ရေအေး နဲ့ အသား ရုတ်တရက် ထိလိုက်တဲ့အခါ ကျဉ်ကနဲ ဖြစ်သွားတဲ့ ခံစားချက်ရယ်၊ နှလုံးခုန်နှုန်း မြန်လာတာ၊ ဦးနှောက်က အေးကနဲ ဖြစ်ပြီး နိုးကြားတက်ကြွလာတာကြောင့် လူက အိပ်ချင်တာတွေ ပြေပြီး စိတ်ကို လန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် မနက်ပိုင်း အိပ်ရာနိုးနိုးချင်း ရေအေးနဲ့ ချိုးတာက တစ်နေ့တာလုံး သင့်ရဲ့ စိတ်တွေကို ပေါ့ပါးလန်းဆန်းနေစေတယ်ဆိုတာ သိမယ်ထင်ပါတယ်။
၃။ သွေးလည်ပတ်မှုကို ကောင်းစေတယ်။
ရေအေး က လူ့ အရေပြားကို ထိတွေ့လိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ သွေးစီးဆင်းနှုန်းက မြန်လာပြီး အနက်ရှိုင်းဆုံး တစ်ရှူးတွေထဲမှာ ရှိနေတဲ့ သွေးတွေပါ မြန်မြန် လည်ပတ်စီးဆင်းစေပါတယ်။ သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါ ရှိသူတွေအတွက် ကောင်းသလို ရောဂါမရှိသေးတဲ့သူတွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၄။ လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားနာကျင်ကိုက်ခဲတာကို သက်သာစေတယ်။
အပြင်းအထန် လေ့ကျင့်ခန်း လုပ်ပြီးသွားရင် ရေအေးအေးနဲ့ ချိုးလိုက်မှ အညောင်းအညာ ပြေသွားတာမျိုး ကိုယ်တိုင် ကြုံဖူးမှာပါပဲ။ အဓိက အအေးဓာတ်က ခန္ဓာကိုယ်ရဲ့ တင်းနေတဲ့ ကြွက်သားတွေက ပြေလျော့သွားစေသလို အရောင်ကျစေနိုင်ပါတယ်။
ရေအေး နဲ့ ပတ်သက်ပြီး မကောင်းတဲ့အချက်ကို ပြောပါဆိုရင် ရာသီဥတု အေးနေတဲ့အချိန်၊ ဖျားနေချိန်၊ နှာစေးနှာပိတ် ဖြစ်နေချိန်မှာတော့ မချိုးသင့်ပါဘူး။ ကိုယ်တွင်း အပူချိန် ကျဆင်းသွားရင် နဂိုအတိုင်း ပြန်တက်လာဖို့ အချိန်စောင့်ရတတ်သလို ဒီကြားထဲမှာလည်း ကိုယ်ခံအားစနစ်က ကျသွားတတ်တဲ့အတွက် အခန့်မသင့်ရင် ဖျားနိုင်ပါတယ်။
ရေနွေးဖြင့် ရေချိုးခြင်း
၁။ အအေးမိဖျားနာနေတဲ့သူတွေအတွက် ဝေဒနာ သက်သာစေတယ်။
ရေနွေးနဲ့ ရေချိုးတဲ့အခါ ထွက်လာတဲ့ အငွေ့တွေက အအေးမိဖျားနာခြင်းရဲ့ နောက်ဆက်တွဲ နှာစေးနှာပိတ်တာ၊ နှာရည်ယိုတာ၊ ချွဲသလိပ် ထတာ၊ လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။