ကော်ဇောခင်းတဲ့အခါ အစပ်နေရာတွေကိုသေချာတိပ်နဲ့ကပ်ပါ -ကော်ဇောတွေခင်းပြီး အိမ်ကိုအလှဆင်ထားတယ်ဆိုရင်တော့ကော်ဇောတွေတစ်ခုနဲ့တစ်ခုဆက်တဲ့နေရာကို တိပ်သုံးပြီးသေချာကပ်ထားပါ။ မတော်တဆခလုတ်တိုက်မိပြီးချော်လဲတာမျိုးဖြစ်နိုင်ပါတယ်။
ညမီးဖွင့်ထားပေးပါ – ညဘက်အိပ်တဲ့အခါ မီးအားလုံးမှိတ်ပြီး အိပ်မှ အိပ်ပျော်တယ်ဆိုရင်တောင် ညမီးခပ်မှိန်မှိန်လေးတော့ဖွင့်ထားပေးပါ။ အိပ်ခန်း၊လျှောက်လမ်း၊အိပ်သာနဲ့ရေချိုးခန်းတို့မှာ မီးခပ်မှိန်မှန်လေးထွန်းထားပေးပါ။ အိပ်ရာထဲမှာ ဒါမှမဟုတ် အလွယ်တကူယူလို့ရတဲ့နေရာမှာ လက်နှိပ်ဓါတ်မီးထားပေးပါ။
ပရိဘောဂတွေကိုသေချာထားပေးပါ – အိမ်ကို တတ်နိုင်သမျှ ရှင်းရှင်းလေးပဲထားပေးပါ။ ပရိဘောဂတွေကိုလည်း အစွန်းထွက်နေတာမျိုးမဖြစ်အောင်လုပ်ပေးပါ။နောက်တစ်ခုကပြတင်းပေါက်နားမှာ ခုံတွေ၊စားပွဲတွေနဲ့ ကလေးတွေတက်လို့ မှီလောက်တဲ့ပရိဘောဂတွေမထားပါနဲ့။ မတော်တဆပြတင်းပေါက်ကနေပြုတ်ကျတာမျိုးဖြစ်နိုင်တာကြောင့်ပါ။
ဒီလိုတွေသတိထားနေရက်က မတော်တဆမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ထိခိုက်မိတဲ့ဒဏ်ရာသေးရင် အိမ်မှာပဲ ကိုယ်တိုင် အနာကိုဆေးကြောတာ၊ဆေးထည့်တာ၊ ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေလုပ်ပေးလို့ရပါတယ်။ အနာကကြီးမယ်ဆိုရင်တော့ အနာဆေးတာလောက်လုပ်ပြီး နီးစပ်ရာဆေးခန်းကို သွားရောက်ပြသပေးပါ။ ဒီလိုတွေလုပ်ပေးဖို့ဆိုရင်တော့ နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာလေးတစ်လုံးလောက်ဆောင်ထားဖို့လိုပါမယ်။ဘေးကင်းလုံခြုံတဲ့နေအိမ်လေးအဖြစ် ဒီနည်းလေးတွေ သုံးပြီး ဖန်တီးကြည့်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။