ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ

လူတော်တော်များများ ခွေးကိုက်ခံရဖူးမယ် ထင်ပါတယ်။ ခွေးမွေးထားတဲ့ အိမ်ကို အလည်သွားရင်းနဲ့ အကိုက်ခံရတာလည်း ရှိသလို၊ ရပ်ကွက်ထဲ၊ လမ်းထဲက ခွေးတွေလည်း ကိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခွေးကိုက်ခံရတဲ့အခါသေချာဂရုမစိုက်မိရင် အနာထဲ ပိုးဝင်နိုင်ခြေပိုးများသလိုခွေးရူးပြန်ရောဂါ ကူးစက်တဲ့အထိဖြစ်နိုင်ပါတယ်။ ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ။ ဒဏ်ရာဖြစ်တဲ့နေရာကို ရေအေးနဲ့ အရင်လောင်းချပါ။ ဆပ်ပြာနဲ့ အနာတစ်ဝိုက်ကို ဂရုစိုက်ပြီး သန့်ရှင်းပေးပြီးမှ ရေနဲ့ သေချာထပ်မံဆေးကြောပါ။ ဒဏ်ရာပေါ်ကို သန့်ရှင်းတဲ့အဝတ်စနဲ့ ညင်ညင်သာသာလေး ဖိထားပြီး သွေးတိတ်အောင်လုပ်ပါ။ Antibiotic လိမ်းဆေး၊ ခရင်မ်တစ်မျိုးမျိုး အနာပေါ်ကို ပွတ်လိမ်းထားပါ။ ပိုးသတ်ထားတဲ့ ပလာစတာကို အနာပေါ် ကပ်ထားပါ။ ကိုယ်နဲ့မသိတဲ့ခွေးတွေ၊ လမ်းဘေးခွေးတွေရဲ့ အကိုက်ခံရတာဆိုရင် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံမှာ ဆရာဝန်နဲ့ သေချာပြသပြီး မေးခိုင်ကာကွယ်ဆေးနဲ့ ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးပါ။ ခွေးရူးပြန်ကာကွယ်ဆေးက ဘယ်နှကြိမ်ထိုးပေးရမှာလဲ။ ခွေးကိုက်ခံရတာ၊ အကုတ်ခံရတဲ့အခါ အချိန်မဆွဲပဲ […]


ရှေးဦးသူနာပြုစုခြင်း

ဆီးချိုအတက်အကျ အရေးပေါ်အခြေအနေ ဘယ်လိုပြုစုမလဲ

အခုခေတ်မှာတော့ ဆီးချိုသွေးချို ဆိုရင် မသိတဲ့သူမရှိသလောက်ပဲ။ လူကြီးလူငယ်တွေမကျန် အဖြစ်များကြတဲ့ရောဂါတစ်ခုကိုဖြစ်နေတော့ ဆီးချိုရှိတယ်ဆိုလည်း သိပ်မဆန်းတော့သလို ခပ်ပေါ့ပေါ့သဘောထားသူတွေတောင်ရှိပါတယ်။ အမှန်တော့ သူတို့က အစားမှမရှောင်ချင်တာ။ ဆီးချိုကို ရောဂါဆိုးကြီးတစ်ခုလိုကြောက်နေစရာမလိုပေမယ့် ဂရုတစိုက်တော့ ဆင်ခြင်နေထိုင်ပေးဖို့ လိုအပ်တဲ့ရောဂါဖြစ်ပါတယ်နော်။ ပုံမှန်ဆို ကျွန်မတို့ခန္ဓာကိုယ်က သွေးတွင်းသကြားဓာတ်ကိုထိန်းညှိနိုင်ပေမယ့် ဆီးချိုရှိရင်တော့ ဒီလိုမလုပ်နိုင်တော့ပါဘူး။ ခန္ဓာကိုယ်က လုပ်မပေးတော့ ကိုယ့်ဘာသာ အစားကိုတွက်ချက် ဆင်ခြင်ရ၊ ဆေးသောက်ရ၊ အင်ဆူလင်ထိုးရတဲ့နည်းတွေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းရပါတယ်။ အမျိုးအစား ၁ နဲ့ ၂ ဆိုပြီးရှိတဲ့ ဆီးချိုရောဂါနှစ်မျိုးရှိပေမယ့် သတိထားရမယ့် အချက်တွေ၊ အန္တရာယ်ရှိနိုင်တဲ့အချက်ကတော့ တူတူပါပဲ။ ရုတ်တရက် သွေးတွင်းသကြားဓာတ် ထိုးတက်သွားတာရယ်၊ ထိုးကျသွားတာရယ် သိပ်အန္တရာယ်ကြီးပါတယ်။ ဒီလိုရုတ်တရက်ရှော့ခ်ဖြစ်တဲ့အခြေအနေမှာ အရေးပေါ်ပြုစုဂရုစိုက်ဖို့၊ လိုအပ်လာရင်ဆေးရုံအမြန်ပို့ဖို့ အရေးကြီးပါတယ်။ အရေးပေါ်အခြေအနေဆိုတာ ဘယ်လိုသိနိုင်မလဲ သွေးချိုရုတ်တရက်တက်တာ၊ ကျသွားတာ တွေဖြစ်နေတာ သတိမထားမိတဲ့အခါ မလိုအပ်ဘဲ အချိန်လွန်ရတတ်ပါတယ်။ ဒါ့ကြောင့် […]


ရှေးဦးသူနာပြုစုခြင်း

ဆောင်းရာသီမှာ အနာရင်းတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။

ဆောင်းရာသီ ဆိုတာ လူတိုင်းနီးပါးကြိုက်ကြတဲ့ ရာသီတစ်ခုပါ။ ပတ်ဝန်းကျင်ကလည်း အေးချမ်းတယ်၊ မိုးရာသီလို စိုစွတ်နေတာမျိုးလည်းမရှိ၊ နွေရာသီလို ချွေးတလုံးလုံးနဲ့ ပင်ပန်းလွယ်နေတာမျိုးလည်းမရှိဆိုတော့ ဆောင်းတွင်းရောက်ပြီဆို အနွေးထည်ဖက်ရှင် ကိုယ်စီနဲ့လူတိုင်းပျော်ကြတာပေါ့။ ဆောင်းတွင်းဆို ပတ်ဝန်းက နေလို့ထိုင်လို့ကောင်းတာမှန်ပေမယ့် ကိုယ်တွင်းမှာတော့ အသားအရေခြောက်လိုက်၊ အနာဖြစ်ရင် အနာပိုရင်းလိုက်၊ တုပ်ကွေးတွေပိုမိလိုက်နဲ့ ပြဿနာတွေ ရှုပ်နေပါတော့တယ်။ ဆောင်းတွင်းရောက်ပြီဆို အသားပပ်ရတာနဲ့၊နှုတ်ခမ်းကွဲတာရတာနဲ့ ထိခိုက်မိတဲ့ ဒဏ်ရာတွေကလည်း အနာကျက်နှေးရတာနဲ့ အရေပြားပြဿနာတွေ အမျိုးကိုစုံနေတာပါပဲ ။ အေးတဲ့ ရာသီဥတုကြောင့်ဆောင်းတွင်းဆိုဗိုင်းရပ်စ်ေတွနဲ့ ဘက်တီးရီးယားတွေပိုရှင်သန်နိုင်ကြတဲ့အတွက် အအေးမိ၊တုပ်ကွေးေတွအဖြစ်များကြသလို ရာသီဥတုအေးတော့ သွေးလည်ပတ်မှုတွေလည်း မကောင်းတော့လို့ ခုခံအားစနစ်လည်း အားနည်းလာပါတယ်။ ဒါတွေကြောင့် ဆောင်းတွင်းမှာ အနာရင်းတာအနာပိုးဝင်နိုင်ခြေများတာတွေ ပိုဖြစ်နိုင်တာပါ။ နောက်တစ်ချက်ကအေးနေပြီဆို လူတွေက အိမ်ထဲမှာပဲ ကွေးနေတတ်ကြလို့ အလုံပိတ်အခန်းထဲမှာ အနာနဲ့ ပိုးမွှားဘက်တီးရီးယားေတွထိတွေ့မှုပိုများနိုင်ပါတယ်။ ဆောင်းတွင်းနဲ့ အရေပြား။ သိထားကြတဲ့အတိုင်း ဆောင်းရာသီက အရေပြားအပေါ်ယံအလွှာကိုခြောက်သွေ့စေတဲ့အတွက် အရေပြားမှာဖြစ်တဲ့အနာ၊ […]


ရှေးဦးသူနာပြုစုခြင်း

အစာအဆိပ်သင့်ခြင်းအတွက် အရေးပေါ်ပြုစုနည်း

အစာအဆိပ်သင့်တယ်ဆိုတာ မတည့်တာတွေတွဲစားမိလို့ဖြစ်တာမဟုတ်ပါဘူးနော်။ ကိုယ်စားလိုက်တဲ့အစားအသောက်တွေမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ပါနေတယ်ဆို အစာအဆိပ်သင့်နိုင်ပါတယ်။ ရောဂါပိုးပါနေတဲ့အစားအသောက်တွေကို စားမိပြီး နာရီပိုင်းအတွင်းမှာပဲ လက္ခဏာစပြတတ်ပါတယ်။ အများအားဖြင့်တော့ အစာအဆိပ်သင့်တာက သိပ်မပြင်းထန်ဘဲ ဂရုစိုက်စောင့်ရှောက်ရင်း သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ကူးစက်ရရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကို မူတည်ပြီး လက္ခဏာပြင်းထန်သူတချို့ကိုတော့ဆေးရုံတင်ဖို့လိုအပ်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေ ဖြစ်လာမလဲ အစားအစာမှာပါလာတဲ့ရောဂါပိုးကိုမူတည်ပြီး လက္ခဏာတွေက ကွာခြားတတ်ပါတယ်။ အများစုမှာတော့ ဒီလက္ခဏာတွေခံစားရတတ်ပါတယ် - မအီမသာဖြစ်မယ် အန်မယ် ဝမ်းလျှောမယ်၊ ဝမ်းမှာသွေးပါမယ် ဗိုက်အောင့်တယ် ကိုယ်ပူမယ် အစာအဆိပ်သင့်ရင် စားပြီး နာရီပိုင်းအတွင်း လက္ခဏာစတတ်တယ်၊ ရက်ပိုင်း ဒါမှမဟုတ် ရက်သီတင်းပတ်ကြာမှ လက္ခဏာပေါ်လာတာတောင်ရှိတတ်ပါတယ်။ အစာအဆိပ်သင့်တဲ့ဝေဒနာကိုခံစားရတာကလည်း နာရီပိုင်းကနေ ရက်သီတင်းပတ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ အစားအစာပြင်ဆင်တဲ့အခါ၊ ချက်ပြုတ်တဲ့အခါ ကူးစက်နိုင်တဲ့ရောဂါပိုးမွှားတွေကပ်ငြိပါလာနိုင်ပါတယ်။ သန့်ရှင်းမှုမရှိတာ၊ မကျက်တကျက်ချက်ပြုတ်ထားတာ ဒါမှမဟုတ် မလတ်ဆတ်တာတွေက အစာအဆိပ်သင့်စေတဲ့ပိုးတွေကို ခန္ဓါကိုယ်ထဲ ဖိတ်ခေါ်နေပါတယ်။ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အရာ အစာအဆိပ်သင့်တဲ့အခါ […]


ရှေးဦးသူနာပြုစုခြင်း

ခြေစွယ်လက်စွယ်ငုတ်နေပြီလား

ကွဲတာရှတာလည်းမရှိဘဲခြေထောက်ကို အားပြုလိုက်တိုင်းနာတယ်။ လက်ချောင်းလေးတွေကလည်း ထိခိုက်ထားတာမျိုးမရှိဘဲ နာနေတယ်။မြင်မိတာဆိုလို့လည်းခြေချောင်းလက်ချောင်းလေးတွေဘေးမှာရောင်နေတာလောက်ပဲတွေ့ရတယ်။ ဘာဖြစ်တာလဲ မသိဘူးလို့များဖြစ်နေတာလား။ ဒါကခြေစွယ်လက်စွယ်ငုတ်နေတာဖြစ်ဖို့များပါတယ်။ ဒါဆို ဆရာဝန်သွားပြဖို့လိုမှာလား။ မလိုသေးပါဘူးနော်။ အရင်ဆုံးနေအိမ်မှာခြေစွယ်လက်စွယ်ငုတ်တာကိုပြုစုလို့ရမယ့် နည်းလမ်းလေးတွေကိုပြောပြပေးမယ်နော်။ ခြေစွယ်လက်စွယ်ငုတ်တယ်ဆိုတာ ခြေသည်းလက်သည်းအစွန်းလေးတွေက အသားထဲနစ်ဝင်နေတာပါ။ ဒီလိုဖြစ်တဲ့အခါ နာကျင်မှုနဲ့အတူခြေသည်း လက်သည်းပတ်ဝန်းကျင်မှာရောင်ရမ်းတာ၊ နီမြန်းတာ၊ပြည်တည်တာလိုမျိုးတွေ့ရနိုင်ပါတယ်။ခြေစွယ်လက်စွယ်ငုတ်တာက လူတိုင်းလိုလိုမှာဖြစ်နိုင်ပါတယ်။ ဒီအချက်လေးတွေကခြေစွယ်လက်စွယ်ငုတ်တာကိုဖြစ်စေနိုင်ပါတယ်နော်။ ခြေချောင်း၊ လက်ချောင်းလေးတွေကို တစ်ခုခုနဲ့ အားပြင်းပြင်းတိုက်မိတာ ခြေသည်းလက်သည်းတွေကို အတွင်းနှိုက်ညှပ်တာ ခြေသည်းလက်သည်းတွေကိုလေးထောင့်ကျကျခပ်တိုတိုညှပ်တာ ဖိနပ်ကျပ်ကျပ်တွေဝတ်တာ ခြေဗလာနဲ့ပြေးလွှားဆော့တာ၊ဘောလုံးကန်တာတွေကြောင့်ခြေစွယ် လက်စွယ်ငုတ်တတ်ပါတယ်။ ဒီလိုလက္ခဏာလေးတွေတွေ့ရနိုင်ပါတယ် ခြေစွယ်လက်စွယ်ငုတ်တဲ့အခါ ခြေသည်းလက်သည်းတဝိုက်မှာရှိတဲ့ အရေပြားက ထိလိုက်တိုင်းနာနေမယ် နီရဲရောင်ရမ်းနေမယ် ခြေသည်းလက်သည်းအစွန်းလေးက အသားထဲနစ်ဝင်နေမယ် ပြည်တည်နေမယ် နေအိမ်မှာပဲ ဘယ်လိုသက်သာအောင်လုပ်မလဲ ခြေစွယ်လက်စွယ်ငုတ်တာကိုနေအိမ်မှာပဲ သက်သာအောင်လုပ်လို့ရပါတယ်။ နည်းလမ်းလေးတွေကတော့ - ရေနွေးစိမ်ပေးပါ - ခြေစွယ်လက်စွယ်ငုတ်နေတဲ့ လက်ချောင်း၊ခြေချောင်းလေးတွေကိုရေနွေးထဲမှာ ၁၅ မိနစ် ကနေ မိနစ် ၂၀လောက် တစ်နေ့ကို ၄ ကြိမ် စိမ်ပေးပါ။ ဒီလိုစိမ်ပေးတာကခြေစွယ်လက်စွယ်ငုတ်တာကြောင့် နီမြန်းရောင်ရမ်းတာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ခြေစွယ်လက်စွယ်ငုတ်နေတဲ့ခြေသည်လက်သည်းအောက်ကို ဂွမ်းစခပ်ပါးပါးလေးထည့်ထားပါ […]


ရှေးဦးသူနာပြုစုခြင်း

ငယ်ငယ်တုန်းက ကြားဖူးသလိုမျိုး သံစူးမှ မေးခိုင်ပိုးဝင်တာလား။ ။

ငယ်ငယ်တုန်းက ကြားဖူးနေကြ စကားလေးရှိပါတယ်။ ဆော့ရင်းပြုရင်း သံစူးမိတာ၊ သံခြစ်မိတာမျိုးတွေဖြစ်ခဲ့ရင် လူကြီးတွေက “အယ်သံစူးသွားပြီ၊ မေးခိုင်ပိုးတွေဝင်တော့မှာပဲ အနာကို အရက်ပြန်ထည့်” ဆိုပြီး ပြောတတ်လေ့ရှိကြပါတယ်။ ကိုယ်တွေကလည်း ငယ်သေးတော့ မေးခိုင်ပိုးဆိုတာ ဘာလဲ သေချာတောင် မသိဘဲနဲ့ ကြောက့်ခဲ့ရတာပါ။ မေးခိုင်ပိုးဆိုတာ ချိုကြီးနဲ့လား၊ အမြှီးရောပါလားပေါ့။ ခုဆောင်းပါးလေးကတော့ မေးခိုင်ပိုးဆိုတာ ဘာလဲ၊ ဘယ်ကနေ ဘယ်လိုကူးစက်တာလဲကို ခုထိရေရေရာရာ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။ ။ မေးခိုင်ပိုးဆိုတာ။ ။ မေးခိုင်ရောဂါဆိုတာကClostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားကိုယ်ထဲဝင်ပြီး သူကနေထုတ်လွှတ်လိုက်တဲ့အဆိပ်တစ်မျိုးကြောင့်ဖြစ်လာရတာပါ။မေးခိုင်ရောဂါကပြင်းထန်တဲ့ဘက်တီးရီးယား ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားကအာရုံကြောစနစ်ကို ထိခိုက်စေတာကြောင့်ကြွက်သားတွေနာကျင်တာ၊မေးရိုးနဲ့လည်ပင်းတလျှောက်ကကြွက်သားတွေတောင့်တင်းသွားတာမျိုးဖြစ်စေပါတယ်။ ဒီရောဂါပိုးကအပူဒဏ်နဲ့ ဓာတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိတာကြောင့် သူ့ကိုဖျက်စီးဖို့ခက်ပါတယ်။ မျက်နှာနဲ့လည်ပင်းကြွက်သားတွေကို အကြောဆွဲစေပြီး ပါးစပ်ဖွင့်လို့မရတဲ့အခြေအနေမျိုးတွေဖြစ်စေနိုင်တာကြောင့် သူ့ကို မေးခိုင်ပိုးလို့ခေါ်တာပါ။ မေးခိုင်ပိုးဆိုတာ သေချာ ကာကွယ်မထားရင် လူ့အသက်ဆုံးအောင်တောင် လုပ်နိုင်တဲ့ […]


ရှေးဦးသူနာပြုစုခြင်း

သွေးတိုးအတွက် အရေးပေါ်ပြုစုနည်း

လူတော်တော်များများက ကိုယ်တိုင်မှာသွေးတိုးရှိနေမှန်းသိခဲကြပါတယ်။ ငါးပိ၊ငါးခြောက်တွေပါမှ စားလို့မြိန်တဲ့ ကျွန်မတို့မြန်မာလူမျိုးတွေအဖို့ကတော့သွေးတိုးဖို့က သိပ်ကိုလွယ်ကူလွန်းပါတယ်။ လူကြီးတွေမှာ အတွေ့ရများတာကသွေးတိုးဖြစ်လာနိုင်တာကြောင့် အငန်များတဲ့အစားအစာတွေမစားဖို့ ဆရာဝန်ကမှာပေမယ့် မနက်စာကို မုန့်ဟင်းခါး ချဉ်၊ငန်၊စပ်လေးစားလိုက်ရမှ၊နေ့လယ်စာဆိုရင်လည်း ငါးပိရည်၊တို့စရာ၊ ချဉ်ရည်ဟင်းလေးနဲ့မှ၊နေ့ခင်းနေ့လယ်ဆိုလည်း ငါးခြောက်ဖုတ်လေး၊ေရနွေးကြမ်းလေးနဲ့မှ ဒါမှမဟုတ် ပုဇွန်ခြောက်နိုင်နိုင်ထည့်ထားတဲ့ လက်ဖက်လေး၊ရေနွေးလေးစားလိုက်ရမှ ဆိုတာမျိုးပေါ့။ ညစာဆိုရင်လည်း အချို၊အငန်မျှတတဲ့ ဟင်းလေးတွေနဲ့မှ စားမြိန်ကြတာလေ။ တစ်နေ့တာမှာ အငန်ဓါတ်တွေက စားလိုက်သမျှ အစားအစာတိုင်းမှာပါနေရော။ ဒီလိုအခြေအနေက အလွယ်တကူသွေးတိုးစေတာပေါ့။သွေးတိုးတာက စိတ်ပူစရာမဟုတ်ဘူးလို့ထင်စရာရှိပေမယ့်သွေးတိုးကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေကတော်တော်လေးတော့များပါတယ်။သွေးတိုးရောဂါကို ကမ္ဘာတလွှားမှာ အသံတိတ်လူသတ်သမားရယ်လို့တောင်ခေါ်ဝေါ်နေကြပါတယ်။ အမှန်တကယ်လည်းဟုတ်ပါတယ်။ လူတော်တော်များများက ကိုယ်တိုင်မှာသွေးတိုးရှိမှန်းမသိလိုက်ဘဲ အသက်အန္တရာယ်ထိခိုက်တာမျိုးထိတောင်ခံစားကြရတာတွေရှိပါတယ်။ သွေးတိုးတယ်ဆိုတာ သွေးတိုးတယ်ဆိုတာကသွေးပေါင်ချိန် ပုံမှန်ထက်မြင့်တက်တဲ့အခြေအနေပေါ့။ အရမ်းပြင်းထန်မယ်ဆိုရင်လေဖြတ်တာအထိဖြစ်နိုင်ပါတယ်။သွေးပေါင်ချိန်အရမ်းမြင့်သွားမယ် အပေါ်သွေး ၁၈၀ mm Hg၊ အောက်သွေး ၁၂၀ mm Hgဖြစ်နေမယ်။ ဒါမှမဟုတ် အပေါ်သွေးက ၁၈၀ mm Hgကျော်နေမယ်၊အောက်သွေးက ၁၂၀ mm Hg ထက်များနေမယ်ဆိုရင်သွေးပေါင်ချိန်အရမ်းမြင့်နေပြီလို့ဆိုရပါမယ်။သွေးအရမ်းတိုးတာကသွေးကြောတွေကို […]


ရှေးဦးသူနာပြုစုခြင်း

ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးကင်းစိတ်ချရသော လုပ်ငန်းခွင်

လုပ်ငန်းခွင်ဆိုတာ လူတိုင်းနီးပါး တနေ့တာအချိန်တွေကို ကုန်ဆုံးရတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် မိမိနေထိုင်ရာ အသိုက်အမြုံနည်းတူ နှစ်ခြိုက်ဖွယ်ရာ နေရာတခုဖြစ်ဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးကင်းစိတ်ချရတဲ့ လုပ်ငန်းခွင်တခုဖြစ်အောင် ဘာတွေလိုအပ်သလဲ ဆိုတာပါပဲ။ အခြေခံအားဖြင့် စဉ်းစားသင့်တဲ့အချက် ၄မျိုး ရှိပါတယ်။ အဲဒါတွေကတော့ ၁။ အလင်းရောင် ၂။ ဆူညံမှု ၃။ အပူချိန် ၄။ လေဝင်လေထွက် စတာတွေပဲ ဖြစ်ပါတယ်။ ၁။ အလင်းရောင် လုပ်ငန်းခွင်တခုဟာ သဘာဝအလင်းရောင်ဖြစ်စေ၊ လျှပ်စစ်မီးရောင်ဖြစ်စေ ကောင်းကောင်းမြင်ရဖို့ လိုပါတယ်။ ဒါမှ ဝန်ထမ်းများ အလုပ်သမားများ မိမိတာဝန်များကို ဘေးကင်းစိတ်ချစွာ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ အလင်းရောင်ကောင်းကောင်းမရတဲ့ လုပ်ငန်းခွင်တွေမှာ ပိုမိုအာရုံစိုက်ရပြီး မျက်စိနဲ့အာရုံကြေြာပသနာများ ဖြစ်လာနိုင်ပါတယ်။ အလင်းရောင်ဟာ လိုတာထက်ပိုပြီး စူးရှမနေဖို့လည်း လိုပါတယ်။ မတော်တဆဖြစ်မှုတွေ မကြုံရအောင်၊ မျက်စိနဲ့အာရုံကြောရောဂါတွေမဖြစ်အောင် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြီး လုပ်ငန်းခွင်ရဲ့ အလင်းရောင်ကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

တစ်ကိုယ်ရေသန့်ရှင်းရေး ကို ဂရုစိုက်တာက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တယ်ဆိုတာ သိပါရဲ့လား။ လူတစ်ယောက် ကျန်းမာပျော်ရွှင်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက တော်တော်လေး အရေးပါတဲ့ အရာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေး အတွက်တင် မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်မှုအပေါ်မှာပါ သက်ရောက်မှု ရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို မဖြစ်မနေ ဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်မှုက ဖျားနာမှုကင်းစေသလိုရောဂါပိုးတွေ ကူးစက်ခံရတာနဲ့ ခန္ဓာကိုယ်အနံ့ဆိုးတွေကနေပါ ကာကွယ်ရောက်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုက တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနေအထိုင် အစားအသောက်ကစလို့ အဝတ်အစားတွေအထိ သေသေချာချာဂရုစိုက်ပေးပါမှ ခန္ဓာကိုယ်ကို ကျန်းမာစေမှာပါ။ ရောဂါကူးစက်နိုင်ခြေကိုလည်း လျှော့ချနိုင်မှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မှုက အဖိုးမများတဲ့ ကျန်းမာရေးစောင်ေ့ရှာက်မှုပေါ့။ တစ်ကိုယ်ရေသန့်ရှင်းမှုက လူမှုဆက်ဆံရေးမှာလည်း လူဝင်ဆန့်စေနိုင်တဲ့အချက်တစ်ခုပါ။ ခန္ဓာကိုယ်က အနံ့ဆိုးတွေထွက်နေမယ်၊ ခံတွင်းနံ့ဆိုးတွေဖြစ်နေမယ်၊ […]


ရှေးဦးသူနာပြုစုခြင်း

မတော်တဆ အရွတ်ထိခိုက်၊ ဒဏ်ဖြစ်တာတွေ သက်သာစေမယ့် နည်းလမ်း (၇) ချက်

လမ်းသွားနေရင်းခြေကျင်းဝတ်ကခြေခေါက်သွားတယ်၊လှေကားဆင်းရင်း ဒူးက မျက်ခနဲဖြစ်သွားတယ်၊ချော်လဲတဲ့အခါ ဒါမှမဟုတ် ဟန်ချက်ပျက်တဲ့အခါ လက်ကထောက်လိုက်မိတယ်။ ဒီအခြေအနေမျိုးတွေက အဖြစ်များကြပေမယ့် အမှတ်တမဲ့ ဆက်လှုပ်ရှားကြတာပဲ။ဖြစ်တဲ့အချိန်နာပေမယ့် ခဏနေ သက်သာသွားတာပဲဆိုပြီး အတော်ကြာမှရောင်လာ၊ ပိုနာကျင်လာတာမျိုးကြုံဖူးတယ်မလား။ အဲဒါ အရွတ်ထိခိုက်သွားတာ၊ အရွတ်စုတ်ပြဲသွားတာဖြစ်နိုင်ပါတယ်။ အများအားဖြင့်ခြေကျင်းဝတ်၊ ဒူး၊ လက်ကောက်ဝတ် စတဲ့ တွယ်ဆက်အရွတ်တွေရှိတဲ့ အဆစ်တွေနားမှာဖြစ်တတ်ပါတယ်။ နောက်တစ်မျိုးက လှုပ်ရှားမှုကြောင့် ကြွက်သားမှာ ဒဏ်ဖြစ်သွားတာပါ။ ပုံမှန်နဲ့မတူတဲ့ အနေအထားနဲ့ရုတ်တရက်လှုပ်ရှားမိလိုက်တဲ့အခါ (ရုတ်တရက် ပြေးတာ၊ ခုန်တာ၊ လှမ်းပစ်လိုက်တာ၊ချော်လဲတဲ့အခါ မီရာလှမ်းဆွဲလိုက်မိတာ၊ အနေအထားမမှန်ဘဲ အလေးအပင်မ လိုက်တာ) ဒဏ်ဖြစ်သွားတတ်တယ် ဒါမှမဟုတ် ကြွက်သားအသုံးပြုရတဲ့လှုပ်ရှားမှုတစ်ခုကို အချိန်ကြာကြာ၊ အကြိမ်ကြိမ်လုပ်မိတဲ့အခါ (ဂေါ့ဖ်ရိုက်တာ၊ တင်းနစ်၊ လှေလှော် စတဲ့ အားကစားလှုပ်ရှားမှုတွေ) နာတာရှည် ကြွက်သားဒဏ်ဖြစ်ခြင်းဝေဒနာဖြစ်လာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ နာကျင်ကိုက်ခဲမှုဖြစ်လာရင် အရင်ဆုံးလုပ်မိကြတာ အကိုက်အခဲပျောက်ဆေးဝယ်သောက်ကြတာပါ။ တစ်လုံးသောက်လို့မသက်သာရင် နှစ်လုံးသောက်ကြည့်မယ်ဆိုတာချည်းပဲ။ဘေးထွက်ဆိုးကျိုးနဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း