စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သူငယ်ချင်းဘဝကနေ အဆင့်တက်ဖို့ဆိုရင် ဘာတွေလိုမလဲ

သင့်အနေနဲ့လူတစ်ယောက်ကို သူငယ်ချင်းအနေနဲ့မဟုတ်ဘဲ ချစ်သူရည်းစားလက်တွဲဖော်အနေနဲ့ပဲ ချစ်ချင်တာမျိုး ဖြစ်ဖူးပါသလား။ အိုကေ ဟုတ်ပြီ။ ဘာမှစိတ်မပူနဲ့တော့။ သူငယ်ချင်းအဆင့်ကနေ ဘယ်လိုမျိုးရုန်းထွက်ရမယ်ဆိုတာကို ဒီဆောင်းပါးလေးမှာ သေချာပြောပြထားတာမို့ဖတ်ကြည့်လိုက်ပါဦး။ ဒါဟာ တကယ်ထိုက်တန်ရဲ့လားဆိုတာကို အရင်ဆုံးသေချာစဉ်းစားပါ။ တကယ်လို့သူငယ်ချင်းဘဝကနေ ချစ်သူဘဝကို အဆင့်ကျော်ချင်တာ မအောင်မမြင်များဖြစ်ခဲ့မယ်ဆိုရင် သင်ချစ်မြတ်နိုးရသူနဲ့သင့်အကြားကဆက်ဆံရေးဟာ အတိုင်းအတာတခုထိ ထိခိုက်သွားပါလိမ့်မယ်။ ကံဆိုးရင် လုံးဝအခေါ်အပြောမရှိတော့တာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူ့ကို တကယ်ဂရုစိုက်ပြီး သူပျော်ရွှင်ဖို့အမှန်လိုလားတယ်ဆိုရင် အဆင့်မတက်ခင် ထပ်ပြန်တလဲလဲ စဉ်းစားသုံးသပ်ဖို့လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တချိန်ချိန်ကျရင် သင့်အနေနဲ့ချစ်သူဘဝကို အဆင့်တက်ဖို့ကြိုးစားရင်း ဆိုးဆိုးရွားရွားရလာဒ်တွေ ဖြစ်လာစေမယ့်အစား ဒီတိုင်းလေး အဖြူရောင်သူငယ်ချင်းဆက်လုပ်နေတာ ပိုကောင်းမယ်လို့ယူဆလာနိုင်လို့ပါ။ သင့်အနေနဲ့အမျိုးမျိုးအဖုံဖုံတွေးပြီးပြီ။ ဖြစ်လာနိုင်တာတွေကို အဆိုးဖြစ်ဖြစ် အကောင်းဖြစ်ဖြစ် ရင်ဆိုင်မယ်လို့ဆုံးဖြတ်ပြီးပြီဆိုရင် အောက်ပါအချက်တွေကို အရင်စဉ်းစားပါ။ • သင်တို့နှစ်ယောက် အတူတူရှိခဲ့တဲ့အချိန်တွေအကြောင်းကို ပြန်စဉ်းစားပါ။ သူ့အနေနဲ့သင့်အပေါ်မှာ စိတ်ဝင်စား၊ စိတ်ကစားတဲ့ဟန်ပန်၊ ကြိတ်ခိုက်နေတဲ့အမူအရာမျိုးတွေ ရှိသလား၊ ပြသလားဆိုတာကို […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

သူငယ်ချင်းအသစ်ရအောင် ဘယ်လိုမိတ်ဖွဲ့မလဲ

အသက်၂၀ကျော်အရွယ်ဟာ မိတ်ဆွေအသစ်တွေရှာဖွေဖို့အကောင်းဆုံးအရွယ် ဖြစ်ပါတယ်။ ဒီအသက်အရွယ်အုပ်စုမှာရှိတဲ့ လူအားလုံးနီးနီးဟာ ဆိုရှယ်မီဒီယာတွေကို အသုံးပြုကြတဲ့အတွက် သူတို့ဘဝမှာနေ့စဉ်ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို လူရာပေါင်းများစွာ (ဒါမှမဟုတ် aထာင်ပေါင်းများစွာတောင် ဖြစ်နိုင်ပါတယ်)နဲ့မျှဝေလျက်ရှိပါတယ်။ တချိန်တည်းမှာပဲ သူတို့ဟာ ပိုပြီးအထီးကျန်ဆန်လျက်ရှိပြန်ပါတယ်။ စစ်တမ်းတွေအရ ကျွန်တော်တို့ဟာ ၁၉၈၀ပြည့်နှစ် ပတ်ဝန်းကျင်ကလူတွေထက် အပေါင်းအသင်းမိတ်ဆွေ ပိုနည်းလာတယ်လို့ဆိုပါတယ်။ facebook ၊ twitter တို့လို ဆိုရှယ်မီဒီယာတွေပေါ်ကတဆင့် သိရတဲ့အပေါင်းအသင်းတွေဟာလည်း တကယ့်အပြင်မှာပေါင်းသင်းဆက်ဆံရတဲ့ မိတ်ဆွေတွေလောက် အဆင်မပြေပါဘူး။ အသက်၂၀ကျော်၊ ၃၀ကျော်တွေဟာ သူငယ်ချင်းအသစ်နဲ့မိတ်ဖွဲ့ဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိတော့ဘူး ဒါမှမဟုတ် အသက်ကြီးတဲ့သူတွေနဲ့ ပါင်းလို့သင်းလို့ အဆင်မပြေဘူးလို့ ငြီးတွားလေ့ရှိကြပါတယ်။   သူငယ်ချင်းဖြစ်လာနိုင်ချေရှိသူတွေကို ရှာဖွေပါ။ သင်နဲ့လက်ရှိအဆက်အသွယ်ပြုလုပ်လျက်ရှိတဲ့လူတွေထဲကနေ သူငယ်ချင်းအသစ်ရှာဖွေပါ။ နေရာအသစ်ကို အခုမှပြောင်းလာပြီး အနီးနားတဝိုက်မှာ ဘယ်သူ့ကိုမှမသိသေးဘူးဆိုရင်တော့ ဒီနည်းကိုသုံးလို့မရဖူးပေါ့။ ဒါပေမယ့် အများအားဖြင့် သင့်ပတ်ဝန်းကျင်မှာ သင်နဲ့မျက်မှန်းတန်းမိနေသူတွေ ရှိတတ်ကြပါတယ်။ သင့်အနေနဲ့အပြင်ထွက်လမ်းလျှောက်ပြီး တွေ့သမျှလူကို ရယ်ပြပြီး သူစိမ်းဆယ်ယောက်နဲ့တွေ့တိုင်း […]


စွဲလမ်းမှုပြဿနာများ

Alcohol Addiction (အရက်စွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Alcohol Addiction (အရက်စွဲခြင်း) ကဘာလဲ။ အရက်စွဲခြင်းဆိုသည်မှာ အရက်ကို ရေရှည် သောက်သုံးရာမှဖြစ်ပွားလာတဲ့ ရှုပ်ထွေးတဲ့ ရောဂါစုဆိုလည်းမမှားပါဘူး။ ချက်ချင်း ရပ်လိုက်မယ်ဆိုရင်တောင် အရက်စွဲနေတဲ့လူနာကို မသက်မသာခံစားရစေပါတယ်။ အရက်စွဲတယ်ဆိုတာ စိတ်ကြောင့်စွဲတာနဲ့ ခန္ဓါကိုယ်က စွဲနေတာဆိုပြီးရှိပါတယ်။ ဒါကြောင့် အရက်စွဲသူတွေဟာ အရက်က သူတို့ရဲ့ ခန္ဓါကိုယ်နဲ့ စိတ်ကိုပျက်စီးစေရင်တောင်မှ မရပ်တန့်နိုင်ဘဲ ဆက်သောက်နေကြတာပါ။ လက္ခဏာများAlcohol Addiction (အရက်စွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အရက်စွဲသူတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း နဲ့ အပြုအမှုပိုင်းဆိုင်ရာ လက္ခဏာတွေရှိကြပါတယ်။ အရက်စွဲနေသူတွေကတော့ ဒီလက္ခဏာတွေ မခံစားရဘူးလို့ ငြင်းကောင်းငြင်းကြပါလိမ့်မယ်။ အပြုအမူပိုင်းဆိုင်ရာလက္ခဏာများ ဒီအရာတွေကတော့ သင့်သောက်သုံးမှုကို မထိန်းချုပ်နိုင်ခြင်း၊ မေ့တတ်ခြင်း၊ သင်နဲ့အခြားသူတွေကို ရန်လိုခြင်း တိြု့ဖစ်ပါတယ်။ အရက်စွဲသူဟာ သူတို့မူးနေချိန်မှာ ဘာမှမမှတ်မိတတ်ကြပါဘူး။ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ဒီအပိုင်းကတော့ ရေရှည်သောက်သုံးမှုနဲ့ ဆက်စပ်ပါတယ်။ လက်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျောခြင်း၊ ချွေးထွက်ခြင်း၊ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Bipolar Disorder (စိတ်အတက်အကျမြန် စိတ်ဝေဒနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bipolar Disorder (စိတ်အတက်အကျမြန် စိတ်ဝေဒနာ) ကဘာလဲ။ Bipolar disorder ဆိုတာ စိတ်အတက်အကျ အရမ်းမြန်စေတဲ့ ပြင်းထန်ဆိုးရွားသော စိတ်ရောဂါတစ်ခု ဖြစ်ပါတယ်။ ဝေဒနာရှင်တွေ အနေနဲ့ အရမ်း ပျော်ရွှင်တက်ကြွနေရာကနေ ရုတ်တရက်ကြီး အလွန်အမင်း ဝမ်းနည်းသွားတာမျိုး ဖြစ်သွားလေ့ရှိပါလိမ့်မယ်။ ကြားထဲမှာတော့ ရံဖန်ရံခါ ဆိုသလို ပုံမှန်စိတ်အခြေအနေလည်း ရှိနေနိုင်ပါတယ်။ သင် စိတ်ဓါတ်ကျနေချိန်တွေမှာဆိုရင် အရာအားလုံးဟာ စိတ်ညစ်စရာ၊ မျှော်လင့်ချက်ကင်းမဲ့စရာ ဖြစ်နေမှာ ဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာလည်း စိတ်ပါဝင်စားခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် စိတ်တက်ကြွချိန်ဆိုရင်လည်း သင်ဟာ အားအင်တွေပြည့်ဝပြီး စိတ်လှုပ်ရှားမှု အပြည့်နဲ့ ရှိနေတတ်ပါတယ်။ ဒီလို စိတ်အတက်အကျ မြန်တာဟာ တစ်နှစ်မှာ အကြိမ်ရေ အနည်းငယ်ဖြစ်ပေါ်နိုင်ပြီး ပိုဆိုးရွားတဲ့ အခြေအနေတွေမှာတော့ တစ်ပတ်အတွင်းမှာပဲ အကြိမ်ရေ အနည်းငယ် ဖြစ်ပေါ်လာနိုင်တာဖြစ်ပါတယ်။ ဒီရောဂါဟာ လူမှုဆက်ဆံရေး၊ အလုပ်အကိုင်၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Psychosis ( စိတ်ရောဂါ )

အဓိပ္ပာယ်ဖွင့်ဆိုချက် Psychosis ( စိတ်ရောဂါ ) ကဘာလဲ။ စိတ်ရောဂါ ဆိုတာက ထင်ယောင်ထင်မှားဖြစ်ခြင်း သို့မဟုတ် သွေးလေချောက်ချားခြင်းတို့ကြောင့် ပုံမှန်မဟုတ်တဲ့  စိတ်ကျန်းမာရေး အခြေအနေတစ်ခုကို ခေါ်ပါတယ်။ ထင်ယောင်ထင်မှားဖြစ်ခြင်းဆိုတာ လွဲမှားစွာ ယုံကြည်ခြင်းဖြစ်ပြီး သွေးလေချောက်ချားခြင်းဆိုတာကတော့ တကယ်မရှိတဲ့ အရာတွေကို မြင်ရကြားရခြင်း ဖြစ်ပါတယ်။ စိတ်ရောဂါက ဘယ်လောက်အဖြစ်များသလဲ။ စိတ်ရောဂါဆိုတာ စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်နှစ်ခွဖြစ်သော ရောဂါများစသော စိတ်မကျန်းမာမှုများရဲ့ အဓိကလက္ခဏာ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရောဂါ သည် အောက်ပါသူတို့တွင် အဖြစ်များပါတယ်။ စိတ်ကစဉ့်ကလျား ရောဂါရှိသူများ စိတ်နှစ်ခွရောဂါ ( စိတ်တက်ကြွလိုက် စိတ်ဓာတ်ကျ လိုက်) သို့မဟုတ် အလွန်အမင်း စိတ်ဓာတ်ကျမှု ရှိသူများ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုင်တဲ့ ရောဂါအချို့ လက္ခဏာများ Psychosis (စိတ်ရောဂါ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ သင့်တွင် စိတ်ရောဂါရှိပါက အမှန်အတိုင်း ဆက်သွယ်စဉ်းစားနိုင်မှု ပျောက်ဆုံးနေပါလိမ့်မယ်။ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါသောက်ဆေးတွေနဲ့ အော်တစ်ဇင် ဆက်စပ်သလား။

လတ်တလော လေ့လာတွေ့ရှိချက်တခုအရ စိတ်ကျရောဂါသောက်ဆေးတွေကို သုံးစွဲနေတဲ့ ကိုယ်ဝန်ဆောင်တွေ(အထူးသဖြင့် ကိုယ်ဝန် သုံးလနောက်ပိုင်းမှာ)က မွေးဖွားလာတဲ့ ကလေးတွေဟာ အော်တစ်ဇင် ဝေဒနာကို ခံစားရနိုင်ချေ ပိုများတယ်လို့ ဆိုပါတယ်။ အော်တစ်ဇင်ဆိုတာဘာလဲ။ အော်တစ်ဇင်(Autism Spectrum Disorder လို့လည်း ခေါ်ကြတယ်)ဆိုတာ ပြင်းထန်ဆိုးရွားတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတမျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ဝေဒနာရှင် ကလေးရဲ့ တခြားလူတွေနဲ့ ပြောဆိုပေါင်းသင်းဆက်ဆံနိုင်စွမ်းကို အဓိက ထိခိုက်စေပါတယ်။ အရာတခုခု ဒါမှမဟုတ် စိတ်ဝင်စားရာ တခုခုကို တချိန်လုံး ထပ်ခါတလဲလဲ လုပ်နေတတ်တဲ့ အမူအကျင့်ဟာလည်း ဒီရောဂါရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ ပေါင်းသင်းဆက်ဆံရေး၊ပညာရေး နဲ့ နေ့စဉ်နေထိုင်သွားလာမှုတွေကို ဆိုးဆိုးရွားရွားကို ထိခိုက်စေတာပါ။ အော်တစ်ဇင်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ အော်တစ်ဇင် ကလေးတွေဟာ သူတို့နာမည်ကိုခေါ်တဲ့အခါ ပြန်ပြီးမတုန့်ပြန်နိုင်သလို တခါတလေမှာလည်း ကြားတောင်ကြားပုံမပေါ်ပါဖူး။ ပွေ့ဖက်နမ်းရှုံ့တာ၊ဖက်လဲတကင်းနေတာတွေကို […]


စိတ်ကျန်းမာရေး

သင်၏အိမ်ထောင်ရေးကို ပျက်ဆီးစေနိုင်သော အလေ့အထ(၈)ရပ်

သင့်အိမ်ထောင်ဖက်နှင့်အတူနေဆက်ဆံရေးအခြေအနေက ကျဆင်းနေပါသလား။ အတူနေဆက်ဆံရေးမှာ ကွဲပြားခြားနားသောအဆင့်အမျိုးမျိုးရှိနိုင်ပါသည်။ ဒါပေမယ့်လည်း တစ်ဦးနှင့်တစ်ဦးကြားမှာပြဿနာပဋိပက္ခအကြီးအကျယ်ဖြစ်လာနိုင်သော အခိုက်အတန့်များလည်းရှိလာနိုင်ပါသည်။ အောက်ဖော်ပြပါ အကြောင်းအချက်များကတော့ သင်၏အိမ်ထောင်ရေးကို တဖြည်းဖြည်းနှင့်ပျက်ဆီးစေနိုင်သည့် အကြောင်းအချက်များပင်ဖြစ်ပါသည်။   ၁။ လိင်ဆက်ဆံဖို့ရှောင်ရှားခြင်း လက်ပွန်းတတီးနေခြင်းဟာ အိမ်ထောင်ရေးတစ်ခုကို အတူတကွစုစည်းပေးနိုင်သည့် အရေးပါသည့်အရာတစ်ခုပင် ဖြစ်ပါသည်။ အကယ်၍ သင်ဟာ သင့်အိမ်ထောင်ဖက်နှင့် အတူနေဖို့ရှောင်ရှားနေခြင်း၊ လိင်ဆက်ဆံရေး၏ အရေးပါမှုကို ဥပက္ခာပြုနေသည်ဆိုပါက သင်ဟာ သင်တို့အိမ်ထောင်ရေးကို အန္တရာယ်ရှိသော အခြေအနေသို့ အရောက်ပို့နေခြင်းပင်ဖြစ်ပါသည်။ သင်ဟာ လိင်ဆက်ဆံဖို့ စိတ်ပါချင်မှပါပါလိမ့်မည်။ ဒါပေမယ့် ဒီလိုစိတ်မပါတာဟာ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေပြီဆိုပါက သင့်အိမ်ထောင်ဖက်အတွက် အဆင်မပြေဖြစ်လာပါလိမ့်မည်။ အိမ်ထောင်ရေးပညာရှင်တစ်ဦး အကြံပြုထားတာကတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် မကောင်းမြင်စိတ်ထက် အကောင်းမြင်စိတ်နှင့်ကြည့်ဖို့ အကြံပြုထားပါသည်။ သင့်အိမ်ထောင်ဖက်ဟာ သင့်ကိုအတူနေဖို့တောင်းဆိုလာသောအခါ ဟင့်အင်းလို့ငြင်းမည့်အစား အကောင်းဘက်ကမြင်ပြီး သဘောတူလိုက်လျောဖို့အကြံပြုထားပါသည်။ ၂။ အပြောအဆိုကျဲလာခြင်း စကားအပြောအဆိုမတတ်လျှင် လင်မယားများရန်များတတ်ပါသည်။ ဒါပေမယ့် လုံးဝစကားမပြောခြင်းကတော့ ပိုပြီးတော့အန္တရာယ်ရှိသော […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုနှင့်ပတ်သက်၍စောင့်ရှောက်သူအတွက်အကြံပြုချက်များ

စောင့်ရှောက်သူဆိုသည်မှာ နေမကောင်းသူ၊ ထိခိုက်ဒဏ်ရာရသူ၊ မသန်စွမ်းသူများကို ဂရုစိုက်သူကိုခေါ်သည်။ အသည်းရောင်ရောဂါရှိသည့် မိမိချစ်ခင်သူများကို စောင်ရှောက်ခြင်းသည် စိန်ခေါ်မှုအကြီးကြီးပင်ဖြစ်သည်။ စောင့်ရှောက်နေရင်းဖြင့် လူနာများတွင် စိတ်ဖိစီးမှုများရှိသည်ကို ကြုံတွေ့နိုင်သည်။ အထူးသဖြင့် အမျိုးသမီးလူနာများတွင် ကျန်းမာရေးပြဿနာ ပို၍ကြုံနိုင်သည်။ ၎င်းတို့တွင်စိတ်ပူပန်ခြင်းနှင့် စိတ်ကျခြင်းတို့ပါသည်။ စောင့်ရှောက်သူများမှ ၎င်းတို့၏စိတ်ပင်ပန်းမှုများကို အောက်ပါနည်းများဖြင့် စီမံပေးနိုင်သည်။ စိတ်ကိုလျှော့ထားပါ။ မျက်စိကိုမှိတ်ထားပါ။ နှာခေါင်းဖြင့်သာ ပုံမှန်အသက်ရှူပါ။ ရှူထုတ်သည်အခါ သင့်ကိုယ်သင် “ငြိမ်းချမ်းခြင်း” ဟူသော စကားတစ်လုံး(သို့) “ငါ့စိတ်ထဲမှာအေးချမ်းတယ်” ဆိုသော စကားစုကို တိုးတိုးညင်သာစွာပြောပါ။ ၁၀မိနစ်ခန့်ဆက်လုပ်ပါ။ သင့်စိတ်က ဆုံမှတ်ကိုစလွဲပါက ကိုယ့်ကိုယ်ကို အသက်ရှူခြင်းနှင့်ပတ်သက်၍ ညင်သာစွာသတိပေးပါ။ အသက်ရှူခြင်းကို နှေးလိုက်၍ ငြိမ်သွားအောင်လုပ်ပါ။ အသက်ပြင်းပြင်းရှူပါ။ ဝမ်းဗိုက်အားလေများအားလုံးနှင့် ပြည့်အောင်ဖြည့်ပါ။ ပြီးလျှင်ပြန်ထုတ်လိုက်ပါ။ ပူဖောင်းလေလျှော့သလိုဖြစ်သည်။ နှေးနှေးနှင့်ကြာကြာ အသက်ရှူထုတ်တိုင်း ပို၍ နေလို့ကောင်းသည်ကို ခံစားရမည်။ အကောင်းဆုံးနည်းမှာ သင့်ချက်အောက်တွင် အစက်လေးတစ်ခုကို စိတ်ကူးပြီး […]


စိတ်ကျန်းမာရေး

စိတ်မူမမှန်ခြင်း၏အတွေ့ရများသောလက္ခဏာများ

စိတ်ဝေဒနာဆိုသည်မှာ ယိုယွင်းနေသော အတွေးများ၊ စိတ်ခံစားမှုများရှိသော ပြင်းထန်သည့် စိတ်ရောဂါဖြစ်ကာ ဤရောဂါနှင့် တွေ့ကြုံရသောလူသည် အမှန်တရားနှင့် ထိတွေ့မှု မရှိတော့ပါ။ စိတ်ဝေဒနာသည် အမှန်တကယ်မရှိသည့် အရာများကို အမှန်ဟု ယုံကြည်နေခြင်းဖြစ်သည်။ ပုံစံ(၂)မျိုးဖြင့် ဖြစ်ပွားသည်ကို တွေ့ရသည်။ • Hallucination- တကယ်မရှိသည့် အရာများကိုကြားခြင်း၊ မြင်ခြင်း၊ ခံစားရခြင်း • Delusion- မဟုတ်သော ယုံကြည်မှုများကို ကိုင်စွဲထားခြင်း ယေဘူယျအားဖြင့် စိတ်ရောဂါ(၂)မျိုးမှ စိတ်ဝေဒနာကို ဖြစ်စေသည်။ • Schizophrenia (စိတ်ကစဉ့်ကလျားရောဂါ) • Mood or affective disorder (စိတ်ခံစားမှု မူမမှန်ခြင်း) ထူးခြားသော ရောဂါရှာဖွေမှုနှင့် အမျိုးအစားများက စိတ်ရောဂါ လက္ခဏာများကိုပြသနိုင်ပါသည်။ ထို့ပြင် လက္ခဏာများထပ်နေခြင်းလည်း ရှိနိုင်ပါသည်။ စိတ်ဝေဒနာသည် စိတ်ကစဉ့်ကလျားရောဂါနှင့် တွဲလေ့ရှိသည်။ အခြားလက္ခဏာများရှိသော်လည်း စိတ်ကစဉ့်ကလျားရောဂါကို စိတ်ဝေဒနာဟုပင် သတ်မှတ်သည်။ အခြားရောဂါများတွင်လည်း စိတ်ရောဂါ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါအတွက် ကုထုံးများ

အမျိုးသမီးများ၊ အမျိုးသားများနှင့် သက်ကြီးပိုင်းများအတွက် စိတ်ကျရောဂါအတွက် ကုထုံးများ အကြောင်းကို များများသင်ယူပါ။ ထို့ပြင် ကုသမှုခက်သည့် စိတ်ကျရောဂါ ပြဿနာကိုလည်းလေ့လာပါ။ စိတ်ကျရောဂါအတွက် ကုထုံးများ သေချာလေ့ကျင့်သင်ထားသည့် ကုထုံးပညာရှင်နှင့် စကားပြောခြင်းသည် အကောင်းဆုံးကုသမှုထဲမှ တစ်ခုဖြစ်သည်။ အချို့လူများတွင် ပြဿနာများဖြေရှင်းနိုင်ရန် လနှင့်ချီသည့် ကုသမှုကိုရွေးချယ်သည်။ အခြားသူများက ပို၍ကြီးသောပြဿနာများကို ဖြေရှင်းနိုင်ရန် နှစ်နှင့်ချီသောကုထုံးကို ရွေးချယ်ကြသည်။ ရွေးချယ်မှုသည် သင်နှင့် သင့် ကုထုံးပညာရှင်ပေါ်တွင် မူတည်သည်။ အောက်တွင် အသုံးများသော ကုထုံးများကိုဖော်ပြထားသည်။ • Cognitive behavior therapy- ဤကုထုံးသည် အပြုအမူနှင့် သင်တွေးနေသည့် အကြောင်းများက စိတ်ကျခြင်းတွင် မည်သို့ပါဝင်နေသည်ကို မြင်နိုင်ရန်ကူညီပါသည်။ သင့် ကုထုံးပညာရှင်မှ မကောင်းသော အပြုအမူများကို ကူညီ၍ပြောင်းလဲပေးလိမ့်မည်။ • Interpersonal therapy- ဤကုထုံးတွင် သင်နှင့် အခြားသူများ၏ ဆက်နွယ်မှုနှင့် သူတို့သင့် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)