ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

တစ်နေ့တာ သွားလာလှုပ်ရှားနေရင်း အမှတ်တမဲ့  ခြင် ကစလို့ ပျား၊ ခါချဉ်၊ ပုရွက်ဆိတ် စတဲ့ အင်းဆက် အမျိုးမျိုး ကိုက်ခံရနိုင်ပါတယ်။ ဒီလို ကိုက်ခံရတဲ့အခါ ဆေးတွေကို အသုံးမပြုဘဲ သက်သာအောင် လုပ်လို့ရမယ့် သဘာဝ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ များဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအေင်လား။ ပိုးကောင် ကိုက်တာလား။ အရေပြားမှာ ပိုးကောင်ကိုက်တာလား ဆိုတာကို သေချာ သိစေနိုင်မယ့် လက္ခဏာတွေက အရေပြားက နီမြန်းနေမယ် စပ်ဖျဉ်းဖျဉ်း ဖြစ်မယ် နာကျင်မယ် ရောင်ရမ်းမယ် ယားယံမယ် အရည်ကြည်ဖုထမယ် စတာတွေ ခံစားရနိုင်ပါတယ်။ ပိုးကောင် ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ ပိုးကောင်ကိုက်ခံရတာကို သက်သာစေဖို့ ဆေးမလိမ်းချင်ဘူး ဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါ။ ဆားရည်စိမ်ပါ ရေနွေးနွေး တစ်ခွက်စာထဲကို ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ် ငွေ့ ရှူနေရတဲ့ ကိုယ့်ဘေးကလူတွေ ဘာထိခိုက်လာမလဲ

တစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာက မီးညှိထားတဲ့ စီးကရက်ကနေ ထွက်လာတဲ့ မီးခိုးငွေ့နဲ့ ဆေးလိပ် သောက်သုံးသူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကို ဆိုလိုတာဖြစ်ပါတယ်။ တစ်ခုတော့ မေးပါရစေ။ ကိုယ်က ဆေးလိပ်သောက်တတ်တယ် ဆိုဦးတော့ ကိုယ့်အနီးဆုံးက လူတွေကို ထိခိုက်စေမှာကို မစိုးရိမ်မိဘူးလား။ တစ်ဆင့်ခံဆေးလိပ်ငွေ့မှာလည်း ဆေးလိပ်သောက်သုံးသူ ရှူရှိုက်လိုက်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်တာချင်း အတူတူပါပဲ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာ ဓာတုပစ္စည်း ၇,၀၀၀ ကျော် ပါဝင်ပါတယ်။ ကိုယ့်အရင်းနှီးဆုံးသူတွေကို အန္တရာယ် အဖြစ်ခံမှာလား အရက်သောက်ရင်တောင် သောက်တဲ့သူရဲ့ ကိုယ်တွင်းမှာပဲ ရောဂါဖြစ်စေနိုင်ပေမယ့် ဆေးလိပ် ကတော့ ဒီလို မဟုတ်ပါဘူး။ ကိုယ်သောက်လိုက်တဲ့ ဆေးလိပ်ငွေ့က လေထုထဲ ရောက်သွားပြီးရင် ကိုယ်နဲ့ အနီးအနားမှာ ရှိနေသူတွေရဲ့ အသက်ရှူလမ်းကြောင်းထဲ ပျံ့နှံ့ရောက်ရှိ စေနိုင်တာပါ။ ကိုယ့်ရဲ့ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အပါအဝင် အနီးဆုံးက […]


ရှေးဦးသူနာပြုစုခြင်း

နားထဲကို ပိုးကောင် ဝင်သွားရင်

တဝီဝီနဲ့ ပျံနေတဲ့ ပိုးကောင် တွေ ရုတ်တရက် နားထဲကို တည့်တည့်မတ်မတ်ဝင်လာတဲ့အခါ တော်တော်ဒုက္ခရောက်ပါတယ်။ ရုတ်တရက် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဒီပိုးကောင်ကို ဆွဲထုတ်ဖို့ အတင်းကြိုးစားပါတယ်။ ပိုးကောင်က နားထဲမှာ လျှောက်သွားနေမှာလား၊ နားထဲက နားစည်ကို ကိုက်လိုက်မှာလား။ နားကန်းတော့မှာလား စသဖြင့် ကြောက်လန့်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် နားထဲကို ပိုးကောင်ဝင်ပြီး ပြန်မထွက်လာခဲ့ရင် အရေးပေါ် လုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ပိုးကောင် ဝင်မှန်း ဘယ်လိုသိမလဲ။ နားထဲကို ဝင်သွားတာ ပိုးကောင်ဟုတ်တယ်ဆိုရင်၊ အသက်လည်း ရှိနေသေးတယ်ဆိုရင် နားထဲမှာ တဝီဝီနဲ့ အသံကြားနေရသလို ပိုးကောင် တရွရွ သွားနေတာကိုလည်း သိရပါတယ်။ ဒါကြောင့် နားထဲမှာ အူနေပြီး၊ ယားသလိုလို ကသိကအောင့် ဖြစ်နေမှာပါ။ မတော်တဆ အကောင်က ကိုက်လိုက်တယ်၊ ဆူးနဲ့ထိုးလိုက်တယ်ဆိုရင်တော့ နာတာ၊ […]


ဆေးလိပ်ဖြတ်ခြင်း

စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

အလုပ်တွေက များ၊ စိတ်ဖိစီးစရာတွေ များနေတယ် ဆို အဖော်လေး ခေါ်ပြီး ဝရံတာ မှာဖြစ်ဖြစ်၊ လှေကားနားမှာ ဖြစ်ဖြစ် စီးကရက် သွားသောက်ကြတာ အလုပ်ခွင်က ယောကျာ်းလေးတွေရဲ့ ထုံးစံ ပါပဲ။ ဘီယာဆိုင် ထိုင်တာက လွဲရင် စီးကရက်ခဲကြတာလည်း သူတို့တွေရဲ့ စိတ်ဖိစီးမှု ဖြေလျှော့တဲ့နည်း တစ်မျိုး ဖြစ်နေသတဲ့လေ။ လူမှုဆက်ဆံရေးမှာလည်း အပေါင်းအသင်းတွေ၊ အလုပ်ပါတနာတွေ နဲ့ ပြင်ပတွေ့ဆုံပွဲတွေမှာ စီးကရက်လေး စတိုင်ကျကျ မီးညှိရတာ အထာကျတယ် ထင်ကြပါသေးတယ်။ ဒါပေမယ့် … နီကိုတင်း ရဲ့ လှည့်စားမှု ဆေးလိပ် သောက်လိုက်ရင် ခေါင်းကြည်သွားတယ်၊ စိတ်ရှုပ်စရာတွေ ပေါ့ပါးသွားတယ် လို့ ခံစားရတတ်တာ နီကိုတင်းရဲ့ လှည့်စားမှုအာနိသင် ဖြစ်ပါတယ်။ ဆေးလိပ်က ကျန်းမာရေး အတွက် ကောင်းကျိုးပေးတယ် ဆိုတာ ရှာမှရှားတဲ့ သတင်းခေါင်းစဉ် တစ်ခုပဲလေ။ စီးကရက်မှာ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေအေးနဲ့ ရေချိုးမလား၊ ရေနွေးနဲ့ပဲ ချိုးမလား

ရေအေး ချိုးတာ နဲ့ ရေပူချိုးတာကို တစ်မျိုးစီ သီးသန့် ကြိုက်တဲ့သူတွေလည်း ရှိသလို နှစ်မျိုးလုံး ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ရေပူ၊ ရေအေး နှစ်မျိုးလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ အရေပြားကို သူ့နည်း သူ့ဟန်နဲ့ ကူညီပေးနေတာပါပဲ။ တချို့ကျတော့လည်း ရာသီဥတုက အေးနေရင် ရေနွေးလေး ပြောင်းချိုးပြီး ရာသီဥတုက ပူနေရင် ရေအေးအေးလေးနဲ့ ချိုးလိုက်တာမျိုးလည်း ရှိတာပေါ့။ ဒီဆောင်းပါးလေးမှာ ရေပူ၊ ရေအေးချိုးခြင်းက ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဘယ်လို အထောက်အကူ ဖြစ်စေလဲဆိုတဲ့ ကောင်းကျိုးတွေ၊ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ရေအေး ချိုးခြင်း ၁။ အရေပြား ယားယံတာကို သက်သာစေတယ်။ ရာသီဥတုကြောင့် ဖြစ်စေ၊ အဝတ်အစားကြောင့်၊ ဓာတ်မတည့်တာကြောင့်၊ အရေပြား ပြဿနာတစ်ခုခုကြောင့် ယားယံနေတဲ့သူတွေဆိုရင် ရေအေးနဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

လူတိုင်းကတော့ လှချင်တတ်ကြတာပါပဲ။ အထူးသဖြင့်တော့ မိန်းကလေးတွေပေါ့။ လှချင်တဲ့အခါ လှအောင် အမျိုးမျိုး အဖုံဖုံကြိုးစားကြတော့တာပါပဲ။ ဒီလိုပြုလုပ်တဲ့အခါ တစ်ခါတစ်ရံမှာ အပြုအမူမှားတွေဖြစ်နေတတ်ပါတယ်။ ဘယ်လို အပြုအမူမျိုးတွေက အပြုအမူမှားတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လှချင်လို့ မှားကြတာတွေ အလှကုန်ပစ္စည်းတွေ အလွန်အကျွံသုံးစွဲတာ လှချင်ပချင်တာကြောင့် အလှကုန်ပစ္စည်းတွေကို အလွန်အမင်းအသုံးပြုတဲ့အခါမှာ မျက်နှာမှာ ဝက်ခြံပိုထွက်တာမျိုး၊ ထိခိုက်ရှနာဖြစ်လွယ်တာမျိုးတွေ ပိုဖြစ်လာမှာပါ။ အများကြီးသုံးပြီး သေချာပြန်မဖျက်ဘူးဆိုရင် ပိုဆိုးတာပေါ့။ ဆပ်ပြာမတိုက်သင့်တဲ့နေရာတွေကို ဆပ်ပြာအလွန်အကျွံတိုက်မိနေတာ အမျိုးသား လိင်အင်္ဂါအတွင်း၊ မိန်းမကိုယ်အတွင်းပိုင်း စတာတွေလိုမျိုး sensitive area တွေကို ဆပ်ပြာအလွန်အကျွံသုံးပြီး တိုက်ချွတ်မိနေတာကလည်း ကောင်းတဲ့ အပြုအမူမဟုတ်ပါဘူး။ ဒီနေရာတွေဟာလည်း တခြားနေရာတွေလိုမျိုး နေ့စဉ် သန့်ရှင်းပေးဖို့ လိုအပ်တာမှန်ပေမယ့် ဆပ်ပြာတွေ ဖိတိုက်နေလို့တော့ မရဘူးဆိုတာ သိထားပေးပါ။ အရက်သေစာသောက်စားချိန်မှာ ရေမသောက်တာ ဝိုင်အနီက သွားကို စွန်းထင်းစေနိုင်သလို ဝိုင်အဖြူက သွားကိုထိခိုက်စေနိုင်တဲ့ အက်ဆစ်ဓာတ်တွေပါရှိပါတယ်။ နောက်ပြီး […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ကျန်းမာရေးအတွက် အရေးကြီးတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ

တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုတာက ကျန်းမာစေဖို့ နဲ့ ရောဂါတွေကနေ ကာကွယ်ဖို့အတွက် အထောက်အကူပြု ပေးတာကြောင့် မဖြစ်မနေ မွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ငယ်စဉ်ကာလကတည်း မွေးမြူလာသင့်တဲ့ အလေ့အထပါ။ ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါ ဦးစားပေးလုပ်စရာတွေ များလာတာကြောင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအလေ့အထကို အမှုမဲ့အမှတ်မဲ့ ဖြစ်လာတတ်ပါတယ်။ ဒီလို အမှုမဲ့ အမှတ်မဲ့ လုပ်ဆောင်မှုက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ နေ့စဉ် လုပ်ဆောင်သင့်တဲ့ တစ်ကိုယ်ရေ အလေ့အထကောင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ လေ့လာကြည့်ရအောင်လား။ တစ်ကိုယ်ရေ သန့်ရှင်းရေးအရေးကြီးသလား။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆိုတာက လူတိုင်း မဖြစ်မနေ မွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးက ခန္ဓာကိုယ် ကျန်းမာစေသလို ရောဂါပိုးတွေ ကူးစက်ပြန့်ပွားမှု […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ

ချွေးထွက်ခြင်း ဆိုတာ ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့အချိန်မှာ ချွေးထွက် တာ ဖြစ်ပါတယ်။ ချွေးထွက်လာတဲ့အခါ အရေပြားကတဆင့် အငွေ့ပျံသွားပြီး ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်။ ချွေးထွက်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ချွေးထွက်ခြင်းဟာ မလိုလားအပ်တဲ့ အခြေအနေကို ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် လူကြားထဲရောက်ချိန် အင်္ကျီမှာ ချွေးအကွက်လိုက်ကြီး ထင်းနေတာမျိုး ဖြစ်ပါတယ်။ အဲဒီလို အနေအထားမျိုးကို တတ်နိုင်သလောက် ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေတော့ ရှိပါတယ်။ ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ ယခုဆက်လက်ဖော်ပြမှာကတော့ ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ အကြောင်းပဲ ဖြစ်ပါတယ်။ ချွေးတိတ်ဆေးများသုံးခြင်း ချွေးထွက် နည်းစေတဲ့ (antiperspirant) ဆေးများဟာ ချွေးထွက်ပြွန်များကို ပိတ်ဆို့လိုက်တာကြောင့် ချွေးများဟာ အရေပြားပေါ် မရောက်နိုင်တော့ပါဘူး။ ချွေးဂလင်းက ထုတ်လုပ်လိုက်ပေမယ့် အရေပြားပေါ်ကို ထွက်မလာနိုင်တာ ဖြစ်ပါတယ်။ ချွေးနံ့ပျောက်ဆေးများ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား

တစ်နေ့ကို ရေချိုးတဲ့ အကြိမ်ရေနဲ့ ပတ်သက်ပြီး လူတွေ မကြာခဏဆိုသလို အငြင်းပွားတတ်ကြပါတယ်။ ယောက်ျားလေး တော်တော်များများကတော့ ရေချိုးရမှာလည်း ပျင်းသလို နေ့တိုင်း ရေချိုးဖို့ မလိုအပ်ဘူးလို့ ခံယူထားတတ်ကြသလိုပဲ၊ ရေများများချိုးမှ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိတယ်ဆိုပြီး ခံယူထားကြသူတွေလည်း အများကြီးပါပဲ။ ဒီတော့ ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား ဆိုတာကို ကြည့်လိုက်ရအောင်နော်။ ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား ရေများများချိုးတိုင်း ကျန်းမာရေးအတွက် ကောင်းသလား ဆိုတော့ ရေကို ဘယ်နှစ်ကြိမ် ချိုးတာ အကောင်းဆုံးလဲ။ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် ဖြစ်စေ၊ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ဖြစ်စေ တစ်နေ့ကို ပုံမှန် တစ်ကြိမ်လောက် ရေချိုးပေးနိုင်ရင်တော့ လုံလောက်ပါပြီ။ ကိုယ့်အသားအရေက ခြောက်တဲ့ အသားအရေဆိုရင် အကြိမ်ရေ နည်းလေ၊ ပိုကောင်းလေပါပဲ။ ချွေးထွက်များတဲ့သူဆိုရင်တော့ တစ်ကြိမ်ထက် ပိုချိုးပေးနိုင်ပါတယ်။ ဆဲလ်စေတွေနဲ့ ချွေးနဲ့ ရောပြီး ခန္ဓာကိုယ်မှာ […]


ရှေးဦးသူနာပြုစုခြင်း

မိုးကြိုး အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ

မိုးကြိုး အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ ....... ရာသီဥတုက ပေးတဲ့ သဘာဝအန္တရာယ်တွေ ထဲမှာ မိုး နဲ့ မိုးကြိုး ဆိုတာ အမြဲ တတွဲတွဲနဲ့ရယ်။ မိုးတွေ မှောင်လာပြီဆို မိုးခြိမ်းသံနဲ့ လျှပ်စီးလက်တာတွေ ပါလာတတ်ပါတယ်။ မိုးခြိမ်းသံ ကြားတာနဲ့ အိမ်ထဲနေရင်းတောင် နေစရာမရှိအောင် ကြောက်လန့်နေတတ်သူတွေ ကိုယ့်အနီးအနားမှာ ရှိတယ်မဟုတ်လား။ တကယ်တော့ မိုးကြိုး အန္တရာယ် ဟာ ကြောက်ဖို့ သင့်တဲ့ အရာပါပဲ။ တရားလွန် ကြောက်လန့်နေဖို့ မလိုပေမယ့် ဆင်ခြင်စရာ၊ ကာကွယ်စရာ ရှိတာတွေကို လိုက်နာပြီး ကိုယ့်အန္တရာယ်ကို ကြောက်သင့်ပါတယ်။ မိုးကြိုးပစ်ခံရရင် အသက်အန္တရာယ် လွတ်ခဲ့ရင်တောင် ကိုယ်တွင်းအင်္ဂါတွေနဲ့ စနစ်တွေ မှာ နောက်ဆက်တွဲ ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ကျန်စေနိုင်ပါတယ်။ မိုးကြိုး အန္တရာယ် ဘယ်လို ကာကွယ်ရမလဲ မိုးကြိုး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)