ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာအမျိုးမျိုးနဲ့ပြုစုစောင့်ရှောက်နည်းလမ်းညွှန်

အမြဲတမ်းကျန်းမာနေတဲ့သူရယ်လို့မရှိပါဘူး။ လူတိုင်းလိုလိုဟာ ဖျားနာတာ၊ထိခိုက်ဒဏ်ရာရတာ၊ရောဂါခံစားရတာမျိုးတွေခံစားရနိုင်ပါတယ်။ရှောင်လွှဲလို့မရတဲ့ပြဿနာဆိုတော့ အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ပြင်ဆင်ထားရုံကလွဲလို့ ဘာမှမတတ်စွမ်းသာဘူးလေ။ ဒီတော့ သွားရင်းလာရင်းဖြစ်ဖြစ် အလုပ်လုပ်နေရင်းဖြစ်ဖြစ်ထိခိုက်မိတဲ့အခါ ဘယ်လိုများအကောင်းဆုံးဖြစ်အောင်လုပ်ရမလဲဆိုတာသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ အနာဆိုတာဘာလဲ အနာဆိုတာက ခန္ဓါကိုယ်ရဲ့ အပြင်ပိုင်းကတစ်ရှုးတွေ ဒါမှမဟုတ် အတွင်းဘက်ကတစ်ရှုးထိခိုက်ပျက်စီးသွားတာပါ။မြင်သာအောင်ပြောပြရရင်တော့ အပေါ်ယံအရေပြားပေါက်ပြဲပျက်စီးသွားတာပေါ့။ လူတိုင်းလိုလိုဟာ တစ်သက်တာမှာ တစ်ကြိမ်ထက်မနည်းကို ထိခိုက်ဒဏ်ရာရဖူးကြမှာပါ။ ဒါပေမယ့် ထိခိုက်ဒဏ်ရာေတာ်တော်များများကနေအိမ်မှာပဲ အလွယ်တကူပြုစုစောင့်ရှောက်ပေးရုံနဲ့ သက်သာနိုင်ပါတယ်။ ချော်လဲတာကြောင့်ဖြစ်ဖြစ်၊ ချွန်ထက်တဲ့အရာတွေနဲ့ မတော်တဆထိခိုက်မိတာကြောင့်ဖြစ်ဖြစ်၊ ယာဉ်မတော်တဆမှုဖြစ်တာကြောင့်ဖြစ်ဖြစ် အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်ဒဏ်ရာတွေရနိုင်ပါတယ်။ ထိခိုက်မိတဲ့အခါ အပေါ်ယံအရေပြားထိခိုက်သွားတဲ့အတွက်ကြောင့်သွေးကတော့ထွက်မှာအသေအချာပါ။ အနာကသေးရင်သွေးစို့ရုံလောက်ပဲဆိုပေမယ့် အနာအရမ်းကြီးရင်တော့သွေးတွေအများကြီးထွက်နိုင်ပါတယ်။ အနာအမျိုးအစားများ ထိခိုက်မိတဲ့အခြေအနေပေါ်မူတည်ပြီး အနာအမျိုးအစားတွေ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အနာပေါက်ပွင့်တဲ့အနာ အနာပေါက်မပွင့်တဲ့အနာ ပွန်းပဲ့ဒဏ်ရာ အရေပြားစုတ်ပြဲဒဏ်ရာ ကြွက်သားနဲ့အရွတ်တွေကိုထိခိုက်မိတဲ့ ထိခိုက်ဒဏ်ရာ ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ထိုးစိုက်မိတာကြောင့် အရေပြားမှာ အပေါက်ဖြစ်သွားတဲ့ ထိခိုက်ဒဏ်ရာတွေဆိုပြီး အနာအမျိုးအစားတွေအမျိုးမျိုးကွဲပြားပါတယ်။ အနာပေါက်ပွင့်တဲ့အနာ အရေပြားမှာရှိတဲ့ အပေါ်ယံတစ်ရှုးလွှာပေါက်ပြဲဆုံးရှုံးသွားတာကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာပါ။ အနာကအရမ်းမနက်ဘူးဆိုရင်တော့ အိမ်မှာတင် ကုသစောင့်ရှောက်လို့ရပါတယ်။ အနာထဲကိုပြင်ပအရာဝတ္ထုတွေနဲ့ မသန့်ရှင်းတဲ့အရာတွေ မဝင်ရောက်အောင်တော့ […]


ရှေးဦးသူနာပြုစုခြင်း

နေအိမ်မှာထိခိုက်မိနိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ဒီလိုကာကွယ်ပါ

ကျွန်မတို့တော်တော်များများယူဆထားတာက အိမ်ဆိုတာက လုံခြုံတဲ့နေရာတစ်ခုလို့လေ။ ဒါပေမယ့်လေ့လာမှုတွေအရတော့ အိမ်ကမတော်တဆမှုတွေ အများဆုံးဖြစ်နိုင်တဲ့နေရာပါ။ အထူးသဖြင့် ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့လူတွေဟာနေအိမ်မှာ မတော်တဆထိခိုက်မိတာများပါတယ်။ ကျွန်မတို့အနေနဲ့နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို မကာကွယ်နိုင်ပေမယ့်နေအိမ်ထဲမှာ လူကြီးတွေနဲ့ ကလေးတွေကို လုံခြုံဘေးကင်းအောင်ထားပေးလို့တော့ရပါတယ်။ နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေက နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေက - ချော်လဲတာ ပစ္စည်းတွေမတော်တဆပြုတ်ကျတာ ထိခိုက်ပွန်းပဲ့ဒဏ်ရာ ခြေဆစ်လက်ဆစ်လွဲတာ ပြတ်ရှဒဏ်ရာ အပူလောင်တာ အရေပြားမှာ ဓာတုပစ္စည်းတွေလောင်တာ ဖန်ကွဲစတွေရှတာတွေဖြစ်နိုင်ပါတယ်။ အိမ်တွင်းမှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ဒီလိုကာကွယ်ပါ အိမ်တွင်းမှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ကာကွယ်ချင်ရင် ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။ အိမ်သာနဲ့ရေချိုးခန်းကြမ်းပြင်တို့ကိုသေချာတိုက်ထားပေးပါ - အိမ်သာနဲ့ရေချိုးခန်းက မဖြစ်မနေ အသုံးပြုရမယ့်နေရာတွေဖြစ်တာကြောင့်ချောနေတာမျိုးမဖြစ်အောင်သေချာဂရုစိုက်ဖို့လိုအပ်ပါမယ်။ကြွေပြားခင်းထားတာဆိုရင်တော့ အခင်းတစ်ခုခုခင်းပေးထားတာ အဆင်ပြေဆုံးဖြစ်မှာပါ။ လှေကားတွေကိုသေချာဂရုစိုက်ပေးပါ -လှေကားတွေကနေလည်း မတော်တဆခြေချော်ကျတာမျိုးဖြစ်နိုင်တာကြောင့်လှေကားမှာ အလှဆင်တဲ့အနေနဲ့ အခင်းခင်းထားတာမျိုး မလုပ်ပါနဲ့။နောက်တစ်ခုကလှေကားကိုအလင်းရောင်ကောင်းကောင်းရအောင်ထားပေးဖို့လည်းမမေ့ပါနဲ့။ ကော်ဇောခင်းတဲ့အခါ အစပ်နေရာတွေကိုသေချာတိပ်နဲ့ကပ်ပါ -ကော်ဇောတွေခင်းပြီး အိမ်ကိုအလှဆင်ထားတယ်ဆိုရင်တော့ကော်ဇောတွေတစ်ခုနဲ့တစ်ခုဆက်တဲ့နေရာကို တိပ်သုံးပြီးသေချာကပ်ထားပါ။ မတော်တဆခလုတ်တိုက်မိပြီးချော်လဲတာမျိုးဖြစ်နိုင်ပါတယ်။ ညမီးဖွင့်ထားပေးပါ - ညဘက်အိပ်တဲ့အခါ မီးအားလုံးမှိတ်ပြီး အိပ်မှ အိပ်ပျော်တယ်ဆိုရင်တောင် […]


ရှေးဦးသူနာပြုစုခြင်း

ကျောက်ပတ်တီးစည်းထားရချိန် ဆင်ခြင်သင့်တဲ့ (၈) ချက်

နည်းနည်းပါးပါးထိခိုက်တာလောက်က ကိစ္စမရှိပေမယ့် အရိုးကျိုးပြီဆိုရင်တော့ ဒဏ်ရာကို ကာကွယ်ဖို့ကျောက်ပတ်တီးစည်းရနိုင်ပါတယ်။ ဒါပေမယ့် ရိုးရိုး ပလာစတာ၊ ပတ်တီးတွေလို ချက်ချင်းအသစ်လဲလို့မရ၊ ချွတ်လို့မရဘဲ အချိန်ကြာကြာပတ်စည်းထားရမယ့်အရာမို့ ပိုဂရုစိုက်ရပါတယ်။ ကျောက်ပတ်တီးဆိုတာ ထိခိုက်ထားတဲ့ ခြေထောက် သို့မဟုတ် လက်ကို မလှုပ်ရှားဖြစ်အောင် အထိန်းအနေနဲ့ ကျပ်စည်းရတာဖြစ်ပါတယ်။Plaster casts နဲ့Fiberglass castsဆိုပြီးကျောက်ပတ်တီးနှစ်မျိုးရှိပါတယ်။Plaster castsတွေကFiberglass castsတွေနဲ့ ယှဉ်ရင်ဈေးပိုသက်သာပေမယ့်Fiberglass casts က ပိုပေါ့ပါးပြီး တာရှည်ပိုခံတယ်။ ဓါတ်မှန်ရိုက်မယ်ဆိုလည်းဖောက်ထွင်းမြင်ရတာပိုကောင်းတယ်။ ကျောက်ပတ်တီးစည်းပြီးရင် ဘာတွေဂရုစိုက်ရမလဲ (၁) ကျောက်ပတ်တီးပေါ်မှာ မဖိမိအောင်၊ မလေးလံစေအောင် သတိထားပါ။ (၂) ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ကျောက်ပတ်တီးကိုရေစိုလို့မရပါဘူး။ ဒါပေမယ့်ရေချိုးတဲ့အခါကျ ပလတ်စတစ်နဲ့သေချာဖုံးအုပ်စည်းနှောင်တာ ဒါမှမဟုတ် ဒဏ်ရာရှိတဲ့ခြေ/လက်ကို ခပ်မြင့်မြင့်တစ်နေရာမှာလှမ်းတင်ထားတာမျိုး ကြိုးစားကြည့်ပါ။ (၃) ကျောက်ပတ်တီးအောက်က အရေပြားမှာ ယားယံတာေတွဖြစ်လာနိုင်ပါတယ်။ အယားပြေအောင် တစ်ခုခုနဲ့အလွယ်ထိုးကုတ်တာမျိုး(ဥပမာ ချွန်ထက်တဲ့အရာတစ်ခုခု) မလုပ်ပါနဲ့။ မနေနိုင်အောင်ဖြစ်လာရင် ဆရာဝန်ကိုတိုင်ပင်ပြီး အကြံဉာဏ်တောင်းပါ။ (၄) ပတ်တီးစည်းထားတဲ့ခြေ သို့မဟုတ် […]


ရှေးဦးသူနာပြုစုခြင်း

အနာ မရင်းအောင် ဘယ်လိုကာကွယ်ကြမလဲ

ဒဏ်ရာ အနာတရြဖစ်တယ်ဆိုတာ လူတိုင်း ကြုံတွေ့ဖူးကြတဲ့ ကိစ္စပါ။ အိမ်မှာ ဟင်းချက်ရင်းနဲ့ ဓါးထိမိတာရှိမယ်၊ အိမ်သန့်ရှင်းရေးလုပ်ရင်းနဲ့ ချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ထိုးမိတာ၊ ခြစ်မိတာရှိမယ်၊ ပြေးရင်း လွှားရင်း ချော်လိမ့်ကျမိမယ်၊ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သွားနဲ့ ကိုက်မိတာ၊ လက်သည်းနဲ့ ခြစ်မိတာ၊ မီးပူလောင်တာ စသဖြင့် ဒဏ်ရာ အနာတရ ဖြစ်စရာ အကြောင်းရင်းကတော့ အများကြီးပါပဲ။ အနာတရဖြစ်ပြီဆိုရင် ပိုးမဝင်အောင် အရင်ဆုံး ဘာလုပ်ရမလဲ။ သွေးထွက်နေတဲ့ နေရာကို နူးညံ့တဲ့ အဝတ်သန့်သန့်လေးနဲ့ သွေးတိတ်အောင် ဖိထားပေးရပါမယ်။ အနာက သေးရင်တော့ မိနစ်အနည်းငယ်လောက်ဆိုရင် သွေးတိတ်ပေမယ့် ကြီးတဲ့ ဒဏ်ရာဆိုရင်တော့ ၁၅မိနစ်လောက်ထိ ဆက်တိုက် ဖိထားပေးရပါမယ်။ သွေးတိတ်သွားရင် အနာကို ရေနဲ့ သန့်ရှင်းပေးပါ။ ဒဏ်ရာပေါ်မူတည်ပြီး ရေနွေးနဲ့ဖြစ်စေ၊ ရေအေးနဲ့ဖြစ်စေ ၅မိနစ်ခန့် အနာပေါ် […]


ရှေးဦးသူနာပြုစုခြင်း

လမ်းမှာ ရင်ဘတ်အောင့်တဲ့ သူတစ်ယောက်တွေ့ပြီဆို ဘယ်လို အရေးပေါ်ကူညီပေးမလဲ။ ။

လူတိုင်းသိကြမှာပါ။ ရင်ဘတ်အောင့်တယ်ဆိုတာ ပေါ့ဆလို့မရတဲ့ ဝေဒနာတစ်ခုဆိုတာ။ တစ်ချို့ရင်ဘတ်အောင့်တာတွေက သာမန်ရိုးရိုးသာဖြစ်ပေမယ့် တစ်ချို့ကျတော့ အသက်သေဆုံးတဲ့ အထိပြင်းထန်တတ်တာမျိုးပါ။ ဆုံးဖြတ်ချက်လေးမှားသွားတာနဲ့ အပိုအလုပ်ရှုပ်တာတွေ ဖြစ်သွားတတ်သလို အခြားတစ်ဘက်က ပြန်ကြည့်ရင်လည်း မဖြစ်သင့်ဘဲ အသက်သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဆွေမျိုးတွေထဲကပဲဖြစ်ဖြစ်၊ ရင်ဘတ်အောင့်နေတဲ့ သူစိမ်းတစ်ယောက်ကို အပြင်မှာတွေ့ရင်ဘဲဖြစ်ဖြစ် လုပ်သင့်တဲ့ အရေးပေါ်ပြုစုနည်းတွေ အကြောင်း ဝေမျှချင်ပါတယ်။ နည်းလမ်းမှန်မှန်သိထားတော့ ဆုံးဖြတ်ချက်တွေလည်း မှန်ပြီး အပိုအလုပ်ရှုပ်တာတွေ၊ အသက်သေဆုံးတာတွေမဖြစ်တော့ဘူးပေါ့။ ။ ရင်ဘတ်အောင့်တာ အရေးပေါ်ကုသမှုခံယူဖို့ လိုမလို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်မလဲ။ ။ ရင်ဘတ်အောင့်တတ်ကြတဲ့ သူတွေထဲမှာမှ ဘယ်လိုလူတွေနဲ့ ဘယ်လိုရင်ဘတ်အောင့်တာမျိုးက အရေးပေါ်ကုသမှု ခံယူဖို့ ပိုပြီးလိုအပ်လဲဆိုတာ အရင်ဆုံး ပြောပြပေးချင်ပါတယ်။ ရင်ဘတ်အောင့်ရင် အရေးပေါ်ကုသမှု မြန်မြန်ခံယူသင့်တဲ့သူတွေကတော့ အသက် ၄၀ နဲ့ အထက်လူကြီးတွေ ဆေးလိပ် အရက် သောက်တဲ့သူ၊ အဝလွန်ေနတဲ့သူ၊ […]


ရှေးဦးသူနာပြုစုခြင်း

အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။ ။

တစ်ခုခု ထိခိုက်မိပြီး အနာဖြစ်ဖူးတဲ့သူ၊ ဒဏ်ရာရဖူးတဲ့သူတွေ ရှိကြပါသလား။ လူတိုင်းဖြစ်ဖူးကြမှာပါ။ မတော်တဆထိခိုက်မိလို့ပဲဖြစ်ဖစ်၊ ရန်ဖြစ်လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် နာကျင်အောင်လုပ်တာပဲဖြစ်ဖြစ် အကုန်လုံးက ထိခိုက်ဒဏ်ရာကနေ ပြေးမလွတ်ပါဘူး။ ဒီလို ထိခိုက်တဲ့အခါ အနာကပ်ပလာစတာ ကပ်ကြတယ်ဟုတ်။ ဒါဆိုရင်တော့ အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ သိထားဖို့ လိုမယ်နော်။ အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။ ။ ဒဏ်ရာသေးရင်တော့ အနာကပ်ပလာစတာသာ ကပ်ကြပြီး ၊ ဒဏ်ရာကြီးရင်တော့ ပတ်တီးစည်းတတ်ကြပါတယ်။ ပတ်တီးစည်းရတဲ့ အဆင့်လောက်ဆို အနာက တော်တော်လေးကြီးနေပြီမို့ ဆေးခန်းသွားပြီး ကုမှရတာပါ။ အဲဒီအခါကျရင် ဆရာဝန်က ပတ်တီးစည်းရင်လုပ်သင့်တဲ့ရှောင်ရန်ဆောင်ရန်တွေ တစ်ခါတည်းပြောလိုက်မှာပါ။ အနာကပ်ပလာစတာ က ကျတော့ ကိုယ့်ဘာသာ အိမ်မှာပဲ လွယ်လွယ်ဝယ် သုံးနေကြတဲ့ အတွက် သူနဲ့ ပတ်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကျတော့ မသိတာ ဖြစ်တတ်ကြပါတယ်။ ဒဏ်ရာမြန်မြန်ကျက်ချင်လို့၊ ပိုးမဝင်စေချင်လို့ […]


ရှေးဦးသူနာပြုစုခြင်း

အမြင့်ကပြုတ်ကျတဲ့သူတစ်ယောက်အတွက် လုပ်ပေးသင့်တဲ့ အရေးပေါ်ရှေးဦးသူနာပြုစုနည်းများ။

အမြင့်တစ်နေရာရာက ပြုတ်ကျတယ်ဆိုတာ လူကြီး၊ လူငယ်မရွေးကို အခန့်မသင့်ရင် ဒုက္ခပေးနိုင်တာမျိုးပါ။ ကြောင်ကျကျတယ်ဆိုရင်တော့ တော်တာပေါ့။ အကျမတော်ရင်တော့ ခေါင်းကွဲ၊ ဒူးပြဲ၊ အရိုးကျိုးနဲ့ ဒဏ်ရာဒဏ်ချက်တွေ တစ်ပြုံကြီး ရသွားနိုင်ပါတယ်။ ဘယ်သူမှတော့ ပြုတ်ကျချင်တဲ့သူ မရှိပါဘူး။ မတော်တဆဆိုပြီးတော့သာ အကုန်ဖြစ်ရတာပါ။ ဖြစ်ပြီးမှတော့လည်း ပိုဆိုးမသွားအောင် ဆက်ကာကွယ်ဖို့ပဲရှိတော့တာပေါ့။ ဒါကြောင့် မတော်တဆ အမြင့်ကကိုယ်ကျရင်ပဲဖြစ်ဖြစ်၊ လမ်းမှာပြုတ်ကျပြီး ဒဏ်ရာရတဲ့သူကို တွေ့ရင်ပဲဖြစ်ဖြစ် လုပ်သင့်တဲ့ ရှေးဦးသူနာပြုစုနည်းလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ နေရာတိုင်းအတွက် အသုံးဝင်နိုင်မယ့် နည်းလေးတွေပေါ့။ ။   အမြင့်ကပြုတ်ကျတဲ့သူတစ်ယောက်ကိုတွေ့ရင် အရင်ဆုံး ဘယ်လို ကူညီပေးသင့်သလဲ။ လမ်းသွားရင်းပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် တစ်ယောက်ယောက် ဒဏ်ရာရနိုင်လောက်တဲ့ အမြင့်က ပြုတ်ကျလာလို့ရှိရင် ဒဏ်ရာ ပြင်းမပြင်း အရင်ကြည့်ပါ။ ဒဏ်ရာပြင်းတဲ့ သူဆိုရင် လူနာတင်ယာဉ် အရင်ခေါ်ပါ။ လူနာတင်ကား လာနေချိန် […]


ရှေးဦးသူနာပြုစုခြင်း

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

မီးပြဿနာကြောင့်ဖြစ်စေ၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်စေ ဓာတ်လှေကားစက် ရပ်သွားပြီး ပိတ်မိသွားတတ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားထဲမှာ ပိတ်မိသူတွေအနေနဲ့ ဒီလိုအချိန်မျိုးမှာ အကြောက်မလွန်ဖို့၊ မစိုးရိမ်ဖို့ လိုအပ်ပါတယ်။ ဘေးအန္တရာယ်ကင်းကင်းနဲ့ အပြင်ကို ပြန်ထွက်လို့ ရတဲ့အချိန်ထိ ဘာတွေ လုပ်သင့်လဲ၊ ဘယ်လို အပြုအမူမျိုးတွေကို ရှောင်ကြဉ်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ ၁။ စိတ်ကို တည်ငြိမ်အောင် ထားပါ။ ဘယ်လိုမှ အပြင်ကို ပြန်ထွက်လို့ မရတဲ့ ဒီလိုအခြေအနေမျိုးမှာ ကြောက်ရွံ့ထိတ်လန့်တတ်ကြတာ လူ့စိတ်သဘာဝပါပဲ။ ကိုယ့်ရဲ့ စိတ်က မတည်မငြိမ်ြဖစ်နေတဲ့အခါမှာ ပိတ်မိနေတဲ့ အခြေအနေကို ပိုဆိုးစေမယ့် အမှားတွေ လုပ်မိနိုင်သလို နှလုံးမကောင်းသူတွေမှာဆိုရင် စိတ်က တုန်လှုပ်ခြောက်ခြားပြီး အမောဖောက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အသက်ကို ၀၀ရှူပြီး စိတ်ကို တည်ငြိမ်အောင် ထားဖို့ အလွန်အရေးကြီးပါတယ်။ အသက်ကို ၀၀ရှူပါ။ […]


ရှေးဦးသူနာပြုစုခြင်း

အပူလျှပ်တဲ့အခါ အရေးပေါ် ဘယ်လိုပြုစုကုသရမလဲ

ရာသီဥတုက ပူလာပြီနော်။ ခုနောက်ပိုင်း ရာသီဥတုက အပူဓာတ်ပဲ လွန်ကဲလာတာဆိုတော့ နွေရာသီ အတိုင်းကို ပူပြင်းလို့ နေပြီလေ။ အပူရှိန် ပြင်းပြင်းနဲ့ တောက်လောင်နေတဲ့ ရာသီဥတုက အသက်အရွယ် မရွေးကို အပူလျှပ် စေနိုင်တဲ့ အန္တရာယ် ရှိစေနိုင်ပါတယ်။ အပူလျှပ်တာက အရေးမကြီးဘူးလို့ မထင်ပါနဲ့။ အရေးပေါ် အသက်ကယ်ဆယ်မှုတွေ မပြုလုပ်နိုင်ဘူး ဆိုရင် အသက် ဆုံးရှုံးသွားနိုင်တဲ့ အထိ ပြင်းထန်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အပူလျှပ်တဲ့အခါ အရေးပေါ် ဘယ်လို ပြုစုကုသရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အပူလျှပ်ပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ။ အပူလျှပ်ပြီဆိုရင် ၁။ ခန္ဓာကိုယ်ရဲ့ အပူချိန်က ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် မြင့်မားနေမယ်။ ၂။ နှလုံးခုန်နှုန်း အရမ်း မြန်နေမယ်။ ၃။ ချွေး မထွက်တော့ဘဲ ခြောက်သွေ့နေမယ်။ ၄။ သတိလစ်နေမယ် ဒါမှမဟုတ် သတိ မကောင်းဘဲ […]


ရှေးဦးသူနာပြုစုခြင်း

ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်ခြင်းအန္တရာယ် အရေးပေါ်ဘယ်လိုကူညီနိုင်မလဲ

ကာဗွန်မိုနောက်ဆိုက်ဆိုတာ အနံ့မရှိ၊ အရသာမရှိတဲ့ အဆိပ်ဓါတ်ငွေ့ဖြစ်ပါတယ်။ သူ့ကိုရှူရှိုက်မိရင် အဆိပ်သင့်စေနိုင်ပြီး ပမာဏနည်းရင်တော့သတိမထားမိဘဲ လူကဘာဖြစ်လို့ဖြစ်မှန်းမသိလိုက်တာ ရှိတတ်ပါတယ်။လေထုထဲမှာ ဒီဓါတ်ငွေ့များနေပြီဆိုရင်တော့သွေးနီဥဆဲလ်တွေထဲကအောက်ဆီဂျင်ေနရာမှာ ကာဗွန်မိုနောက်ဆိုက်တွေအစားထိုးဝင်ရောက်သွားနိုင်တာမို့ ခန္ဓါကိုယ်ထဲမှာ ဆိုးရွားတဲ့ထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်တယ်၊ အသက်ဆုံးရှုံးရတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။ ဥပမာ အလုံပိတ်ကားပါကင်ထဲမှာ ကားစက်နှိုးလို့ အင်ဂျင်ကထွက်လာတဲ့ဓါတ်ငွေ့တွေ လွန်ကဲလာရင်လေထုညစ်ညမ်းပြီး အသက်ရှူကျပ်လာတာ၊ မီးခိုးမွှန်လို့ အသက်ရှူကျပ်လာတာ၊လေအေးပေးစက်ကြောင့် ဘာနံ့မှမရဘဲအသက်ရှူကျပ်လာတာ၊ စတာတွေကို အလုံပိတ်နေရာတစ်ခုခုအတွင်း ခံစားဖူးကြမှာပါ။ အခိုးအငွေ့မမြင်ရတဲ့ အသံတိတ်လူသတ်သမားပါပဲ။ ကာဗွန်မိုနောက်ဆိုက်အဆိပ်သင့်ခြင်းက ဓါတ်ငွေ့အနည်းအများနဲ့ ရှူရှိုက်မှုအတိုင်းအတာကိုမူတည်ပြီး ဦးနှောက်သေခြင်း၊ နှလုံးထိခိုက်ပျက်စီးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊သေဆုံးခြင်းတို့အထိဖြစ်နိုင်လောက်အောင် အန္တရာယ်ကြီးပါတယ်။ အဆိပ်သင့်မှုဖြစ်နိုင်ခြေအများဆုံး အရင်းအမြစ်တွေ ကာဗွန်မိုနောက်ဆိုက်ဓါတ်ငွေ့တွေ ထွက်ရှိမှုကို သတိထားသင့်တဲ့ အရင်းအမြစ်တွေကတော့ - ကားအင်ဂျင် -ကားဂိုဒေါင်တွေ၊ကားဝပ်ရှော့တွေမှာ အင်ဂျင်ကနေထွက်တဲ့ မီးခိုးငွေ့တွေရှူရှိုက်မှုများတတ်ပါတယ်။ အလုံပိတ်ကားပါကင်မှာ ကားစက်နှိုးပြီးထားထားတာက ၁၀ မိနစ်အတွင်းမှာ လူကိုသေစေလောက်တဲ့ ကာဗွန်မိုနောက်ဆိုက်ပမာဏကို အင်ဂျင်ကနေထွက်စေနိုင်ပါတယ်။ ဂက်စ် မီးဖိုနဲ့ ထင်းမီးဖို ဂက်စ် သို့မဟုတ် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း