။
ဒါတင်မကသေးပါဘူး။ ဂေါ်လီထည့်ပြီး လိင်ဆက်ဆံတဲ့အခါ မိန်းမကိုယ်လမ်းကြောင်း ပေါက်ပြဲပြီး အထက်ပါရောဂါတွေအပြင် လိင်ကနေတဆင့် ကူးစက်ရောဂါတွေပါ ဖြစ်နိုင်ခြေ များစေပါတယ်။
- ထင်ထားသလို လိင်စိတ်ကျေနပ်မှု မရတာ
ဂေါ်လီထည့်တဲ့သူတွေကို မေးကြည့်လိုက်ရင် အဖော်ကို ခံစားမှုပိုကောင်းစေချင်လို့လို့ ပြောကြပေမဲ့ လက်တွေ့မှာက အမြဲတမ်း ဒီလိုမဖြစ်ပါဘူး။ Journal of Sexual Medicine ရဲ့ အဆိုအရ ဂေါ်လီထည့်ခြင်း နဲ့ လိင်စိတ်ခံစားမှု ဆက်စပ်နေတယ်ဆိုတာ လုံလောက်တဲ့ သက်သေပြချက် မရှိပါဘူး။
တချို့က ခံစားမှုကောင်းတယ်လို့ ပြောကြပေမဲ့ တချို့ကလည်း နာလွန်းတယ်လို့ ပြောကြပါတယ်။ ပိုဆိုးတာက မွေးလမ်းကြောင်းတွေ ပေါက်ပြဲသွေးထွက်တာကြောင့် အမျိုးသမီးကိုယ်တိုင်လည်း ပိုးဝင်လွယ်သလို အမျိုးသားကိုလည်း ပိုးကူးစက်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။