Autism အထီးကျန်စိတ်ဝေဒနာရောဂါ နှင့် ပတ်သတ်၍ ကျွန်ုပ်တို့အနည်းငယ် နားလည်အောင် ပြုလုပ်ရန်ပင် များစွာလိုသေးသည်။ Autism ဖြစ်သူများတွင် တစ်ယောက်နှင့် တစ်ယောက်လက္ခဏာချင်းမတူကြသလို ဖြစ်ပွားရခြင်းအကြောင်းရင်းလည်းမတူ၊ ကုသပုံလည်း မတူကြပေ။
ထွက်မှာ သေချာပြီလား။
Autism အထီးကျန်စိတ်ဝေဒနာရောဂါ နှင့် ပတ်သတ်၍ ကျွန်ုပ်တို့အနည်းငယ် နားလည်အောင် ပြုလုပ်ရန်ပင် များစွာလိုသေးသည်။ Autism ဖြစ်သူများတွင် တစ်ယောက်နှင့် တစ်ယောက်လက္ခဏာချင်းမတူကြသလို ဖြစ်ပွားရခြင်းအကြောင်းရင်းလည်းမတူ၊ ကုသပုံလည်း မတူကြပေ။
သိပ္ပံပညာရှင်များနှင့် သမားတော်များသည် ဤရောဂါနှင့် ပတ်သတ်၍ပိုမိုသိရှိနိုင်ရန် ကြိုးစားလေ့လာနေကြပါသည်။
Autism သို့မဟုတ် Austism spectrum disorder သည်လူမှုဆက်ဆံရေး၊ စကားပြောခြင်းနှင့် စကားမပြောပဲ ဆက်သွယ်ခြင်း၊ ထပ်တလဲလဲလုပ်တတ်သော အပြုအမူများနှင့် အခြားသောထူးခြားသော အချက်များနှင့် ခြားနားချက်များ အမျိုးစုံအခြေအနေများနှင့် တွေ့ရတတ်သော ရောဂါတစ်မျိုးဖြစ်သည်။
Autism ရှိသူတိုင်းသည် တစ်မျိုးတစ်စားတည်း မဟုတ်ပဲ လက္ခဏာမတူညီကြပေ။ ထို့ကြောင့် ရောင်စဉ်တန်းများကဲ့သို့ပင် ကွဲကြားခြားနားသဖြင့် spectrum ဟူသော စကားလုံးကိုသုံးကြသည်။ ရောဂါသည် တစ်ဦးတစ်ယောက်ချင်းစီ၏ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်လွှမ်းမိုးမှုများပေါ်တွင် မူတည်သည်။
ပထမဆုံးလက္ခဏာသည် အသက်နှစ်နှစ်နှင့်သုံးနှစ် ကြားတွင် စတင်ဖြစ်ပေါ်သည်။ အချို့တွင် အသက်တစ်နှစ်ခွဲ ခန့်တွင် စောစီးစွာ လက္ခဏာပြသည်လည်းရှိနိုင်သည်။
ထိုအသက်အရွယ်တွင် ဆရာဝန်သည် ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းကို သိရှိနိုင်ရန် အကောင်းဆုံးကြိုးစားရမည်ဖြစ်ပြီး ထိုအရာများကို ဖြေရှင်းနိုင်ရန် နည်းလမ်းများကိုမိဘများနှင့် ဆွေးနွေးရမည်ဖြစ်သည်။
သင့်ကလေးတွင် autism ရှိလျင် စောစီးစွာ ကုသနိုင်လျှင် အကောင်းဆုံးဖြစ်ပြီး လက္ခဏာများကို သက်သာစေနိုင်သည်။
ကိုလက်စထရောသည် သင့်ခန္ဓာကိုယ်ရှိ ဆဲလ်များ၏ ကြာရှည်ရပ်တည်နိုင်မှုအတွက်မရှိမဖြစ်လိုအပ်သည်။ ကိုလက်စထရော နှစ်မျိုးရှိသည်။ HDL သည် ခန္ဓာကိုယ်အတွက် ကောင်းပြီး LDL သည် မကောင်းပါ။
HDL ဆိုသည်မှာ High-density lipoprotein ဖြစ်သည်။ ကိုလက်စထရောကအလယ်တွင်ရှိပြီး ဘေးဘက်မှ lipoprotein တစ်လွှာဝန်းရံထားသည့်ပုံစံဖြစ်သည်။ HDL ကို ဖြစ်စေသော အရာများသည် ပို၍သိပ်သည်းဆများသောကြောင့် high density ဟုခေါ်ခြင်းဖြစ်သည်။
HDL သည် သွေးကြောထဲတွင် စီးဆင်းပြီး အန္တရာယ်ဖြစ်စေသော LDL ကိုလက်စထရောကို ဖယ်ရှားပေးသည်။ သွေးကြောနံရံ အတွင်းဘက်တွင် နေပြီး သန့်ရှင်းသွားအောင် ပွတ်တိုက်ပေးသည်။ HDL များများရှိခြင်းသည် နှလုံးရောဂါဖြစ်နိုင်ချေကိုနည်းစေသည်။
သုတေသနတစ်ခုအရ autism ရှိသော ကလေးများသည် HDL ပမာဏနည်းကြောင်းတွေ့ရသည်။ ကလေးအုပ်စု နှစ်ခုကိုတွင် စမ်းသပ်ထားပြီး တစ်အုပ်စုသည် ကျန်းမာသော ယောကျာ်းလေးများဖြစ်ပြီး နောက်တစ်အုပ်စုသည် autism ရှိသော ယောကျာ်းကလေးများဖြစ်သည်။
တူညီသော အစားအစာများကို စားသော်လည်း autism ရှိသော ကလေးများတွင် omega 3 – 6 fatty acid နှင့် HDL ပမာဏနည်းကြောင်း တွေ့ရသည်။ ထိုလေ့လာမှုတွင် autism ရှိသော ကလေးများတွင် အဆီဓါတ်ကို ချေဖျက်သော စနစ်ချို့ယွင်းနေခြင်း ဖြစ်နိုငိကြောင်း ကောက်ချက်ချထားသည်။
ထိုလေ့လာမှုအရ autism ရှိသော ကလေးများတွင် နှလုံးသွေးကြောရောဂါများ ပိုမိုဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရသည်။ သို့သော် အခြားတစ်ဘက်မှ ကြည့်လျှင် HDL များသော်လည်း autism လက္ခဏာများကို မသက်သာစေနိုင်ပေ။
ထို့ကြောင့် autism သည် HDL ကို ကျဆင်းစေပြီး HDL နည်းသောကြောင့် autism ဖြစ်နိုင်သည်ဟူသော ဆက်စပ်မှုသည် အတည်မပြုနိုင်ပေ။
Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။
Signature Page
Content Contributor (CC)
Name: Dr. Su Sandy
Signature:
Date: 22.8.2017
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Children with autism have lower levels of HDL. https://www.sciencedaily.com/releases/2012/01/120124112925.htm. Accessed April 26, 2017.
What Is Autism? https://www.autismspeaks.org/what-autism. Accessed April 26, 2017.
HDL Cholesterol: The Good Cholesterol. http://www.webmd.com/cholesterol-management/guide/hdl-cholesterol-the-good-cholesterol#1. Accessed April 26, 2017.