တကယ်တော့ မိုးကြိုး အန္တရာယ် ဟာ ကြောက်ဖို့ သင့်တဲ့ အရာပါပဲ။ တရားလွန် ကြောက်လန့်နေဖို့ မလိုပေမယ့် ဆင်ခြင်စရာ၊ ကာကွယ်စရာ ရှိတာတွေကို လိုက်နာပြီး ကိုယ့်အန္တရာယ်ကို ကြောက်သင့်ပါတယ်။ မိုးကြိုးပစ်ခံရရင် အသက်အန္တရာယ် လွတ်ခဲ့ရင်တောင် ကိုယ်တွင်းအင်္ဂါတွေနဲ့ စနစ်တွေ မှာ နောက်ဆက်တွဲ ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ကျန်စေနိုင်ပါတယ်။
ဘယ်လို ကာကွယ် ရမလဲ
အများအားဖြင့် အပြင်မှာ ရှိနေချိန်ဟာ မိုးကြိုး ပစ်ခံရနိုင်တဲ့ အန္တရာယ် အများဆုံးဆိုတာ လူတိုင်း သိထားပြီး ဖြစ်မှာပါ။ ဘေးကင်းဖို့ အတွက် အကောင်းဆုံးက ဒီအချိန်မှာ အိမ်ထဲမှာ သို့မဟုတ် အဆောက်အအုံ ထဲမှာ နေပါ။ အိမ်ကို မိုးကြိုးပစ်လိုက်တဲ့အခါ ဓာတ်ကြိုး၊ ပိုက်လိုင်း၊ ကေဘယ် သို့မဟုတ် တယ်လီဖုန်းလိုင်း၊ အင်တာနာ စတာတွေက တဆင့် မြေပြင်ကိုပဲ စီးဝင်သွားမှာပါ။ ဒါပေမယ့် ဒီအချက်တွေ ကို မလိုက်နာရင် အိမ်ထဲမှာ ရှိနေရုံနဲ့ ဘေးကင်းမှုကို စိတ်မချရပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။