နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

သွေးတိုးရောဂါ

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

နှလုံးသွေးကြောကျဉ်းရောဂါများ

Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) ကဘာလဲ။ နှလုံးသွေးကြောကျဉ်းရောဂါသည်နှလုံးသွေးကြောနံရံတွင် အဆီအနည်းများစုပုံလာခြင်းကြောင့် သွေးစီးဆင်းမှုကို နည်းစေခြင်း၊ ပိတ်ဆို့ခြင်းမျာဖြစ်သော ရောဂါဖြစ်ပါသည်။ သွေးထဲတွင် ရှိသော အဆီများသည် သွေးကြောနံရံများကို ရောင်ရမ်းစေခြင်းကြောင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေပါသည်။ သွေးကြောနံရံတွင် အဆီအနည်များစုပုံရာမှ သွေးကြောသည် တဖြည်းဖြည်း ကျဉ်းလာပြီး နှလုံးသို့သွေးလုံလောက်စွာမရောက်တော့သောအခါ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုမဝဖြစ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းရောဂါ၏ အခြားသော လက္ခဏာများဖြစ်လာစေပါသည်။ နှလုံးသွေးကြောသည် လုံးဝပိတ်သွားလျှင် ရုတ်တရက်နှလုံးအလုပ်မလုပ်တော့ခြင်းဖြစ်ကာ အသက်အန္တရာယ်ရှိနိုင်ပါသည်။ Ischemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ နှလုံးသွေးကြောကျဉ်းရောဂါသည်အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများIschemic Heart Disease (နှလုံးသွေးကြောကျဉ်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများသော ရောဂါလက္ခဏာများမှာ ရင်ဘတ်အောင့်ခြင်း လက်မောင်း၊ မေးရိုး၊ လည်ပင်း၊ ကျောပြင် နှင့် […]


မွေးရာပါနှလုံးရောဂါများ

Congenital Heart Diseases (မွေးရာပါနှလုံးရောဂါ)

မွေးရာပါနှလုံးရောဂါ ဆိုတာ နှလုံးဖွဲ့စည်းပုံမှာ ပြဿနာဖြစ်နေခြင်းဖြစ်ပါတယ်။ မွေးရာပါချို့ယွင်းမှုများတွင် အဖြစ်အများဆုံး ပြဿနာတစ်ခု ဖြစ်ပါတယ်။ မွေးရာပါနှလုံးရောဂါက တခြားမွေးရာပါချို့ယွင်းမှုများနဲ့ ယှဉ်ရင် ကလေးအသက်တစ်နှစ်အတွင်း သေဆုံးမှုအများဆုံးဖြစ်ပါတယ်။ တချို့အခြေအနေတွေက ပြင်းထန်သောအခြေအနေများ ဖြစ်ပေမယ့် ခွဲစိတ်ပြီး ကုသနိုင်ပါတယ်။ ရံဖန်ရံခါ ဒီလိုချို့ယွင်းမှုတွေကို ကိုယ်ဝန်ဆောင်စဉ်ကတည်းကပင် စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ တစ်ခါတလေကြတော့လည်း အရွယ်ရောက်သည်အထိ လက္ခဏာမပြလို့ လုံးဝမသိရတာမျိုးလည်း ရှိနိုင်ပါတယ်။ Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ မွေးရာပါနှလုံးရောဂါကို တိုက်တိုက်ဆိုင်ဆိုင် အယ်ထွာဆောင်းရိုက်ရင်း သတိထားမိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် ဆရာဝန်က သန္ဓေသားမှာ မူမမှန်တဲ့ နှလုံးခုန်နှုန်းကို ကြားရတဲ့ အခါမျိုးမှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်ပြီး ရောဂါရှာဖွေပါလိမ့်မယ်။ တစ်ခါတလေ မွေးရာပါနှလုံးရောဂါလက္ခဏာတွေက မွေးဖွားပြီးသည့်တိုင်အောင် မပေါ်လာတတ်ပါဘူး။ မွေးရာပါနှလုံးရောဂါရှိတဲ့ မွေးကင်းစကလေးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေက နှုတ်ခမ်း၊ အရေပြား၊ လက်ချောင်းခြေချောင်းများ […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Brugada Syndrome (ဘရူဂါဒါရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Brugada Syndrome (ဘရူဂါဒါရောဂါ ) ကဘာလဲ။ ဘရူဂါဒါ ရောဂါသည် ဖော်ပြရလောက်အောင်ထိ နှလုံးဖွဲ့စည်းမှုမူမမှန်ခြင်းနှင့် ဆေးလိပ်၊ ဆီးချို၊ အဝလွန် စသည့် နှလုံးရောဂါဖြစ်နိုင်ချေမြင့်သော အချက်များ မရှိသော်လည်း Ventricular Fibrillation (VF – နှလုံးသွေးလွှတ်ခန်းများ ခုန်နှုန်းမမှန်ခြင်း)ကြောင့် ရုတ်တရတ် နှလုံးရပ်ခြင်းနှင့် ရုတ်တရတ် နှလုံးသေဆုံးခြင်းတို့အား ဖြစ်စေသော အကြောင်းရင်းများမှ တစ်ခု ဖြစ်ပါသည်။ ဒီရောဂါသည် ဗီဇဆိုင်ရာ ရောဂါဖြစ်ပြီး မကြာသေးမှီကမှ လေ့လာတွေ့ရှိ ရောဂါအမည်တပ်ထားသော မျိုးရိုးလိုက်နှလုံးစည်းချက်မမှန်ရောဂါပင် ဖြစ်သည်။ ၎င်းကို အီးစီဂျီ၏ V1 – V3 လျှပ်ခေါင်းများတွင် ညာဖက် Bundle branch ပိတ်ရာမှ ပေါ်တတ်သော covered/cove-type ST-segment elevation (>=2mm) နောက်တွင် T လှိုင်း ပါမလာခြင်းဖြင့် […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း )

Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ဆိုတာ ဘာလဲ။ နှလုံးစည်းချက်မမှန်ခြင်း ဆိုတာ နှလုံးရောဂါတစ်ခုဖြစ်ပြီး နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊ ခုန်သင့်တဲ့အချိန်ထက် စောခုန်ခြင်း၊ ခုန်ချင်သလိုခုန်ခြင်း (fibrillation) စသည်တို့ ပါဝင်ပါတယ်။ နှလုံးစည်းချက်မမှန်ခြင်းက လျှပ်စီးလှုံ့ဆော်မှုများ မူမမှန်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ နှလုံးစည်းချက်မမှန်ခြင်းကို အောက်ပါတို့ကိုအခြေခံပြီး အမည်နဲ့ အမျိုးအစားများ ခွဲနိုင်ပါတယ်။ ခုန်နှုန်း - နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း စခုန်သည့်နေရာ - သွေးလွှတ်ခန်း သို့မဟုတ် သွေးဝင်ခန်း မှန်မှန်ခုန်ခြင်းရှိမရှိ Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) က အဖြစ်များသလား ဒီရောဂါက အင်မတန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချနိုင်မယ်ဆိုရင်ခြအထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။ Arrhythmia (နှလုံးစည်းချက်မမှန်ခြင်း ) ရဲ့လက္ခဏာတွေက ဘာတွေလဲ နှလုံးစည်းချက်မမှန်ခြင်းရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေက နှလုံခုန်နှေးခြင်း - နှလုံးခုန်နှုန်းသည် […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Acute Myocardial Infarct (ရုတ်တရက် နှလုံးကြွက်သား ပုပ်ခြင်း)

Acute Myocardial Infarct ဆိုတာဘာလဲ။ Acute Myocardial Infarct ဟာ နှလုံးရပ်ခြင်းကို ဆေးပညာအရ ခေါ်တာဖြစ်ပါတယ်။ နှလုံးရပ်ခြင်းဟာ တစ်ရှူးပျက်စီးမှုကို ဖြစ်စေတဲ့ နှလုံးကိုသွေးစီးဆင်းခြင်းကို ရုတ်တရက် ဖြတ်ခံလိုက်ရတဲ့ အသက်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ နှလုံးဟာ ကိုယ်ခန္ဓါမှာရှိတဲ့ အခြားကြွက်သားတွေလိုပဲ အောက်စီဂျင်နဲ့ အာဟာရဓါတ်တွေ ထောက်ပံ့မှုကို လိုအပ်ပါတယ်။ ကြီးမားတဲ့ နှစ်လုံးသွေးကြော နှစ်ခုဟာ နှလုံးကို အောက်စီဂျင်ပါတဲ့ သွေးတွေ သယ်ပို့ပေးပါတယ်။ ဒီသွေးကြောတစ်ခုခုက ရုတ်တရက် ပိတ်သွားတဲ့အခါ နှလုံးရဲ့ အစိတ်အပိုင်းတွေဟာ အောက်စီဂျင် ပြတ်တောက်ပြီး cardiac ischaemia လို့ ခေါ်တဲ့ အခြေအနေ ဖြစ်တာ ဖြစ်ပါတယ်။ တကယ်လို့ cardiac ischaemia ဟာ အလွန်ကြာမြင့်နေရင် အောက်စီဂျင်ပြတ်တောက်နေတဲ့ တစ်ရှူးတွေဟာ သေနိုင်ပါတယ်။ ဒါကို နှလုံးရပ်ခြင်း […]


ကိုလက်စထရောလ်

Dyslipidemia (သွေးတွင်းအဆီဓါတ်မမျှတခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်။Dyslipidemia (သွေးတွင်းအဆီဓါတ်မမျှတခြင်း)ဆိုတာဘာလဲ။ ­­­အဆီတွေဟာ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်တွေနဲ့ အတူ အသက်ရှိနေတဲ့ ဆဲလ်တွေ အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ ကိုလက်စထရောနဲ့ triglycerides တွေဟာ ကိုယ်ခန္ဓါအတွင်းပိုင်းမှာ သိုလှောင်ထားတဲ့ အဆီတွေဖြစ်ပြီး အားအင်ရဲ့ အဓိက အရင်းအမြစ်ဖြစ်ပါတယ်။ သွေးအတွင်းမှာရှိတဲ့အဆီတွေဟာ အရမ်းများ၊ အရမ်းနည်းနေခဲ့ရင် ဒီအခြေအနေကို dyslipidemia လို့ ခေါ်ပါတယ်။ အဖြစ်များတဲ့ dislipidemia အမျိုးအစားတွေကတော့- LDL များခြင်း (မကောင်းတဲ့ ကိုလက်စထရော) LDL နည်းခြင်း (ကောင်းတဲ့ ကိုလက်စထရော) Triglycerides များခြင်း တို့ပဲဖြစ်ပါတယ်။ Dyslipidemia (သွေးတွင်းအဆီဓါတ်မမျှတခြင်း)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Dyslipidemia ဟာ အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။Dyslipidemia(သွေးတွင်းအဆီဓါတ်မမျှတခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Dyslipidemia မှာ လက္ခဏာ မရှိပါဘူး။ သွေးစစ်ဆေးမှုဟာ ဒီအခြေအနေကို သိရှိဖို့ […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) ကဘာလဲ။ နှလုံးကြွက်သား သွေးမလျှောက်ခြင်းသည် နှလုံး၏အစိတ်အပိုင်းတစ်ခုဆီသို့ သွေးမလျှောက်တော့သည့်အခါ နှလုံးကြွက်သားများ ပျက်စီးခြင်းကိုဖြစ်စေသောအခြေအနေ ဖြစ်သည်။ နှလုံးသည် သူ၏ကိုယ်ပိုင်အစိတ်အပိုင်းများအား အောက်စီဂျင်နှင့် အာဟာရများကို တခြားကြွက်သားများကဲ့သို့ပင် ထောက်ပံ့ရန်လိုသည်။ နှလုံးသွေးကြောကြီးနှစ်ချောင်းသည် နှလုံးကြွက်သားများအား အောက်စီဂျင်ပြည့်ဝသော သွေးများကို ထောက်ပံ့ပေး၏။ ထိုနှစ်ချောင်းထဲမှ တစ်ချောင်းတွင် ရုတ်တရတ် ပိတ်သွားပါက နှလုံးအစိတ်အပိုင်းတစ်ခုတွင် အောက်စီဂျင်ပြတ်သွားပြီး “cardiac ischemia” ဟုခေါ်သော နှလုံးသွေးမလျှောက်ခြင်းကို ဖြစ်စေနိုင်သည်။ နှလုံးသွေးမလျှောက်ခြင်း ကြာပါက ငတ်မွတ်နေသော နှလုံးတစ်ရှူးများ သေသွားမည်ဖြစ်သည်။ Myocardial Ischemia (နှလုံးကြွက်သား သွေးမလျှောက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အတော်အသင့်အဖြစ်များပြီး အသက်အရွယ်နှင့် ဆက်စပ်မှုရှိသည်။ အသက်ကြီးလာသည်နှင့် နှလုံးကြွက်သား သွေးမလျှောက်ခြင်း ဖြစ်နိုင်ချေ ပိုတိုးလာပါသည်။ အမျိုးသားများတွင် အသက် ၄၅ နောက်ပိုင်းတွင် ဖြစ်နိုင်ချေပိုများလာပြီး […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Bradycardia (နှလုံးခုန်နှေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Bradycardia (နှလုံးခုန်နှေးခြင်း) ကဘာလဲ။ အရွယ်ရောက်ပြီးသူများတွင် နှလုံးခုန်နှုန်း တစ်မိနစ်လျှင် (BPM) ၆၀ အောက် ရောက်နေပါက နှလုံးခုန်နှေးခြင်း (Bradycardia) ဟုခေါ်သည်။ နှလုံးခုန်နှုန်းသည် အရွယ်ရောက်ပြီးသူများ နားနေချိန်တွင် ၆၀ နှင့် ၁၀၀ ကြားရှိပါသည်။ နှလုံးခုန်နှေးခြင်းသည့် ပုံမှန်ကျန်းမာသူလဲဖြစ်နိုင်သည်။ ဥပမာ – ကိုယ်လက်လှုပ်ရှားရသော အရွယ်ရောက်ပြီးသူများတွင် နားနေချိန်၌ 60 BPM ရှိနိုင်ပြီး ၎င်းသည် ပြဿနာမဟုတ်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်အခါတွင်လဲ 60 BPM အောက် ရောက်နိုင်သည်။ အရွယ်ကြီးရင့်သူများတွင် နှလုံးခုန်နှေးပါက ပြဿနာ ပိုဖြစ်နိုင်ပါသည်။ သို့သော် နှလုံးခုန်နှေးခြင်းသည် နှလုံးလျှပ်စစ်စနစ်၌ ပြဿနာရှိနေခြင်းလဲ ဖြစ်နိုင်ပါသည်။ Bradycardia (နှလုံးခုန်နှေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှလုံးခုန်နှေးခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများ Bradycardia (နှလုံးခုန်နှေးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နှလုံးခုန်နှေးခြင်း ၏ […]


နှလုံးရောဂါ

Cardiogenic Shock (နှလုံးကို ထိခိုက်ရှော့ခ်ရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cardiogenic Shock (နှလုံးကို ထိခိုက်ရှော့ခ်ရခြင်း) ကဘာလဲ။ နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းဆိုတာ နှလုံးက ကိုယ်ခန္ဓါအတွက်လိုအပ်တဲ့ သွေးကိုရုတ်တရပ် မညှစ်ထုတ်နိုင်တော့ခြင်း ဖြစ်တယ်။ ဒီအခြေအနေဟာ သင့်နှလုံးတိုက်ခိုက်ခံရမှုကြောင့် နှလုံးပျက်ဆီးသွားတဲ့ အချိန်မှာဖြစ်တယ်။ (ပြင်းထန်သော နှလုံးတိုက်ခိုက်ခံရမှု) Cardiogenic Shock (နှလုံးကို ထိခိုက်ရှော့ခ်ရခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းဟာ အဖြစ်နည်းပေမယ့် ချက်ချင်းကုသမှု မခံယူလျှင် သေစေနိုင်သော အခြေအနေုဖြစ်တယ်။ ချက်ချင်းကုသလျှင် လူနာတွေရဲ့ တစ်ဝက်လောက်က အသက်ရှင်တာကို တွေ့ရပါတယ်။ ထပ်မံသိလိုသောအချက်များအတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လက္ခဏာများCardiogenic Shock (နှလုံးကို ထိခိုက်ရှော့ခ်ရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကိုယ်တိုင်သိနိုင်တဲ့ သို့မဟုတ် မိသားစုဝင်များမှသိနိုင်တဲ့ နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းရဲ့ လက္ခဏာတွေက အများကြီးရှိပါတယ်။ အသက်ရှူမြန်ခြင်း အလွန်ဆိုးရွားစွာ အသက်ရှူမဝခြင်း ရုတ်တရက် နှလုံးခုန်မြန်ခြင်း သတိလစ်ခြင်း သွေးခုန်နှုန်းမြန်ခြင်း သို့မဟုတ် စမ်းမရခြင်း ချွေးအရမ်းထွက်ခြင်း ပုံမှန်ထက် ဆီးသွားနည်းခြင်း သို့မဟုတ် ဆီးမထွက်ခြင်း ရင်ဘက်အောင့်ခြင်း သို့မဟုတ် ရင်ဘက်ကို ဖိထားသလိုခံစားရခြင်း ကနာမငြိမ်ဖြစ်ခြင်း၊ […]


နှလုံးအဆို့ရှင်ရောဂါများ

Mitral Valve Prolapse (နှလုံးအဆို့ရှင် ပြားသွားခြင်း ဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mitral Valve Prolapse (နှလုံးအဆို့ရှင် ပြားသွားခြင်း ဆိုတာ ဘာလဲ) ကဘာလဲ။ နှလုံးအဆို့ရှင်ပြားကပ်ခြင်းဆိုတာ နှလုံးဘယ်ဘက်ခြမ်းမှာရှိတဲ့ အဆို့ရှင်အဖက်၂ခုက သေချာမပိတ်နိုင်တော့ဖြစ်ပြီး တချို့မှာပြားကပ်ပြီး နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ခန်းနံရံကို ကပ်နေလေ့ရှိတယ်။ နှလုံးသွေးကြောမကြီးရဲ့ အဆို့ရှင်ပြားကပ်ခြင်းကို Click-murmur Syndrome (နှလုံးငြီးသံ) ၊ Barlow’s Syndrome? Floppy valve syndrome လို့ခေါ်ကြတယ်။ Mitral Valve Prolapse (နှလုံးအဆို့ရှင် ပြားသွားခြင်း ဆိုတာ ဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ နှလုံးအဆို့ရှင်ပြားကပ်ခြင်းသဟာ အဖြစ်များတဲ့ပြဿနာဖြစ်ပြီး လူဦးရေရဲ့ ၂-၃%မှာ ဖြစ်တတ်တယ်။ နှလုံးသွေးကြောမကြီးရဲ့ အဆို့ရှင်ပြားကပ်ခြင်းရဲ့ ၂-၃%ဟာ အမေရိကန်နိုင်ငံက လူဦးရေ ၇.၈သန်းမှာဖြစ်နိုင်ပြီး တကမ္ဘာလုံးမှာ ၁၇၆သန်းဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နှလုံးအဆို့ရှင်ပြားကပ်ခြင်းကို အသက် ၅၀ကျော်အမျိုးသားတွေမှာ အတွေ့ရများပါတယ်။ တွယ်ဆက်တစ်ရှူး(ကော်လာဂျင်၊ အရွတ်များ၊ တွယ်ဆက်တဲ့ Ligment […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း