ဆေးလိပ်သောက်ခြင်းကို ကျောခိုင်းပြီးသည့်အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 23, 2020 . 2 mins read
Share now

ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးတဲ့သူတွေဟာ နှလုံးရောဂါအဆုတ်ကင်ဆာအသည်းကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သွေးတိုး၊ တီဘီ၊ အမြင်အာရုံချို့ယွင်းတာ၊ လေဖြတ်တာ၊ လိင်အင်္ဂါတောင်မတ်နိုင်စွမ်းမရှိတော့တာ၊ ကိုယ်ခံအားစနစ်ချို့ယွင်းတာ၊ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်ရာမှာ ပြဿနာရှိတာ၊ သားအိမ်ခေါင်းကင်ဆာဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့် ပတ်ဝန်းကျင်က လူတွေကိုပါ အဆိုပါရောဂါဝေဒနာတွေ ခံစားရအောင် တွန်းအားပေးသလိုဖြစ်နေတတ်ပါတယ်။ ဆေးလိပ်ငွေ့ကို တစ်ဆင့်ခံ ရှူသွင်းမိသူတွေဟာလည်း အထက်ပါဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။

ဆေးလိပ်သောက်သုံးမှုဟာ ဒီလို အန္တာရာယ်များလှပေမယ့် ကမ္ဘာကြီးပေါ်မှာ ဆေးလိပ်သောက်သုံးနေသူတွေ အများအပြားရှိနေပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂၀% လောက်ဟာ ဆေးလိပ်သောက်သုံးကြပါတယ်။ ကမ္ဘာပေါ်မှာ လူပေါင်းသန်း ၁၅၀၀ ကျော်လောက်က ဆေးလိပ်သောက်သုံးနေကြတဲ့သဘောပါ။ အဲ့ဒီထဲက သန်း ၉၀၀ နီးပါးလောက်က အမျိုးသားတွေဖြစ်ကြပါတယ်။

ဒီထဲက တချို့ကတော့ ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကို နားလည်သွားချိန်၊ အန္တရာယ်တွေကို ရင်ဆိုင်လိုက်ရချိန်မှာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြပါတယ်။ ဒါဟာကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး လက်ကမ်းကြိုဆိုရမယ့် အပြုအမူတစ်ခုဖြစ်ပါတယ်။

အချိန်မနှောင်းခင် ဆေးလိပ်ဖြတ်တာဟာ ကာယကံရှင်တွေအတွက် အကျိုးကျေးဇူးအများအပြား ယူဆောင်လာပေးနိုင်ပါတယ်။ လူတစ်ယောက် ဆေးလိပ်သောက်တာကို ရပ်တန့်လိုက်မယ်ဆိုရင် မိနစ်ပိုင်းကနေ စတင်ပြီး နှစ်ပေါင်းများစွာ ကြာချိန်အထိ ခန္တာကိုယ်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရလာမလဲဆိုတာကို ဆေးပညာရှင်တွေက လေ့လာထားပြီးဖြစ်ပါတယ်။

ခုဆောင်းပါးမှာတော့ ဒီအချက်တွေကို ပြောပြသွားမှာဖြစ်ပါတယ်။

ဆေးလိပ်မသောက်ရင် မိနစ်ပိုင်းအတွင်း ဘာတွေပြောင်းလဲလာမလဲ

ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဖြတ်ရတာ ခက်ပါတယ်။ လူအများစုက ဖြတ်နိုင်ကြပါတယ်။ ဆေးလိပ်သာ ဖြတ်မယ်ဆိုရင် မိနစ် ၂၀၊ တစ်ရက်ကနေ ၁၀ နှစ်အတွင်း ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်မလဲဆိုတာကို လေ့လာကြည့်ပါ။ ဆေးလိပ်ဖြတ်ရာမှာ ခွန်အားတစ်ရပ်ဖြစ်စေမှာ သေချာပါတယ်။

ဆေးလိပ်သောက်တာကို ရပ်တန့်လိုက်ပြီးတဲ့နောက်

  • မိနစ် ၂၀ အကြာမှာ – နှလုံးခုန်နှုန်း မှန်လာမယ်။ သွေးဖိအားကျလာမယ်။ သွေးလှည့်ပတ်မှုပိုကောင်းလာမယ်။
  • ၂ နာရီ အကြာမှာ – သွေးထဲက နီကိုတင်း Level ၉၃ ရာခိုင်နှုန်းအထိ လျော့လာမယ်။
  • ၈ နာရီ အကြာမှာ – သွေးနီဥတွေ ပိုအားကောင်းလာမယ်။
  • ၁ ရက် အကြာမှာ – ရုတ်တရက် နှလုံးထိခိုက်သေဆုံးနိုင်ချေ လျော့နည်းလာမယ်။
  • ၂ ရက် အကြာမှာ – အရသာခံနိုင်စွမ်း တိုးတက်လာမယ်။ ခါတိုင်းစားနေကျ အစားအသောက်တွေက အရသာပိုရှိလာမယ်။
  • ၄ ရက် အကြာမှာ – အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေ ပိုတိုးတက်လာမယ်။
  • ၄ ပတ် အကြာမှာ – ဆေးလိပ်သောက်ချင်စိတ် မရှိတော့ဘူး။
  • ၁ လ အကြာမှာ – ကျန်းမာရေး သိသိသာသာကောင်းလာမယ်။ အမောခံနိုင်လာမယ်။
  • ၃ လ ကနေ ၉ လ အကြာမှာ – အဆုတ် အားကောင်းလာမယ်။ အဆုတ်ကျန်းမာရေး သိသိသာသာ တိုးတက်လာမယ်။
  • ၁ နှစ် အကြာမှာ – သွေးကြောအတွင်း အဆီပိတ်နိုင်ချေ လျော့လာမယ်။
  • ၅ နှစ် အကြာမှာ – ဆီးချို သွေးချိုဖြစ်နိုင်ချေ နည်းလာတယ်။
  • ၁၀ နှစ် အကြာမှာ – အဆုတ်ကင်ဆာဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းလျော့သွားမယ်။

ဆေးလိပ်သောက်တာကို ရပ်တန့်လိုက်တာနဲ့ ဒီလို အကျိုးကျေးဇူးတွေ ရလာမှာပါ။ ဒါကြောင့် အချိန်မလွန်ခင်မှာ ဆေးလိပ်သောက်သုံးမှုကို ရပ်တန့်လိုက်ပါနော်။ ဒီအပြုအမူဟာ မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ရာ ရောက်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေတုန်း သွားရည်ကျတာက လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

အေးမြတဲ့ဆောင်းရာသီကို ကြုံဆုံရတဲ့အခါမျိုးမှာ နှလုံးရောဂါ ဝေဒနာသည်တွေအတွက်ဆိုရင်တော့ ဒီကာလမျိုးမှာ Heart Attack က ဒုက္ခအပေးဆုံးလို့ဆိုရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

—Meta description not set.

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 29, 2020 . 2 mins read
ဆေးလိပ်ဖြတ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီနိုင်မလဲ

ဆေးလိပ်ဖြတ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်

ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read