အနာထဲ ပိုးဝင်ပြီဆိုတာ ဘယ်လိုသိနိုင်လဲ။
ကုတ်မိတာ၊ ခြစ်မိတာ၊ ထိခိုက်ရှတာကြောင့် ဖြစ်တဲ့ ဒဏ်ရာအများစုဟာ သေးငယ်ရင်တော့ ပြဿနာ သိပ်မရှိပေမဲ့ သေချာဂရုမစိုက်ရင်တော့ ပိုးဝင်သွားနိုင်ပါတယ်။ ပိုးဝင်တဲ့အခါမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့
- ဒဏ်ရာတစ်ဝိုက်မှာ နီရဲရောင်ရမ်းလာတာ
- အဝါရောင် ဒါမှမဟုတ် အစိမ်းပုပ်ရောင် ပြည်တွေ ထွက်လာတာ
- ဒဏ်ရာဖြစ်တဲ့နေရာက နဂိုထက် ဖောင်းကြွလာတာ၊ ပိုပြီးနာကျင်ကိုက်ခဲလာတာ
- အဖျားတက်လာတာတွေပဲ ဖြစ်ပါတယ်။
ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ။
ဒဏ်ရာကြီးလွန်းတာ၊ သွေးမတိတ်တာ၊ အနာကနေ သွေးတွေ ပန်းထွက်လာပြီဆိုရင် အုပ်ထိန်းသူ ဒါမှမဟုတ် ဆရာဝန်နဲ့ သွားပြရပါမယ်။ အနာကို အရင်ဆုံး ပိုးသတ်ထားတဲ့ အဝတ် ဒါမှမဟုတ် ဂွမ်းနဲ့ အုပ်ထားပေးပါ။ ဒဏ်ရာနက်လွန်းရင်တော့ အပ်နဲ့ ချုပ်ပေးဖို့ လိုပါလိမ့်မယ်။ နောက် ၅ ရက်ကနေ ၁၀ရက်အတွင်းမှာ ဆရာဝန်ဆီ ပြန်သွားပြီး ချုပ်ရိုး ဖြည်ခိုင်းရပါမယ်။
အနာထဲ ပိုးဝင်ပြီး အချိန်အတော်ကြာသည်အထိ မပျောက်တာ၊ ပိုဆိုးလာတဲ့အခါမှာ ဆရာဝန်နဲ့ သေချာပြသပြီး antibiotic တွေ သောက်ဖို့ လိုအပ်ပါတယ်။ တော်ရုံတန်ရုံ ဒဏ်ရာအများစုဟာ သေးငယ်တဲ့အတွက် ဆရာဝန်နဲ့ ပြဖို့ မလိုပဲ သူ့အလိုလို ပျောက်သွားမှာပါ။
Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။