စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ဗိုက်ဆာလို့ စိတ်တိုဖူးပါသလား

သင့်အနေနဲ့ ဗိုက်ဆာရင် စိတ်တိုလာတာမျိုးကို ခံစားဖူးပါသလား။ တချို့လူတွေဟာ အစာစားချိန်လွန်သွားတဲ့အထိ စားဖို့အခွင့်မသာသေးရင်၊ဗိုက်ဆာနေရင် အလိုလိုဒေါသတွေထွက်၊စိတ်တိုလာတတ်ကြပါတယ်။ ဒါဟာ လူအတော်များများ ကြုံဖူးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ရှေးဘိုးဘေးဘီဘင် အစဉ်အဆက်က လက်ဆင့်ကမ်းသယ်ဆောင် ဆင်းသက်လာတဲ့ ဗီဇပဲ ဖြစ်ပါတယ်။ သင်စဉ်းစားကြည့်ပါ။ ဆာလောင်မွတ်သိပ်နေတဲ့ သက်ရှိတစ်ကောင်ကောင်ဟာ သူ့ရှေ့မှာရှိတဲ့ အစာကို ဒေါသတကြီးလုမစားဘဲ သူများစားသွားတာကို ဒီအတိုင်းထိုင်ကြည့်နေမယ်ဆိုရင် အဆိုပါ သက်ရှိမျိုးစိတ်ဟာ များမကြာခင်မှာပဲ မျိုးသုဉ်းပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဘာလို့ လူတိုင်းမဖြစ်ဘဲ လူတချို့ကပဲ ဒါမျိုးဖြစ်ရတာလဲ။ ဒီပြဿနာရဲ့ အဖြေက ကျွန်တော်တို့ခန္ဓာကိုယ်မှာ အစာလိုအပ်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေပေါ် မူတည်လို့ နေပါတယ်။ ဘာလို့ ဗိုက်ဆာ ရင် စိတ်တိုတတ်တာလဲ။ ဒီဖြစ်စဉ်ရဲ့ အဓိက အကြောင်းရင်းဟာ ဦးနှောက်တွင်းမှာ ရှိတဲ့သကြားဓာတ် ပမာဏအပေါ် မူတည်နေပြီး […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လူတယောက်ကို ချစ်မိသွားစေတဲ့ အဆင့်ငါးဆင့်ကို သိပ္ပံနည်းကျ ချဉ်းကပ်ခြင်း

"အချစ်" အငိုလွယ်ပေမယ့် အရှိုက်ခက်တယ်ဆိုတဲ့ စာလုံးလေးပါ။"အချစ်ဟာ အင်မတန်ထူးဆန်းတယ်" "အချစ်ဟာ သန့်စင်တယ်" "အချစ်မှာ မျက်စိမရှိဘူး" "တကယ်ဆိုရင် အချစ်ပဲ လိုတယ်" စသဖြင့် လူတွေ ပြောလေ့ရှိကြပေမယ့် အချစ်ဟာ တကယ်တမ်းတော့ ရူးသွပ်မှု၊မတွေးတောနိုင်မှု ဖြစ်ပြီး အင်မတန်မှကို ရှုပ်ထွေးလှပါတယ်။ အချစ်ဆိုတာဟာ လူတယောက်ရဲ့ မျက်စိထဲမှာ ဆွဲဆောင်မှုရှိတာဖြစ်ပြီး လူတိုင်းဟာ ပျော်ရွှင်ချစ်ခင်စွာ နေထိုင်သွားကြသတည်းဆိုတာမျိုးကိုပဲ လိုချင်လေ့ရှိကြပါတယ်။ ခက်တာက ချစ်သူနှစ်ယောက်ဟာ တကယ်ပဲ သက်ထက်ဆုံးတိုင် ပျော်ရွှင်ချစ်ခင်စွာ နေထိုင်သွားကြပါတယ်ဆိုတာက ရုပ်ရှင်ထဲမှာပဲ ရှိပါမယ်။ သိပ္ပံပညာအလိုအရတော့ အချစ်ဆိုတာဟာ အဆင့်ငါးဆင့်ပါဝင်တဲ့ ဖြစ်စဉ်တခုပဲ ဖြစ်ပြီး အခုဆောင်းပါးမှာ အချစ်အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ကျိုးကြောင်းဆက်စပ်ညီညွတ်စွာ လေ့လာချဉ်းကပ်သွားမှာပဲ ဖြစ်ပါတယ်။ ကုလားဘုရားပွဲလှည့်သလိုခံစားချက် သူ့ဆီက အကြည့်လေးတချက်၊အပြုံးလေးတပွင့် ဒါမှမဟုတ် နှုတ်ဆက်လိုက်သံလေးတခုက သင့်ရင်ထဲ ကုလားဘုရားပွဲ လှည့်သလို ဒိန်းတပ်တပ် ဖြစ်စေမှာပါ။ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

သင့်ရဲ့ စိတ်ခံစားမှု အခြေအနေက အရသာခံနိုင်စွမ်းကို ထိခိုက်စေသလား

သင်ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ဒူးရင်းသီးကိတ်ဟာ အရင်ကလောက် ဘာလို့စားလို့မကောင်းတော့တာလဲလို့ တွေးနေမိသလား။ အဲဒီဒူးရင်းသီးကိတ်စားတုန်းက စိတ်ခံစားချက်အခြေအနေကို ပြန်တွေးကြည့်မိသလား။ ဟုတ်ပြီ။ ဒီထင်မြင်ယူဆချက်ဟာ နည်းနည်းခေတ်ရှေ့ပြေးကောင်းပြေးနေလိမ့်မယ်၊ အသစ်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအခြေအနေဟာ ရသာအာရုံခံစားမှုအပေါ်ဘယ်လိုနှောင့်ယှက်မှုပေးသလဲဆိုတာ သိရှိနိုင်ဖို့ ကမ္ဘာတဝှမ်းလုံးမှာ လေ့လာသုတေသနပြုနေကြပါပြီ။ ရလဒ်တွေအရ သင်အစာစားတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်ဟာ အစားအသောက်ကို အရသာခံနိုင်မှုအပေါ်လွှမ်းမိုးခြယ်လှယ်နေတယ်လို့ ယူဆရပါတယ်။   ကောလိပ်ဘောလုံးပွဲနဲ့ ဆက်စပ်လေ့လာခြင်း Cornell တက္ကသိုလ်က အာဟာရသိပ္ပံပညာရှင်တွေက လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီလေ့လာမှုကနေ ဘာကိုဖော်ထုတ်ခဲ့သလဲဆိုတော့ လူတွေဟာဝ မ်းနည်းနေတဲ့အချိန် ဒါမှမဟုတ် စိတ်ညစ်နေ၊ ခံစားနေရတဲ့အချိန်တွေမှာ အချိုတွေကို ပိုစားချင်တယ်ဆိုတာပါပဲ။ လေ့လာမှုထဲမှာ သိပ္ပံပညာရှင်တွေဟာ ဘောလုံးအသင်းပရိသတ်တွေကို ရေခဲမုန့်စားခိုင်းပြီး သူတို့ အားပေးတဲ့အသင်းရဲ့ရလဒ်တွေနဲ့ ချိန်ထိုးကြည့်ခဲ့ကြပါတယ်။ ကိုယ်အားပေးတဲ့ အသင်းနိုင်တဲ့အခါ ရေခဲမုန့်ကို ပိုစားလို့ကောင်းပြီး ကိုယ့်အသင်းရှုံးရင် ရေခဲမုန့်ကနည်းနည်းချဉ်တဲ့အရသာကို ခံစားရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် နဂိုကတည်းက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ရုပ်ရှင်တွေဟာ သင့်ရဲ့ စိတ်ခံစားချက်အပေါ်ဘယ်လိုတွေ သက်ရောက်မှု ရှိနိုင်သလဲ

စိတ်ကျန်းမာရေး အနေအထားကောင်းမွန်တဲ့သူတွေဟာ သူတို့အနေနဲ့ဘာတွေတွေးနေလဲ၊ ဘယ်လိုခံစားနေရလဲ ဒါမှမဟုတ် ဘယ်လိုအမူအကျင့်တွေရှိနေသလဲဆိုတာကို aကာင်းကောင်းသတိထားမိပါတယ်။ ဂရုစိုက်မိပါတယ်။ နေ့စဉ်နေထိုင်မှုဘဝရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ပြဿနာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ဘယ်လိုမျိုးလိုက်လျောညီထွေနေရမယ် ဒါမှမဟုတ် ဘယ်လိုဖြေရှင်းကျော်လွှားရမယ်ဆိုတဲ့ မှန်ကန်ကောင်းမွန်ပြီး ကျန်းမာရေးနဲ့သင့်တော်တဲ့နည်းလမ်းတွေကို လေ့လာသိရှိ ကျင့်ကြံနေထိုင်နိုင်ကြပါတယ်။ မိမိကိုယ်ကို တန်ဖိုးထား၊ ယုံကြည်မှုရှိပြီး ပျော်ရွှင်ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ဘယ်လောက်ပဲ တည်ငြိမ်အေးချမ်းပျော်ရွှင်နေတယ်ဆိုဆို၊ ဘယ်လောက်ပဲစိတ်ခိုင်တယ်ပြောပြော ရုပ်ရှင်ကြည့်ရင်း မျက်ရည်ဝိုင်းလာတာမျိုးတော့ ကြုံဖူးမှာပါပဲ။ ဟုတ်တယ်ဟုတ်။   ရုပ်ရှင်တွေက သင့်ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုပြောင်းလဲစေနိုင်သလဲ။ ဟာသကားကြည့်ရင် ရယ်ရမယ်။ ဒါဟာရှင်းပါတယ်။ ရယ်မောခြင်းဟာ သင့်ကို ပြဿနာတွေရဲ့အဝေးကို(ခဏပဲ ဖြစ်ဖြစ်) ပို့ပေးနိုင်ပြီး သင့်ကိုနေလို့ထိုင်လို့ကောင်းစေပါမယ်။ မေရီလန်းတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနပြုချက်အရ ဟာသကားတွေကြည့်ရင်း ရယ်မောတာဟာ သင့်ရဲ့သွေးကြောတွေကို နှစ်ဆယ့်နှစ်ရာခိုင်နှုန်းလောက် ပိုကျယ်စေတဲ့အတွက် သွေးပေါင်ကျစေတယ်လို့ဆိုပါတယ်။ သရဲကားတွေဟာလည်း သင့်ခန္ဓါကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။ ထိတ်လန့်ကြောက်ရွံ့စရာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်လား

ကျွန်တော်တို့ ဘာလို့ရယ်မောကြတာလဲ။ ပျော်လို့ရယ်တာပေါ့၊မဟုတ်ဘူးလား။ စိတ်ကျေနပ်ပျော်ရွှင်တဲ့အခါ၊ဝမ်းသာအားရတဲ့အခါ ကျွန်တော်တို့ရယ်မောတတ်ကြပါတယ်။ အကယ်၍များ ရယ်မောနိုင်တဲ့ စွမ်းရည် လူတွေမှာ မရှိဘူးလို့ တွေးကြည့်လိုက်စမ်းပါ။ တွေးတာနဲ့တင် ပျင်းဖို့ကောင်းနေပါပြီ။ ဖြစ်ကို မဖြစ်နိုင်ပါဘူး။ ရယ်မောခြင်းဟာ ကျွန်တော်တို့ဘဝရဲ့ အစားထိုးလို့မရတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး သူသာမရှိတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ဘဝဟာ အရင်ကနဲ့ ဘယ်လိုမှ တူညီနိုင်တော့မှာ မဟုတ်ပါဘူး။ ရယ်မောခြင်းကနေ ပျော်ရွှင်ခြင်းကိုပဲ ပေးတာမဟုတ်ပါဘူး၊တခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါသေးတယ်။ ရယ်မောခြင်းကြောင့် ရရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို မြင်သာအောင် သက်သေပြဖို့ နည်းနည်းခက်ပေမယ့် စိတ်ကျန်းမာရေးအတွက် အကျိုးရှိစေတာကိုတော့ လူတိုင်းသေချာပေါက် ခံစားမိကြမှာပဲ ဖြစ်ပါတယ်။     ရယ်နေတဲ့အချိန်ဆို မငိုဘူးလေ။ ဒီထက်ရှင်းတာတောင် ဒီလောက်မရှင်းဖူးလို့ သင့်အနေနဲ့ တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်၊ဒါဟာ အခြေခံအကျဆုံး၊အရိုးရှင်းဆုံး အချက်ပါ။ တမျိုးပြန်စဉ်းစားရအောင်။ သင်ငိုနေတဲ့ အချိန်တွေဆိုရင် မရယ်နိုင်ပါဘူး။ အင်းပေါ့လေ ရုတ်တရက် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ရယ်မောခြင်းက သင့်ကို ပိုကျန်းမာစေသလား

"ရယ်မောခြင်းသည် အသက်ရှည်စေ၏" တဲ့။ စကားပုံလေး လူတိုင်းကြားဖူးမှာပါ။ ပျော်တဲ့အခါ၊စိတ်ထဲမှာ နေလို့ထိုင်လို့ ကောင်းတဲ့အခါ ကျွန်တော်တို့ ရယ်မောတတ်ကြပါတယ်။ ရယ်မောခြင်းဟာ တဦးနဲ့တဦးကို နီးကပ်စေပါတယ်။ ရင်ဘတ်ချင်း နီးစေပါတယ်။ သူစိမ်းတရံဆံတွေနဲ့တောင် ပျော်ပျော်ပါးပါးကြီး အတူတကွ ရယ်မောလို့ ရပါတယ်။ ရယ်မောခြင်းက သင့်ကို ပျော်ရွှင်စေရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ အများကြီး ဖြစ်စေပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။   ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ တကယ်လို့ ကျွန်တော်တို့ရယ်မောနေတဲ့ အချိန်မှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဇီဝဗေဒဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် အင်မတန်အံ့ဩဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေ ခန္ဓါကိုယ်ထဲမှာ ဖြစ်ပေါ်နေတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓါကိုယ်ရဲ့ တင်းကြပ်မှုတွေကို သက်သာလျော့ပါးစေပါတယ်။ မကောင်းတဲ့ ဟော်မုန်းတွေ ထွက်ရှိမှုကို နည်းသွားစေပြီး ခုခံအားစနစ်မှာ ပါဝင်တဲ့ ဆဲလ်တွေထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။Endorphins ဓါတ်တွေလည်း အများအပြား […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာဟာ အနိုင်ကျင့်ခံရတဲ့ သူရဲ့ စိတ်ထဲမှာ အမာရွတ်တသက်လုံးထင်ကျန်ရစ်ခဲ့စေနိုင်ပြီး ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေတဲ့အတွက် ဒါဟာ အင်မတန်ဆိုးရွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒါဖြင့် ဒီကိစ္စကို ဘယ်လို ရင်ဆိုင်မလဲ။ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တယ်ဆိုတာ ဘာလဲ။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။ နာမည်ဖျက်ပြီး ပြောင်ခေါ်ခြင်း၊သရော်ခြင်း၊လှောင်ခြင်း။ စကားလုံးတွေနဲ့ သင့်ကို ထိခိုက်နာကျင်အောင် လုပ်ခြင်း၊စိတ်ညစ်၊စိတ်ဆင်းရဲအောင် လုပ်ခြင်း။ ခြိမ်းခြောက်ခြင်း။ သင့်ကို စိတ်အားငယ်အောင်၊ ကူတွယ်ရာမဲ့ဖြစ်အောင်၊သိမ်ငယ်အောင် လုပ်ခြင်း။ အဖွဲ့ထဲကနေ ကျဉ်ထားခြင်း၊ အပေါင်းအသင်းမလုပ်ခြင်း။ အကြီးအကျယ် စိတ်ထိခိုက်အောင် လုပ်ခြင်း။ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း။ အရှက်ခွဲခြင်း။ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ရမလဲ။ဒါဟာသင့်အပြစ်မဟုတ်ဘူးဆိုတာ နားလည်ပါ။ ဒီလိုအနိုင်ကျင့်ခံရတာဟာ အနိုင်ကျင့်သူတွေရဲ့ အပြစ်မဟုတ်ဘဲ သင့်အပြစ်သာဖြစ်တယ်၊သင့်မှာသာ တာဝန်ရှိတယ်လို့ သင်ခံစားလာရအောင် သူတို့တွေက ပြောပါလိမ့်မယ်၊လုပ်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဒါဟာ အနိုင်ကျင့်စော်ကားတဲ့ သူတွေရဲ့အပြစ်သာ ဖြစ်ပါတယ်။ တကယ်လို့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ကျေးဇူးတင်စကားက သင့်ဘဝအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ

ဘဝရှင်သန်နေထိုင်စဉ်အတွင်း တခါတရံမှာ စိတ်ဓါတ်ကျမှုတွေ၊စိုးရိမ်ပူပန်စရာတွေ၊ဝမ်းနည်း ပူဆွေးမှုတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြင်ပကအထောက်အပံ့တွေကိုချည်း ရယူတဲ့နည်းလမ်းက အမြဲတော့အလုပ်မဖြစ်ပါဘူး။ အကောင်းမြင်တဲ့ အတွေးတွေက ပျော်ရွှင်စေတယ်ဆိုတာကို ကြားဖူးရဲ့လား။ စိတပညာဆိုင်ရာသုတေသနလုပ်ဆောင် ချက်တွေအရ ကျေးဇူးတင်စကားဆိုတာနဲ့ လူသားတွေရဲ့ပျော်ရွှင်မှုအကြားမှာ ကြီးကြီး မားမားဆက်စပ်မှုရှိနေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီတန်ဖိုးရှိတဲ့ သဘောထားကို ထုတ်ဖော်ပြသနိုင်မယ့် နည်းလမ်းတွေကို သင်ယူတာကအရမ်းကို အရေးပါ သလိုဘဝရဲ့အခြေအနေအရပ်ရပ်တိုင်းမှာကျင့်သုံးနိုင်ပါတယ်။ ကျေးဇူးတင်တယ်ဆိုတာက လက်တင်ဘာသာစကား ကနေဆင်းသက်လာတဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။ ကျေးဇူးတင်တဲ့အတွေးတွေက အဖိုးမဖြတ်နိုင်တဲ့ ဘဝအတွေ့အကြုံတွေကိုတွေ့ရှိနိုင်ဖို့လမ်းညွှန် ပေးပါတယ်။ လက်ရှိမှာ အခက်အခဲတွေရင်ဆိုင်နေရပေမယ့်လည်း ဘဝမှာအမြင့်ဆုံးသော ဘဝပျော်ရွှင်မှုကိုရရှိအောင်ကိုယ်တိုင် စွမ်းဆောင်နေရတာပဲဖြစ်ပါတယ်။ ကျေးဇူးတင်တတ်တဲ့ အလေ့အထက သင့်အတွက် အဟန့်အတား အတားအဆီးဖြစ် နေတဲ့ပြဿနာတွေ ကိုဖြေရှင်းဖို့ နည်းလမ်းတွေကိုရှာတွေ့စေမှာဖြစ်ပြီး ကိုယ့်မှာပိုင်ဆိုင်ထား တဲ့ကောင်းမွန်တဲ့အရာတွေကိုသိရှိနားလည်စေမှာဖြစ်ပါတယ်။ ဒီလိုမျိုး ကျေးဇူးတင်တတ်တဲ့အလေ့အထကနေ တဆင့် တဖြည်းဖြည်းချင်း ကောင်းမွန်တဲ့အရာတွေရဲ့ အရင်းအမြစ် တွေကိုတွေ့ရှိလာမှာဖြစ်ပါတယ်။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကောင်းကောင်းမွန်မွန်အနားယူပြီး စမတ်ကျကျအလုပ်လုပ်နိုင်သောနည်း

ငွေပိုရှာလိုပါသလား။ တစ်ချိန်တည်းမှာပဲ အလုပ်နဲ့အားလပ်ချိန်ကြား ရွေးရခက်တဲ့အနေအထားကြုံနေရပါသလား။ သည်မေးခွန်းတွေကစဉ်းစားရကြပ်စေပါတယ်။ ဘယ်သူမှ သည်ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မချမှတ်နိုင်ပါဘူး။ အလုပ်ကိုကြိုးကြိုးစားစားလုပ်တဲ့အခါ ဝင်ငွေများလာပေမယ့် အပန်းဖြေချိန်နည်း သွားပါတယ်။ တစ်ဖက်ကကြည့်ရင် အပန်းဖြေချိန်များသွားရင်လည်း သင့်ကို အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို မပြီးမြောက်စေနိုင်ပါဘူး။ ဘဝပြည့်စုံရေးအတွက် သင်သိထားသင့်တဲ့ အရေး ကြီးဆုံးအချက်က အလုပ်နဲ့အပန်းဖြေ ချိန် သင့်တင့်မျှတဖို့ပဲဖြစ်ပါတယ်။ အလုပ်နဲ့ အပန်းဖြေချိန်မျှတအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ကြိုးကြိုးစားစားရှာဖွေပါ။ အပန်းဖြေအနားယူတဲ့အခါ အလုပ်တွေကို ခဏဘေးမဖယ်ထားဘဲ အနားယူဖို့ဆိုတာ ခက်ပါတယ်။ ပထမဆုံးအနေနဲ့ အလုပ်နဲ့အနားယူတာ နှစ်ရပ်စလုံးအတွက် အဆင်ပြေစေဖို့ လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာ အရည်အချင်း တွေတိုးတက်စေမယ့် နည်းလမ်းတွေကို ရှာဖွေရပါမယ်။ လူတော်တော်များများက တစ်နေ့လုံးရုပ်ရှင်ကြည့်နေတတ်ပေမယ့် စိတ်ဝင်စားလို့ကြည့်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီအနေအထားက သူတို့မှာ သင့်တော်ပြီး စိတ်ပါဝင်စားစွာနဲ့လုပ်ဆောင်ရမယ့် အပန်းဖြေ စရာမရှိဘူးဆိုတာကိုဖော်ပြနေပါတယ်။ သူတို့အနေ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဓါတ်ခွန်အားမြင့်တက်စေသော နည်းလမ်းများ

စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးဟာ ဘဝပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ လူတွေဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာနေတယ်၊ ကျေနပ်ဖွယ်ကောင်းနေတယ်ဆိုရင် ကောင်းမွန်စွာအလုပ်လုပ်နိုင်ပြီး လုပ်ဆောင်ရည်လည်း ပိုမိုကောင်းမွန်နိုင်ပါတယ်။ ဒီလိုပဲ ဘဝရဲ့ အခြားအစိတ်အပိုင်းတွေကို ခံစားချက်တွေက လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် သင့်ခံစားမှုတွေကို ကောင်းမွန်စေဖို့ အကျင့်ကောင်းတွေ လိုအပ်ပါတယ်။   သူငယ်ချင်းကောင်းတွေ ရှိပါစေ။ ဘယ်သူကမှ တစ်ယောက်တည်းနေဖို့ မထိုက်တန်ပါဘူး။ သူငယ်ချင်းတွေရှိခြင်းဟာ ဘဝကို ပိုမို ရှင်သန်စေပါတယ်။ သိသာထင်ရှားစွာပဲ သူငယ်ချင်းတွေ အများကြီးရှိသူတွေဟာ ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် သူငယ်ချင်းကောင်းတွေ ရှိသူတွေဟာ ပိုမိုပျော်ရွှင်ကြပါတယ်။ ပြဿနာတွေကို နားထောင်ပေးပြီး ကူညီမှုပေးနိုင်တဲ့ ဒုက္ခရောက်ချိန်တွေမှာ အမြဲဘေးမှာ ရှိနေပေးတဲ့ လူတွေကို လိုအပ်ပါတယ်။ နောက်တစ်နည်း ပြောရရင် ကိုယ့်ကိုဂရုစိုက်ပြီး ဘေးနားမှာ ရှိနေပေးတဲ့လူတွေကို လိုအပ်ကြပါတယ်။ ဒါမှသာ ဒုက္ခရောက်ခါနီးရင် သူတို့ဆီပြေးသွားပြီး စကားပြောလို့ရမှာဖြစ်ပါတယ်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း