ချစ်ရသူနဲ့ ကွေကွင်းရတဲ့အခါ၊ ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွေ ကြုံလာရတဲ့အခါ၊ မိသားစုဝင်တွေ ကိုယ်ချစ်ချင်မြတ်နိုးတန်ဖိုးထားရသူတွေ ဆုံးပါးသွားတဲ့အခါ၊ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေများလာတဲ့အခါမျိုးတွေမှာ လူတွေရဲ့ စိတ်နှလုံးဟာ ပြင်းထန်စွာ နာကျင်ခံစားရတတ်ပါတယ်။ ဒါကို အသည်းကွဲတယ်လို့ ယျေဘုယျအားဖြင့် ခေါ်ကြပါတယ်။ တကယ်တော့ အသည်းကွဲတယ်ဆိုတာဟာ ချစ်သူရည်းစားနဲ့ လမ်းခွဲလို့ ခံစားရရုံသက်သက်ဝေဒနာ မဟုတ်ပါဘူး။