စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

EQ မြင့်အောင် ဘယ်လိုလုပ်မလဲ

Emotional intelligence (EQ) ဆိုတာဟာ သင်ဘယ်လောက် ခံစားမှုတွေကို ဖေါ်ပြနိုင်လဲ ဆိုတာနဲ့ စိတ်ဖိစီးမှုများနေတဲ့ အခြေအနေတွေမှာတောင် ဒီစိတ်ခံစားမှုတွေကို အပြုသဘောနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်လဲ ဆိုတာပဲဖြစ်ပါတယ်။ EQ မြင့်တဲ့သူတွေဟာ လူတွေနဲ့ ထိရောက်စွာ ဆက်သွယ်နိုင်ခြင်း၊ သူတစ်ပါးကို ကိုယ်ချင်းစာခြင်း၊ စိန်ခေါ်မှုတွေကို အောင်မြင်နိုင်ခြင်းနဲ့ အငြင်းပွားမှုတွေကို လျော့စေတဲ့ အရည်အချင်းရှိပါတယ်။ သိမြင်ခြင်းနဲ့ နားလည်ခြင်းဟာ သင်အခြားသူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဘယ်လိုတွေးလဲ၊လွှမ်းမိုးလဲဆိုတဲ့ စကားပြောခြင်းမပါတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။ IQ နဲ့ မတူတာကတော့ EQ ဟာ မွေးကတည်းက ပါလာတာမျိုးမဟုတ်ပဲ သင်ယူလို့ ရနိုင်ပါတယ်။ EQ ကို သင်ယူခြင်းနဲ့ ပြန်လည်အသုံးချခြင်းဟာ မတူညီဘူးဆိုတာ သိထားသင့်ပါတယ်။ စိတ်ဖိစီးစဉ်မှာ ပြုလုပ်တဲ့ အပြုအမူတွေကို အပြီးတိုင် ပြောင်းလဲနိုင်ဖို့အတွက် အဲဒီအချိန်မှာ နဲ့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ

သင်ချစ်မြတ်နိုးရတဲ့ တစ်ယောက်ယောက်နဲ့ ပြတ်စဲလမ်းခွဲရတဲ့အခါ ဘယ်လိုခံစားရလေ့ရှိသလဲ။ အင်မတန်ကို ကြေကွဲဝမ်းနည်းခံစားရမယ်ဆိုတာ ပြောဖို့တောင်မလိုလောက်ပါဘူး။ လမ်းခွဲတာ၊ပြတ်စဲတာဟာဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် (အချိန်ကြာကြီးတွဲခဲ့တာပဲ ဖြစ်ဖြစ်၊ ခဏတဖြုတ်တွဲရသေးတာပဲ ဖြစ်ဖြစ်၊ အင်မတန်ချစ်မြတ်နိုးကြတဲ့ စုံတွဲပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းချစ်သူအဆင့်ပဲဖြစ်ဖြစ်) စိတ်ချင်းဆက်သွယ်ခဲ့ကြပြီးပြီဆိုရင် နာကျင်ခံစားရမှာအသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအသည်းကွဲတာကို ကုသပေးနိုင်တဲ့ နည်းလမ်းဆေးမြီးတိုလေးတွေလည်း ရှိနေပါသေးတယ်။   အားရပါးရငိုပါ။ ငိုကြွေးတာကို မကောင်းတဲ့အရာတစ်ခုအဖြစ် လူတွေကသတ်မှတ်ကြပေမယ့် ငိုကြွေးခြင်းဟာ တကယ်တမ်းတော့ ခန္ဓါကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။ လမ်းခွဲပြတ်စဲတဲ့ စိတ်ဖိအားဒဏ်ရာကြောင့် ထွက်ရှိလာတဲ့ ဟော်မုန်းတွေ မျက်ရည်ထဲမှာပါဝင်ပါတယ်။ ဆိုလိုတာက ငိုကြွေးလိုက်မယ်ဆိုရင် ဒီမကောင်းတဲ့ ဟော်မုန်းတွေ ခန္ဓါကိုယ်ထဲကနေ အပြင်ကိုထွက်ရှိသွားလိမ့်မယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် လမ်းခွဲပြတ်စဲပြီးတဲ့အချိန်မှာ ပထမဆုံးလုပ်ရမယ့်အလုပ်က အားပါးတရငိုလိုက်ဖို့ပါပဲ။ ဘာကိုမှ ဂရုစိုက်မနေပါနဲ့။ အကျယ်ကြီး အော်ငိုလိုက်ပါ။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သူငယ်ချင်း အဆင့်ကနေ ရှေ့ဘယ်လိုဆက်မလဲ

သင်ကြိတ်ခိုက်နေရတဲ့သူနဲ့သူငယ်ချင်းအဆင့်ကနေ ဘယ်လိုတက်မလဲ။ သူငယ်ချင်းဘဝကနေ ချစ်သူရည်းစားဘဝ၊ လက်တွဲဖော်အဆင့်ရောက်အောင် ဘယ်လိုအကွက်ရွှေ့ရမလဲ။"သူငယ်ချင်းလေးပါပဲ" ဆိုတဲ့ ဓါတ်ပြားဟောင်းကြီးကို ဘယ်လိုပိတ်ပစ်မလဲ။   သူငယ်ချင်းအဆင့်ဆိုတာ ဘာလဲ။ ကျွန်တော်တို့အားလုံးနီးနီး ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးကြမှာပါ။ သူငယ်ချင်းအဆင့် (friend zone) ဆိုတဲ့ စာလုံးဟာ အင်တာနက်ပေါ်ကနေ စတင်ခေတ်စားလာတဲ့ စာလုံးဖြစ်ပြီး သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ချစ်သူဘဝကို အဆင့်တက်ချင်ပြီး နောက်တယောက်က ဟင့်အင်းဆိုတဲ့ အခြေအနေမျိုးကိုဆိုလိုပါတယ်။ ဘယ်လောက်တောင် ဂွကျတဲ့အနေအထားမျိုးလဲဆိုတာ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။ ဘယ်တတ်နိုင်ပါ့မလဲလေ၊ အချစ်ဆိုတာ လူသားတွေရှောင်လွှဲလို့မရနိုင်တဲ့ အရာပဲကိုး။ လူအများစုရဲ့ယူဆချက်အရတော့ Friend Zone ဆိုတာ တကျွန်းပို့ဒဏ်လိုပဲ ထွက်လမ်း၊ လွတ်လမ်းမရှိပါဘူးတဲ့။ ဒါဟာ လုံးဝကြီးတော့ မမှန်ပါဘူး။ ဒါပေမယ့် ဒီ Friend Zone ထဲက လွတ်မြောက်ဖို့မကြိုးစားခင် ဒါကြီးထဲကို ဘယ်လိုရောက်သွားတာလဲဆိုတာနဲ့ ဘာလို့များ ဒီလောက်ဆိုးရွားရတာလဲဆိုတာ အရင်ကြည့်ကြစို့ရဲ့။ သူငယ်ချင်းဘဝ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သူငယ်ချင်းဘဝကနေ အဆင့်တက်ဖို့ဆိုရင် ဘာတွေလိုမလဲ

သင့်အနေနဲ့လူတစ်ယောက်ကို သူငယ်ချင်းအနေနဲ့မဟုတ်ဘဲ ချစ်သူရည်းစားလက်တွဲဖော်အနေနဲ့ပဲ ချစ်ချင်တာမျိုး ဖြစ်ဖူးပါသလား။ အိုကေ ဟုတ်ပြီ။ ဘာမှစိတ်မပူနဲ့တော့။ သူငယ်ချင်းအဆင့်ကနေ ဘယ်လိုမျိုးရုန်းထွက်ရမယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ သေချာပြောပြထားတာမို့ဖတ်ကြည့်လိုက်ပါဦး။ ဒါဟာ တကယ်ထိုက်တန်ရဲ့လားဆိုတာကို အရင်ဆုံးသေချာစဉ်းစားပါ။ တကယ်လို့သူငယ်ချင်းဘဝကနေ ချစ်သူဘဝကို အဆင့်ကျော်ချင်တာ မအောင်မမြင်များဖြစ်ခဲ့မယ်ဆိုရင် သင်ချစ်မြတ်နိုးရသူနဲ့သင့်အကြားကဆက်ဆံရေးဟာ အတိုင်းအတာတခုထိ ထိခိုက်သွားပါလိမ့်မယ်။ ကံဆိုးရင် လုံးဝအခေါ်အပြောမရှိတော့တာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူ့ကို တကယ်ဂရုစိုက်ပြီး သူပျော်ရွှင်ဖို့အမှန်လိုလားတယ်ဆိုရင် အဆင့်မတက်ခင် ထပ်ပြန်တလဲလဲ စဉ်းစားသုံးသပ်ဖို့လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တချိန်ချိန်ကျရင် သင့်အနေနဲ့ချစ်သူဘဝကို အဆင့်တက်ဖို့ကြိုးစားရင်း ဆိုးဆိုးရွားရွားရလာဒ်တွေ ဖြစ်လာစေမယ့်အစား ဒီတိုင်းလေး အဖြူရောင်သူငယ်ချင်းဆက်လုပ်နေတာ ပိုကောင်းမယ်လို့ယူဆလာနိုင်လို့ပါ။ သင့်အနေနဲ့အမျိုးမျိုးအဖုံဖုံတွေးပြီးပြီ။ ဖြစ်လာနိုင်တာတွေကို အဆိုးဖြစ်ဖြစ် အကောင်းဖြစ်ဖြစ် ရင်ဆိုင်မယ်လို့ဆုံးဖြတ်ပြီးပြီဆိုရင် အောက်ပါအချက်တွေကို အရင်စဉ်းစားပါ။ • သင်တို့နှစ်ယောက် အတူတူရှိခဲ့တဲ့အချိန်တွေအကြောင်းကို ပြန်စဉ်းစားပါ။ သူ့အနေနဲ့သင့်အပေါ်မှာ စိတ်ဝင်စား၊ စိတ်ကစားတဲ့ဟန်ပန်၊ ကြိတ်ခိုက်နေတဲ့အမူအရာမျိုးတွေ ရှိသလား၊ ပြသလားဆိုတာကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သူငယ်ချင်းအသစ်ရအောင် ဘယ်လိုမိတ်ဖွဲ့မလဲ

အသက်၂၀ကျော်အရွယ်ဟာ မိတ်ဆွေအသစ်တွေရှာဖွေဖို့အကောင်းဆုံးအရွယ် ဖြစ်ပါတယ်။ ဒီအသက်အရွယ်အုပ်စုမှာရှိတဲ့ လူအားလုံးနီးနီးဟာ ဆိုရှယ်မီဒီယာတွေကို အသုံးပြုကြတဲ့အတွက် သူတို့ဘဝမှာနေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို လူရာပေါင်းများစွာ (ဒါမှမဟုတ် aထာင်ပေါင်းများစွာတောင် ဖြစ်နိုင်ပါတယ်)နဲ့မျှဝေလျက်ရှိပါတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ ပိုပြီးအထီးကျန်ဆန်လျက်ရှိပြန်ပါတယ်။ စစ်တမ်းတွေအရ ကျွန်တော်တို့ဟာ ၁၉၈၀ပြည့်နှစ် ပတ်ဝန်းကျင်ကလူတွေထက် အပေါင်းအသင်းမိတ်ဆွေ ပိုနည်းလာတယ်လို့ဆိုပါတယ်။ facebook ၊ twitter တို့လို ဆိုရှယ်မီဒီယာတွေပေါ်ကတဆင့် သိရတဲ့အပေါင်းအသင်းတွေဟာလည်း တကယ့်အပြင်မှာပေါင်းသင်းဆက်ဆံရတဲ့ မိတ်ဆွေတွေလောက် အဆင်မပြေပါဘူး။ အသက်၂၀ကျော်၊ ၃၀ကျော်တွေဟာ သူငယ်ချင်းအသစ်နဲ့မိတ်ဖွဲ့ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတော့ဘူး ဒါမှမဟုတ် အသက်ကြီးတဲ့သူတွေနဲ့ ပါင်းလို့သင်းလို့ အဆင်မပြေဘူးလို့ ငြီးတွားလေ့ရှိကြပါတယ်။   သူငယ်ချင်းဖြစ်လာနိုင်ချေရှိသူတွေကို ရှာဖွေပါ။ သင်နဲ့လက်ရှိအဆက်အသွယ်ပြုလုပ်လျက်ရှိတဲ့လူတွေထဲကနေ သူငယ်ချင်းအသစ်ရှာဖွေပါ။ နေရာအသစ်ကို အခုမှပြောင်းလာပြီး အနီးနားတဝိုက်မှာ ဘယ်သူ့ကိုမှမသိသေးဘူးဆိုရင်တော့ ဒီနည်းကိုသုံးလို့မရဖူးပေါ့။ ဒါပေမယ့် အများအားဖြင့် သင့်ပတ်ဝန်းကျင်မှာ သင်နဲ့မျက်မှန်းတန်းမိနေသူတွေ ရှိတတ်ကြပါတယ်။ သင့်အနေနဲ့အပြင်ထွက်လမ်းလျှောက်ပြီး တွေ့သမျှလူကို ရယ်ပြပြီး သူစိမ်းဆယ်ယောက်နဲ့တွေ့တိုင်း […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ချစ်တင်းနှောခြင်းက သင့်စိတ်ကျန်းမာရေးကို ပိုကောင်းစေသလား

ချစ်တင်းနှောတာဟာ ခံစားလို့ကောင်းတဲ့အာရုံတစ်ခု ဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါ့အပြင် ချစ်တင်းနှောခြင်းဟာ စိတ်ကျန်းမာရေးကိုပါ အများကြီးအထောက်အကူပြုနိုင်တယ်လို့ဆိုပါတယ်။ ဘာလို့လဲ။ သိချင်ရင် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး... မိမိကိုယ်ကို တန်ဖိုးထားတတ်စေမယ်။ မကြာခဏ ချစ်တင်းနှောလေ့ရှိတာဟာ လူတိုင်းအတွက် အင်မတန်အဖိုးတန်ပြီး အရေးပါလှတဲ့အချက်တွေဖြစ်တဲ့ မိမိကိုယ်ကိုယုံကြည်မှု၊ တန်ဖိုးထားမှုတို့ကို ပိုပြီးမြင့်တက်များပြားစေပါတယ်။ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်ကောင်းဖို့၊ အရာရာကိုအကောင်းမြင်တတ်ဖို့နဲ့ စိတ်ဓာတ်တက်ကြွနေဖို့အတွက် မိမိကိုယ်ကို တန်ဖိုးထားယုံကြည်ဖို့လိုအပ်လှပါတယ်။ မကြာခဏ ချစ်တင်းနှောခြင်းအားဖြင့် စုံတွဲတွေကြားမှာ ချစ်ခင်မြတ်နိုးရင်းနှီးမှု ပိုလာစေပြီး စိတ်လုံခြုံမှုလည်း ပိုရှိလာစေပါတယ်။ ဒါတွေအားလုံးဟာ မိမိကိုယ်ကိုယုံကြည်မှု မြင့်တက်လာစေပါတယ်။ စိတ်ဖိအားတွေ လျော့ကျစေမယ်။ ချစ်တင်းနှောခြင်းကနေရရှိတဲ့ သာယာမှုဟာ ရုပ်ပိုင်းဆိုင်ရာသာယာမှုဆိုတာထက် ပိုပါတယ်။ စုံတွဲတစ်တွဲအနေနဲ့ ချစ်တင်းနှောခြင်းအမှုကို ပြုလုပ်နေပြီဆိုရင် သာယာခြင်းကိုခံစားနိုင်တဲ့ အာရုံကြောတွေကို နှိုးဆွလို့ပေးပါတယ်။ ဒါကြောင့် ချစ်တင်းမနှောခင်က ကြုံတွေ့ရင်ဆိုင်နေရတဲ့ စိတ်ရှုပ်စရာပြဿနာတစ်ခုကို ကိစ္စအပြီးမှာ တစ်ခါပြန်စဉ်းစားသုံးသပ်ရင် သိပ်ကြီးစိတ်ညစ်စရာမကောင်းတော့တာကို တွေ့ရပါလိမ့်မယ်။ ဒီစုံတွဲဟာ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

စိတ်ညစ်တဲ့အချိန်တွေမှာ အစားပိုစားတာကို ဘယ်လိုဖြေရှင်းရမလဲ

သင်စိတ်ညစ်နေတဲ့အချိန်မျိုးတွေမှာဆိုရင် ထမင်းစားလို့ဗိုက်ဝသွားတာတောင် အချိုပွဲလေးတော့ ဆက်ကြိတ်လိုက်ဦးမဟဲ့ဆိုပြီး ဖိုးစားချင်၊ မယ်စားချင် ဖြစ်နေရင် ဒီလိုအခြေအနေမျိုးကို စိတ်ခံစားချက်ကြောင့် အစာစားခြင်းလို့ခေါ်ပါတယ်။ စိတ်ညစ်လို့ ပိုစားတယ်ပဲဆိုပါတော့။ ဒီလိုစားတာဟာ တကယ်ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်သက်သာရာရအောင်၊ စိတ်ဖိအားတွေလျော့နည်းသွားအောင် ဒါမှမဟုတ် စိတ်အပြောင်းအလဲဖြစ်အောင် အစာစားတာမျိုးကို ဆိုလိုပါသတဲ့။ ဒီအခြေအနေနဲ့ရင်ဆိုင်နေရသူတွေဟာ အစာစားချင်စိတ်ပေါ်လာပြီဆိုရင် ဘယ်လိုမှစိတ်ထိန်းလို့မရပါဘူး။ စားပစ်လိုက်ရမှကို နေသာသွားတာပါ။ အဲဒီလိုအချိန်မှာ သူတို့အတွေးထဲမယ် တစ်ခုပဲရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ အစားအသောက်ပါ။ အစာလေးဝင်သွားရင် ခဏတဖြုတ်လောက်တော့ နေသာထိုင်သာရှိကောင်းရှိမှာပါ။ ဒါပေမယ့် စိတ်ကြောင့်ဆာတာကို အစားအသောက်နဲ့ ဖြည့်လို့မရနိုင်ပါဘူး။ ကယ်လိုရီတွေ တက်လာတဲ့အတွက် မစားခင်ကထက်တောင် နေရတာပိုဆိုးကောင်းဆိုးသွားနိုင်ပါသေးတယ်။ အကျိုးဆက်အနေနဲ့ သင်ဟာ စိတ်ဖိစီးမှုတွေကိုရင်ဆိုင်ဖို့တခြားသောအကျိုးရှိပြီး ပိုကောင်းတဲ့နည်းလမ်းတွေကို မလေ့လာတော့ဘဲ အစားပဲလှိမ့်စားနေတဲ့အတွက် ပိုပိုလည်းဝလာမှာဖြစ်ကာ နောက်ဆုံးတော့စိတ်ညစ်တာလည်းမပျောက်တဲ့အပြင် ဝလာတာပဲအဖတ်တင်လာမှာ ဖြစ်ပါတယ်။ ဝလာတော့ ပိုပြီးစိတ်ညစ်ပြန်ရော။ ဒီလိုနဲ့ပဲ သံသရာလည်သွားပါလိမ့်မယ်။ ဒီလိုအခြေအနေတွေကနေ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ကျေးဇူးတင်စကားဆိုရတာထင်သလောက်မခက်ပါဘူး

ကျေးဇူးတင်စကားဆိုရတာကို ခက်ခဲတဲ့အရာတစ်ခုလို့ သင်ထင်နေဆဲပဲလား ။ အထူးသဖြင့် ယနေ့ခေတ်အခါလိုမျိုး အလုပ်တွေအရမ်းများပြီး လူတွေကိုကျေးဇူးတင်ကြောင်းပြောဖို့အချိန်မရှိလောက်အောင် အလုပ်ဝန်ပိပြီး စိတ်ဖိစီးမှုတွေများလွန်းတဲ့အခါမျိုးမှာပေါ့။ ဒီလိုလူမျိုးတွေထဲ ကိုယ်ပါမသွားရလေအောင် တတ်နိုင်သမျှ ကျေးဇူးတင်တဲ့အကြောင်း ပြောနိုင်ဖို့ကြိုးစားပါ။ ကျေးဇူးတင်ကြောင်းပြောရတာက သင်ထင်ထားသလောက်တော့ မခက်ခဲတဲ့အပြင် ကိုယ့်အတွက်လည်း အကျိုးရှိစေတဲ့အရာလေးပါ။ ကျေးဇူးတင်ခြင်းကနေရလာနိုင်တဲ့အကျိုးကျေးဇူးလေးတွေကိုကြည့်ကြရအောင်ပါ။ ၁။ ကျေးဇူးတင်တာက မိတ်ဆွေတိုးစေပါတယ် ကျေးဇူးတင်ကြောင်းပြောတတ်တဲ့အလေ့အထက ရှိရင်းစွဲမိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်ဆံရေး ခိုင်မာစေရုံသာမက မိတ်ဆွေသစ်တွေလည်း တိုးစေပါတယ်။ သင် တစ်စုံတစ်ယောက်ဝင်နိုင်ဖို့ တံခါးဖွင့်ပေးလိုက်တဲ့အခါမျိုးမှာ သူက ကျေးဇူးတင်ကြောင်းပြောပါလိမ့်မယ်။ အဲဒီအချိန်မှာ သင်ဘယ်လိုခံစားရသလဲ။ အကယ်၍ သူက ကျေးဇူးတင်စကားတစ်ခွန်းမပြောဘဲ မသိကျိုးကျွံပြုကာ ဝင်သွားမယ်ဆိုရင်ကော သင်ဘယ်လိုခံစားရမလဲ။ သင်ခံစားရသလိုပဲ အခြားလူတွေလည်း သင့်နည်းတူ ခံစားရတယ်ဆိုတာကိုသတိပြုပါ။ ဒါကြောင့် အသေးစိတ်ကိစ္စရပ်လေးတွေကအစ ကျေးဇူးတင်သင့်ရင် ကျေးဇူးတင်လိုက်ပါ။ ၂။ ကျေးဇူးတင်တတ်တဲ့ အလေ့အထက ကျန်းမာစေပါတယ် လေ့လာမှုတွေမှာ လူတွေကိုကျေးဇူးတင်တတ်တဲ့သူတွေဟာ ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်ခံားရမှုနည်းသလို ပိုပြီး […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ကျေးဇူးတင်တတ်ခြင်းရဲ့အကျိုးကျေးဇူးများ

ကျေးဇူးတင်စကားဆိုခြင်းဆိုတာက ဘဝမှာတွေ့ကြုံလာရတဲ့ကျေးဇူးတင်ရလောက်တဲ့ အခြေအနေမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။ ဘာသာတရား တော်တော်များများမှာ ကျေးဇူးတင်တာကို အားပေးထောက်ခံကြပါတယ်။ ဘာသာရေး ကို သက်ဝင်ယုံကြည်မှုမရှိတဲ့သူတွေတောင်မှ သူတို့ရဲ့ကလေးငယ်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောတတ်အောင် လေ့ကျင့်ပေးပါတယ်။ ဒါကြောင့်ကျေးဇူးတင်စကား ဆိုတတ်ဖို့ကအရေးပါပါတယ်။ လက်တွေ့မှာတော့ ကျေးဇူးတင်ပါတယ်လို့ ပြောတတ်တာက အခြားကောင်းမွန်တဲ့အကြောင်းအရာတွေထက် ပိုမိုကောင်းကျိုးရှိတယ်ဆိုတာကို ပြသနေပါတယ်။ ကေးဇူးတင်စကားဆိုခြင်းကနေ ရရှိနိုင်တဲ့ လက်တွေ့အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။   ၁။ ကျေးဇူးတင်စကားဆိုတာက မိတ်ဆွေတိုးစေပါတယ်။ လူရယ်လို့ဖြစ်လာရင် လူ့အသိုင်းအဝိုင်းဆိုတာ လိုအပ်ပါတယ်။ မိတ်ဆွေဖွဲ့တာက လူမှုပတ်ဝန်းကျင် ကျယ်ပြန့်လာအောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ မိတ်ဆွေဖွဲ့တဲ့နေရာမှာလည်း ခင်မင်မှုအဓွန့်ရှည်စေဖို့ အချက်အများအပြားလိုအပ်ပါတယ်။ ကျေးဇူးတင်စကားဆိုတတ်ခြင်းကလည်း အဆိုပါအချက်များစွာထဲက တစ်ချက်ဖြစ်ပါတယ်။ ကျေးဇူးတင်စကားဆိုတတ်တာက လက်ရှိဆက်ဆံရေး တွေကိုခိုင်မြဲစေရုံသာမက အခြားမသိသေးသူတွေနဲ့ မိတ်ဆွေဖွဲ့ရာမှာလည်းအသုံးဝင်ပါတယ်။ လူတိုင်းဟာသူတို့ရဲ့ကောင်းမွန်တဲ့လုပ်ရပ်တွေကို အသိအမှတ်ပြုပေးတာမျိုး လိုချင်ကြပါတယ်။ တကယ်လို့ မိတ်ဆွေတိုးချင်တယ်ဆိုရင်တော့ လူတွေကိုကျေးဇူးတင်ဖို့မမေ့ပါနဲ့။   ၂။ ကျေးဇူးတင်စကားဆိုတာက ကောင်းမွန်စွာအိပ်စက်ခွင့်ရစေပါတယ်။ အသုံးချစိတ်ပညာမှာဖော်ပြခဲ့တဲ့လေ့လာမှုအရ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အိမ်တွင်းအကြမ်းဖက်မှု

အိမ်တွင်းအကြမ်းဖက်မှုဆိုတာက ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေသူတွေအကြားမှာ တွေ့ရလေ့ရှိတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တဲ့ အကြမ်းဖက်မှုတွေကို ဆိုလိုတာဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့နေရာမှာလည်း ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုတာနဲ့စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်တာမျိုးတွေလိုမျိုး ပုံစံတွေအမျိုးမျိုးရှိတတ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုက ကျားမ မရွေး၊ အသက်အရွယ်မရွေးနဲ့ လူမျိုးမရွေး တွေ့ကြုံခံစားရနိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ခံစားကြုံတွေ့ရသူ အများစုက အမျိုးသမီးတွေဖြစ်ကြပါတယ်။ တစ်ခါတရံမှာ အိမ်တွင်းအကြမ်းဖက်မှုတွေက အသေးစိတ်အကြောင်းအရာလေးတွေကနေ အစပြုလာပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုပြင်းထန်လာတာဖြစ်ပြီး အမြဲလိုလိုတော့ အိမ်တွင်းအကြမ်း ဖက်မှုကိုအလွယ်တကူ အတည်ပြုလို့မရပါဘူး။ အိမ်တွင်းအကြမ်းဖက်မှုဖြစ်နိုင်ခြေရှိတဲ့အရိပ်လက္ခဏာတွေကတော့ - • သင့်ကိုခေါ်တဲ့အခါမှာ ရိုင်းစိုင်းတဲ့စကားလုံးတွေခေါ်ဝေါ်သုံးနှုန်းတာ။ • နေ့စဉ်လိုလို ကိုယ်ထိလက်ရောက်ရိုက်နှက်တာ။ • အလုပ်သွားတာ၊ ကျောင်းသွားတာနဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့တွေ့ဆုံတာလိုမျိုး လူမှုအသိုင်းအဝိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို ဟန့်တားတာ။ • အဝတ်အစား၊ အသွားအလာနဲ့ ငွေရေးကြေးရေးက အစ အရာရာကိုထိန်းချုပ်ချင်တာ။ • သူတို့က သင့်ကိုအမြဲသံသယဖြစ်နေတာ။ • သူတို့အရက်သေစာသောက်စားတာ ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲတဲ့အခါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း