ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ပင့်ကူကိုက်ခံရတဲ့ ဒဏ်ရာအတွက် အိမ်တွင်းကုထုံးနည်းများ

ပင့်ကူရဲ့ သဘာဝအကြောင်းကို ပြောရမယ်ဆိုရင် ကြွက်နဲ့ သဘာဝချင်းဆင်တယ်ဗျ။ လူတွေက သူတို့ကိုအမြဲလိုလို ရှောင်ကြသလို သူတို့ကိုယ်တိုင်ကလည်း လူတွေကို ရှောင်ကြတယ်။ ကိုယ့်အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရပြီဆိုတဲ့ အသိစိတ်ဝင်လာတဲ့အချိန်မှာ ပင့်ကူတွေဟာ ကြွက်တွေလိုပဲ လူကိုပြန်ကိုက်တတ်ပါတယ်။ အထူးသဖြင့် ပင့်ကူအနားမှာရှိနေတဲ့အချိန် လူက ရုတ်တရက်ဘေးတစောင်း နေလိုက်တာ၊ တက်နင်းမိမလို ဖြစ်သွားတာ၊ ပင့်ကူကို ဖယ်ထုတ်ဖို့ လက်ရွှေ့လိုက်တာကို မြင်လိုက်ရတဲ့အချိန်မျိုးမှာ လူတွေကို ရန်မူဖို့ ကြိုးစားတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ လူနေအိမ်မှာရှိတဲ့ ပင်ကူအများစုဟာ အလွန်သေးငယ်ပြီး အိမ်မှာပဲ အလွယ်တကူကုသလို့ ရပါတယ်။ ဒါပေမယ့်လည်း ပေါ့ဆလို့မဖြစ်တာကြောင့် ပင့်ကူကိုက်ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ၊ ဘယ်လိုကုသလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ပင့်ကူကိုက်ခံရတဲ့အခါ ဘယ်လိုလက္ခဏာတွေပြလဲ။ ကိုက်လိုက်တဲ့ ပင့်ကူအမျိုးအစားပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေက ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့် အကိုက်ခံရပြီး မိနစ် ၃၀ မှ ၂နာရီအတွင်း […]


ရှေးဦးသူနာပြုစုခြင်း

ပျားတုပ်ခံရတဲ့အခါ အမြန်သက်သာအောင် ဒီနည်းတွေ လုပ်ကြည့်ပါ ။

ပျားဆိုတဲ့ သတ္တဝါလေးတွေဟာ သူ့ဘာသာဆို ဘာမှမလုပ်ပေမယ့် သူနေတဲ့ အုံကိုများ သွားထိမိလိုက်လို့ကတော့ အပြုံလိုက်ထွက်လာပြီး တုပ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ပျားတုပ်ခံရတဲ့ အရသာဟာ ဘာနဲ့မှ မတူအောင် အီစိမ့်တယ်ဆိုတာ အတုပ်ခံရဖူးသူတိုင် းသိကြမှာပါ။ ပျားတုပ်ခံရတဲ့နေရာက ရောင်ကိုင်းပြီး တင်းနေမယ် တဆစ်ဆစ်ကိုက်မယ် ယားသလိုလို နာသလိုလိုဖြစ်ပြီး နီရဲနေမယ် အတုပ်ခံရတဲ့နေရာက လှုပ်ရှားရတဲ့ လက်ဆစ်လိုနေရာမျိုးတွေမှာ ဖြစ်ခဲ့ရင် လှုပ်မရလို့ အလုပ်တွေပျက်မယ် စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ လိုက်လာပါလိမ့်မယ်။. ဒီတော့ ပျားအတုပ်ခံရရင် နာလည်းနာမယ်၊ အလုပ်လည်းပျက်မယ်ဆိုတေ့ ကိုယ်ပျားအတုပ်ခံရတဲ့အခါ အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်လို့ရလဲ။ ပြောကြတာကြားဖူးတယ်မလား၊ ပျားတုပ်ခံ၊ ပုရွက်ဆိတ်ကိုက်ခံရရင် ပရုတ်ဆီတွေ မလိမ်းရဘူး၊ ဆေးတွေ လျှောက်မလိမ်းရဘူးဆိုတာကို။ ဒီတော့ ပျားတုပ်ခံထားရတဲ့အနာ မြန်မြန်သက်သာစေဖို့ သဘာဝနည်းတွေနဲ့လုပ်ကြည့်ရင် မကောင်းဘူးလား။ ။ ပျားတုပ်ခံရင် အမြန်သက်သာအောင် ဒီသဘာဝနည်းလေးတွေ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တာကြောင့် အသားအရေတွေပျက်စီးနေပြီလား

ဆေးလိပ်သောက်တာကြောင့် နှုတ်ခမ်းအပါအဝင်အသားအရေတွေပျက်စီးနေပြီလား။ မပျက်စီးဘူးလို့တော့မပြောနဲ့နော်။ဆေးလိပ်သောက်ရင် အဆုတ်ပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်တဲ့အစိတ်အပိုင်းတွေထဲမှာ အသားအရေကလည်း တစ်ခုအပါအဝင်ပါ။ အခုလောလေဆယ်မှာ မပျက်စီးသေးရင်တောင် အချိန်ကြာလာတာနဲ့အမျှ အသားအရေက ပျက်စီးလာမှာပါ။ ကိုယ်တိုင်သောက်တာမပြောနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကတောင် အသားအရေကိုတော်တော်လေးထိခိုက်စေနိုင်တာပါနော်။ ဆေးလိပ်သောက်တာကြောင့် အသားအရေဘယ်လိုထိခိုက်ပျက်စီးစေနိုင်လဲ....... ဆေးလိပ်သောက်တာက နှလုံးနဲ့အဆုတ်အပြင် အသားအရေတွေကိုပါထိခိုက်စေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်မယ် အသားအရေတွေညစ်မယ် အသားတွေခြောက်လာမယ် မျက်လုံးထောင့်နဲ့ နှုတ်ခမ်းထောင့်တွေမှာ အရေးအကြောင်းတွေဖြစ်မယ် အသားအရေတွေလျော့ရဲလာမယ် အရေပြားမှာသွေးလည်ပတ်မှုနည်းလာမယ် အရေပြားဆဲလ်တွေမှာအောက်ဆီဂျင်နဲ့လိုအပ်တဲ့ အာဟာရတွေအပြည့်အဝမရရှိဘဲဖြစ်လာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေလိုက်နာသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တွေ....... ဆေးလိပ်လည်းမဖြတ်နိုင်ဘူး အသားအရေကို ထိခိုက်မှာမျိုးလည်းမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေကို လိုက်နာပေးပါ။ ဆေးလိပ်ကို အကန့်အသတ်နဲ့သောက်ပါ တစ်နေ့လုံးမှာ တစ်ဗူးလုံးကုန်အောင်သောက်လို့ကောင်းလာမှာတစ်ခုမှတော့ မရှိဘူးနော်။ အသားအရေကို ထိခိုက်စေမယ့် အပြင် ကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွားထိခိုက်စေမှာ အသေအချာပါ။ ဒါကြောင့် တစ်နေ့တာမှာဆေးလိပ်ကို ဘယ်နှလိပ်ဘဲသောက်မယ်ဆိုတဲ့ ကန့်သတ်ချက်ကို ကိုယ်တိုင်ချမှတ်ထားပါ။ နည်းနိုင်သမျှနည်းအောင် ကြိုးစားပါ။ဆေးလိပ်သောက်တာနည်းမှာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး အရေပြားဆဲလ်တွေကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ဘာကြောင့် လက်သန့်စင်ဆေးရည်ကို အမြဲဆောင်ထားသင့်တာလဲ

အပြင်ကို အမြဲသွားနေရတဲ့သူတွေအတွက် လက်သန့်စင်ဆေးရည်ဆိုတာ အရမ်းအသုံးဝင်တယ်နော်။ အရေပြားပေါ်မှာ ကပ်ငြိနေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို ချက်ချင်းသေစေတဲ့အပြင် ခရီးသွားနေတဲ့အချိန် လက်ဆေးစရာနေရာမရှိဘူးဆိုရင် လက်သန့်စင်ဆေးရည်က သင့်အတွက် အဖော်ကောင်းဖြစ်မှာပါ။ လက်သန့်စင်ဆေးရည်တွေရဲ့ ကောင်းကျိုးတွေ ရေမလို လက်သန့်စင်ဆေးရည်ဆိုတဲ့အတိုင်း ဆပ်ပြာ၊ ရေအသုံးပြုစရာမလိုဘဲ ဆေးရည်ကို လက်မှာနည်းနည်းညှစ်ပြီး သုံးလိုက်ရုံနဲ့ အဆင်ပြေတာမို့ ကလေးေတွအတွက်ရော၊ အလုပ်များတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ ဒါ့အပြင် အချိန်သိပ်ပေးစရာမလိုဘဲ လက်ကိုသန့်စင်ပေးနိုင်တယ်။ အလုပ်လည်း မရှုပ်စေဘဲ အလွယ်တကူ အသုံးပြုနိုင်တယ်။ အယ်လ်ကိုဟော ပါလို့ လက်ပေါ်က မျက်စိနဲ့မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို ၉၉.၉၉ ရာခိုင်နှုန်းအထိ အမြန်သေစေနိုင်တယ်။ ဓါတ်မတည့်တဲ့ဆပ်ပြာသုံးမိလို့ လက်အရေပြား ယားတာတွေ၊ အဖုအပိမ့်ထတာမျိုးတွေ မဖြစ်စေပါဘူး။ သွားလေရာဆောင်သွားလို့ ရတယ်။ ခရီးသွားနေတဲ့အခါ လက်ဆေးလို့ အဆင်မပြေတဲ့နေရာတွေမှာဆိုရင် လက်သန့်စင်ဆေးရည်ကို အသုံးပြုနိုင်တယ်။ အမြဲေဆာ့ကစားေနတဲ့ ကလေးတွေ၊ ဟိုကိုင်၊ ဒီကိုင်နဲ့ […]


ရှေးဦးသူနာပြုစုခြင်း

အစားစားရင်း အသက်ရှူရခက်တဲ့အခါ ဒါတွေလုပ်ပါ။ ။

အသက်ရှူရခက်ေနတဲ့ လူတိုင်း စိတ်ညစ်ရတာ ထမင်စားတဲ့အချိန်ပါ။ ကျန်တဲ့အချိန်တွေမှာ ပါးစပ် နှာခေါင်းပေါင်းပြီး အသက်ရှူလို့ရပေမယ့် ထမင်းစားတဲ့အချိန် ပါးစပ်က အလုပ်လုပ်နေတော့ နှာခေါင်းတစ်ပေါက်တည်းနဲ့ အသက်ရှူရတဲ့အခါ အသက်ရှူရခက်လာပါတော့တယ်။ ဒီလိုမျိုး ထမင်းစားတိုင်း အသက်ရှူရကြပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ။ အစားစားချိန်မှာ ဖြစ်တာဆိုတော့ အစားကို ဘယ်လိုစားသင့်လဲဆိုတာ ကြည့်ရအောင် ။ ။ ( ၁) ထမင်းမစားခင် တစ်နာရီလောက်အလိုမှာ အဆုတ်ကို ရှင်းနေအောင်ထားပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့ အသက်ကို ပြင်းပြင်းရှိုက်ရှူပါ။ လည်ချောင်းထဲမှာ သလိပ်ရှိရင်ထုတ်ပါ။ ရင်ဘတ်ကိုနည်းနည်း ပုတ်ပေးပါ။ ပန်းနာရင်ကြပ်သမားတွေဆိုရင် ရှူဆေးရှူလို့ရပါတယ်။ ( ၂ ) ထမင်းမစားခင် ခဏလောက် အနားယူလိုက်ပါ။ ( ၃ ) ထမင်းစားတဲ့အချိန်မှာ မတ်မတ်ထိုင်စားပါ။ ဒါမှ ရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်ကြားထဲနေရာလွတ်ကျယ်ကျယ်ရသွားလို့ အသက်ရှူရလွယ်စေပါတယ်။ ( ၄) အစားအများကြီးမစားပါနဲ့။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ကိုယ်နံ့ပြင်းလွန်းရတဲ့ အကြောင်းရင်းက ဘာများလဲ

ကိုယ်နံ့ဆိုတာကတော့ လူတိုင်းမှာ ရှိပါတယ်။ အထူးသဖြင့် အမျိုးသားေတွမှာပေါ့။ လူတော်တော်များများကတော့ ဘက်တီးရီးယားပိုးတွေ အရေပြားပေါ်မှာ၊ ချွေးပေါက်ေတွထဲမှာ အောင်းပြီးပွားနေလို့ ကိုယ်နံ့နံရတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ရောဂါတစ်ခုခုရှိနေတာ စတာတွေကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ့် အကြောင်းရင်းတွေက ဘာလဲကြည့်လိုက်ကြရအောင်။ ကိုယ်နံ့ဆိုတာ ဘာလဲ။ ကိုယ့်အတွက် သာမန်အနံ့လိုပဲ ထင်နိုင်ပေမယ့် တခြားသူတွေအတွက် စိတ်ကသိကအောက် ဖြစ်လောက်စရာ ပြင်းလွန်းတဲ့ အနံ့အသက်မျိုးကို ကိုယ်နံ့လို့ ခေါ်ပါတယ်။ ကိုယ်နံ့က ဘယ်နေရာတွေမှာ ပိုပြင်းထန်နိုင်လဲ။ ချွေးနံ့တစ်ခုတည်းမှာ အနံ့မရှိပေမဲ့ အရေပြားပေါ်က ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်လာတာကြောင့် ချွေးက အနံ့ပြင်းရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ခြေထောက် ပေါင်ခြံ ချိုင်း လိင်အင်္ဂါတစ်ဝိုက် ဆီးခုံမွေးနဲ့ တခြားသော အမွေးရှိရာနေရာ ချက် စအို နားရွက်အနောက်အပြင် တစ်ကိုယ်လုံး နေရာအနှံ့ ကိုယ်နံ့ပိုပြင်းနိုင်ပါတယ်။ ချွေးနံ့ ပြင်းရတာ ဘာကြောင့်လဲ။ အရေပြားပေါ်က […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကဘာတွေများလဲ

ခန္ဓာကိုယ်ကျန်းမာပြီး ကျစ်လျစ်သွယ်လျအောင်ဆိုပြီး Gymဆော့တော့မယ်လို့ စိတ်ဆုံးဖြတ်ပြီးပြီပေါ့။ Gymဆော့တာက ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အကူပြုနိုင်တယ်ဆိုပေမယ့် လူပေါင်းစုံလေ့ကျင့်ခန်းလုပ်နေတဲ့ Gym ခန်းမကြီးကရောဂါပိုးကင်းဖို့ သိပ်တော့မလွယ်လှဘူးနော်။ ဒီလိုကနေ ကိုယ်တိုင်မှာရောဂါပိုးတွေ ကူးစက်လာတာမျိုးဖြစ်နိုင်ပါတယ်နော်။ ဒီတော့ Gymဆော့တော့မယ်ဆိုရင် သတိထားနိုင်စေဖို့ Gym ကနေ ကူးစက်နိုင်တဲ့ရောဂါတွေအကြောင်း နည်းနည်းလောက်ပြောပြပေးပါရစေနော်။ ဘယ်လိုရောဂါတွေများ ကူးစက်နိုင်တာလဲ Gymဆော့ပြီဆိုရင် ချွေးထွက်မယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ဒီတော့ချွေးကနေတဆင့် ကူးစက်တဲ့ရောဂါတွေ ကူးစက်ခံရမယ်ဆိုတာ ထွေထွေထူးထူးတောင်ပြောနေဖို့ မလိုအောင်ပါပဲနော်။ နေရာတိုင်းမှာ ချွေးတွေပေနေနိုင်သလို မှိုပိုးတွေ၊ ဘက်တီးရီးယားတွေရှိနိုင်နေနိုင်ပါတယ်။ ဒီပိုးတွေက အရေပြားကနေတဆင့်၊ချွေးကနေတဆင့် ကူးစက်ပြီးရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်။ အရေပြားရောဂါဖြစ်စေနိုင်တယ် Gym ကမှောင်မိုက် စိုထိုင်းတဲ့နေရာတွေဖြစ်တဲ့ ရေချိုးခန်း၊ အဝတ်လဲခန်းတွေမှာ အရေပြားပြဿနာကို ဖြစ်စေနိုင်တဲ့ရောဂါပိုးတွေရှိနေနိုင်ပါတယ်။ ဒီရောဂါပိုးတွေက အဝတ်နဲ့ ချွေးသုတ်တဲ့ တဘက်တို့မှာ ကပ်ညှိပြီး အရေပြားပြဿနာခံစားရနိုင်ပါတယ်။ ပွေး ကူးစက်တတ်တဲ့ အရေပြားပြဿနာတစ်ခုပေါ့။ တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်သလို အသုံးအဆောင်တွေကနေတဆင့်လည်း ကူးစက်ခံရနိုင်ပါတယ်။ လူတိုင်းမှာ အရေပြားပြဿနာရှိလားဆိုတာကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ

ဒီတစ်ခေါက်တော့ Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ ဆိုတာလေး ပြောပေးချင်ပါတယ်။ ရောဂါပိုး အများဆုံး နေရာတွေက ဆေးရုံ၊ ဆေးခန်းတွေလို့ ယူဆထားကြတာ များပါတယ်။ နေထိုင်မကောင်းတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဆေးရုံကို မလိုအပ်ဘဲ မသွားကြဖို့ ပြောကြတယ်။ အကြောင်းကတော့ ရောဂါပိုးတွေ များလွန်းလို့ပါ ဆိုတဲ့ အချက်ပါ။ ဒီနေရာတွေတင် ရောဂါပိုး များတာလား ဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာအောင် ဆိုပြီး နေ့တိုင်း သွားနေမိတဲ့ Gymမှာလည်း မျက်စိနဲ့ မမြင်ရတဲ့ ရောဂါပိုးတွေ ဒုနဲ့ဒေးပါ။ ဒါကြောင့် Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ လို့ အကြံပေးချင်ပါတယ်။ Gymက ရောဂါပိုးများတယ်။ ရောဂါကူးမှာစိုးလို့ Gym မသွားတော့ဘူးတော့ မလုပ်ပါနဲ့။ ခန္ဓာကိုယ်လေး ဝလာမှာ စိုးလို့ပါ။ Gym […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ စိမ်ကြမယ်

ခြေထောက်နဲ့ ပတ်သက်ပြီး လူတော်တော်များများ ဂရုစိုက်ဖို့၊ သန့်ရှင်းပေးဖို့ မေ့တတ်ကြပါတယ်။ ကျွန်တော်တို့ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ အလေးချိန်ကို ဟန်ချက်ညီအောင် ထိန်းပေးထားရုံသာမက အမြဲတမ်း လှုပ်ရှားသွားလာနေဖို့ ဒီခြေထောက် တစ်စုံကိုပဲ နေ့စဉ်အသုံးပြုနေကြရတာမလား။ ဒီလိုမျိုး အရေးပါတဲ့ ခြေထောက်ကို သေချာဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင်တော့ အနံ့ဆိုးတွေ ထွက်လာမှာပေါ့။ ဒီနေ့ဆောင်းပါးမှာ ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။ ဘာကြောင့် ရှာလကာရည်ကို အသုံးပြုတာလဲ။ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အပြင် အရေပြားကိုလည်း ထိခိုက်တာနည်းတဲ့အတွက် ရှာလကာရည်ကို အသားအရေထိန်းသိမ်းတဲ့ နေရာမှာ အသုံးများလာကြပါတယ်။ ဟင်းချက်တဲ့အခါမှာလည်း ချက်လိုက်တဲ့ ဟင်းလျာကို မွှေးပျံ့စေတယ်၊ အရသာပိုကောင်းစေတယ်။ သဘာဝအတိုင်း စားစရာတွေကို တာရှည်ခံအောင် ထားတဲ့နေရာမှာလည်း ဘေးဥပါဒ်ကင်းတဲ့ ရှာလကာရည်ကို အသုံးပြုလာကြပါတယ်။ ဒါဆိုရင် ခြေထောက်အရေပြားအတွက် ရှာလကာရည်ကို ဘယ်လိုအကျိုးပြုလဲ။ ခြေထောက်အနံ့ဆိုးပျောက်အောင် ရှာလကာရည်နဲ့ စိမ်ကြမယ် ခြေထောက်ကို ရှာလကာရည်နဲ့ […]


ရှေးဦးသူနာပြုစုခြင်း

အအေးဒဏ်ကြောင့် အသားကျက်ပြီးလောင်သွားတဲ့အခါ

ရေခဲ ဒါမှမဟုတ် အေးလွန်းတဲ့အရာတွေနဲ့ အကြာကြီးထိကပ်ထားရာကနေ အရေပြားက ကျက်ပြီး လောင်တဲ့ ဒဏ်ရာဖြစ်ပါတယ်။ ကိုက်ခဲမှုဒဏ်ကြောင့် ရေခဲဝတ်ကို အဝတ်တစ်ထပ်မခံဘဲ ဒီအတိုင်းကပ်တာမျိုးမှာလည်း ဒီလို ဒဏ်ရာဖြစ်တတ်ပါတယ်။ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ တခြားသော နေလောင်ဒဏ်၊ မီးပူ၊ ရေနွေးပူလောင်ခံရတဲ့အခါ အရေပြားမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ အစပိုင်းမှာ အရေပြားက နီရဲနေရာကနေ နောက်ပိုင်းမှာ အဖြူ သို့မဟုတ် မီးခိုးရောင် ပြောင်းသွားတတ်ပါတယ်။ ဒါ့အပြင် အရေပြားက ထုံကျဉ်နေမယ် ယားယံနေမယ် အထဲကနေ စူးရှရှဖြစ်နေမယ် နာကျင်မှုဝေဒနာ အရည်ကြည်ဖုလေးတွေ ထွက်လာမယ် ထိလိုက်တဲ့အခါ အသားက ကျစ်နေသလို ဖြစ်နေမယ် ပြောင်ချောကြီးလို ဖြစ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဖြစ်ရခြင်းအကြောင်းရင်းတွေ အေးလွန်းတဲ့ အရာဝတ္ထုနဲ့ အရေပြားကို တိုက်ရိုက်ထိတွေ့လိုက်တဲ့အခါ၊ လိုအပ်တာထက် အချိန်အကြာကြီး ထိနေမိတဲ့အခါမှာ အသားကျက်ပြီး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း