ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား

ခြေထောက်အနံ့ ထွက်တာကြောင့် စိတ်ညစ်နေလား ! အနံ့ဆိုး တစ်ခု ရလိုက်တာနဲ့ ငါ့ခြေထောက်က ထွက်နေတာများလား ဆိုပြီး စိတ်ပူနေမိပြီလား။ ခြေထောက်အနံ့ ဆိုးထွက်တာက တော်တော်လေးကို ကသိကအောက် ဖြစ်နေစေပြီလား။ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမှန်းမသိလို့ ဆက်ပြီး လက်ခံထားနေရတာ ဆိုရင်တော့ အခုပဲ လက်ပြနှုတ်ဆက် လိုက်ပါတော့။ ခြေထောက်အနံ့ ဆိုးထွက်ခြင်း ခြေထောက်အနံ့ ဆိုးထွက်တာကို ဆေးပညာအရ (Bromodosis) လို့ခေါ်ပါတယ်။ ခြေထောက်အနံ့ ဆိုးထွက်ရတဲ့ အဓိက အကြောင်းအရင်းက ခြေထောက်မှာ ချွေးတွေ  အရမ်း ထွက်တာကြောင့်ပါ။ ခြေထောက် ချွေးထွက်များတာရဲ့ ရလဒ်က ခြေထောက်အရေပြားမှာ ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်တာ၊ မှိုပိုးတွေပေါက်ဖွားရှင်သန်တာကို ဖြစ်စေပြီး ခြေထောက်အနံ့ဆိုး ဖြစ်စေတာပါ။ ခန္ဓာကိုယ်ပေါ်မှာ ချွေးဂလင်းပေါင်း ၄ သန်းကနေ ၅သန်း အထိ ရှိနေပြီး ခြေထောက်မှာတော့ ချွေးဂလင်း၂၅၀၀၀၀ ရှိနေပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

အင်းဆက်ပိုးမွှားတွေ အကိုက်ခံရရင် ဘာလုပ်ကြမလဲ

ပိုးကောင်ငယ်လေးတွေ ကိုက်တာ မခံဖူးတဲ့သူဆိုတာ တော်တော်ရှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နေထိုင်ရာပတ်ဝန်းကျင်မှာက ဒီအကောင်လေးတွေနဲ့ ပျံ့နှံ့နေတာကိုး။ ပုံမှန်အားဖြင့် အင်းဆက်ပိုးမွှားတွေ ကိုက်တဲ့ ဒဏ်ရာဟာ သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။ ကလေးတွေ အကိုက်ခံရတဲ့အခါ ဒီပိုးကောင်လေးတွေအပေါ် ကြောက်လန့်တဲ့ စိတ်တွေ အနည်းနဲ့ အများတော့ ဝင်သွားတာမျိုးတွေ ရှိပါတယ်။ ကိုယ့်ကို လာကိုက်သွားတာ ဘာအကောင်လဲ၊ ဘယ်လိုလက္ခဏာတွေ ပြလဲဆိုတာ သိပြီးသွားရင် ဒဏ်ရာကို ပိုးမဝင်စေဖို့နဲ့ အမြန်ဆုံးသက်သာစေဖို့ အလွယ်တကူလုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ပိုးမွှားကိုက်ခံရတဲ့ အရေပြားမှာ ဘာလက္ခဏာတွေ တွေ့ရမလဲ။ သာမန်ကိုက်ခံရတဲ့ ဒဏ်ရာမှာ အရေပြားနီရဲပြီး ရောင်နေတာ၊ ယားယံတာ၊ အသားထဲက စူးသလို ခံစားရတာလောက်ပဲ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီလက္ခဏာတွေဟာ သိပ်ပြီး မပြင်းထန်တဲ့အပြင် ရက်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းသွားမှာပါ။ အကယ်လို့ လုံးဝပျောက်မသွားဘဲ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

အကုန်အကျမများဘဲ အိမ်မှာ waxing လုပ်ကြမယ်

မိန်းကလေးတွေအတွက် အလှအပဂရုစိုက်ရတဲ့အထဲမှာ ချိုင်းကြားအသားအရေလည်း ပါဝင်ပါတယ်။ လက်ပြတ်အင်္ကျီလေးတွေဝတ်မယ်ဆို ယုံကြည်မှုရှိရှိဝတ်နိုင်တာပေါ့။ အဓိကကတော့ ချိုင်းမွေးသေချာဖယ်ရှားဖို့ပါပဲ။ပြီးမှ ချိုင်းကြားအသားအရေဖြူဖို့၊ချောမွတ်ဖို့ ဆက်လုပ်ရမှာပါ။ ခုနောက်ပိုင်းတော့ အသင့်လုပ်ရုံ waxတွေအမျိုးမျိုးဈေးကွက်မှာဝယ်လို့ရနေပြီ၊ဗြူးတီးဆလွန်းတွေမှာ သွားလုပ်လို့ရနေပြီဆိုပေပမယ့်ငွေကုန်သက်သာချင်တဲ့လေဒီလေးတွေ၊ ဆိုင်မှာလုပ်ရမှာရှက်တဲ့လေဒီလေးတွေ အတွက်တော့ဘေးကင်းပြီးလွယ်ကူတဲ့ ဒီစရိတ်ကျဉ်းနည်းလေးက အဆင်ပြေနိုင်ပါလိမ့်မယ်နော်။ သူကတော့ သကြားရယ်၊ ပျားရည်နဲ့ သံပရာသီးပဲ လိုတယ်။ ချိုင်းအပြင် လက် သို့မဟုတ်ခြေသလုံးမွေးတွေ ဖယ်ရှားဖို့လည်း သုံးနိုင်တယ်နော်။ ပါဝင်ပစ္စည်း ညက်မှုန်နေတဲ့သကြား ပန်းကန်လုံးတစ်လုံးစာ ပျားရည်ပန်းကန်လုံးတစ်လုံးစာ သံပရာရည် ပန်းကန်လုံးတစ်ဝက် ရေတစ်ဇွန်း (မထည့်လည်းရ) ပြုလုပ်နည်း သကြားကို ကျိုပါ။ အိုးတစ်လုံးထဲ သကြားတွေထည့်ကျိုပါ။ မီးသျိပ်မပြင်းပါနဲ့။ မွှေစရာမလိုပါဘူး။ အိုးကိုပဲ တစ်ချက်တစ်ချက်လှုပ်ပေးပါ။ညောင်စေးကျတဲ့အထိ မီးလျှော့ပြီးတည်ပါ။မွှေးလာလိမ့်မယ်။ ပျားရည်နဲ့သံပရာရည်ထည့်ပါ။ စဉ်မထွက်အောင်ဖြည်းဖြည်းထည့်ပါ။ အနေတော် ပျစ်စေးလာအောင် ဆက်တိုက်မွှေပြီးတည်ပါ။ တအားပျစ်ခဲနေရင်တော့ရေလေးတစ်ဇွန်းလောက် လိုသလိုထည့်ပါ။ အအေးခံပါ။အဝကျယ်ပုလင်းလေးတစ်လုံးမှာထည့်ပြီး နှစ်နာရီလောက်အအေးခံပေးပါ။ခပ်နွေးနွေးအနေအထားမှာ သုံးရတာဆိုပေမယ့် ပိုတာတွေကို အအေးခံပြီးရေခဲသေတ္တာထဲထည့်ထားလို့ရပါတယ်။ အသုံးပြုနည်း ပြင်ဆင်ပါ ချိုင်းကို waxing မလုပ်ခင် အရင်သန့်ရှင်းရေးလုပ်ပါ။ရေနွေးနွေးလေးနဲ့ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်နေသူများအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်စေမယ့် စားသောက်သင့်သည့်ပုံစံ များ

ယနေ့ခေတ်မှာ ဆေးလိပ်ေသာက်တာ က trend တစ်ခုလို ဖြစ်လာပါတယ်။ ဒါကတော့ ကျန်းမာရေးကို အလွန်အကျွံထိခိုက်စေတဲ့ အလေ့အထတစ်ခုဆိုတာလည်း လူတိုင်း သိပြီးသား ဖြစ်ပါတယ်။ ဒါကို နားလည်လာတဲ့ လူတွေ ကတော့ ဆေးလိပ်ဖြတ်ဖို့အတွက် စပြီး ကြိုးစားလာကြပါတယ်။ အစပိုင်းမှာတော့ အခက်အခဲ တချို့ တွေ့ရတတ်ပါတယ်။ အဲ့ဒီထဲမှာမှ အာဟာရဘက်ကနေ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတချို့ကို ပြောပြပေးချင်ပါတယ်။ အဓိက ဆေးလိပ်ဖြတ်နေတုန်း မှာ ဗိုက်ပြည့်အောင် စားထားဖို့လိုပါတယ်။ ပါးစပ်ထဲ မှာ အာဟာရ ဖြစ်စေမယ့် အရသာရှိတဲ့ အစားအစာ တစ်ခု မဟုတ်တစ်ခု စားပေးနေဖို့လိုပါတယ်။ ဥပမာ- အသီး တစ်မျိုးမျိုး အနံ့မွှေးတဲ့ အစားအစာတွေကို ရွေးစားပေးဖို့လည်း လိုပါတယ်။ ဘယ်လိုအချက်တွေ သတိထား သင့်သလဲ တစ်နေ့ကို မနက်စာ၊ နေ့လယ်စာ၊ ညစာ […]


ရှေးဦးသူနာပြုစုခြင်း

အပူလောင်နာ အမာရွတ်မကျန်စေဖို့

မဖြစ်ခင်က ကြိုတင်ကာကွယ်သင့်တဲ့ထဲမှာ အမာရွတ်ကလည်း တစ်ခုအပါအဝင်ပါ။ ထိခိုက်မှုတိုင်းက အမာရွတ်ြဖစ်စေတာ မဟုတ်ပါဘူး။ အမာရွတ်ဖြစ်နိုင်ခြေများတဲ့ ထိခိုက်မှုထဲမှာ အပူလောင်တာကလည်းတစ်ခုအပါအဝင်ပေါ့။ အပူလောင်တာကလည်းရှောင်လွှဲဖို့ခက်ပါတယ်။ အထူးသဖြင့်လေဒီလေးေတွမှာပိုဖြစ်တတ်ပါတယ်။ ချက်ရင်းပြုတ်ရင်းရနိုင်သလို မီးပူတိုက်ရင်းကလည်း အပူလောင်နိုင်ပါတယ်နော်။ ဒီတော့ မတော်တဆအပူလောင်တာကြောင့် တစ်သက်တာ အမာရွတ်မကျန်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် လမ်းညွှန်ပါရစေနော်။ အပူလောင်ဒဏ်ရာအကြောင်း တစေ့တစောင်း ထိခိုက်ဒဏ်ရာတွေကပြင်းထန်တဲ့အတိုင်းအတာကိုလိုက်ပြီး အပူလောင်ဒဏ်ရာတွေကို အမျိုးအစားခွဲခြားနိုင်ပါတယ်။ အပူလောင်နာကို First-degree burn - အရေပြားအပေါ်ယံလွှာထိခိုက်မိတာပါ။ အနည်းငယ်နာကျင်နိုင်ပြီး နီမြန်းရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။ Second-degree burn - အရေပြားအတွင်းပိုင်းလွှာအထိရောက်တဲ့ အပူလောင်ဒဏ်ရာမျိုးပါ။ အရေကြည်ဖုလေးတွေဖြစ်နိုင်သလို အရေပြားမှာ အဖြူရောင်အကွက်မျိုးဖြစ်တာ အရေပြားအပေါ်ယံလွှာပြောင်ပြီး တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ Third-degree burn - အရေပြားအလွှာတွေအားလုံးကို ထိခိုက်ပျက်စီးသွားတဲ့အနေအထားမျိုးပါ။ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။ Fourth-degree burn - အရေပြားအလွှာအားလုံးထိခိုက်ပျက်စီးသွားတဲ့အပြင် အဆစ်တွေနဲ့ အရိုးတွေအထိပါ ထိခိုက်ပျက်စီးသွားတဲ့ အခြေအနေမျိုးပါ။ […]


ရှေးဦးသူနာပြုစုခြင်း

ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ ။ ။

ခုဆို ရာသီဥတုကြီးက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ပူပြင်းခြောက်သွေ့လာနေပါပြီ။ နေ့ခင်းဘက်လေး အပြင်မထွက်လိုက်နဲ့။ ပေါင်းအိုးထဲ ထည့်ပြုတ်ခံထားရသလို အပူရှိန်က ဆကဲ ပြင်းထန်ပါတယ်။ ရာသီဥတု ကလည်းပူ၊ ချွေးတွေလည်း အထွက်လွန် ရေကလည်း ရှားနဲ့ နွေရာသီ ဆိုတာ အင်မတန်မှ နေလို့ မကောင်းတဲ့ ရာသီတစ်ခုပါ၊ ဒီလိုပူပြင်းတဲ့ ရာသီဥတုကြောင့် သက်သောင့်သက်သာ မရှိတဲ့အပြင် နွေရာသီဟာ ကျန်းမာရေးကိုလည်း ထိခိုက်မှု အများဆုံးပေးတဲ့ ရာသီတစ်ခုပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများ ကျန်းမာရေးကို ဒုက္ခပေးမယ့် ပူပြင်းတဲ့ ရာသီဥတုရဲ့ နောက်ဆက်တွဲ အဖော်အပေါင်းများကတော့ - နေလောင်တာ - […]


ရှေးဦးသူနာပြုစုခြင်း

ညပိုင်း နှာခေါင်းသွေးလျှံတာ ဘာကြောင့် ဖြစ်တာလဲ ။ ။

ညဘက်အိပ်ပြီး မနက်ပိုင်း ပြန်ထတဲ့ နှာခေါင်းသွေးလျှံပြီး အိပ်ရာမှာသွေးတွေ ပေနေတဲ့အခါ လူတိုင်း ထိတ်ခနဲ ဖြစ်သွားကြမှာပါ။ လူအများစုက နေ့ခင်းပိုင်းပူတဲ့အချိန်မှာပဲ နှာခေါင်းသွေးလျှံကြတတ်ကြတယ်လေ။ နေ့ခင်းဆို ရာသီဥတုက ပူတာကိုး။ ဒါပေမယ့် ညဘက်နှာခေါင်းသွေးလျှံတဲ့ အခါမျိုးဆိုရင် စိုးရိမ်လာကြပါပြီ။ ဘာ့ကြောင့် ညပိုင်းမှ နှာခေါင်းသွေးလျှံရတာလဲ။ သွေးကင်ဆာများရှိနေပြီလားပေါ့။ ညပိုင်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။ ( ၁ ) ခြောက်သွေ့သောလေ ။ ။ အသားခြောက်တဲ့အခါ အသားတွေကွဲပြီး သွေးထွက်သလိုမျိုး ခြောက်သွေ့တဲ့လေတွေ အကြာကြီးရှူရှိုက်ရတဲ့ နှာခေါင်းအတွင်းသားနံရံလေးတွေကလည်း ခြောက်သွေ့ပြီး သွေးထွက်တတ်ပါတယ်။ ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။ အိပ်ခန်းထဲ ရေငွေ့ထိန်းစက်တပ်ထားပါ။ အထူးသဖြင့် ဆောင်းတွင်းပိုင်းတွေမှာပေါ့။ Saline နှာခေါင်းအစက်ချဆေး လေးကို နှာခေါင်းထဲထည့်ပြီး အတွင်းသားနံရံတွေရဲ့ အစိုဓာတ်ကို ထိန်းပေးပါ။ ဒါမှမဟုတ် နှာခေါင်းအတွင်းလိမ်းလို့ရတဲ့အစိုဓာတ်ထိန်းဆေး […]


ရှေးဦးသူနာပြုစုခြင်း

နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

ခုလို ပူအိုက်တဲ ရာသီမျိုးဆို နှာခေါင်းသွေးလျှ့တဲ့ ပြဿာနာတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ တစ်ချို့ နှာခေါင်းသွေးလျှံတာတွေက ပြဿနာ ကြီးကြီးမားမားမရှိဘဲ ပြန်ပျောက်သွားတာများပါတယ်။ တစ်ချို့ကျတော့ နားနှာခေါင်း လည်ချောင်းမှာ ပြဿနာတစ်ခုခုရှိတာကြောင့် နှာခေါင်းသွေးလျှံရတာဖြစ်ပါတယ်။ ဒါဆို နှာခေါင်းသွေး လျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ က ဘာများလဲ ။ ။ နှာခေါင်းသွေးဘယ်လိုလျှံရတာလဲ ။ ။ နှာခေါင်းဆိုတာ သွေးကြောများစွာနဲ့ ဖွဲ့စည်းထားတဲ့အရာတစ်ခုပါ။ ဖွဲ့စည်းထားတဲ့ သွေးကြောမျှင်လေးတွေဟာ အင်မတန်ပါးပြီး ပေါက်ကွဲလွယ်ပါတယ်။ ဒါ့ကြောင့် လက်ကလေးနဲ့ နှာချေးကလော်လိုက်ရုံနဲ့ အခန့်မသင့်ရင် သွေးတွေ ထွက်လာတတ်တာဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာကို နေရာ ၂ ပိုင်းခွဲလို့ရပါတယ်။ anterior nosebleed - နှာခေါင်း အရှေ့ပိုင်းက သွေးကြောလေးတွေ ကွဲတာ၊ ပျက်စီးသွားတာကြောင့် နှာခေါင်းသွေးလျှံခြင်းနဲ့ posterior nosebleed […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား ။ ။

လူတိုင်း ချွေးထွက်တတ်ကြပါတယ်။ အဆိုးနေရာကတော့ ချိုင်းပေါ့။ နည်းနည်းလေး မပူလိုက်နဲ့ သူကချွေးထွက်တာအရင်။ ပြီးတော့ လက်မြှောက်လိုက်ရင် အင်္ကျီမှာ ချွေးတွေ အကွက်လိုက်ပေပြီး ရုပ်ဆိုးစေသေးတယ်။ သေချာများ မလျှော်မိလိုက်လို့ကတော့ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ အင်္ကျီလေး ကွက်နေရော။ ချွေးလေးစို့လာတာနဲ့ ချိုင်းချွေးနံ့ နံလို့ လူကြားထဲမသွားရဲလောက်အောင်ကို စိတ်ဆင်းရဲနေရတဲ့ Hello ပရိသတ်ကြီးရှိလား ။ ဒါဆိုရင်တော့ ဒီဆောင်းပါးကို လက်လွှတ်မခံသင့်ဘူးနော် ။ ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေပြီလား ။ ။ ချိုင်းချွေးနံ့ နံလို့ လူကြားထဲသွားဖို့ ယုံကြည်ချက်မရှိဖြစ်နေရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။ ( ၁ ) မုန့်ဖုတ်ဆော်ဒါ ။ ။ အနံ့အသက်ဆိုးတွေကို စုပ်ယူပေးတဲ့နေရာမှာ မုန့်ဖုတ်ဆော်ဒါလောက် ကောင်းတဲ့အရာ မရှိတော့ပါဘူး။ ဒါ့အပြင် မုန့်ဖုတ်ဆိုဒါဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုနဲ့ အရေပြား […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်တကယ်ပြတ်အောင် ဘယ်လိုဖြတ်ကြမလဲ

ယောက်ျားလေးတော်တော်များများရဲ့ ပြဿနာက ဘယ်လောက်ပဲမကောင်းဘူးလို့ပြောပြော လက်တည့်စမ်းချင်ကြတာပါပဲ။ အဲ့ဒီ အထဲမှာဆို ဆေးလိပ် သောက်တာ အဆိုးဆုံးပေါ့။ ဆေးလိပ်ဆိုတာ လွယ်လွယ်ဝယ်လို့ရတယ်။ သုံးရတာလည်း မခက်ဘူး။ မီးခြစ်လေးတစ်ခုပဲလိုတယ်လေ။ ပတ်ဝန်းကျင်မှာလည်း ဆေးလိပ်သောက်တဲ့သူတွေ ဒုနဲ့ဒေးဆိုတော့ မြင်ဆရာတွေ အများကြီးပေ့ါ။ စမ်းကြည့်ကြတယ်။ ပြီးတော့ စွဲသွားတယ်။ နောက်ပိုင်း မသောက်ရမနေနိုင်ဖြစ်လာပြီး ဆေးလိပ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ တပြုံကြီးခံရပါလေရော။ မကောင်းမှန်းသိတော့ ဖြတ်ချင်ပေမယ့်လည်း နည်းလမ်းမမှန်တော့ ပြတ်လိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေပြီး ဆေးလိပ်နဲ့ မကင်းနိုင်ဖြစ်နေကြပါတယ်။ ဒါကြောင့် ဆေးလိပ်တကယ်ပြတ်အောင် ဘယ်လိုဖြတ်ကြမလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။ ။ ဆေးလိပ်တကယ်ပြတ်အောင် ဘယ်လိုဖြတ်ကြမလဲ ဆေးလိပ်ဖြတ်ဖို့အတွက် S-T-A-R-T စည်းမျဉ်းကို လိုက်နာဖို့လိုပါတယ်။ S = Set a quit date (အချိန်တစ်ခုသတ်မှတ်ပါ) ဆေးလိပ်ကို ချက်ချင်းဖြတ်လိုက်တာထက်စာရင် အချိန်တစ်ခုသတ်မှတ်လိုက်ပါ။ တစ်လတန်သည် နှစ်လတန်သည်ပေါ့။ အဲဒီ အချိန်အတွင်းမှာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း