backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွေးပေါင်ကျခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးပေါင်ကျခြင်း

မင်္ဂလာပါ

Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ သွေးပေါင်ကျခြင်း အကြောင်းပါ။ ဆေးရုံကို သွေးပေါင်ကျလူနာတွေ မကြာမဏ ရောက်ရှိလာတတ်ပါတယ်။

အရွယ်ရောက်ပြီးသား သာမန်လူတစ်ယောက်ရဲ့ သွေးပေါင်ချိန်ဟာ ယေဘုယျအားဖြင့် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ပါ ။ အပေါ်သွေး ၉၀၊ အောက်သွေး ၆၀ ထက် နည်းရင် သွေးပေါင်ကျတယ်လို့ ဆိုနိုင်ပါတယ် ။ ကျန်းမာနေတဲ့ လူတွေ့အဖို့ သွေးပေါင်ကျခြင်းက စိုးရိမ်စရာ မလိုပါဘူး ။ ဒါပေမဲ့ နဂိုရောဂါ အခံရှိတဲ့လူတွေနဲ့ အသက်ကြီးတဲ့ လူတွေမှာတော့ သွေးပေါင်ကျခြင်းကြောင့် နှလုံးနဲ့ ဦးနှောက်ကိုစီးတဲ့ သွေးတွေ နည်းသွားစေနိုင်ပါတယ်။။ အမြဲ သွေးပေါင်ကျနေတတ်ပြီး ဘာရောဂါလက္ခဏာမှ မပြတဲ့လူတွေအတွက်လည်း ထူးထူးခြားခြား စိုးရိမ်စရာမရှိပါဘူး ။

ဦးနှောက်ကို သွေးပို့တာ နည်းသွားတဲ့အတွက် မူးမိုက်တာတွေ ဖြစ်နိုင်ပါတယ် ။ နှလုံးနဲ့ သွေးကြော ရောဂါသည်တွေ ၊ အာရုံကြောအားနည်းတတ်သူတွေမှာတော့ ရုတ်တရက် ထိုင်ထလုပ်ခြင်းကြောင့် သွေးပေါင်ရုတ်ချည်း ကျသွားတတ်ပါတယ် ။ သွေးပေါင်ကျနိုင်ချေဟာ အသက်အရွယ်ကြီးခြင်း နဲ့အတူ အရွယ်ရခြင်းကြောင့် နှလုံးနဲ့ဦးနှောက်ကို သွေးပို့နည်းသွားတာတွေနဲ့ သက်ဆိုင်တတ်ပါတယ် ။

သွေးပေါင်ကျခြင်းအကြောင်းရင်းတွေကတော့ ကိုယ်ဝန်ရှိခြင်း ၊နှလုံးရောဂါ၊ နှလုံးစည်းချက်မမှန်ခြင်း ၊ နှလုံးပျက်ခြင်း ၊အချို့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ ၊ အရက်စွဲခြင်း ၊ လေဖြန်းခြင်းနှင့် လေဖြတ်ခြင်း ၊ အသည်းရောဂါများ ၊ ဦးနှောက်နှင့် အာရုံကြောရောဂါတွေ ကြောင့် ဖြစ်တတ်ပါတယ် ။

ဘာကြောင့် ရုတ်ချည်း သွေးပေါင်ကျတတ်သလဲ

ခန္ဓာကိုယ်တွင်း အရည်တွေ ဆုံးရှုံးခြင်းကြောင့် ရုတ်တရက်သွေးပေါင်ကျစေပါတယ် ။ သွေးထွက်လွန်ခြင်း ၊ ‌ကိုယ်တွင်း အပူချိန် ကျလွန်းခြင်း သို့မဟုတ် ပူလွန်ခြင်း ၊ အန်ခြင်း ၊ ဝမ်းသွားခြင်းနှင့် ချွေးထွက်ခြင်းတို့ကြောင့် ကိုယ်တွင်းအရည်များ ဆုံးရှုံးခြင်း ၊ သွေးတွင်း ပိုးဝင်ခြင်းတွေနဲ့ ဓါတ်မတည့်ခြင်းတွေကြောင့် ရုတ်တရက် သွေးပေါင်ကျတတ်ပါတယ် ။

လက္ခဏာတွေအနေနဲ့

  • မူးဝေခြင်း
  • မျက်လုံးအမြင် ဝေဝါးခြင်း
  • အားနည်းခြင်း
  • မောပန်းလွယ်ခြင်း
  • ပျို့အန်ခြင်း
  • ခြေဖျားလက်ဖျားများ ဖြူဖျော့ခြင်း ၊ အေးခြင်း
  • ရုတ်တရက် မူးလဲကျခြင်း စတာတွေ ဖြစ်နိုင်တဲ့အတွက် သတိပြုဖို့ လိုအပ်ပါတယ် ။
  • သွေးပေါင်မကျအောင် ဘယ်လိုကာကွယ်ရမလဲ

    သွေးပေါင်ကျပြီး အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေ မကြာခဏကြုံတွေ့နေရသူများအနေနဲ့

    • ဆားပါတဲ့ အစားအစာများကို ပိုစားခြင်း
    • ယမကာသောက်သုံးမှု ကို ကန့်သတ်ခြင်း
    • အရည်များများသောက်သုံးခြင်း
    • လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်း
    • ရုတ်တရက် အထိုင်အထ မပြုလုပ်ဘဲ သတိထားခြင်း
    • အိပ်လျှင် ခေါင်းအုံးကို ခပ်မြင့်မြင့်ထားအိပ်ခြင်း
    • အလေးအပင်မခြင်းများကို ရှောင်ရှားခြင်း
    • ရေအိမ်ဝင်လျှင် ဝမ်းညှစ်ခြင်းများကို ရှောင်ရှားခြင်း
    • ကြာရှည်စွာ မတ်တပ်ရပ်ခြင်းကို ရှောင်ရှားခြင်းတွေ လုပ်ပေးရပါမယ် ။
    • ဒါတွေကတော့ သွေးပေါင်ကျခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို ဆွေးနွေးတင်ပြတာ ဖြစ်ပါတယ် ။

      အားလုံးကို ကျေးဇူးတင်ပါတယ်။

      ရေးသားသူ – Dr.Aung Kyaw Myint

      Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




      Dr. Thiha Phyo Myint မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement