နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးတိုးရောဂါ

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးရောဂါ

ညဘက် အိပ်နေရင်း ထထမောနေပြီလား

ညဘက် အိပ်နေရင်းနဲ့ မောလို့ ထထိုင်ရတာမျိုးတွေ ဖြစ်နေပြီလား။ ထပြီး ပြတင်းပေါက်ထဖွင့် အသက်ဝဝရှူလိုက်မှ အမောသက်သာတာမျိုး ဖြစ်နေပြီလား။ ဒါကို ဆေးပညာအရ  Paroxysmal nocturnal dyspnea (PND) လို့ ခေါ်ပါတယ်။ ညဘက်မှာ ဖြစ်တဲ့ အမောပေါ့။ သူက အိပ်ပြီး နာရီပိုင်းလောက်ကြာတာနဲ့ ထထမောတတ်ပါတယ်။ မောတာက ဘယ်အချိန်မှာမဆို မောနိုင်ပါတယ်၊ မနက်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ်ပေါ့။ မောခြင်းရဲ့ နောက်ကွယ်မှာ နှလုံးမကောင်းတာ၊ အဆုတ်မကောင်းတာလိုမျိုး ရောဂါကြီး တစ်ခုခုလည်း ရှိနေနိုင်ပါတယ်။ PNDကို ဖြစ်စေတဲ့ အကြောင်းရင်း၊ ကုသနည်းတွေကို လေ့လာကြည့်ရအောင်။ ဘာလက္ခဏာတွေ တွေ့ရမလဲ။ PNDက အိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်းမှာပဲ ဖြစ်တတ်ပါတယ်။ PND မှာ မောပြီး နိုးလာမယ်။ ထထိုင်ပြီး ပြတင်းပေါက်တွေ ဘာတွေဖွင့် အသက်ဝဝရှူလိုက်မှ နေလို့ […]


သွေးတိုးရောဂါ

တချို့သွေးတိုးရောဂါသည်တွေ ဘာလို့ အငန် မရှောင်တာလဲ

သွေးတိုးရောဂါသည် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ဖြစ်နိုင်သလို မွေးရာပါ သို့မဟုတ် မိဘမျိုးရိုးအရလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာသာမက ကလေးတွေမှာပါ ငယ်ငယ်လေးနဲ့ သွေးတိုးရောဂါ အဖြစ်များလာပါတယ်။ သွေးတိုးရောဂါဆိုတာနဲ့ လူတိုင်းက အငန်ကို အဓိက ရှောင်ရမယ်ဆိုတာ သိကြပါတယ်။ အငန်ဓာတ်ကို အပေးနိုင်ဆုံးကတော့ ဆားပေါ့။ ဆားကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဟင်းချက်တဲ့အခါ မပါမဖြစ် အများဆုံး ထည့်ချက်ကြပါတယ်။ ဆားမှာ ပါတဲ့ ဆိုဒီယမ်ဓာတ်ကို ခန္ဓာကိုယ်က အသုံးပြုသလို လိုလည်း လိုအပ်ပါတယ်။ ပုံမှန် ကျန်းမာတဲ့ လူတစ်ယောက်ဟာ ဆားတွေ စားမိလိုက်တဲ့အခါ ကျောက်ကပ်ကနေ တစ်ဆင့် ဆီးအဖြစ်နဲ့ အပြင်ဘက်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် စားတဲ့ ဆားပမာဏက အတိုင်းအတာတစ်ခုကို ကျော်လွန်သွားတဲ့အခါ ကျောက်ကပ်က ဆီးအဖြစ်နဲ့ အကုန်မစွန့်ထုတ်နိုင်တော့ပါဘူး။ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

ဘယ်သူတွေမှာ သွေးကြောထုံးရောဂါ ပိုဖြစ်တတ်သလဲ

သွေးပြန်ကြောနံရံတွေနဲ့ သွေးကြောအဆို့ရှင်တွေအားနည်းရင် ခံစားရမယ့် သွေးကြောထုံးရောဂါပိုဖြစ်နိုင်သူတွေ က ဘယ်သူတွေလဲဆိုတာ လေ့လာကြည့်ရအောင်နော်။ ခန္ဓာကိုယ်ထဲကနေရာအနှံ့ကို လိုအပ်တဲ့သွေးတွေပို့ဆောင်ပေးဖို့အတွက် သွေးကြောစနစ်ပါဝင်ပါတယ်။ ဒီစနစ် ကို သွေးလွှတ်ကြောတွေ သွေးပြန်ကြောတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ သွေးပြန်ကြော(veins) တွေထဲမှာ တစ်ဖက်ပွင့်အဆို့ရှင်ငယ်လေးတွေပါပြီး သွေးပြန်ကြောကို ဖြတ်သန်းသွားတဲ့သွေးတွေ နောက်ပြန် ပြန်မဝင်လာနိုင်အောင် ပိတ်ဆို့ ပေးပါတယ်။ သွေးပြန်ကြောနံရံတွေပုံမှန်ထက်ကျယ်ပြန့်လာတဲ့အခါမှာ ဒီအဆို့ရှင်လေးတွေလည်းအားနည်းလာပြီး သွေးကိုသေချာလုံအောင် မပိတ်နိုင်တော့ဘဲ သွေးယိုစိမ့်တာ ၊ သွေးနောက်ပြန်စီးတာတွေ ဖြစ်လာစေပါတယ်။ အချိန်ကြာလေ သွေးပြန်ကြောထဲမှာ သွေးတွေပိုစုပုံလာလေ ဖြစ်ပြီး သွေးပြန်ကြောတွေ ပုံမှန်ထက် ဖောင်းကားရောင်ကိုင်းလာပါတော့တယ်။ ဒါကို သွေးကြောထုံးရောဂါ (varicose veins) လို့ခေါ်ဆိုပါတယ်။ ဘယ်အချက်တွေက သွေးပြန်ကြောနံရံတွေကို ကျယ်ပြန့်လာစေသလဲ၊ ဘာကြောင့် သွေးကြောထဲက အဆို့ရှင် တွေကိုအားနည်းလာစေသလဲဆိုတာ အခုချိန်ထိ လေ့လာနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သော သူတွေက တခြားသူတွေထက် […]


နှလုံးရောဂါ

သင့်မှာ နှလုံးရောဂါ စွဲကပ်လာနိုင်ကြောင်း သတိပေးနေတဲ့ နိမိတ်လက္ခဏာ ၁၂ ခု

သင့်မှာ နှလုံးရောဂါ စွဲကပ်လာနိုင်ကြောင်း သတိပေးနေတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။ နှလုံးရောဂါဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ်။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ် အလွန်အကျွံ သောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို အလွန်အကျုး မှီဝဲတာတွေကြောင့် နှလုံးနဲ့ သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ ဒီလို ဆိုးရွားတဲ့ နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက် ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုး တစ်မျိုး ဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက် အများဆုံး ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ရောဂါ မဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲ အရေးကြီး လှပါတယ်။ တကယ်လို့ သာမန် အခြေအနေမှာ မိမိမှာ နှလုံးရောဂါ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးသွေးကြောကျဉ်းနဲ့ပတ်သက်သမျှ

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ တကမ္ဘာလုံးမှာ လူတွေသေဆုံးရခြင်းအကြောင်းအရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းတစ်ခုြဖစ်ပါတယ်။ နှလုံးဟာ ခန္ဒာကိုယ်တစ်ခုလုံးကို လိုအပ်တဲ့သွေးတွေရရှိအောင် ပို့ဆောင်ပေးနေတာမှန်ပေမယ့် နှလုံးကိုယ်တိုင်ကလည်း သွေးထောက်ပံ့မှုရရှိဖို့လိုပါတယ်။ နှလုံးကိုထောက်ပံ့နေတဲ့ အဓိကသွေးလွှတ်ကြောတွေထဲက တစ်ခုခု ရောဂါဖြစ်တာ ဒါမှမဟုတ်ပျက်ဆီးတဲ့အခါ နှလုံးစွမ်းဆောင်ရည်ကျဆင်းလာပြီး နောက်ဆက်တွဲဆိုးကျိူးတွေအများကြီးဖြစ်စေပါတယ်။ ကိုလက်စထရော (အဆီ) ပါဝင်တဲ့ အနည်တွေသွေးကြောမှာစုံပုံလာရာက သွေးကြောတွေ ရောင်ယမ်းလာပါတယ်။ အဲဒီနောက် သွေးကြောကို ကျဉ်းစေပါတယ်။ ဒီအခါ နှလုံးကိုထောက်ပံ့ပေးနေတဲ့သွေးလွှတ်ကြောတွေဟာ နှလုံးဆီကိုသွေးလုံလုံလောက်လောက်မပို့ပေးနိုင်တော့ပါဘူး။ အဲဒီအခါ ရင်ပတ်အောင့်ခြင်း၊ မောခြင်း၊ အသက်ရှူကြပ်ခြင်းနဲ့ တခြားလက္ခဏာတွေအပြင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါဟာ ရုတ်တရက်ဝုန်းကနဲထဖြစ်တဲ့ ရောဂါမျိူးမဟုတ်ဘဲ ဖြည်းဖြည်းခြင်းတည်ဆောက်ပြီးမြှဖစ်တဲ့ရောဂါမို့ ရောဂါတော်တော်ရင့်မှ ဒါမှမဟုတ် သွေးကြောလုံးလုံးပိတ်မှ သတိထားမိတာမျိူးဖြစ်တတ်ပါတယ်။ ဒါပေမယ့်လဲ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေအများကြီးလဲရှိနေပါသေးတယ်။  ရောဂါလက္ခဏာတွေ နှလုံးကိုသွေးပို့ပေးနေတဲ့ သွေးလွှတ်ကြောတွေ ကျဉ်းသွားတဲ့အခါ နှလုံးဆီကို အောက်ဆီဂျင်ကြွယ်ဝတဲ့သွေးတွေ အလုံအလောက်မပို့ပေးနိုင်တော့ပါဘူး။ အထူးသဖြင့် ပုံမှန်ထက်အောက်ဆီဂျင်ပိုလိုတဲ့ အခြေအနေမျိူး ဥပမာ […]


နှလုံးရောဂါ

သတိပြုဖွယ်ရာ Heart Attack ၏ အချက်ပေးခေါင်းလောင်းသံများ

Heart attack (ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာ နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီး နှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားများဟာ သွေးကို လုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ ခံစားရတဲ့ ဝေဒနာဟာ ရုတ်ချည်းပြင်းထန်စွာ ခံစားရတာမို့ heart attack (သို့) နှလုံးထိုက်ခြင်းလို့ ခေါ်နိုင်ပါတယ်။ နှလုံးထိခိုက်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ထိရောက်စွာ မကုသနိုင်ရင် နှလုံးကြွက်သားပျက်စီးပြီး အသက်ဆုံးရှုံးနိုင်လို့ မပေါ့မဆ သတိပြုသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးထိခိုက်ခြင်းဖြစ်နိုင်ခြေများစေတဲ့ အခြေအနေတွေကတော့ - အသက်အရွယ် - မျိုးရိုးရှိခြင်း - သွေးတိုးခြင်း - ကိုလက်စထရောများခြင်း - အဝလွန်ခြင်း - အာဟာရမပြည့်ဝခြင်း - အရက်အလွန်အကျွံသောက်ခြင်း - စိတ်ဖိစီးခြင်း - ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါ အချက်တွေထဲမှာ ပါဝင်နေရင်တော့ နေထိုင်မှုပုံစံကို ပြောင်းလဲသင့်တဲ့အပြင် နှလုံးထိခိုက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေကို ကြိုတင်နားလည် […]


နှလုံးသွေးကြောကျဉ်းရောဂါများ

နှလုံးကြွက်သားပုပ်ခြင်း ဘာကြောင့်ဖြစ်တတ်သလဲ

နှလုံးကြွက်သားပုပ်ခြင်းဆိုတာဟာ နှလုံးသွေးကြောထဲမှာ သွေးပြတ်သွားခြင်းကြောင့် ကြွက်သားများ ပုပ်သွားတဲ့ အခြေအနေဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းမြောင်းခြင်း၊ သွေးကြောပိတ်ခြင်းကြောင့် သွေးပြတ်တောက်ရခြင်း ဖြစ်ပါတယ်။ နှလုံးဟာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို အောက်ဆီဂျင်ပါတဲ့ သွေးတွေပို့ဆောင်ပေးနေသလိုပဲ သူကိုယ်တိုင်အတွက်လည်း သွေးလိုအပ်ပါတယ်။ နှလုံးကြွက်သားအတွက်လိုအပ်တဲ့ သွေးတွေကို နှလုံးသွေးကြောမကြီးသုံးချောင်းကနေ ပို့ဆောင်ပေးပါတယ်။ အဆိုပါ သွေးကြောတွေ ပိတ်ဆို့ကျဉ်းမြောင်းတဲ့အခါ သွေးပြတ်တောက်ပြီး နှလုံးကြွက်သားကို ထိခိုက်စေပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာတွေကတော့ နှလုံးသွေးကြောကို ပိတ်ဆို့ကျဉ်းမြောင်းစေတဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ မကောင်းသော ကိုလက်စထရော LDL လို့ခေါ်တဲ့ ကိုလက်စရောဟာ လူကို ဘေးဥပဒ်ဖြစ်စေပါတယ်။ သွေးကြောတွေကို ပိတ်ဆို့စေပါတယ်။ ကိုလက်စထရောကို အစားအသောက်ကနေ ရနိုင်သလို ကိုယ်ခန္ဓာတွင်းမှာလည်း သဘာဝအလျောက် ထုတ်လုပ်ပါတယ်။ LDL ကိုလက်စထရောဟာ သွေးကြောနံရံတွေမှာ ကပ်ငြိသွားပြီး နံရံတွေကို ထူထဲလာစေပါတယ်။ အဲဒီအခါ သွေးကြောထဲ သွေးစီးဆင်းမှု မကောင်းတော့ဘဲ သက်ဆိုင်ရာ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

အစာမကြေရင်ပူခြင်းနှင့် နှလုံးထိခိုက်ခြင်း ဘာကွာခြားသလဲ

အစာမကြေရင်ပူခြင်း (Heartburn) နဲ့ နှလုံးထိခိုက်ခြင်း (heart attack) ဟာ ကွဲပြားတဲ့ အခြေအနေတွေ ဖြစ်ပေမယ့် ကြုံတွေ့ရတဲ့ လက္ခဏာဟာ အတော်လေးဆင်တူပါတယ်။ နှစ်မျိုးစလုံးမှာ ရင်ဘတ်အောင့်တတ်ပါတယ်။ အဲဒီအခြေအနေကြုံလာရင် နှလုံးရောဂါကြောင့်ဆိုပြီး အရေးပေါ်ဆေးဝါးကုသမှု ခံယူရမလား အစာအိမ်လေဆေးလောက် သောက်ရုံနဲ့ ပြီးသွားမလားဆိုပြီး ဆုံးဖြတ်ရခက်ပါတယ်။ အဆိုပါအခြေအနေနှစ်မျိုးစလုံးမှာ ရင်ဘတ်အောင့်ခြင်း ဘာကြောင့်ဖြစ်လာရသလဲ နားလည်ရအောင် နှစ်မျိုးစလုံးရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။ နှလုံးထိခိုက်ခြင်း (Heart attack) နှလုံးထိခိုက်ခြင်းဆိုတာကတော့ နှလုံးမှာရှိတဲ့ အဓိကနှလုံးသွေးကြောတွေမှာ သွေးလည်ပတ်မှု လျော့ကျသွားလို့ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ နှလုံးမှာ သွေးနဲ့အောက်ဆီဂျင် ရရှိမှု နည်းသွားပါတယ်။ ဒီအခြေအနေကို နှလုံးသွေးငတ်ခြင်းလို့ ခေါ်ပါတယ်။ နှလုံးထိခိုက်မှုဖြစ်ချိန်မှာ နှလုံးကြွက်သားတွေမှာ သွေးရရှိမှုနည်းသွားပြီး ရင်ဘတ်အောင့်ခြင်း အပါအဝင် တခြားဝေဒနာတွေ ကြုံနိုင်ပါတယ်။ အစာမကြေရင်ပူခြင်း အစာမကြေရင်ပူခြင်းဆိုတာကတော့ အစာအိမ်ထဲက အက်ဆစ်များဟာ အစာရေမျိုထဲကို […]


ကိုလက်စထရောလ်

အသက်အရွယ်အလိုက်ရှိသင့်သော ကိုလက်စထရောပမာဏ

ကိုလက်စထရောဆိုတာ အဆီဓာတ်တမျိုးဖြစ်ပြီး အသည်းကနေ ထုတ်လုပ်ပါတယ်။ အစားအစာတချို့မှလည်း ရရှိနိုင်ပါတယ်။ ကိုလက်စထရောကို အမျိုးအစားအားဖြင့် - low-density lipoproteins (LDL) (ခေါ်) ကျန်းမာရေးနဲ့မညီညွတ်တဲ့ ကိုလက်စထရော - high-density lipoproteins (HDL) (ခေါ်) ကျန်းမာရေးအတွက် ကောင်းတဲ့ကိုလက်စထရော စသဖြင့် တွေ့နိုင်ပါတယ်။ ကိုလက်စထရောပမာဏဆိုတာ အဆိုပါနှစ်မျိုးလုံးကို ခြုံငုံခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတချို့ လည်ပတ်နိုင်ဖို့အတွက် ကိုလက်စထရောကို လိုအပ်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ ကိုလက်စထရောတွေ သွေးကြောတွေထဲမှာ စုပုံလာရင်တော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေ ဖြစ်ပွားနိုင်ပါတယ်။ သွေးကြောတွေ ကျဉ်းမြောင်းပိတ်ဆို့တဲ့အခါ နှလုံးဆီကို သွေးစီးဆင်းတာ နည်းသွားပြီး နှလုံးထိခိုက်ခြင်း (Heart attack) ဖြစ်နိုင်သလို ဦးနှောက်ထဲကို သွေးရောက်တာနည်းသွားရင် လေဖြတ်နိုင်ပါတယ်။ ဒါကြောင့် ကိုလက်စထရောပမာဏကို ပုံမှန်စစ်ဆေးပေးခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒီနေရာမှာ […]


အခြားနှလုံးသွေးကြောဆိုင်ရာပြဿနာများ

နှလုံးသွေးလွှတ်ကြောရောဂါနှင့် ကာကွယ်ရန်နည်းလမ်းများ

နှလုံးသွေးလွှတ်ကြောရောဂါ (CAD) ဆိုတာကတော့ နှလုံးကြွက်သားတွေဆီ သွေးများ သယ်ယူပို့ဆောင်ပေးတဲ့ နှလုံးသွေးလွှတ်ကြောတွေ ကျဉ်းမြောင်းပြီး သွေးရောက်ရှိမှု လျော့နည်းသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရော (LDL) မြင့်တက်လာရင် နှလုံးသွေးလွှတ်ကြောရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဘယ်အရာတွေက နှလုံးသွေးလွှတ်ကြောရောဂါကို ဖြစ်စေသလဲ စေးပျစ်တဲ့ ကိုလက်စထရောနဲ့ တခြားပစ္စည်းတွေ သွေးကြောထဲမှာ စုပုံလာရင် နှလုံးသွေးလွှတ်ကြောရောဂါ စတင်လာပြီ ဖြစ်ပါတယ်။ သွေးကြောနံရံမှာ အဖတ်များကပ်လာတာကြောင့် နံရံများကို မာကျစ်လာစေပါတယ်။ အဲဒီအချိန်မှာ သွေးစီးဆင်းမှုလျော့နည်းသွားပါတယ်။ ရောဂါဖြစ်နိုင်ခြေများတဲ့ အခြေအနေတွေကတော့ - မိသားစုနှလုံးရောဂါရာဇဝင်ရှိခြင်း - ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း - ပြည့်ဝဆီ၊ ပုံပြောင်းဆီ၊ သကြား၊ ဆား လွန်ကဲသော အစားအစာများ စားသုံးနေခြင်း - LDL ကိုလက်စထရောမြင့်မားပြီး HDL ကိုလက်စထရော နည်းပါးခြင်း - ဆေးလိပ်သောက်ခြင်း - လှုပ်ရှားမှုနည်းပါးခြင်း - သွေးပေါင်ချိန်မထိန်းနိုင်ခြင်း - ဆီးချိုရောဂါရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ဘာသတိပြုသင့်သလဲ နှလုံးရဲ့ကြွက်သားတွေဟာ သွေးကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း