တစ်ဆင့်ခံဆေးလိပ်ငွေ့မှာလည်း ဆေးလိပ်သောက်သုံးသူ ရှူရှိုက်လိုက်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်တာချင်း အတူတူပါပဲ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာ ဓာတုပစ္စည်း ၇,၀၀၀ ကျော် ပါဝင်ပါတယ်။
ကိုယ့်အရင်းနှီးဆုံးသူတွေကို အန္တရာယ် အဖြစ်ခံမှာလား
အရက်သောက်ရင်တောင် သောက်တဲ့သူရဲ့ ကိုယ်တွင်းမှာပဲ ရောဂါဖြစ်စေနိုင်ပေမယ့် ဆေးလိပ် ကတော့ ဒီလို မဟုတ်ပါဘူး။ ကိုယ်သောက်လိုက်တဲ့ ဆေးလိပ်ငွေ့က လေထုထဲ ရောက်သွားပြီးရင် ကိုယ်နဲ့ အနီးအနားမှာ ရှိနေသူတွေရဲ့ အသက်ရှူလမ်းကြောင်းထဲ ပျံ့နှံ့ရောက်ရှိ စေနိုင်တာပါ။
ကိုယ့်ရဲ့ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အပါအဝင် အနီးဆုံးက လူတွေက ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့် ဆိုးရွားတဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်တာ ကြိုတွေးထားသင့်ပါတယ်။ ကိုယ်က ဆေးလိပ်မဖြတ်နိုင်သေးဘူး ဆိုရင် အနည်းဆုံးတော့ သူတို့ကို မထိခိုက်စေဖို့ ဆင်ခြင်ပေးသင့်တယ်ဆိုတာ ပြောစရာလိုမယ် မထင်ပါဘူးနော်။
သင့်ရဲ့ ဆေးလိပ်ငွေ့ကြောင့် သူတို့မှာ ဒီကျန်းမာရေးအန္တရာယ်တွေ ရှိလာနိုင်ပါတယ် –
နှလုံးသွေးကြော နဲ့ ဆိုင်တဲ့ ရောဂါတွေ
ဆေးလိပ်ကို ကိုယ်တိုင် မသောက်လည်း တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်မိတာနဲ့တင် နှလုံးရောဂါ အမျိုးမျိုး ဖြစ်လာစေနိုင်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ် မသောက်သုံးသူတွေမှာတောင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေ များစေပါတယ်။
အိမ်မှာ အတူနေရင်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ကာလရှည်ကြာ ရှူရှိုက်နေမိသူတွေဟာ ဆေးလိပ်ငွေ့ နဲ့ လုံးဝ မထိတွေ့မိသူတွေနဲ့ နှိုင်းစာရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိ ပိုများနေတာကို တွေ့ရှိရပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ အန္တရာယ်ဟာ ကိုယ်တိုင် ဆေးလိပ်သောက်သုံးသူတွေ မှာ ရှိတဲ့ အန္တရာယ်ရဲ့ သုံးပုံတစ်ပုံ ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။