backup og meta

အိမ်တွင်းအကြမ်းဖက်မှု


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်တွင်းအကြမ်းဖက်မှု

    အိမ်တွင်းအကြမ်းဖက်မှုဆိုတာက ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေသူတွေအကြားမှာ တွေ့ရလေ့ရှိတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တဲ့ အကြမ်းဖက်မှုတွေကို ဆိုလိုတာဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့နေရာမှာလည်း ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုတာနဲ့စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်တာမျိုးတွေလိုမျိုး ပုံစံတွေအမျိုးမျိုးရှိတတ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုက ကျားမ မရွေး၊ အသက်အရွယ်မရွေးနဲ့ လူမျိုးမရွေး တွေ့ကြုံခံစားရနိုင်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ခံစားကြုံတွေ့ရသူ အများစုက အမျိုးသမီးတွေဖြစ်ကြပါတယ်။

    တစ်ခါတရံမှာ အိမ်တွင်းအကြမ်းဖက်မှုတွေက အသေးစိတ်အကြောင်းအရာလေးတွေကနေ အစပြုလာပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုပြင်းထန်လာတာဖြစ်ပြီး အမြဲလိုလိုတော့ အိမ်တွင်းအကြမ်း ဖက်မှုကိုအလွယ်တကူ အတည်ပြုလို့မရပါဘူး။

    အိမ်တွင်းအကြမ်းဖက်မှုဖြစ်နိုင်ခြေရှိတဲ့အရိပ်လက္ခဏာတွေကတော့ –

    • သင့်ကိုခေါ်တဲ့အခါမှာ ရိုင်းစိုင်းတဲ့စကားလုံးတွေခေါ်ဝေါ်သုံးနှုန်းတာ။

    • နေ့စဉ်လိုလို ကိုယ်ထိလက်ရောက်ရိုက်နှက်တာ။

    • အလုပ်သွားတာ၊ ကျောင်းသွားတာနဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့တွေ့ဆုံတာလိုမျိုး လူမှုအသိုင်းအဝိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို ဟန့်တားတာ။

    • အဝတ်အစား၊ အသွားအလာနဲ့ ငွေရေးကြေးရေးက အစ အရာရာကိုထိန်းချုပ်ချင်တာ။

    • သူတို့က သင့်ကိုအမြဲသံသယဖြစ်နေတာ။

    • သူတို့အရက်သေစာသောက်စားတာ ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲတဲ့အခါ သင့်ကို ရိုင်းရိုင်းပျပျဆက်ဆံတာ။

    • ရုပ်ပိုင်းဆိုင်ရာနာကျင်စေအောင်လုပ်မယ်လို့ ခြိမ်းခြောက်တာ။

    • သင်၊ သင့်ရဲ့ကလေးတွေ (သို့) တိရစ္ဆာန်လေးတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာ။

    • လိင်ဆက်ဆံဖို့ဖိအားပေးခိုင်းစေတာ။

    • သင့်ကို ရိုက်နှက်ဆုံးမသင့်လို့ ဆုံးမတာဟု ပြောဆိုတာ။

    တကယ်လို့ သင်က လိင်တူချစ်သူတစ်ဦး ဖြစ်နေရင်ပဲဖြစ်ဖြစ်၊ ကျားမနှစ်မျိုးစလုံးကို ချစ်တဲ့သူ ဖြစ်နေရင်ပဲဖြစ်ဖြစ် လိင်ပြောင်းထားတဲ့သူဖြစ်နေရင်ပဲ ဖြစ်ဖြစ် သင်ဟာအိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်လာနိုင်ပါတယ်။

    အထက်မှာဖော်ပြခဲ့တဲ့အချက်တွေထဲက အချက်တွေနဲ့ တွေ့ကြုံရင်ဆိုင်နေရပြီဆိုပါက သင်တို့ရဲ့ ဆက်ဆံရေးကိုပြန်လည်ဆန်းစစ်ပါ။ တကယ်လို့သင်တို့မှာကလေးရှိနေရင် မဖြစ်မနေစဉ်းစားပါ။ လေ့လာမှုတွေမှာတော့ ကလေးငယ်တွေအနေနဲ့အကြမ်းဖက်မှုတွေဖြစ်နေတဲ့ အိမ်မှာကြီးပြင်းလာရတဲ့အခါ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ ပုံမှန်မဟုတ်တာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ သူတို့ဟာ နေ့စဉ်လိုလို မိခင်ကို နှိပ်စက်နေတာကိုမြင်ရတဲ့အခါ သူတို့ကိုယ်တိုင်က သူတပါးကို ညှင်းပန်းနှိပ်စက်တတ်သူတွေ ဖြစ်လာနိုင်သလို သူတို့ကအနာဂတ်မှာ နှိပ်စက်ခံရသူတွေ ဖြစ်လာပြီး အကြမ်းဖက်နှိပ်စက်မှုတွေကို လက်သင့်ခံနိုင်စရာဖြစ်ရပ်တွေအနေနဲ့ ယူဆလာပြီး သည်လိုအနေအထားဟာ သာမန်ဆက်ဆံရေးရဲ့လက္ခဏာရပ်တစ်ခုလို့ ယူဆလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    နှိပ်စက်တတ်တဲ့ ဆက်ဆံရေးက ကိုယ်တိုင်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ အမျိုးသမီးတွေဟာ အိမ်တွင်းနှိပ်စက်မှုတွေကိုခံစားရတာကြောင့် စိတ်ဓါတ်ကျလာတတ်ပါတယ်။ သူတို့ရဲ ပုံရိပ်လည်းထိခိုက်လာရပါတယ်။ သူတို့ကိုယ်သူတို့ယုံကြည်မှုအားနည်းသွားပြီး သူတို့အနေနဲ့ သူတို့ကိုနှိပ်စက်သူတွေအပေါ်မှာ မှီခိုတာ မျိုးတွေဖြစ်လာတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အနာတရဖြစ်တာက အချိန်ကြာလာနဲ့အမျှ ပျောက်ကင်းနိုင်ပေမယ့်စိတ်ပိုင်းဆိုင်ရာထိခိုက်မှု သက်သာပျောက်ကင်းဖို့ခက်ပါတယ်။ တတ်နိုင်သမျှမြန်မြန် မိမိကိုထိခိုက်စေတဲ့အရာတွေကို အဆုံးသတ်ဖို့ လုပ်ဆောင်ပါ။ ကိုယ့်ခံစားနေရတာတွေကို မိသားစုဝင်တွေ၊ ယုံကြည်ရတဲ့သူတစ်ဦးဦးနဲ့ ဆရာဝန်ကိုပြောပြတိုင်ပင်ပါ။ ဒါက အကူအညီရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

    ကိုယ့်ကိုနှိပ်စက်နေတဲ့သူကို ချန်ထားရစ်လိုက်ပါ။ မဟုတ်ရင် အသက်အန္တရာယ်တောင်ဖြစ်လာနိုင်ပါတယ်။ လိုအပ်တဲ့အခါ အာဏာပိုင်တွေဆီကနေ အကူအညီရယူ တာမျိုး၊ ဖမ်းဆီးပေးဖို့ တရားစွဲတာမျိုးတွေ လုပ်ဆောင်ဖို့ ဝန်မလေးပါနဲ့။ သင့်ကိုနှိပ်စက်နေတဲ့သူက ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အခြားတည်နေရာသိရှိနိုင်တဲ့ ကိရိယာတွေကနေတဆင့် နောက်ယောင်ခံလိုက်တာမျိုး ရှိနေနိုင်တာကြောင့် လျှပ်စစ်ပစ္စည်းတွေကို အသုံးပြုမှုကနေ ရှောင်ကြဉ်ပါ။ အိမ်တွင်းအကြမ်းဖက်မှုကနေ ရုန်းထွက်ဖို့ခက်လှပါတယ်။ ကံကောင်းတဲ့အချက်တစ်ချက်က အမျိုးသမီးရေးရာဌာနက အဖြစ်မှန်မပေါ်မချင်း သင့်ကိုကာကွယ်ပေးထားဖို့ ရှိနေတာပဲဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement