Heart attack (ခေါ်) နှလုံးထိခိုက်ခြင်းဆိုတာ နှလုံးသွေးကြောထဲ သွေးလျှောက်တာ နည်းသွားပြီး နှလုံးကြွက်သားသွေးငတ်သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးကြွက်သားများဟာ သွေးကို လုံလောက်စွာ မရရင် ပျက်စီးသွားတတ်ပါတယ်။ အဲဒီလို သွေးပြတ်တောက်ချိန်မှာ ခံစားရတဲ့ ဝေဒနာဟာ ရုတ်ချည်းပြင်းထန်စွာ ခံစားရတာမို့ heart attack (သို့) နှလုံးထိုက်ခြင်းလို့ ခေါ်နိုင်ပါတယ်။